ပထမယာမ်၏ နောက်ကြောင်းပြန်သင်္ခတ


ဖြန်းကနဲ လင်းလက်ပစ်လိုက်ဖို့
ဝိုင်ယာနှစ်ပင်ရဲ့ မိတ်ဆက်ပွဲကိုစောင့်နေသူ
ထန်းကနဲ ကွဲအက်ပစ်လိုက်ဖို့
ဒေါသတကြီး ဆောင့်ချမှုကို စောင့်နေသူ
မီးလုံးတစ်လုံး၊ ဖန်ခွက်တစ်လုံး
မဟုတ်ဘူး၊ တကယ်ဆို တစ်ခုမှမဟုတ်ဘူး

လူ့ပြက္ခဒိန်တွေသာတူခဲ့ရင်
ဒီအချိန်မှာ
ပုဗ္ဗေနိဝါသာနုသတိနဲ့
ပထမယာမ်ကို တော်လှန်နေချိန်။ ။


ကဲ ငါ့ညခင်းရေ
ဒီမှာ ငါ ခိုးဝှက်ယူလာခဲ့တဲ့ လမင်းလေးတစ်ခု။
ကဲ ငါ့လမင်းလေးရေ
ဒီမှာ ငါ စောင့်ထိန်းခဲ့ရတဲ့ အပြုံးတစ်ခု။
ကဲ ငါ့အပြုံးလေးရေ
ဒီမှာ ငါဆိုက်ခဲ့တဲ့ ကမ်းတစ်ခု

ယေဓမ္မာ ဟေတုပ္ပဘာဝါ။ ။



အနေကဇာတိသံသာရံ၊ သန္ဓာဝိသံ အနိဗ္ဗိသံ။
ဂဟကာရံ ဂဝေသန္တော၊ ဒုက္ခဇာတိ ပုနပ္ပုနံ။

Through many a birth,
Wandered I.
Seeking the builder of the house,
Sorrowful indeed is birth again and again.


ယေဓမ္မာ ဟေတုပ္ပဘဝါ
တေသံဟေတုံ တထာဂတော အာဟ။
တေသဉ္စ ယော နိရောဓော
ဧဝံဝါဒီ မဟာသမဏော


Off things that proceed from a cause,
Their cause the Tathagata has told.
And also their cessation,
Thus teaches the Great Ascetic.


(PTS English translation)

Make sure that you are present where really matters


တစ်လလွန် ကဆုန်လပြည့်အတွက် ယနေ့ ခြေကုန်လက်ပန်းကျကုန်ပြီး သည့်နောက် မနက်ဖြန် ခြေကုန်လက်ပန်းကျနိုင်ရန် အားသစ်မွေးကြလေ ကုန်ပြီ။ သို့သာ် လူ သုံးထောင်မှ ငါးထောင်ခန့်အတွက် ချက်ပြုတ်နေကြသည့် အဘွားကြီးအုပ်စုကတော့ တစ်ညလုံး မအိပ်ရရှာ။ ခဏတဖြုတ်ဆင်းပြီး ရယ်မောစရာပြောရင်း အားပေးဖို့လောက်တော့ လုပ်ပေးရဦးမည်။
"Make sure that you are present where really matters"
(မစ္စတာ ဖို့ဒ်၊ ဖို့ဒ် ကားကုမ္ပဏီ တည်ထောင်သူ၊ ဥက္ကဋ္ဌ)


Mr China


အစိုးရက ထိန်းချုပ်ထားသည့် တစ်နိုင်ငံလုံးရှိ စီးပွားရေးစနစ်နဲ့ ပတ်သက်ပြီး မိတ်ဆွေများပြောသည့် စကားအချို့ကိုကြားဖူးသော်လည်း ကိုယ်တိုင် ကိုယ်ကျတော့ တရုတ်ပြည်ရောက်မှပဲသိခွင့်ရခဲ့သည်။
“ဘေဂျင်းမှာ အမြဲရုံးစိုက်နေ တဲ့ အစိုးရက နှစ်စဉ် နိုင်ငံနဲ့အ၀ှမ်း ထုတ်လုပ်နေ ရတဲ့ ဘောင်းဘီရှည်တစ်ဘီလီယံ၊ ခြေအိတ် နှစ်ဘီလီယံကို ဘယ်လိုလုပ် စီမံခန့်ခွဲ ပေးနိုင်မှာလဲ” အမှန်မူ တရုတ်ပြည်သည် ဥရောပတစ်တိုက်လုံး ပေါင်းထားတာထက်ပင် အဆများစွာ ပိုကြီးပါသည်။

လမ်းပေါ်မှာပင် အစိုးရထိန်းချုပ်သည့်စနစ်၏ လွှမ်းမိုးမှုကို တွေ့ရသည်။ “ဈေးဝယ်သူက အမြဲ မှန်တယ်” ဆိုသည့် ယဉ်ကျေးမှုနဲ့ကတော့ လုံးဝ ဆန့်ကျင် ဘက်ပင်၊ တရုတ်ပြည်မှာက ရောင်းသူက ရောင်းပေးနေတာကိုပဲ ၀ယ်သူ က ကျေးဇူးတင်မဆုံးဖြစ်နေရသည့်အနေအထားပါ။ ဘာမှမဖြစ်လောက်သည့် ကိစ္စအတွက် နာရီပေါင်း များစွာ စကားပြောယူရသည်ကိုလည်း ကြုံရတတ် သည်။ ဟော်တယ်မှာတည်းဖို့ ကျွန်တော်သွားစဉ် ကောင်တာမှာရှိသည့် ဧည့် လက်ခံ စာရေးမက “အခန်းလွတ်မရှိတော့ဘူး” ဆိုသဖြင့် ဧည့်သည် လည်း မတွေ့ရဘဲ အခန်းလွတ်မရှိခြင်း ကိစ္စကို ကျွန်တော်စဉ်းစားလို့မရ။ သူမစကားကို မယုံကြည်သဖြင့် အခန်းတွေကို လိုက်ကြည့်ရာ ဘာဧည့်သည်မှ မရှိကြောင်း အံ့သြစွာ တွေ့ကြုံလိုက်ရသည်။

“ဘာကြောင့်လဲ”

အမှန်မူ ဤသည်မှာ အစိုးရကအရာရာကို ထိန်းချုပ်ထားခြင်းကြောင့်သာ ဖြစ်ပါ သည်။ ဧည့်သည်တည်းခိုသည်ဖြစ်စေ၊ မတည်းခိုသည်ဖြစ်စေ သူမလစာက မတိုး မလျော့။ စီးပွားရေးအရှုံးအမြတ်ကိစ္စကလည်း သူမနှင့်မဆိုင်။ သူမသာ မဟုတ်ပါ။ သူမအထက်က လူကြီးတွေကလည်း ဤအတိုင်းပင်ဖြစ်သည်။ “အထက်အမိန့်” ဆိုတာကလွဲပြီး ဘာဆိုဘာမှမသိကြပါ။ ဒီတော့ ဧည့်သည် ရောက်လာ၊ အခန်းလွတ်မရှိတော့ဘူးပြော၊ ဧည့်သည်ပြန်သွားတာ နဲ့ သူတို့ သတင်းစာကိုပြန်ဖန်။ ဒါသည် တရုတ်ပြည်၏ စီးပွားရေး စနစ် ဖြစ်နေတော့သည်။

ဟိုတယ်မှာ တည်းခိုခွင့်ရဖို့ သုံးနိုင်သည့် နည်းကတော့ နောက်တစ်ေ ခါက် ပြန်သွား၊ လက်မခံမချင်း ပေကပ်ပြီး လက်ခံလာအောင် ပြောခြင်း သာဖြစ်သည်။ ဟိုတယ်မှာသာမက ကားလက်မှတ်အရောင်းဌာနတွေ၊ စားသောက်ဆိုင်တွေနဲ့ ယုတ်စွအဆုံး စက်ဘီးငှားသည့်နေရာမှာပင် ဤသဘောမျိုးတွေကို တွေ့ရတတ်သည်။ ကောင်တာမှာ ရောင်းဖို့တင်ထားသည့် ပစ္စည်းကို မြင်နေရလျက် မရှိတော့ဘူးဆိုလို့ မနည်းချော့မော့ဝယ်ခဲ့ရသည့် အဖြစ်၊ စားသောက်ဆိုင်မှာ ထမင်းဟင်းတွေရှိလျက် ကုန်သွားပြီပြောလို့ ချော့ ၀ယ်ရတဲ့အဖြစ်တွေ ကျွန်တော် ကိုယ်တိုင် ကြုံတွေ့ခဲ့ရသည်။ ရှီအန်းမြို့က စားသောက်ဆိုင်ဆိုလျှင် သူတို့ ထမင်းစားချိန်မို့ ဆိုင်ပိတ်ထားပြီဟု ပြောသဖြင့် အချိန်အတော်ကြာအောင် စောင့်ဆိုင်းခဲ့ရသည်။ စောင့်ပြီးလို့ ထမင်းရောင်းဖို့ ပြောတော့ ထမင်းကုန်သွားပြီ ဆိုကြပြန်သည်။ အတွေ့အကြုံရှိနေပြီဖြစ်တဲ့ ကျွန်တော်က သူတို့စကားကို မယုံကြည်ပါ။ ထို့ကြောင့် စားဖိုဆာင်ထဲကို ကိုယ်တိုင်ဝင်၊ ပန်းကန်ပြားတစ်ချပ်ယူ၊ စားချင်တဲ့ဟင်းတွေ ပုံထည့်ယူလာပြီး အလွတ်စားပွဲခုံတစ်လုံးမှာ ထိုင်စားနေ လိုက်ပါတော့သည်။

တရုတ်ပြည်မှာ သစ်သီးသစ်ရွက်ဝယ်ရတာကသည်ပင် စိန်ခေါ်မှုကြီးတစ်ခု။ မိတ်ဆွေတချို့ပြောပြသည့် ဟာသလေးကို သတိရမိသည်။ “ ဧည့်သည်တွေရောက်လာလို့ အခန်းလွတ်မရှိတော့ဘူး။ ထမင်းဟင်းကုန်ပြီ၊ ဘီယာပြတ်သွားပြီလို့ ပြောတာက ဧည့်သည်ရဲ့ စိတ်ကို အကဲစမ်းတာ ။ တကယ်လို့ ဧည့်သည်က ဘယ်မှမသွားဘဲ မရှိဘူးဆိုတဲ့ကြားက ရအောင်တည်းခိုနိုင်ရင်၊ မရှိဘူးဆိုတဲ့ ပစ္စည်းကို ရအောင်ဝယ်နိုင်ရင် သူတို့က သဘောတွေကျ ပြီး တခစ်ခစ်နဲ့ ရယ်နေတတ်ကြတယ်”

အခန်း ၇


တရားရုံးတံခါးမကြီးက ဟင်းလင်းးပွင့်နေ၏၊ သို့သော် ငွေမရှိဘဲ အမှန်တရားရှိကာမျှဖြင့် ဝင်လို့မရ
(အကျင့်ပျက် အရာရှိများကိုရည်ညွှန်းသည့် တရုတ်ရှေးဟောင်းစကားပုံ)