ရေသည်ယောက်ျားရဲ့ ရေဘေးအလှူ(၁)


စင်္ကာပူမှာ စာအုပ်ဝယ်ယူအားပေးသူတွေဆီက စုစုပေါင်း ဆင်းဒေါ်လာ ၈၀၀ ကျော် (ဒီနေ့အထိ) ရရှိပါတယ်။
အဲဒီအထဲက ရေဘေးအတွက် မြန်မာငွေ ကျပ်ငါးသိန်းကို ဆရာရဟန်းတစ်ပါး ကတဆင့် ပရဟိတအဖွဲ့ကြီးတစ်ဖွဲ့ထံ လှူဒါန်းနိုင်ဖို့ စီစဉ်နိုင်ခဲ့ပါတယ်။
မများလှပေမဲ့ ကာယဉာဏ ချွေးနည်းစာလေးမို့ ရေသည်ယောက်ျားရဲ့ ငွေ တစ်မတ်လို ခံစားရပါတယ်။
စာအုပ် ဝယ်ယူအားပေးခဲ့သူတွေကို မုဒိတာစကား မျှဝေလိုရုံ သက်သက်ပါ။

တိုလီမိုလီမှတ်စု


ရဟန်းငယ်တွေထဲက သာသနာ့တက္ကသိုလ်ရောက်သွားသူတွေနဲ့ လူငယ်တွေထဲ က အင်ဂျင်နီယာဖြစ်သွားသူတွေ တူတယ်(လို့ ထင်တယ်)
၁။ ပညာရေးမှာ နှစ်မျိုးလုံးက ထိပ်ဆုံးမဟုတ်ဘူး။(ရဟန်းလောကမှာ တိပိဋကနဲ့ အဘိဝံသက ထိပ်၊ လူ့လောကမှာ ဆေးကထိပ်။
၂။ သူတို့နှစ်ဖွဲ့လုံးကဉာဏ်မကောင်းကြတာမဟုတ်ကြဘူး၊ တောင်စပ်စပ် မြောက် စပ်စပ် ဝါသနာပါတာ၊ ဒီတော့ စာမေးပွဲရမှတ်မှာ ဆေးမမီ၊ အဘိဝံသ မဖြစ်ကြ ဘူး။ ဖြစ်ချင်ဟန်လည်း မတူဘူး။(ကျောင်းစာမှ ကျောင်းစာ မဟုတ်ကြဘူး)
၃။ လူကြီးဖြစ်လာတော့လည်း နယ်ပယ်စုံတယ်၊ အနုပညာက(ဂျူး၊ မင်းခိုက် စိုးစံ၊ နေမျိုးဆေးတို့အုပ်စုက ချွင်းချက်) အစ နိုင်ငံရေးအဆုံး(ဥပမာ မဇ္ဈိမလှိုင်း ဆိုရင် နိုင်ငံရေးနဲ့ အင်ဂျင်နီယာပြုတ်တွေ)။ တော်လှန်ရေးသမားတွေ လည်း ပိုများတယ်။




မန္တလေးထွက်ရဟန်းတွေက အိုးထဲက အပင်လေးတွေနဲ့ တူတယ်(လို့ ထင်တယ်)

၁။ အတွေ့အကြုံ၊ ဆက်ဆံရေး၊ ပြည်ပ ဗဟုသုတ ရန်ကုန်လောက်မရှိတော့ အကန့်အသတ်နဲ့ ရှင်သန်ကြီးထွားနေရတယ်။(ရန်ကုန်က ကိုယ်တော်တွေ အစိုးရဒေါ်လာလေးရာနဲ့ ဗုဒ္ဓဂယာကို အရှိုရှိုထွက်နေချိန် မန္တလေး ကိုယ်တော်တွေက အင်္ဂလိပ်စာတွေ နင်းကန်ကျက်နေကြတုံး စသည်)
၂။ အိုးထဲက အပင်လေးတွေက မြေကြီးပေါ်ရောက်တာနဲ့ ရုတ်တရက် ကြီးထွား လာသလို (အိုးထဲမှာ အလွန်အမင်း ကြာမနေရင်ပေါ့) အပြင်ထွက်လာတဲ့ မန္တလေးကိုယ်တော်တွေလည်း အပြင်ရောက်လာတာနဲ့ အစွမ်းပြလာကြတယ်။ ရန်ကုန်ထက် မသာရင်သာနေမယ်၊ သူ့လိုင်းနဲ့သူ မညံ့ကြဘူး။

မြန်မာ့ မြို့တော်သိန်းအောင်


ကံကောင်းတယ်လို့ပဲ မှတ်ယူပါတယ်။ ဒီနေ့ ညနေ ငါးနာရီမှာ"The Clash of Civilizations" ကို အပြီးသတ်နိုင်ခဲ့တယ်။
၆နာရီခွဲတော့ ဟဲမင်ဝေးရဲ့ ဒီ"The Sun also Rises" စာအုပ် ရရှိခဲ့တယ်။
သူကိုယ်တိုင် မသေခင်ကပြခဲ့တဲ့ မြို့တော်သိန်းအောင်ရဲ့ မေတ္တာမြေမှာ ပွင့်သောပန်း(နောက်ပိုင်းမှာ ကိုးဆယ်ဆသာလိမ့်မယ် ပြဇာတ်၊ ရုပ်ရှင်)
ကို အဖေလိုက်ပြလို့ ကျောက်တော်ကြီးဘုရားပွဲမှာ ကြည့်ရတဲ့ ကလေးဘဝက ခံစားမှုမျိုး ပြန်ရတယ်။
အနုပညာလိုင်း မတူဘူးဆိုတော့ မှားရင်မှားနိုင်ပါတယ်။ ဒါပေမဲ့ ဟဲမင်ဝေးကို မြန်မာ့ မြို့တော်သိန်းအောင်လို့ ခံစားမိတယ်။



**High Post**

ကျီးကန်းတစ်ကောင်က သစ်ကိုင်းပေါ်မှာ တစ်နေ့လုံးနားနေတယ်၊ မယ်မယ် ရရ ဘာအလုပ်မှလည်း မရှိဘူး။ သူ့ကိုကြည့်ပြီး ယုန်ကလေးတော့ အား ကျနေတာပေါ။
"ကျုပ်လည်း ဘာမှမလုပ်ဘဲ ခင်ဗျားလို ငြိမ်ငြိမ်လေး တစ်နေ့လုံး ထိုင်နေချင် လိုက်တာ" ယုန်ကလေးက ပြောတော့
"လာလေ၊ မင်းလည်း သစ်ပင်အောက်လာထိုင်နေပေါ့" လို့ကျီးကန်း က ပြန်ပြော တယ်။
ဒါနဲ့ ယုန်ကလေးလည်း ကျီးကန်းနားနေတဲ့ သစ်ကိုင်းအောက်က မြေပြင်ပေါ် မှာ ငြိမ်ငြိမ်လေး ထိုင်နေလိုက်တယ်။
ဘာမှမကြာဘူး၊ မြေခွေးတစ်ကောင်ရောက်လာပြီး ယုန်ကလေးကို ဖမ်း စား သွားလေရော တဲ့။



Management lesson: To be sitting and doing nothing, you must be sitting very very high up.
သင်္ခန်းစာ။ ။ ဘာမှမလုပ်ဘဲ တစ်နေ့လုံး ထိုင်နေဖို့ဆိုရင် အလွန့် အလွန်မြင့်တဲ နေရာမှာ နေမှ ရမယ်။

Ref: Management lessons.


23/06/2013