နိုင်ငံခြားမှာ ဒါတွေရှိတယ် (၂)


မနေ့က တရုတ်၊ စလုံးသီလရှင် မဒီပင်္ကရာရောက်လာသည်။ သူမကြုံတွေ့နေ ရသည့် အခြေအနေကို ရှင်းပြရင်း အကူအညီတောင်းခံရန် ရောက်ရှိလာခြင်း မျိုးဖြစ်သည်။
သူမမှာ မိခင်ကြီးရှိခဲ့သည်။ ထေရဝါဒသီလရှင်ဘဝဖြင့် ဘယ်ကျောင်းမှာမှ မနေ၊ သူမအိမ်ခန်းမှာပဲ မိခင်နှင့်အတူနေရင်း သတိပဋ္ဌာန် ပွားနေသူဟု သိရသည်။ သူမကို သိသည်ကတော့ ၅နှစ် ၆နှစ်ရှိပြီဟုထင်သည်။ ၁၉၉၆ မှာ သီလရှင် ဝတ်ခဲ့ သည်ဟု သိရသည်။
ယခု သူမ မိခင်ကြီး မရှိရှာတော့၊ ဆုံးပါးသွားလေပြီ။ ထို့နောက် ဒုတိယပြသနာက သူမအဆိုအရ အိမ်မှာ သူမတစ်ယောက်ထဲ နေခွင့်မရှိ။ အာဏာပိုင်များက အခြား တစ်ယောက်နဲ့ အတူနေရမည်ဟု ညွှန်ကြားလာသည်ဟု ဆိုပါသည်။
ဤကို ထောက်ဆပြီး အိမ်က သူမ အပိုင်မဟုတ်၊ အစိုးရအထောက်အပံ့ဖြင့် ငှားရမ်းနေနေသော အိမ်ဟု ယူဆရပါသည်။ မိခင်နှင့်အတူနေရာမှာ ပြသနာ မရှိသော်လည်း သူစိမ်းတစ်ယောက်နဲ့ အတူနေဖို့ကျတော့ သီလရှင်ဖြစ်နေသည့် အတွက်(အိပ်ချိန်၊ စားချိန် မတူညီကြခြင်း စသည်)အခက်ကြုံနေရကြောင်း ဆိုပါ သည်။
ယခု သူမ အိမ်အပိုင် ဝယ်လိုသည်။ သို့သော် သူမမှာ ငွေက လုံလုံလောက်လောက် မရှိ။ အစိုးရဆီက ချေးငွေရရန် သူမမှာလက်ရှိ လစာရသည့် အလုပ်ရှိနေရမည်။
ထို့ကြောင့် မိမိတို့ကျောင်းအနေနဲ့ သူမကို အလုပ်ခန့်လို့ ရ၊ မရ အကူအညီတောင်းခံခြင်းမျိုး ဖြစ်လေသည်။

သူမနဲ့ ဆင်ဆင်တူ ရဟန်းတစ်ပါးကိုတော့ ရဟန်းဖြစ်နေသဖြင့် အပြီး လက်ခံထားဖို့ သဘောတူခဲ့သည်။ ယခုဆိုလျင် သူ၏ မင်ဒရင်း(တရုတ်)ဘာသာနဲ့ ထေရဝါဒသင်တန်းများ အရှိန်အဟုန် အတော်ကြီး ကောင်းနေပေပြီ။ ထေရဝါဒအဆုံးအမကို စင်ကာပူမှာ တရုတ်လို ဖြန့်ဝေနိုင်သည့် ပထမဆုံး သင်တန်းဟုပင် ဆိုကြသည်။ သာဓုခေါ်ဖွယ်ပင်ဖြစ်ပါ၏။ နိုင်ငံခြားသား(အမှန်မူ ဤနိုင်ငံက သူတို့နိုင်ငံသာ မဟုတ်ပါလား) ဝင်လာမှာ မကြောက်တတ်သည့် မိမိ၏ မူရင်းစိတ်နဲ့ဆုံးဖြတ်ချက် မှန်သည်ဟု ယူဆရပါသည်။ စရိုက်သဘာဝများ ကွဲပြားသော်လည်း နားလည်မှုက ညှိနှိုင်းလို့ ရပါသည်။


(Artist~Min Wae Aung)

ယခုမူ သူမကား သီလရှင် ဖြစ်နေသည်။
အကယ်၍ ကျောင်းက အလုပ်ပေးနိုင်လျင် သူမအတွက် အဆင်ပြေသွားသလို သူ့လူမျိုးထဲ သာသနာပြန့်ရေးအတွက် လက်ရုံးတစ်ခုလည်း ရနိုင်ကောင်း၏ ယူဆမိသည်။
သို့သော် ဤကိစ္စက ကိုယ်တိုင်ဆုံးဖြတ်လို့ မရ။ ကော်မတီနဲ့ ညှိနှိုင်း၊ ကော်မတီကို တိုက်တွန်းပေးလို့သာ ရနိုင်သည်။
ဘဝဟူသည် နေရာတိုင်းမှာ သူ့အခက်အခဲနဲ့သူ ရှိနေ၏။ ယင်းတို့ကို ဒုက္ခဟု ရင့်ရင့်သီးသီး အမည်မတပ်လိုပါ။ သို့သာ် လူတိုင်းမှာ၊ နေရာတိုင်းမှာ မမြင်အပ်သည့် စိန်ခေါ်မှုများ ရှိနေတတ်လေသည်။
မဒီပင်္ကရာကြုံတွေ့နေရသည့် စိန်ခေါ်မှုမျိုးသည် ကျွန်ုပ် စိတ်ကူးထဲတွင် ရှိမနေရိုး အမှန်ပင် ဖြစ်ပါသည်။

 

သမ္မတ ပခုံးနှစ်ဖက်မှာ သွားဒဏ်ရာတွေနဲ့


ပထမဆုံး အွန်လိုင်းဂျုတ်နဲ့ စပါမယ်။
Messi carrying Argentina.
Neymar carrying Brazil.
....................................
British Airways carrying England.
ဘာသာမပြန်တော့ဘူး။

ဘောလုံးပွဲမှာ အနီကတ်ထိမှ ပွဲပယ်ခံရတယ်လို့ မသိဘဲ ဝင်မပြောပါနဲ့။
လူးဝစ်ဇ် ဆွာရက်တို့က တစ်နီမှမထိဘဲ ၃၄ ပွဲ အပယ်ခံထားရပါတယ်။

တရုတ်က မူဝါဒငါးချက်နဲ့ နှစ် ၆၀ မြောက် ပေါ်လစီ စည်းရုံးရေး အရှိန်မြှင့် ဖို့ မြန်မာ သမ္မတနဲ့ အိန္ဒိယ ဒု ဝန်ကြီးချုပ်တို့ကို လှမ်းဖိတ်ပါတယ်။
မနေ့ကတင်ပဲ တရုတ်ပိုင်နက်မြေပုံအသစ်ထုတ်လိုက်လို့ တရုတ်ရဲ့ ပယ်လယ် ပိုင်နက်က ပို ကျယ်လာတယ်။ ဝါးပင်စိုက်ပြီး ဝါးပင်သွားရာ ခြံဝင်းသတ်မှတ် သလို လေ။ တရုတ်မြေပုံက အသစ်ထုတ်တိုင်း ကျယ်ကျယ်လာ လို့ အိမ်နီး ချင်းတွေ မခံမရပ်ဖြစ်ချိန် မြန်မာနဲ့တို့များ ပြသနာမရှိဆိုတာ ပြချင်ပုံ ရပါတယ်။ ဘယ်ရှိပါ့မလဲ။ ကြည့်။

ကြားရတဲ့ အတွင်းသတင်းအရ နှစ်နိုင်ငံသဘောတူလို့သာ ပြောတာ သမ္မတခမျာ ရှက်လို့ အင်္ကျီလက်ရှည်ကို မချွတ်ရဲရှာဘူး။ ဘယ်ဘက်ပခုံးမှာ အကိုက်ခံထားရ တဲ့ ဒဏ်ရာကြီးနဲ့မို့တဲ့။
ဒါတင်မပြီးသေးဘူး။ အိန္ဒိယ ဒု ဝန်ကြီးချုပ်ကလည်း သူ့ ညာဘက်ပခုံးကို စိုက် ကြည့်နေတာ။
ဘရာဇီးက အမျိုးသမီးလို ဆွာရက် မကိုက်လို့ ကျန်နေတဲ့ဘက်ကို ဝင်ကိုက်သွားမှ ဒုက္ခ။
(ပုံ နှစ်ကို ကြည့်ပါ)
ကဲ သမ္မတကြီးအတွက် မစိုးရိမ်သင့်ဘူးလား။


အားကစားပါဆို ;)


ပေါ်တူဂီနဲ့ ဂါနာကလည်း လက်ထဲမရှိတဲ့ ကံကြမ္မာကို အားကိုးရင်း ခြေကုန် နင်းကြလိမ့်မယ်။
အမေရိကန်နဲ့ ဂျာမဏီကလည်း နှစ်ယောက်စလုံး ဂျာမန်နည်းပြတွေ။
မကန်ဘဲတက်နေရသူတွေချင်း သူသေကိုယ်သေ မကန်မှာတော့ သေချာတယ်။
ဘာပြောပြော လူပြောလွတ်ရုံပဲကန်ကြမယ်ထင်ပါတယ်။ သရေကျလို့ ဖီဖာက အရေးယူလို့မှ မရတာ။
ပေါ်တူဂီက ဂါနာကို လေးဂိုးလောက်ပြတ်မှ(ပြတ်လောက်တဲ့ခြေရော ရှိလို့လား)၊ ဟိုဘက်ကလည်း တစ်ဘက်ဘက်က ဂိုးပြတ်ကိုရှုံးမှ။
ကမ္ဘာ့ဖလားမှာတော့ မက်စီ လေးဂိုး၊ ရော်နာဒို ဂိုးမရှိနေမှာ။
ဒါနဲ့ စကားမစပ်။
လူးဝစ်ဆွာရက်ဇ်က ငုံ့ကိုက်နေချိန် မက်စီနဲ့ နိုင်ဂျီးရီးယားဂိုးသမားက တစ်ယောက်နဲ့တစ်ယောက် စရင်းနောက်ရင်း ရီနေကြတယ်။
အားကစားပါဆို အဲသလိုလေးလည်း အင်တာတိန်းမှပေါ့။

ဒါက " ကံပဲ " တဲ့


World Cup - Uruguay President: Suarez not picked for his manners
ရေးလို့မှ မပြီးသေးဘူး၊ ဥရုဂွေးသမ္မတ မူဂျီကာဆီက တက်လာပြီ။
"ဘောလုံးကွင်းထဲမှာ ဒိုင်လူကြီးပြောတာကို လိုက်နာ၊ ဒါပဲ"
"တီဗွီပြတဲ့အတိုင်းသာ ဆုံးဖြတ်ကြေးဆိုရင် မပေးလိုက်တဲ့ ပင်နယ်တီတွေ၊ လက်ထိဘောတွေ အများကြီး၊ ဒါက ကံပဲ" တဲ့။
သူ့ဖလော်နဲ့သူတော့ အဟုတ်။ ကိုက်လည်း ဒိုင်မမြင်ရင် ပြီးသွားပြီ။



"In football, I was taught that you obey what the referee says," Mujica said.
"If we're going to take decisions in football based on what TV says, then there are loads of penalties and handballs you'd have to give that weren't given, so bad luck."

ကိုယ့်အကဲကို သူများဖြတ်ပါစေ


မနေ့က ရဟန်းတစ်ပါးရဲ့ ပို့စ်ပေါ်မှာ " အချက်အလက် ပဲ ပေးပါ။ အမှားအမှန်ကို စာဖတ်သူတွေက ဆုံးဖြတ်ပါစေ" ဆိုတဲ့အဓိပ္ပါယ်မျိုး လူတစ်ယောက်က ကွန်မင့်ပေးထားတာတွေ့လိုက်ရလို့ ပြုံးမိတယ်။
ဒါနဲ့ အနည်းငယ်ဆက်စပ်မှုရှိတဲ့ သိပ္ပံဆောင်းပါးတစ်ပုဒ် ဒီနေ့ ဖတ်လိုက်ရပါ တယ်။
ဦးနှောက်နဲ့အာရုံကြောဆိုင်ရာ သုတေသနတွေ့ရှိမှုနဲ့ ဆက်စပ်လို့ပါ။
လူတွေဟာ ကိုယ့်ကိုယ်ကို အကဲဖြတ်ရာမှာ အကောင်းလွန်နေတတ်ပါသတဲ့။

"ခေါင်းဆောင်မှု စွမ်းရည်"
ကျောင်းသား ၇၀ ရာခိုင်နှုန်းက သူတို့ဟာ ကျန်သူတွေထက် သာတယ်လို့ ယုံကြည်ပါသတဲ့။
"ပေါင်းသင်းဆက်ဆံရေး"
ကျောင်းသား ၈၅ ရာခိုင်နှုန်းက သူတို့ဟာ ကျန်သူတွေထက် သာတယ်လို့ ယုံကြည်ကြပြန်ပါသတဲ့။

ငယ်သေးလို့ မိမိကိုမိမိ အထင်ကြီးတာလားဆိုတော့ မဟုတ်ပြန်ဘူး။
ပါမောက္ခ ၉၀ ရာခိုင်နှုန်းက သူတို့ဟာ အခြားပါမောက္ခတွေထက်သာတယ်လို့ မှတ်ထင်တတ်ကြပြန်ပါတယ်။
ဒါတွေတင်မကပါဘူး၊ မိမိရဲ့စကားပြောကောင်းမှု၊ ရယ်စရာပြောတတ်မှု၊ ရိုးသား မှု၊ ယုံကြည်စိတ်ချရမှု၊ ကိုယ်ချင်းစာနာတတ်မှု၊ ရက်ရောမှု.... စတာတွေအပေါ်မှာလည်း အမှတ်တွေ ပိုပေးမိတတ်ကြပါသတဲ့။



သူများရဲ့ အရည်အသွေးကို အကဲခတ်ရာမှာ မဆိုးသလောက် ကိုယ့်ကိုယ်ကို အကဲဖြတ်ရာမှာတော့ အများစုက သိပ်မစွံတတ်ကြဘူးလို့ ဆိုပါတယ်။
ဆောင်းပါးရှင် အကြံပြုတာကတော့ သီချင်းတစ်ပုဒ်ဆို၊ အသံသွင်းထား၊ ပြန် နားထောင်ကြည့်ပါတဲ့။
ဒီတွေ့ရှိမှုက ဗုဒ္ဓရဲ့ အတ္တဗဟိုပြုဝါဒ(Ego-centric)နဲ့ အသံထွက် မကွဲလှဘူး။