"မွတ်စလင်တွေရဲ့ စစ်မက်လိုလားမှုနဲ့ အကြမ်းဖတ်မှုတွေဟာ (၂၀) ရာစုနှောင်း ပိုင်း ပဋိပက္ခတွေရဲ့ သက်သေခံ အချက်အလက်တွေဖြစ်တယ် ဆိုတာ မွတ် စလင်တွေရော မွတ်စလင်မဟုတ်သူတွေပါ ဘယ်သူမှ ငြင်းဆန် လို့ မရနိုင်ပါ ဘူး"
(ဟန်တင်တန်)
အစ္စလာမ်ဘာသာမှာ သွေးချောင်းစီး နယ်စည်းများ ရှိတယ်
(Islam's Bloody Borders)
အုပ်စုများအကြားဖြစ်ပွားတဲ့ ပဋိပက္ခတွေနဲ့ နယ်မြေအငြင်းပွားမှုစစ်ပွဲတွေဟာ သမိုင်းရဲ့ အစိတ်အပိုင်း တစ်ခုပါ။ အရေအတွက်နဲ့ ပြောရရင် စစ်အေးကာလ အတွင်းမှာ လူမျိုးစုပဋိပက္ခစစ်ပွဲပေါင်း (၃၂) ပွဲ ရှိခဲ့ပါတယ်။ ဒီအထဲမှာ အာရပ် အစ္စရေး နယ်မြေအငြင်းပွဲမှုတိုက်ပွဲ၊ အိန္ဒိယနဲ့ ပါကစ္စတန်၊ ဆူဒန်က မွတ်စလင် နဲ့ မွတ်စလင်မဟုတ်သူများ၊ သီရိလင်္ကာနိုင်ငံမှာ ဗုဒ္ဓဘာသာနဲ့ တမီးလ်များ၊ လက်ဘနွန်က ရှီယိုက်စ်နဲ့ မရွန်နိုက် မွတ်စလင်တွေအကြား ဖြစ်ခဲ့တဲ့ ပဋိပက္ခတွေ ပါဝင်ပါတယ်။
၁၉၄၀ နဲ့ ၁၉၅၀ - ခုနှစ်တွေအကြား ဖြစ်ပွားခဲ့တဲ့ ပြည်တွင်းစစ်ပွဲတွေရဲ့ တစ် ဝက်ကျော်ကျော်ဟာ အိုင်ဒင်တတီ (ကိုယ်ပိုင်အမှတ်အသား) နဲ့ ပတ်သက်ပါ တယ်။ ဒါပေမဲ့ နောက်ပိုင်း ဆယ်စုနှစ်တွေအတွင်းမှာ ဖြစ်ပွားခဲ့တဲ့ ပြည်တွင်း စစ်တွေရဲ့ လေးပုံသုံးပုံဟာ လူမျိုးစုအချင်းချင်း ယှဉ်ပြိုင် အနိုင်လုရာက ဖြစ် လာခဲ့တာ ဖြစ်ပြီး ၁၉၅၀ နဲ့ ၁၉၈၀ - ခုတွေကြားမှာ ဖြစ်ခဲ့တဲ့ စစ်ပွဲအရေ အတွက်က သုံးဆတောင် ပိုများသွားခဲပါတယ်။ ပါဝါလုမှုကြားမှာ အဲသလောက် များပြားတဲ့ စစ်ပွဲတွေ ဖြစ်ခဲ့တာကိုပဲ (ပညာရှင်အချို့က) အာရုံ သိပ်မစိုက်ခဲ့ကြပါဘူး။ စစ်အေးကာလအပြီး သုံးရောင်စုံ ကွဲပြားသွားမှုရဲ့ ရလဒ်လို့ မှတ်ယူခဲ့ကြတယ်။
စစ်အေးတိုက်ပွဲကြီး အပြီးမှာတော့ အုပ်စုတွင်း ဖြစ်ပွားတဲ့ ပဋိပက္ခတွေ ပိုများ လာပါတယ်။ ဒီလောက် ကာလအတွင်းမှာ အဲသလောက်များများ စစ်ပွဲေ တွ ဖြစ်ခဲ့တယ်ဆိုတာ သမိုင်းမှာ မရှိခဲ့ဖူးပါဘူး။
လူမျိုးစုပဋိပက္ခတွေ၊ နယ်မြေအငြင်းပွားမှု စစ်ပွဲတွေကို ကမ္ဘာ့ စီဗီလိုက်ဇေးရှင်း ကြီး အားလုံးက အညီအမျှ မွေးထုတ်ပေးလိုက်တာတော့ မဟုတ်ပါဘူး။ အဓိက မြေလုတိုက်ပွဲကြီးတွေဟာ ယခင် ယူဂိုစလားဗီးယားက ခွဲထွက်သွား တဲ့ ဆာ့ဗ်တွေနဲ့ ခရုတ် (ခရိုအေးရှား) အကြား၊ သီရိလင်္ကာမှာ ဗုဒ္ဓဘာသာနဲ့ တမီးလ်လူမျိုးတွေအကြားမှာ ဖြစ်ပွားခဲ့တဲ့ စစ်ပွဲတွေပါ။ အဲဒါတွေလောက် အကြမ်းဖက်မှု မများတဲ့ မွတ်စလင် မဟုတ်သူတွေကြားမှာ ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေလည်း နေရာတချို့မှာ ရှိခဲ့ပါတယ်။
ဒါပေမဲ့ ယူရှေးရှား (ဥရောပ၊ အာရှ) ကနေ အာဖရိကအထိ နယ်မြေ အငြင်းပွား မှု အခြေခံ ဖြစ်ခဲ့တဲ့ အထင်ကရ ပဋိပက္ခတွေကတော့ မွတ်စလင်တွေနဲ့ မွတ် စလင်မဟုတ်သူတွေကြားမှာ ဖြစ်နေပါတယ်။ ကမ္ဘာ့နိုင်ငံရေး အမြင်အရ တစ် ကမ္ဘာလုံးဆိုင်ရာ စီဗီလိုက်ဇေးရှင်း ပဋိပက္ခဟာ အနောက်နဲ့ အနောက်မဟုတ် သူတွေကြားမှာ (West and the rest) ဖြစ်ပြီး ပြည်တွင်းအဆင့်မှာတော့ ပဋိပက္ခတွေဟာ အစ္စလာမ်နဲ့ အစ္စလာမ် မဟုတ်သူတွေကြားမှာ ဖြစ်နေပါတော့ တယ်။ မွတ်စလင်နဲ့ မွတ်စလင် မဟုတ်သူတွေကြားက မုန်းတီးမှု၊ အကြမ်းဖက် မှုတွေဟာ ပြင်းထန်လှသလို နေရာအနှံ့အပြားမှာလည်း ရှိနေပါတယ်။ ဘော့ စနီးယားမှာဆိုရင် မွတ်စလင်တွေဟာ အော်သိုဒေါက်(က်) ဆဗ်လူမျိုးတွေ နဲ့ သွေးချောင်းစီးစစ်ပွဲ တိုက်ခဲ့ကြပြီး ကက်သိုလစ် ခရိုအေးရှားလူမျိုးတွေနဲ့ ရန်မီး ထပ်ပွားခဲ့ပြန်ပါတယ်။ ကိုဆိုဗိုမှာဆိုရင်လည်း အယ်လ်ဘေးနီးယား မွတ်စလင်တွေဟာ ဆဗ်အစိုးရကို မကျေနပ်လို့ စင်ပြိုင်မြေအောက်အစိုးရ ဖွဲ့ခဲ့ပါတယ်။ ဒီအုပ်စုနှစ်ခုကြားမှာ ဖြစ်ပွားလာနိုင်တဲ့ အကြမ်းဖတ်မှုတွေဟာ မနည်းမနော ဖြစ်လိမ့်မယ်လို့ ခန့်မှန်းကြည့်နိုင်ပါတယ်။
အယ်လ်ဘေးနီးယား အစိုးရနဲ့ ဂရိအစိုးရတွေကြားမှာလည်း နှစ်နိုင်ငံအတွင်း မှာ ရှိနေတဲ့ သူတို လူနည်းစုလေးတွေ့ရဲ့ အခွင့်အရေးနဲ့ ပတ်သက်လို့ အမြဲ တမ်း တကျက်ကျက် ဖြစ်နေတယ်။ တူရကီနဲ့ ဂရိတွေကလည်း သမိုင်း တလျောက်လုံး ဦးသူဆော်မယ် တကဲကဲပါပဲ။ ဆိုက်ပရပ်မှာ ကြည့်ပြန်တော့ တူရကီမွတ်စလင်တွေနဲ့ ဂရိ အော်သိုဒေါက်တွေရဲ့ ရန်လိုအမုန်းထားမှုက အမျှင်တန်းလို့ နေပါတယ်။ ကော်ကေးဆပ်ဘက်ကို ကြည့်တော့ တူရကီတွေနဲ့ အာမေးနီးယန်းတွေကြားမှာလည်း နဂါနို ကရာဘက် (Nagorno Karabakh) ကို သိမ်းပိုက်နိုင်ဖို့ စစ်ပွဲတွေ ဖြစ်ခဲ့ပြီးပါပြီ။
ကော့ကေးဆပ် မြောက်ပိုင်းမှာတော့ ရုရှားပြည်ထဲကနေ လွတ်လပ်ရေး ရဖို့ ဆိုပြီး ချေချင်း (Chechens) တွေ၊ အန်ဂုရှ် (Ingush) တွေနဲ့ အခြား မွတ်စလင်တွေ တိုက်ပွဲဆင်နေခဲ့ကြတာ နှစ်ပေါင်းနှစ်ရာလောက် ကြာနေခဲ့ ပါပြီ။ သွေးထွက်သံယိုမှု အများဆုံး ဖြစ်ခဲ့တဲ့ စစ်ပွဲကတော့ ၁၉၉၄ - ခုနှစ်မှာ ဖြစ်ပွားခဲ့တဲ့ ရုရှားနဲ့ ချေချင်းတို့အကြားက စစ်ပွဲပါ။ အန်ဂုရှ်မွတ်စလင်တွေနဲ့ အော်သိုဒေါက် အာ့စက်ရှန်း (Ossetian) တွေကြား မှာလည်း စစ်ပွဲက ဖြစ်နေခဲ့ပြန်ပါတယ်။ ဗော်လဂါမြစ်ဝှမ်းမှာလည်း တာတာ မွတ်စလင်တွေဟာ ၁၉၉၀ နှစ်ဦးပိုင်းတွေ ကတည်းကစလို့ ရုရှားတွေနဲ့ တိုက် ခိုက်လာခဲ့ကြပြီး နောက်ပိုင်းမှာ ရုရှားနဲ့ စိတ်မပါ့တပါ သဘောတူညီမှု ရယူ ခဲ့ကြပါတယ်။
(ဆက်ရန်)
ဇင်ဝေသော်