ဒါက အကြမ်းဖက်မှုမဟုတ်သေးဘူး၊ လူပါးဝတာ


ဘယ်လ်ဂျီယမ်နိုင်ငံ၊ အက်သ်မြို့၊ စာသင်ကျောင်းတိုင်းရဲ့ဆိုင်(ကင်းတင်း)တိုင်းမှာ ဝက်သားမရောင်းဖို့ မွတ်စလင်ကျောင်းသားမိဘတွေက တောင်းဆိုတယ်၊ ဒါကို မြို့တော်ဝန်က ပယ်ချတယ်။
သူပြောတာက ရှင်းပါတယ်၊ ဘယ်လ်ဂျီယမ်နိုင်ငံထဲလာနေတယ်ဆိုရင် ဘယ်လ်ဂျီ ယမ်ယဉ်ကျေးမှုကို လက်ခံမွေးစားနိုင်ရမယ်။ ဘယ်လ်ဂျီယမ်တွေက သူတို့နောက် မလိုက်နိုင်ဘူး၊ သူတို့ကသာ ဘယ်လ်ဂျီယမ်တွေနောက် လိုက်ရမယ်။ ဒါကိုမကျေနပ်ရင် ရှာရီးယားဥပဒေကျင့်သုံးတဲ့ နိုင်ငံတွေထဲသွားနေကြ၊ ကမ္ဘာပေါ် မှာ အဲသလိုနိုင်ငံ ၇၅ နိုင်ငံရှိတယ်၊ လူဦးရေကတော့ ပြွတ်သိပ်လို့၊ အဲဒီကို သွားကြ။ အဲဒီမသွားဘဲ ဘယ်လ်ဂျီယမ်ထဲ လာနေကြတယ်ဆိုတာ ဘယ်လ်ဂျီယမ် က ပိုကောင်းနေလို့ တဲ့။

သူ့မေးခွန်းက"ခင်ဗျားတို့စွန့်ခွာလာတဲ့နိုင်ငံနဲ့ ဘယ်လ်ဂျီယမ်နိုင်ငံ ဘယ်နိုင်ငံက သာသလဲ" ကိုယ့်ကိုယ်ကို ပြန်မေးကြ တဲ့။
ဘယ်လ်ဂျီယမ်နိုင်ငံကသာတယ်ဆိုရင် သာရတဲ့အကြောင်းထဲမှာ ဝက်သားစား တာလည်း ပါတယ်တဲ့။ ရှင်းကရော။
ဒီပုံကတော့ ပြတ်သားတဲ့ Ath မြို့တော်ဝန် Marc Duvivier ရဲ့ ပုံပါ။

ပဝါရဏာ ( သို့ ) ဗုဒ္ဓ၏ ဆိုရှယ် ဆိုင်းယင့်စ်

ပဝါရဏာ ဆိုသည် ဝိနည်းတော်ထဲမှာ တွေ့ရသည့် ဆိုရှယ် ပညာရပ် တစ်ခုဖြစ်သည်။ ယနေ့ ခေတ်စကားဖြင့်ဆိုလင် ရဟန်းတော် အချင်းချင်း ဖဲယားဝဲလ် နှုတ်ဆက်ခြင်း တစ်မျိုးပင် ဖြစ်သည်။ သို့သော် ဗုဒ္ဓ၏ ဖဲယားဝဲလ် ယဉ်ကျေးမှုက ကိုယ်ကျင့်တရား ရေးရာများ ပါဝင်နေသည်။ ဝါတွင်း သုံးလပတ်လုံး အတူတူ သီတင်းသုံးခဲ့ကြရပြီးနောက် တစ်ပါးကို တစ်ပါး၊ တစ်ပါးနှင့် တစ်ပါး ပုထုဇဉ် ရဟန်းတော်များ ပီပီ စိတ်အမြင်မတူမှုများ သေချာပေါက် ရှိနိုင်ပေသည်။ ထို့ကြောင့် ဝါလကျွတ်၍ ကိုယ့်ခရီးကို လျှောက်ကြရာ ထိုထို စိတ် အခန့်မသင့်မှု၊ အမြင်မတူမှုများ ပါမသွားရလေအောင် တစ်ပါးကိုတစ်ပါး ဝန်ခံကြ၊ တောင်းပန်ကြ၊ ခွင့်လွှတ်ကြ၏။ နောက်နောင် အမြင်မတော်မှု တွေ့ပါက ရိုးသား ပွင့်လင်းစွာ ထောက်ပြ လမ်းညွှန်ရန် ဖိတ်မံကြရသည်။

ဘုရားလက်ထက်တော်တုန်းကမူ ဤသို့ လမ်းခွဲပြီးနောက် တစ်ပါးနှင့် တစ်ပါး ပြန်လည်ဆုံတွေ့ရန် ခက်ခဲပေမည်။ ယနေ့ခေတ်မှာတော့ အများအားဖြင့် နှစ်ရှည် လများ အတူတကွ သီတင်းသုံးနေကြသဖြင့် ရဟန်းတော်ချင်း ပိုမို အကျွမ်းတဝင် ရှိကြသည်။ မည်သို့ဖြစ်စေ " ပဝါရဏာ " ယဉ်ကျေးမှုက ရဟန်းအဖွဲ့အစည်း ဥပဒေတော်သည် အလွန်ခေတ်မီပြီး စီဗီလိုက်ဇေးရှင်း သက်တမ်းလည်း အရှည်ကြဆုံး ဖြစ်တန်ရာကောင်း၏ ဟု ဂုဏ်တော်ကို မှန်း၍ ကြည်ညိုမိသည်။
(posted on 10/30/2012 and 19/10/2013 )

သီဟနာဒ

ဒီဆောင်းပါးဘယ်မှာဆုံးမယ်မသိပေမဲ့ စတော့စလိုက်တယ်။ ဆုံးချင်တဲ့နေရာမှာ ဆုံးတော့။


(တစ်) ရှားနေပြီ

သူ့ဘွဲ့က ဦးပညာနန္ဒ၊ ပြည်သား၊ ရန်ကုန် နပသ ထွက်။ ၂၀၀၀ ဝန်းကျင်က မဟာသန္ထိသုခနေစဉ်မှာရင်းနှီးခဲ့တာ။ ရဟန်း ၂၁ ပါးမှာ လိုချင်မှု၊ ပူပန်မှု အနည်းဆုံးလို့ သူ့ကိုပြောရင် ဘယ်သူမှ ငြင်းချက်ထုတ်နေမှာမဟုတ်ဘူး။
ကျောင်းပိုင်ဖို့ မစဉ်းစားသလို အားစိုက်မှုလည်း ဘာမှမလုပ်ဘူး။ ဒီနေ့ ဒီ ကိုယ်တော်က မင်္ဂလာဒုံမှာ ကျောင်းဝင်းကြီးနဲ့ ကျောင်းနဲ့။ ပျံတော်မူသွားတဲ့ဆရာတော်က သွေးတစ်ဆက်မှမတော်တဲ့ သူ့ကို ဝိနည်းအစစ်အတိုင်း ပေးထားခဲ့တာ။ ငွေတစ်ပြားမှမကုန်သလို ကုန်ရမယ်ဆိုရင်လည်း သူ့မှာ ငွေဒီလောက် ဘယ်နည်းနဲ့မှ ရှိမှာမဟုတ်ဘူး။ သူ့ကံက ရှားသလို အဲဒီဆရာတော်မျိုးကလည်း ဒီခေတ်မှာ မရှိသလောက်ပဲ။
ဒီသတင်းကြားပေမဲ့ သူ့ဆီမရောက်ဖူးဘူး။ ဒါနဲ့ ဒီနှစ် စာအုပ်မိတ်ဆက်ပွဲအကြောင်း သူ့ကို မပြောတော့ဘူး။ ပြောလို့ သူရောက်လာရင် သူ့နေရာကို ကိုယ်ကသွားဖြစ်မှာ မဟုတ်တော့ဘူး။
သူ့ကံအကြောင်း၊ ဘာကြောင်းညာကြောင်းတွေပြောရင်း
"ကိုယ့်လူလည်း စင်္ကာပူမှာ မနေတော့ရင်(သို့) နေမရတဲ့ အနေအထားရောက်ရင် (၂၀၀၇ တုံးက စင်္ကာပူ ဘလက်ခ် စာရင်းထဲ ပါခဲ့တာကို သူသိလို့ဖြစ်မယ်) ဘယ်မှာ နေမှာလဲ၊ ရန်ကုန်မှာ ကျောင်းလေးဘာလေး လုပ်ထားသလား" လို့မေးတယ်။
"တပည့်တော်ဖြင့် ဒီကိစ္စကို စဉ်းကိုမစဉ်းစားမိတာ" ဖြေလိုက်လို့ စကားစ ဒီမှာပြတ်သွားတယ်။

(နှစ်) ဘိက္ခု ဉာဏိန္ဒလားဓမ္မဂင်္ဂါလား

ညပိုင်းရောက်တော့ ဒီကိစ္စနဲ့ပတ်သက်လို့ပဲ ဘိက္ခု ဉာဏိန္ဒပါးစပ်က ပွင့် လာပြန်ရော။ သုံးဆယ်ကျော်၊ လေးဆယ်ကျော် တကယ်အလုပ်လုပ်ရမယ့် အချိန်တွေ မှာ ကျောင်းဆောက်ဖို့လုပ်ရ၊ အုတ်၊ ထုံး၊ သဲ၊ ကျောက်တွေနဲ့ အချိန်ကုန် ရ ဆိုတဲ့ အဓိပ္ပါယ်မျိုးပါ။
ဓမ္မဂင်္ဂါလည်း ဒီအဓိပ္ပါယ်မျိုးဆောင်တဲ့ ဆောင်းပါးတစ်ပုဒ်ရေးဖူးတယ်မှတ်ပါတယ်။ သူကတော့ ဆရာဝန်တစ်ယောက်စကားကို ကိုးကားထားတာလို့ သတိရမိတယ်။
ဒါပေမဲ့ ဒါက မြန်မာပြည်ရဲ့ လက်ရှိရေစီးဖြစ်နေတယ်။ ရဟန်းဖြစ်ဖြစ်၊ လူဖြစ်ဖြစ် အကောင်ထွားလာလေလေ ကပ်နေဖို့ ခက်လေလေမဟုတ်လား။ သူတို့စကားတွေကြောင့် အထက်က မိတ်ဆွေကိုပေးခဲ့တဲ့အဖြေက ပိုခိုင်မာ သွားတယ်။

(သုံး) အနာဂတ်

တကယ်လို့ မြန်မာပြည်ရဲ့ မြို့ပြစနစ်က စင်္ကာပူလိုဖြစ်လာရင် ကိုယ်လုပ်ချင်ရာ တစ်ခုတည်းကို အားစိုက်လုပ်လိုတဲ့ ကျောင်းပိုင်မရှိ၊ ပိုင်ဖို့လည်းမကြိုးစားချင်တဲ့ ရဟန်းလတ်တွေအတွက် အဖြေရသွားနိုင်တယ်။
အခန်းတစ်ခန်း ငှား၊ သာသနာ့အလံ ထောင်၊ ဘုရားဆင်းတု တစ်ဆူထား ကိုးကွယ်၊ စာကြည့်၊ စာရေး၊ ကွန်ပျူတာစားပွဲ တစ်လုံးနဲ့ ဝါသနာပါရာ၊ ယုံကြည်ရာ လုပ်။ စာသင်တာ ဝါသနာပါရင် ဟောခန်းတွေ နာရီနဲ့ငှား၊ ကလေးတွေကို အင်္ဂလိပ်စာလိုဟာတွေ သင်ပေး။ ဒါဆိုရင် အုတ်၊ ထုံး၊ သဲ၊ ကျောက်တွေနဲ့လည်း အချိန်ကုန်စရာ မလို၊ မေတ္တသုတ်ထဲကလို သလ္လေခဝုတ္တိ၊ ကုလေသွနနုဂဒ္ဓေါ လည်းဖြစ်၊ ပြောင်းဆိုလည်း ပြောင်းလိုက်ပေါ့။

ခေတ်မှီလာတိုင်း ဘုရားအဆုံးအမနဲ့ဝေးသွားတာ မဟုတ်ဘူးဆိုတာ တွေးမိလို့ပါ။
စင်္ကာပူ တိုက်ခန်းတွေက သစ်တစ်ပင်၊ ဝါးတစ်ပင်နဲ့ ပိုတူတယ်။ ဒီနေ့ရှိလို့ မနက်ဖြန်ရှိမယ်ယူဆလို့မရဘူး။ ပြောင်းဆို ပြောင်းရတာ။ သစ်တစ်ပင်၊ ဝါးတစ် ပင်ဆိုတာတွေကို တစ်ယောက်ယောက်က လာခုတ်ယူသွားနိုင်သလို မျိုးပေါ့။

တကယ်က ဘာမှမရေရာတဲ့ အနတ္တအခွံမာနဲ့ဘဝထဲမှာ အဲသလောက် စဉ်းစားနေတာကကို လွန်နေပြီထင်တယ်။

စာအုပ်မျက်နှာဖုံးခေါင်းစဉ်မှာ သတ်ပုံလေးတစ်ချက်မှားသွားလို့


L နဲ့ W
စာအုပ်မျက်နှာဖုံးခေါင်းစဉ်မှာ သတ်ပုံလေးတစ်ချက်မှားသွားလို့ နှစ်ရက်အတွင်း အုပ်ရေ သန်းချီပြီး ရောင်းလိုက်ရသတဲ့။

ဒီနေ့လည်း ဘာသာရေးဆိုင်တဲ့ ခပ်စပ်စပ်မေးခွန်းတစ်ခု တင်လိုက်ပါတယ်။


တလောလေးက ဗုဒ္ဓဘာသာဖြစ်သွားတဲ့ ကမ္ဘာသိ၊ ကမ္ဘာကျော်ပုဂ္ဂိုလ်တွေကို စာရင်းပြုထားတဲ့ ပို့စ်တစ်ခုတက်လာပါတယ်။
ဝမ်းသာစရာမို့ ဝမ်းသာပါတယ်။ ဒါပေမဲ့ မေးစရာတွေရှိနေပါတယ်။
၁။ သူတို့ဟာ ဘယ်လိုဗုဒ္ဓဘာသာတွေလဲ။
၂။ ဘယ်သူတွေရဲ့ သာသနာပြုမှုကြောင့် သူတို့ ဗုဒ္ဓဘာသာဖြစ်သွားတာလဲ။

လက်ရှိအချိန်မှာ အနောက်နဲ့ဗုဒ္ဓဘာသာကို မိတ်ဆက်ပေးနေတာက တိဗက်နဲ့ဇင် ဗုဒ္ဓဘာသာတွေ ဖြစ်ကြပါတယ်။
သူတို့ကြောင့် ဗုဒ္ဓဘာသာဖြစ်သွားမှုတွေအပေါ် ဂုဏ်ယူရဲရင် သူတို့ကို လေးစား၊ ဂုဏ်ပြုဖို့လည်း မမေ့အပ်ပါဘူး။
မဟာယာန၊ တန္တရ၊ မန္တရ၊ ဇင်ဆိုပြီး ဝေဖန်၊ ပုတ်ခတ်တဲ့ ( နိုင်ငံဖြန့်) မဂ္ဂဇင်းက လည်း မြန်မာပြည်မှာပဲ ရှိမယ်ထင်ပါတယ်။ ပုဂံခေတ်က ပါလာတဲ့ဒဏ်ရာကို မကုစားနိုင်သေးခြင်းကြောင့် အလွန်အမင်းကာကွယ်လိုရာကနေ သူတစ်ပါးကို အထင်သေးမိသွားခြင်း ဖြစ်ဟန်တူပါတယ်။
အများစု အခြေခံလက်ခံမှုကလည်း ငါတို့ဟာမှငါတိုဟာ ဖြစ်နေတတ်ပါတယ်။
မိမိတို့ရဲ့ ယဉ်ကျေးမှုတန်ဖိုးကို ထိမ်းသိမ်းလိုတာနဲ့ ယဉ်ကျေးမှုမတူသူတွေကို အထင်သေးနေစရာမလိုပါဘူး။ ညီရင်းအကိုစိတ်ထားနိုင်မှ သူတို့အောင်မြင်မှုက ကိုယ့်မိသားစုရဲ့အောင်မြင်မှုဖြစ်နိုင်ပါတယ်။ ဂုဏ်လည်း ယူသင့်ပါတယ်။

သမိုင်းတန်ဖိုး
အာရှနဲ့မွတ်စလင်ကမ္ဘာထဲကို မဝင်ရသေးတဲ့ အမေရိကန်တွေက သူတို့ဟာ ဥရောပနဲ့မတူဘူးလို့ ဆိုကြပါသတဲ့။
အာရှနဲ့မွတ်စလင်ကမ္ဘာထဲကို ဝင်သွားပြီးတော့မှ ပိုပြီးကွဲလွဲနေမှုတွေကို တွေ့ရ ရင်း သူတို့နဲ့ဥရောပကြားက ဘုံတူညီမှုတွေကို ရှာတွေ့ကြပါသတဲ့။
ဘာသာစုံနိုင်ငံတွေ၊ ဘယ်ဘာသာမှ အခွင့်ထူးမရတဲ့နိုင်ငံတွေမှာနေပြီး ဘာသာ စုံ၊ ယဉ်ကျေးမှုစုံ အသည်းအသန်စည်းရုံးနေကြရတဲ့ အခြေအနေကိုကြုံတွေ့ရမှ တိဗက်၊ ဇင်နဲ့ထေရဝါဒရဲ့ ဘုံတူညီမှုတွေကို ပိုပြီးအလေးထားလာမှာမို့ ခဏတော့ စောင့်ကြရဦးမယ့်သဘောပါပဲ။

ဒါက အရေးကြီးသလား၊ ဒီထက်အရေးပါတာတွေက ဘာလဲ။ ဉာဏ်မမီဘူး။
ရွှေစည်ဦးနဲ့အိန့်မြတ်သူရေ
တန်ဖိုးသတ်မှတ်မှု၊ အရေးကြီး၊ မကြီးဆုံးဖြတ်မှုတွေဟာ တစ်ဦးချင်းဆီရဲ့ အယူ အဆသာဖြစ်ပါတယ်။
ဥပမာ။
ဒီနေ့ ကမ္ဘာ့ဗုဒ္ဓဘာသာကွန်ဖရင့်တွေမှာ မပါမပြီးခေါင်းစဉ်တွေက ဂေး၊ လက်စ်ဘီး ယန်းကိစ္စတွေပါ။
ဒါမျိုးကောက်ရေးလို့ မြန်မာစာဖတ်ပရိသတ်က ဘလော့ဂ်မှာ "မရောင်ရာဆီလူး" လို့ ကွန်မင့်ပေးပါးတယ်။
"လုံးစုံများစွာ သတ္တဝါလို့" ဆိုကြပေမဲ့ ကိုယ့်ဝန်းကျင်က သူတို့ဘဝဒုက္ခနဲ့လူရာ မဝင်မှုတွေကို မေ့နေကြတယ်။
အခရာ မကျလှဘူးဆိုရင်လည်း အခရာကျတာကို မသိတဲ့အတွက် နားလည်ပေး ကြပါ။