နိုင်ငံခြားမှာ ဒါတွေရှိတယ်


နိုင်ငံခြားမှာ ဒါမျိုးတွေကိုလည်း လျှောက်ထားရင် ပြောပေးရပါတယ်။
နိုဗ္ဗာန်ရောက်ကြောင်း ချည်းပဲ မဟုတ်ပါ။
လူထုကြားမှာ တကယ်ရှိ၊ တကယ်ဖြစ်နေတာတွေအပေါ် ဗုဒ္ဓဘာသာရဲ့ အမြင်နဲ့ ရပ်တည်ချက်ပေါ့။
ဘလော့ဂ်ပေါ်က စာဖတ်ပရိသတ်တစ်ယောက်ကတော့ မရောင်ရာ ဆီလူးလို့ ဆိုပြီး ဝင်ငေါက်သွားဖူးတယ်။
ခပ်နိမ့်နိမ့် ကွန်မင့်လို့ပဲ သဘောထားလိုက်ရပါတယ်။
ဝိနည်းကလွဲရင် သူတို့ကိုလည်း ဘေးဖယ်ထားလို့ မသင့်ပါဘူး၊ အားလုံးက သဗ္ဗေသတ္တာပဲ။


Thank you very much for accepting our invitation to give a talk on the subject appended below:
Question - LGBT (Lesbian(မ-မ), Gay (ကျား-ကျား), Bisexual (ကျား+မ၊ မ+ကျား) , Transgender(ကျား ကနေ မ ပြောင်း၊ မ ကနေ ကျားပြောင်း)
- what is the Buddhist standpoint?
Is same-sex relationship acceptable?
Will there be karma (just like people who make the decision to commit suicide)?

The Four


The Four ဆိုတဲ့ တရုတ်သမိုင်း ဇာတ်လမ်းတွဲကြီးရှိတယ်။ မြန်မာပုဂံ သမိုင်း နဲ့ တော်တော်ဆင်ပါတယ်။ အဓိက ဇာတ်ဆောင်ကောင် လေးယောက်က ပုဂံ လူစွမ်းကောင်း လေးယောက်နဲ့ ၇၅ ရာခိုင်နှုန်းလောက် တူမယ်။
မတူတာက ကျန်စစ်သားနေရာ ခေါင်းဆာင်က ခြေထောက်မကောင်းလို့ ဘီးတပ် ကုလားထိုင်နဲ့ ဖြစ်နေခြင်းသာ ဖြစ်ပါတယ်။
ဘယ်ဟာက မူရင်းလည်း မသိပါ။ တိုက်ဆိုင်မှု ဖြစ်နိုင်သလို ဇာတ်ကွက် ဖန်တီး မှုလည်း ဖြစ်နိုင်ပါတယ်။

ဝမ်းနည်းစရာ အကောင်းဆုံးအခန်းက ဘုရင်ကို ထွက်ပြေးခိုင်းပြီး သူတို့လေးယောက်က သိန်းချီတဲ့ ရန်သူတွေကို ရင်ဆိုင်နေရစ်ခဲ့တဲ့ နောက်ဆုံး ဇာတ်သိမ်းခန်းပါ။
ဘီးတပ်ကုလားထိုင်နဲ့ ခေါင်ဆောင်မင်းသား ပြောလိုက်တဲ့ စကားက
"See you next life." တဲ့။
ဇာတ်လမ်းတွဲက ဒါနဲ့ သိမ်းထားတယ်။
တချိန်ချိန်မှာ စီးပွားရေးတွေကောင်းလာ၊ အနုပညာ(အထူးသဖြင့် ငွေကုန်ကြေး ကျများတဲ့ ရုပ်ရှင်လို)အဆင့်တွေ မြင့်မားလာပြီး ပုဂံခေတ်အကြောင်း ဒီလို ဇာတ်လမ်းတွဲကြီးတွေ ရိုက်နိုင်ရင် ကောင်းမယ်။

တိုက်ဆိုင်လို့ ဂျူး ဟောလီးဒေး ပြန်တင်တယ်


တစ်ခါက အဒေါဖ် ဟစ်တလာဟာ ဗေဒင်ဆရာဆီကို ဗေဒင်သွားမေးတယ်။
"ဘယ်နေ့ ကျနော် သေရမှာလဲ ဆရာ"
"ဂျူး တွေရဲ့ ဟောလီးဒေး နေ့ မှာ သေရမှာပါ"
"ခင်ဗျားဟာက သေချာလှပါလား၊ ဂျူး ဟောလီးဒေးမှာ သေရမယ်လို့"
"ဒီလိုပါ၊ ခင်ဗျား ဘယ်နေ့ပဲ သေသေ အဲဒီနေ့ဟာ ဂျူး တွေရဲ့ ဟောလီးဒေး..."

RFA သတင်းမှန်ရင်တော့ ဦးသိန်းစိန်က လူထုမေတ္တာ ရဦးမှာပဲ။


အကွက်ရွှေ့ပိုင်တယ်။
ဒီနေ့ သတင်းအရ ဂျင်မီကာတာနဲ့ တော်တော်ဆင်လာပြီ။

သမ္မတရုံးအကြံပေး ဦးအံ့မောင်ကို ဖမ်းဆီးထိန်းသိမ်း
****************************************************
နိုင်ငံတော်သမ္မတရုံးအကြံပေး ဦးအံ့မောင်ကို အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာနက မနေ့ညက ဖမ်းဆီးထိန်းသိမ်းထားတယ်လို့ နေပြည်တော် အသိုင်းအ၀ိုင်းက သိရပါတယ်။
ဦးအံ့မောင်ကို ဖမ်းဆီးထိန်းသိမ်းလိုက်တဲ့ကိစ္စဟာ ပြီးခဲ့တဲ့ရက်ပိုင်းက အဖမ်းခံထားရတဲ့ သာသနာရေးဝန်ကြီးဟောင်း ဦးဆန်းဆင့်ကိစ္စနဲ့ ဆက်စပ်နေတယ်လို့လည်း သိရပါတယ်။
အဲ့ဒီကိစ္စနဲ့ ပတ်သက်ပြီး ပါဝင်ပတ်သက်သူ ၉ဦးရှိပြီး အဲဒီလူပုဂ္ဂိုလ်တွေအားလုံးကို အထူးစုံစမ်းစစ်ဆေးရေး ဦးစီးဌာနက ဆက်လက် အရေးယူသွားမယ်လို့လည်း သိရပါတယ်။



ကမ္ဘာ့သာသနာပြုရဟန်းတော်များ သင်တန်း


ပီနန်ဆရာတော်ကြီးကို ပြန်မပေးချင်ရင် ရွှေတောင်ကုန်း ဆရာတော်ကြီး (သို့)ဖားအောက်ဆရာတော်ကြီးအား မဟာသန္တိသုခကို လှူဒါန်းသင့်ပါတယ်။
ဟာ ဒီကောင်(ဒီကိုယ်တော်)အူတူတူတွေ လျှောက်ရေးနေပြီလို့ မထင်ကြပါနဲ့။ စိတ်ဝင်စားရင် ဆက်ဖတ်ကြည့်ပါ။
ဒီကျောင်းတော်ကြီးရဲ့ အဓိက ရည်ရွယ်ချက်က ပြည်ပသာသနာပြု ရဟန်းတော် များ မွေးထုတ်ပေးနိုင်ရေး ဖြစ်ပါတယ်။
ကဲ ဒါဆိုရင် မဟနပိုင်(သို့)အစိုးရပိုင် သာသနာပြုကျောင်း ကမ္ဘာမှာ ဘယ်နှကျောင်း ရှိပါသလဲ။
ကျောင်းမရှိဘဲ ဒီကျောင်းဆင်း သံဃာတွေကို ဘယ်နိုင်ငံက ဘယ်ကျောင်းကို သွားပို့ကြမှာလဲ။

ကမ္ဘာနိုင်ငံ အသီးသီးရှိ ကျောင်းအများစုက
၁။ မဟာစည် ဩဝါဒခံ ကျောင်းများ(ရွှေတောင်ကုန်း ဆရာတော်ကြီးရဲ့ ရိပ်သာခွဲများ အပါအဝင်)
၂။ ပီနန်ဆရာတော်ကြီး တည်ထောင်ခဲ့တဲ့ကျောင်းများ
၃။ နှောင်းပိုင်းမှာ ဖားအောက်ဆရာတော်ကြီးရဲ့ ဩဝါဒခံ ကျောင်း၊ ရိပ်သာများ
၎။ ကိုယ့်ဒူးကိုယ်ချွန် ပုဂ္ဂလိကပိုင်ကျောင်းများသာ ဖြစ်ကြပါတယ်။
အထူးသတိချပ်ရန်က ဗုဒ္ဓဘာသာမဟုတ်တဲ့ အခြား နိုင်ငံခြားရှိ ယင်းကျောင်းတွေကို ညအချိန်မတော်မှာ ဝင်သိမ်းလို့ မရခြင်းဖြစ်ပါတယ်။

ပို့စရာကျောင်း မရှိဘဲ "ကမ္ဘာ့သာသနာပြုရဟန်းတော်များ သင်တန်း"ခေါ်ယူလိုက် ပါကလည်း ကြားရကောင်းသလောက် အဓိပ္မါယ်က တစ်စက်မှ မရှိဖြစ်နေပါ တယ်။(စဉ်းစားတတ်သူတွေက မယုံကြည်)
ကမ္ဘာ့သာသနာပြုဖို့ဆိုရင် ပီနန်ဆရာတောကြီးကို (ဂရန်ရှိသည် ဖြစ်စေ၊ မရှိသည် ဖြစ်စေ လှူ ဒါန်းခြင်းက အကျိုး ပိုများပါလိမ့်မယ်။
ဒီလိုမှ မလုပ်နိုင်ရင် မဟာစည်ဆရာတော်ကြီးရဲ့ တပည့်ကြီး တစ်ပါးဖြစ် တဲ့ ရွှေတောင်ကုန်း ဆရာတော်ကြီးအား လွှဲပြောင်းလှူဒါန်းရင်(သို့) လက်ရှိအနေအထားအရ လူမျိုးခြားထဲ သာသနာရောက်အောင်ပြုနိုင်ပြီး သက်တော်ထင်ရှားလည်း ရှိနေဆဲ ဖားအောက်ဆရာတော်ကြီးအား မဟာသန္တိ သုခကို လှူဒါန်းလိုက်ရင် ပြည်ပသာသနာပြုလုပ်ငန်း အတွက် ကျေးဇူး များပါ လိမ့်မယ်။
ပြောမယ့်သာပြောရတာပါ။ ပြည်ပသာသနာ တကယ်ပြုနိုင်တဲ့ အထက်ပါ ဆရာတော်ကြီးနှစ်ပါးကလည်း ကြားသိရသလောက် မဟနနဲ့ အဆက်အဆံ လုပ်တော်မမူကြပါ။ မဟနက အပ်မှာမဟုတ်သလို ယင်းဆရာတော်ကြီးတွေ ကလည်း လက်ခံ မခံက မသေချာပြန်ပါ။



အကျဉ်းချုပ်တော့ ပြည်ပသာသနာ တကယ်ပြုနေတဲ့၊ ပြုနိုင်တဲ့၊ ဩဝါဒခံကျောင်းတွေလည်း ရှိတဲ့ ဆရာတော်ကြီးသုံးပါးနဲ့( ပီနန်ဆရာတောကြီးအပါအဝင်)မဟနက ပြဒါးတစ်လမ်း၊ သံတစ်လမ်းဖြစ်နေခြင်း ထူးခြားနေပါတယ်။ တိုက်ဆိုင်မှုသက်သက် မဖြစ်တန်ရာ။

မှတ်ချက်။ သီဟနာဒက ဖားအောက်ဆရာတော်ကြီးတပည့် မဟုတ်ပါ။ ပီနန် ဆရာတော်ကြီးတပည့်ဖြစ်ပြီး မဟာစည် သတိပဋ္ဌာန်နည်းကို ကျင့်သုံး၊ ဖြန့်ဝေသူ သာမင်ညောင်ည ရဟန်းတစ်ပါးသာပါ။