တရုတ်ကို လေးစားသလို ပြည်သူကိုလည်း လေးစားသင့်တယ်


ကိုးကန့်ဒေသ လေကြောင်းသုံးစွဲတာနဲ့ ဆက်စပ်ပြီး တရုတ်လူမျိုးလေးယောက် ဗုံးဒဏ်နဲ့ သေဆုံးရလို့ တရုတ်ဗိုလ်ချုပ်က တရားခံ မိအောင်ရှာ၊ အရေးယူ၊ နောက် ဒါမျိုးမဖြစ်စေနဲ့ဆိုပြီး အမိန့်လှမ်းပေးတယ်။

ရှင်ဝှာသတင်းဌာနအရ မြန်မာ့ပါဝါအရှိဆုံး ကာချုပ်က ဒီအတွက် စိတ်မကောင်းကြောင်း၊ ဒီပြသနာကို အမြန်ဖြေရှင်းပေးပါမယ်ဆိုတဲ့အကြောင်း ၀န်ခံကတိပြုခဲ့တယ်လို့ ဆိုပါတယ်။
ဒါက ဖြစ်သင့်ဖြစ်ထိုက်၊ ပြောသင့် ပြောထိုက်တဲ့ စကားတွေပါ။

ဒါပေမဲ့ မြန်မာလူမျိုးတွေ သေဆုံးရမှုနဲ့ပတ်သက်လို့ ဒီအစိုးရက ဘာလို့များ အဲသလို ၀န်ခံကတိပြုဖို့၊ တာဝန်ယူဖို့၊ နောက်မဖြစ်စေရအောင် လုပ်ဆောင်ပါမယ်လို့ ကတိပေးဖို့ တွန့်ဆုတ်နေရတာလဲဆိုတာက စဉ်းစားစရာ အချက်ကြီး ဖြစ်နေတယ်။

တရုတ်ကို လေးစားသလို ပြည်သူကိုလည်း လေးစားသင့်တယ်။ အမှုအမှန်ပေါ်အောင် လုပ်သင့်တယ်၊ အပြစ်ရှိသူကို အပြစ်ပေးသင့်တယ်။
ဒါမှ အစိုးရဖြစ်မှာ။ အခုတော့......။

ဘာမျက်လုံးဖြစ်ဖြစ်


ဒီလောက် သန့်သန့်လေးနေတဲ့ ကမ်းလက်ပေါ်ကို ကိုးယိုးကားယားကောင်က တက်လာသေး။ ဒီနာမည်နဲ့ ဘယ်တော့မှ တက်မလာခဲ့နဲ့။ ဘာမျက်လုံးဖြစ်ဖြစ်။
တတိယ မကလို့ စတုတ္ထမျက်လုံးဖြစ်ဖြစ် လာခဲ့။
ဖေ့စ်ဘုတ်ကို အမေရိကန်က ထိန်းတာ၊ မြန်မာလွှတ်တော်က ထိန်းတာမဟုတ်ဘူး။ လွတ်လပ်ခွင့် အပြည့်ရှိတယ်။

မိသားစုဘဝ အေးချမ်းဖို့ BMCA သင်တန်းသွားကြစို့


ပန်းချီက မောင်ကျော်သာ ပဲခူး။
တကယ်လုပ်နေတာက တောင်ကြီးဆရာတော်နဲ့ စေတနာရှင် အဖွဲ့။
ကျုပ်က အက်ဒဗိုက်ဇာ(တောင်ကြီးဆရာတော်နဲ့ ပူးတွဲ) လုပ်ပါတယ်။
မနက်ဖြန် သင်တန်းအသစ် ဖွင့်မယ်ပေါ့။
တရုတ်နဲ့မြန်မာကြား ဟန်ချက်ညှိရတော့ ကျုပ်နေရာကလည်း နပ်မှရတယ်။
ကလေးရှိရင် ကျောင်းလာအပ်လို့ ရပြီလို့ သတင်းပေးတာပါ။


အနုပညာ ပုံသဏ္ဍာန်

Accusation, defaming and criticism.


 အင်္ဂလိပ်စာ လေ့လာနေတဲ့လူငယ်တွေအတွက် ဆိုတာထက် အစိုးရ မီဒီယာကိုယ်တိုင် ဒီစကားလုံးသုံးလုံးကို မကွဲဘူးဖြစ်နေတယ်။
စွပ်စွဲပုတ်ခတ်မှုလား၊ အသရေပျက်အောင်လုပ်မှုလား၊ ဝေဖန်မှုလား။
ဒီမိုကရေစီလို့ဆိုပေမဲ့ စွပ်စွဲပုတ်ခတ်မှု၊ အသရေဖျက်မှုကို မလုပ်အပ်ပါဘူး။ ဒါပေမဲ့ ဒီမိုကရေစီအောက်မှာ လွတ်လပ်စွာဝေဖန်ခွင့် လုံးဝရှိပါတယ်။

စစ်အစိုးရ အ ဆက်ဆက်နဲ့ နီးစပ်ရာ အသိုင်းအဝိုင်းက ဒေါ်စုကို ရှုပ်အောင်ဝင်လုပ်တယ် ဆိုတာမျိုး ပြောကြရေးတတ်ကြတယ်။ တကယ်တော့ ဒါဟာ အတိုက်အခံဆိုတဲ့ ဝေါဟာရကို နားမလည်မှုပါပဲ။ အစိုးရကို ဝေဖန်မှု၊ ဝေဖန်ရဲတဲ့ သတ္တိရှိမှု၊ ဝေဖန်နိုင်မှုဆိုတာ အတိုက်အခံရဲ့ အရည်အချင်းပါပဲ။ အရည်အချင်းမရှိရင် တူတူတန်တန် အတိုက်အခံ မဖြစ်နိုင်ဘူး။ ဝေဖန်စရာ မရှိရင်လည်း အတိုက်အခံမလုပ်ဘဲ အစိုးရနဲ့ ပူးပေါင်းလိုက်ရုံပဲ ရှိပါတော့တယ်။

ဟုတ်ပြီ။ Accusation လုပ်တယ် defaming လုပ်တယ်ဆိုရင် အဲဒီလူရဲ့ မညီညွတ်တဲ့ စွပ်စွဲမှုတွေ၊ အသရေဖျက်မှုတွေကို ဖော်ပြပြီး တရားဝင် တရားစွဲလို့ ရပါတယ်။ ဒါပေမဲ့ ဝေဖန်မှုကိုတော့ ဘာမှလုပ်လို့ မရပါဘူး။ ဒီမိုကရက်က ရီပတ်ဘလင်ကန်ကို ဝေဖန်နိုင်တယ်၊ ရီပတ်ဘလင်ကန်က ဒီမိုကရက်ကို ဝေဖန်နိုင်တယ်။ ဒါပေမဲ့ မဟုတ်မဟတ်တွေနဲ့ ငါ့စကား နွာ့းရ စွပ်စွဲပုတ်ခတ်လို့တော့ မရပါဘူး။

နောက်ပြီး သရော်စာနဲ့ကာတွန်း။
ဒါတွေဟာ နိုင်ငံတကာမှာရှိတဲ့ ဝေဖန်ရေး အနုပညာပုံသဏ္ဍာန်တွေပါပဲ။ နိုင်ငံတကာကို ကြည့်ရင် လူမျိုးရေး၊ လိင်ခွဲခြားမှု စတာတွေနဲ့ပတ်သက်ပြီး သရော်ရင် (သို့) ကာတွန်းရေးရင် အက်သစ်ကယ် မဖြစ်ဘူးလို့ အခု သတ်မှတ်လာကြတယ်။ ကိုယ့်အစိုးရကို သရော်တာမျိုးကို အဲသလို မသတ်မှတ်ကြပါဘူး။ ဒီစံကိုလည်း အစိုးရ မီဒီယာက သိသင့်ပါတယ်။

ဒါဖြင့် ဘာကြောင့်အစိုးရချည်းကိုပဲ ဝေဖန်နေကြတာလဲ။
အရှင်းဆုံးအဖြေကတော့ နိုင်ငံရဲ့ လတ်တလော ကံကြမ္မာက အစိုးရလက်ထဲမှာ ရှိနေလို့ပါ။

ဒီစာက ဒေါ်စုကို ပရိုမုတ်လုပ်နေတာ မဟုတ်ပါဘူး။ ဒေါ်စုဆိုတာကလည်း ဇင်ဝေသော်လိုကောင် ပရိုမုတ်လုပ်ပေးရမယ့် အဆင့်လည်း မဟုတ်ပါဘူး။ ဒါပေမယ့် သူဟာ အတိုက်အခံကောင်း တစ်ယောက်ဆိုတာကိုတော့ တလေးတနက် ယုံကြည်ပါတယ်။ သူ မရှိရင် ဒီထက် လက်လွတ်စပယ် အများကြီးဖြစ်နေနိုင်ပါတယ်။

ဟုတ်ပြီ။ နောက်ဆုံးမေးခွန်းက တကယ်လို့ ဒေါ်စုကိုယ်တိုင် အစိုးရဖြစ်သွားပြီ။ ဒါဆို အခု ဝေဖန်ရေးသမားတွေက သူ့ကိုလည်း ဝေဖန်ကြမှာပဲလား။ အတိအကျပါပဲ။ ဝေဖန်နေကြမှာပါ။
ဝေဖန်မှုဆိုတာ အမုန်းတရားကို မြစ်ဖျားခံတာမဟုတ်ပါဘူး။ ကိုယ် ယုံကြည်ထားတဲ့ အမှန်တရားကို မြစ်ဖျားခံတာပါ။

ဒေါ်စု ဒီထက်မက ရှုပ်နိုင်ပါစေ(အစိုးရအသိုင်းအဝိုင်း အမြင်)
ဒေါ်စု ဒီထက် ဝေဖန်နိုင်ပါစေ(ဘေးလူ အမြင်)
နောက်ပြီး အတိုက်အခံရဲ့ တာဝန်ကို ဒီမိုကရေစီကျကျ နားလည်နိုင်ကြပါစေ။
ဒီမိုကရေစီက နုနု။ စိန်ခေါ်မှုတွေက ကြမ်းကြမ်း။
အစိုးရကောင်းလည်း လိုတယ်။ အတိုက်အခံကောင်းလည်း လိုတယ်။

ဇင်ဝေသော်