တောင်။ ။ "ဂျပန်မှာနေတဲ့ ကျမတို့အသိမိတ်ဆွေတွေ မြန်မာပြည်ပြန်ပြီး စီးပွားရေး လုပ်ကြတယ်။ သူတို့ရဲ့လက်ရှိအလုပ်ကလည်း စားသောက်ဆိုင်တွေနဲ့ ဆက်နွယ်နေတော့ သူတို့ပြန်လုပ်တဲ့စီးပွားရေးကလည်း စားသောက်ဆိုင်တွေ ပဲပေါ့။ သူတို့အုပ်စုဖွဲ့ပြီး ဂျပန်အတွေ့အကြုံကိုအခြေခံပြီး အလုပ်လုပ်ကြည့်ကြတာ ပါ။ ဆိုင်တွေမှာ သန့်ရှင်းအောင်ထား၊ လေအေးစက်တွေ တပ်ဆင် စတာတွေပေါ့။ ဈေးကိုလည်း သာမန်လူထု လက်လှမ်းမှီအောင် အများကြီး တင်မထားဘူး ပေါ့။ အလုပ်ဖြစ်တယ်သိရလို့ ဝမ်းသာစရာပဲ။ လူထုအများစုက လိုက်နိုင်ပါတယ်"
ထိုင်ဝမ်က အမျိုးသမီးတစ်ယောက်ရဲ့ စကားပါ။
မြောက်။ ။ အုပ်စုဖွဲ့ပြီးကိုယ်နိုင်တဲ့နယ်ပယ်တွေမှာ ပြန်ပြီးအလုပ်လုပ်ကြရင်တော့ တစ်ဦးချင်းစီနဲ့ စာရင် ပိုအားကောင်းမယ်ဆိုတာကတော့ အမှန်ပဲ။ ဒါဆို သည်းခံ ဖို့၊ အနစ်နာခံဖို့လည်းလိုမယ်။ သည်းခံ၊ အနစ်နာခံဆိုပြန်တော့ ဘယ်အတိုင်း အတာအထိ သည်းခံ၊ အနစ်နာခံရမှာလဲဆိုတဲ့ မေးခွန်းတက်လာမှာလည်း အမှန်ပဲ။ ဘယ်လိုပဲဆိုဆို သဘောတူရာအုပ်စုတွေဖွဲ့ပြီး ကော်ပိုရေးရှင်းပုံစံနဲ့ ဆိုရင် စီးပွားရေးအမြတ်အစွန်းမရရင်တောင် လမ်းပြသလိုတော့ ဖြစ်သွားနိုင် တယ်။ ဖြစ်နိုင်မှန်းသိရင် စွမ်းနိုင်သူတွေပါ လိုက်လာနိုင်တယ်။
တောင်။ ။ ကြာပါပြီ၊ ရွာကရေရဖို့ မိုးထိုင်စောင့်ရတဲ့အချိန်။ ရေတွင်းတူးဖို့က လည်း ပေ ၃၀၀ ကနေ ၆၀၀ လောက်တူးမှရမယ်ဆိုတော့ အစိုးရတူးပေးတဲ့ တွင်းကြီးတစ်တွင်းပဲရှိတယ်။ ဒါက သုံးဖို့သောက်ဖို့ပဲ။ စိုက်ပျိုးဖို့ မရဘူး။ ဒီ ရေတွင်းမျိုးကလည်း အစိုးရနဲ့ကုလသမဂ္ဂလူသားချင်စာနာမှုအဖွဲ့တွေတူးမှ ရနိုင် တယ်လို့ လက်ခံထားကြတာ။ ဘယ်သူမှ စမ်းမတူးဘူး၊ အရင်းအနှီးနဲ့ အထူးသဖြင့် အရဲစွန့်မှုလိုတယ်မဟုတ်လား။ တူဖြစ်သူက ကျိုးစားပြီး ရေတွင်း တူးကြည့်ချင်တယ်ဆိုတော့ အားပေးလိုက်တယ်၊ ဒါကိုပဲ ဥစ္စာစောင့်က သဘော မတူလို့ တူးသူတွေရော၊ တွင်းပိုင်ရှင်ကိုပါသေအောင်လုပ်မှာဆိုတဲ့ နာမည် ကြီး(တကယ် အကြီးစားကြီး၊ နိုင်ငံသိ) ဂိုဏ်းဘုန်းကြီးစကားကြောင့် ကပျက် ယပျက်တွေရှိသေးတယ်။ ဒီကြားထဲ တွင်းပိုင်ရှင်က အကြီးအကျယ်နေ မကောင်းဖြစ်တော့ နာမည်ကြီး ဂိုဏ်းဘုန်းကြီးကိုပဲ ပသရတော့မလို၊ ဥစ္စာစောင့်ကိုပဲ ပသရတော့မလို။
တူဖြစ်သူက အမာစားမို့တော်ပါသေးရဲ့။ ဓာတ်ကြီးလေးပါးနဲ့လူက ဖျားမှာ နာမှာ ပဲ၊ သေတောင်သေဦးမှာ။ ရေမထွက် ထွက်အောင်တူးမယ်ဆိုတော့ နောက် ဆုံး ရေထွက်လာရော။ သူ့တွင်းလည်း ရေအောင်သွားရော သူ့စောင့် ကြည့်နေ တဲ့ရွာသားတွေ သွေးရဲသွားပြီးလိုက်တူးကြတာ အခု ရေတွင်းတွေ ရွာမှာ အများကြီးပဲ။ ဆီရှိရင် ရေရှိပြီ။
photo from internet |
မြောက်။ ။ မြန်မာပြည်မှာ နာမည်ကြီး ဂိုဏ်းဘုန်းကြီးလို ကပျက်ယပျက် သမားတွေကလည်း ပေါမှပေါ့။
မြန်မာပြည်ဟာ ပြည်ပအတွေ့အကြုံလိုနေတာတော့ အမှန်ပဲ။ အဲဒီ အတွေ့ အကြုံ က လူမျိုးခြားဆီက(လိုပါတယ်) ထက် မြန်မာတွေဆီကရရင် ပိုမြန်နိုင်မယ်။
တောင်။ ။ဥပမာ အနည်းဆုံး ကိုယ့်ကြောင့် လူဆယ်ဦးအလုပ်ရသွားမယ်ဆိုရင်ပဲ ဝမ်းသာစရာ မဟုတ်လား။
လက်ရှိအစိုးက Job creation လုပ်ပေးနိုင်ဖို့ အဝေးကြီး။ အနေအထားမရှိသေးသလို တာဝန်အဲသလောက်ကြီးတယ်ဆိုတာတောင် မသိသေးတဲ့ လူကြီးတွေအများကြီး။
(မယုံ မရှိနဲ့၊ ငမှုံတို့ကိုယ်တွေ့)