Myo Kyawzwer Bo အကျယ်ရေးပေးပါအုံး လိပ်ပတ်လယ်အောင် နားမလည်လို့ပါ။


ပြောချင်နေတဲ့စကားပါ။ အရှင် အရိယဝံသရဲ့ အမေးအဖြေကိုအခြေခံပြီး ယေရှုဟာ ဗုဒ္ဓဘာသာရဟန်းတစ်ပါးဖြစ်တယ်ဆိုတဲ့ အဆိုကို သံသယတစ်ဝက်နဲ့ စိတ်ဝင်စားမိရာကနေ အခုတလော ဒီနောက်ကို ခြေရာခံလိုက်နေမိပါတယ်။ ဒါနဲ့ပတ်သက်တဲ့ ဘီဘီစီရဲ့ အထောက် အထားတွေကလည်း တိုနံ့နံ့ပါပဲ။ ဒါနဲ့လိုက်ရင်း လိုက်ရင်း ဒီ စာအုပ်ကိုတွေ့မိ တယ်။ ဒီအထဲမှာ ဒီပြသနာအပြင် အိန္ဒိယ၊ မြေထဲပင်လယ်ရပ်ဝန်းရဲ့ ရှေးဟောင်း ဘာသာရေး ရောထွေးရှက်တင်ဖြစ်နေပုံတွေကို ထပ်တွေ့ရပါတယ်။ (အခြား စာအုပ်တွေကိုလည်း လက်လှမ်းမှီသလောက် လိုက်နေပါတယ်) ဆောင်းပါး တိုနံ့နံ့နဲလည်း ကိုမျိုးကျော်စွာဘိုရဲ့ဆန္ဒကို မဖြည့်ဆည်းနိုင်မှာ သေချာပါ တယ်။

ယေရှုဟာ ဗုဒ္ဓဘာသာရဟန်းတစ်ပါးဖြစ်တယ်ဆိုတဲ့ အဆိုပြုချက်နဲ့ပတ်သက်လို့ လက်ခံသူလည်း ရှိတယ်၊ လက်မခံသူလည်း ရှိတယ်။ စိတ်ဝင်စားစရာက လက်ခံသူတွေဟာ လစ်ဘရယ်ဆန်တဲ့ သိပ္ပံနဲ့သမိုင်းပညာရှင်တွေ အများစုဖြစ်နေခြင်းပါ။
ပုဂ္ဂလိက ရည်မှန်းချက်အရ နိုင်ငံရေးလေးအုပ် (လီကွမ်းယု နားဝင်မချိုနဲ့ လူတစ်ယောက်ရဲ့ ကမ္ဘာ့အမြင်၊ ဟန်တင်တန်ရဲ့ လူ့ယဉ်ကျေးမှု နှစ်တွဲ) ပြီးရင် မူရင်းတာဝန်ဖြစ်တဲ့ ဘာသာရေးဘက်စီ လှည့်ဖို့ပါပဲ။ သမိုင်း၊ မနုသဗေဒ၊ သိပ္ပံနဲ့နှီးနွယ်တဲ့ ဘာသာရေးမျိုးပါ၊ နိဗ္ဗာန်ရောက်ကြောင်း မဟုတ်ပါဘူး။ စိတ်ဝင်စားကြတဲ့ ညီငယ်ရဟန်းတွေနဲ့ ဗုဒ္ဓဘာသာတွေအတွက် ဒီ(အရိယဝံသရဲ့ အမေးအဖြေ)ထက် ရှည်လျား၊ အသေးစိတ်ကျမယ့် စာအုပ်တစ်အုပ်ဖြစ်စေဖို့ ရည်စူးပါတယ်။ လီကွမ်းယုရဲ့ "လူတစ်ယောက်ရဲ့ ကမ္ဘာ့အမြင်ပဲ" လက်စသတ်ဖို့ ကျန်တော့တာမို့ စနိုင်တော့မှာပါ။
အဲဒီအချိန်ရောက်မှပဲ ကိုမျိုးကျော်စွာဘိုနဲ့စိတ်ဝင်စားသူတွေရဲ့ ဆန္ဒကို ဖြည့်ဆည်းပေးနိုင်ပါလိမ့်မယ်။ စိတ်ဝင်စားမှုအတွက် ကျေးဇူးစကား ထားခဲ့ပါရစေ။

မန်ယူက သောင်တူးစက်ပိနေလို့


စပါးက လေးဂိုးပြတ်နဲ့ ကျူပီအာကိုနိုင်၊ ဟူးလ်နဲ့ စတုတ်က တစ်ဂိုးစီ သရေ။
မန်ယူက သောင်တူးစက်ပိနေလို့ ဖယ်ပေးပါညော်။
အာ့ လာပြောတာ ဘိုင့်ဘိုင်။

သင် သိပါသလား


နန်းရင်ပြင်က မင်းသားတစ်ပါးနဲ့
သူအို၊ သူနာ၊ သူသေ၊ ရဟန်း
သိတာပေါ့
ဒါ ဂေါတမဗုဒ္ဓရဲ့ ဗုဒ္ဓဝင်။
ဒါပေမဲ့
အဲသလို အဖြစ်အပျက်တွေနဲ့ သီကုံးထားတဲ့
ခရစ်ဝင် ဂေါ့စပယ်တွေ
မွတ်စလင် သူတော်စဉ်များအကြောင်းတွေ
မီးရှို့ခံလိုက်ရတဲ့ ရှေးဟောင်းကျမ်းစာတွေထဲမှာ ရှိနေတယ်။
နူးညံ့တဲ့ ပညာရှင်တွေက ဗုဒ္ဓဘာသာရဲ့ လွှမ်းမိုးမှု
ပိုတိကျချင်တဲ့ပညာရှင်တွေကတော့ ခိုးယူ ဇာတ်လမ်းထွင်မှု တဲ့။
၁၅ ရာစုက ခရစ်ဝင်ကျမ်းမှာ
ရဟန်တစ်ပါးရဲ့ပုံ တွေ့ရပေမဲ့
နောက်ပိုင်းမှာတော့ ဘာမှမဆိုင်သလိုပဲ။


Ref: The king of Jews?

အမျိုးသားရေးလက္ခဏာ၊(ပြန်ချင်တဲ့ ကွန်မင့်များ)


Sid Khin Zaw "ဦးတင်မောင်ဝင်းကလဲ မြန်မာလိုရေးထားတဲ့ post အောက်မှာ အီးလိုလာမှုတ်နေတယ်။ ကျွန်တော်တို့က အီးလိုနားမလည်ဘူးဗျ၊
လေတာပေါ့။ သူ့ဝေါပေါ်မှာကျ မြန်မာလိုတွေရေးထားပြီးးး"

နိုင်င်ငံခြားမွေးတဲ့ မြန်မာကလေးတွေ မြန်မာစာ စကားမပြောတတ်လို့ဆိုပြီး
ကျယ်ကျယ်လောင်လောင်အော်နေတဲ့ ပါးစပ်ကြီးနဲ့..
ကွန်ပျူတာရှေ့လည်း ထိုင်လိုက်ရော..
သူ့နာမည်သူ မြန်မာလို စာလုံးမပေါင်းတတ်တော့ဘူး။


အမှာ။ ။ ဆရာ ဦးတင်မောင်ဝင်းကို ဘလိုင်းကြီး ဝင်ဆော်တာမဟုတ်ဘူးနော်။ ဒီကွန်မင့်ကြောင့် သတိရသွားလို့ လေးကြိမ်မြောက် ပြန်တင်တာ။ တိုက်ဆိုင်မှုအတွက် ဆောရီး။

2/25/2012

စာဖတ်သူသို့ ပြန်ကြားချက်


ကမ်းလက်ရဲ့ ရပ်တည်ချက်ဟာ မိမိတင်ထားတဲ့ပို့စ်ကို မိမိတာဝန်ယူရမယ် ဆိုတာ ဖြစ်ပါတယ်။
အရေးကြီးတဲ့ပို့စ်ကို တင်ပြီးရင် ကွန့်မင့် ဘာညာကိုလည်း အချိန်ရတာနဲ့ စစ်ဆေးတတ်ပါတယ်။
တကယ်လို့ ကွန်မင့်က ပို့စ်ရဲ ဦးတည်ချက်ကို လမ်းလွဲစေမယ်ဆိုရင် ချက်ချင်း တုန့်ပြန်ပါတယ်။
အမှားကို စနစ်တကျထောက်ပြနိုင်ရင်လည်း တောင်းပန်ပါ တယ်( တောင်းပန် ခဲ့ဖူးပါတယ်)။
ဒါဟာ ကမ်းလက်နဲ့ သူရဲ့ လက်တစ်ဆုပ်စာ လူနည်းစုစာဖတ်ပရိသတ်ကြား ယုံကြည်မှုတည်ဆောက်ခြင်းလို့ ခံယူပါတယ်။