မဟလ္လကတန်ဆာ


စာထဲမှာ နာမည်ကြီးနေလို့ပါ။ ဝိသာခါတို့ မဟလ္လကတန်ဆာက အိန္ဒိယ ရာသီဥတုနဲ့ မကိုက်လောက်ပါဘူး၊ ပူအိုက်နေမှာ ထင်ပါတယ်။
သုဇာတာတို့ လှူတဲ့ ဃနာနို့ဆွမ်းလည်း နာမည်ကြီးပဲ၊ တော်တော်ကောင်းမယ်ထင်နေတာ။ ကဆုန်လပြည့်နေ့တွေမှာ ကပ်လို့ စားရတယ်။ ပျော့စိစိနဲ့ အရသာကို မတွေ့ဘူး။

မောနင်း ပို့စ်


၁။ နယူးယောက် အမျိုးသမီးတွေရဲ့ ရင်သားကိစ္စက အာရှမျက်စိနဲ့ ကြည့် ရင် ရှေ့နည်းနည်း ပိုရောက်သွားသလိုပဲ။ စလုံးမလေးလို ကတုံး ရိတ်ပြီး ခပ်တည်တည် လူထဲထွက်ပြတာက ပိုမိုက်သလား လို့။ (သူမကတော့ ရောဂါကြောင့်ပါ တဲ့)

၂။ ဒေါ်စုကတော့......
*လွတ်လွတ်လပ်လပ်၊ မှန်မှန်ကန်ကန်ဆို ရွေးကောက် ပွဲမှာ နိုင်ဖို့ ယုံကြည်။
*ဒါပေမဲ့ ဘာသာရေးကို နိုင်ငံရေးအတွက် အသုံးချမှုမျိုးလို စိုးရိမ်စရာတွေတော့ ရှိ။

*လွန်ခဲ့တဲ့ နှစ်ပတ်အတွင်း ဖြစ်ပျက်ခဲ့တာတွေကို ကြည့်ရင် ဒီမိုကရေစီ ကူးပြောင်းရေးခရီး ရှေ့သိပ်မရောက်သေး။

*မိုဘိုင်းဖုန်းတွေ လူထုသုံးစွဲလာမှုက နိုင်ငံရေးအပေါ် အကျိုးသက်ရောက်မှု ရှိ၊ တရားမမျှတမှု၊ အဖိနှိပ် ခံရမှုတွေ လူထုက ပိုသိ။
သမ္မတ လျာထားသူဟာ ပါတီတွင်းကပဲ ဖြစ်မယ်၊ သူ(မ) ကိုလည်း ရွေးကောက်ပွဲပြီးမှပဲ ကြေငြာမယ်။

*သူမဟာ အခု ဖရီးဒမ်း ဖိုက်တာ မဟုတ်တော့၊ ရွေးကောက်ပွဲ အနိုင်ရဖို့ အာရုံစိုက်ထားတဲ့ လက်တွေ့ နိုင်ငံရေးသမား ဖြစ်လာ။

၃။ ဒါနဲ့ စကားမစပ် ဝိန်း ရွန်နီ ဂိုးစသွင်းနေပါပြီ။ ဟက်ထရစ်။

Life is like that


တိုးရစ်။ ။ Hey, look at that! ကို မြန်မာလို ဘယ်လို ပြောရပါသလဲ။
မြန်မာ။ ။ ဟယ်၊ ကျန်း။
တိုးရစ်။ ။ ကျေးဇူးပါ။ Life is like that ကိုရော မြန်မာလို ဘယ်လို ပြောရပါသလဲ။
မြန်မာ။ ။ အာ့ ဘွပဲ။
တိုးရစ်။ ။ မှတ်ရတာ လွယ်တယ်နော်၊ ကျေးကျေး။

ဒီစက်ဝိုင်းထဲမှာ တ၀ဲလည်လည်နဲ့

အမေကိုပဲ မိခင်ဘာသာစကားနဲ့ တ ကြတယ်


အသက်တော် ၈၃ နှစ်ရှိပြီဖြစ်တဲ့ ပါဠိကောလိပ်၊ ပရင်စီပယ်ဆရာတော်ကြ်ီး ဆေးရုံးမှာ တင်ထားရတာ ရက်အတော်ကြာနေပြီမို့ ဒီနေ့ သွားဖူးဖြစ်ပါတယ်။ ဆွမ်းစားဖို့ ကုဋင်ပေါ်ကနေ ထိုင်ခုံပေါ် လူအကူနဲ့ အရွှေ့မှာ ဆရာတော်ကြီးနှုတ်က အမ္မလိုလို အမ်မာလိုလို အသံထွက်လာလို့ ဘာမိန့်လိုက်တာပါလိမ့်လို့ ဘေးက သီဟိုဠ်ကိုယ်တော်ကိုမေးတော့ သီဟိုဠ်ဘာသာနဲ့ အမေလို့ ခေါ်လိုက်တာ တဲ့။
အော် ဘယ်အရွယ်မဆို အမေကို တဆဲ။
တပြန်တော့လည်း မိခင်ဘာသာစကားနဲ့ပဲ။