Home » All posts
သီတင်းကျွတ်ကာတွန်းပြပွဲ - junction square မှာ(27-28-29)သုံးရက်
in
ကာတွန်း
- on 10/27/2015
- No comments
အဘိဓမ္မာမိသားစုများ စုပေါင်းကျင်းပသည့် တတိယအကြိမ်မြောက် အဘိဓမ္မာဆုနှင်းသဘင် အခမ်းအနား (၂၀၁၄) ဖိတ်ကြားလွှာ
in
ဘာသာရေးသတင်း
- on 10/27/2015
- No comments
စင်္ကာပူနိုင်ငံတွင် မှီတင်းနေထိုင်လျက်ရှိကြကုန်သော ဓမ္မမိတ်ဆွေအပေါင်းတို့ ...
စင်္ကာပူနိုင်ငံ
အဘိဓမ္မာမိသားစုများမှ ညီညာပေါင်းစု၍ ၂၀၁၄ ခုနှစ် အဘိဓမ္မာစာမေးပွဲတွင်
စင်္ကာပူစာဖြေဌာနမှ ဖြေဆိုအောင်မြင်ခဲ့ကြသော ကျောင်းသား ကျောင်းသူများအား
အောင်လက်မှတ် ပေးအပ်ပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားကို
အောက်ပါအစီအစဉ်အတိုင်း ကျင်းပ ပြုလုပ်မည် ဖြစ်ပါသောကြောင့်
ဓမ္မမိတ်ဆွေများအပေါင်းတို့အား မေတ္တာရှေ့ထား ကြွရောက်အားပေးကြပါရန် လေးမြတ်စွာ
ဖိတ်ကြားအပ်ပါသည်။
နေရာ ။ ။ မင်္ဂလ၀ိဟာရကျောင်း (စင်္ကာပူစာဖြေဌာန)
30 Jalan Eunos Singapore 419495
နေ့ရက် ။ ။ (၁-၁၁-၂၀၁၅) ၁၃၇၇ ခု သီတင်းကျွတ်လပြည့်ကျော် (၄) ရက် တနင်္ဂနွေနေ့
အချိန် ။ ။ ညနေ ၄း၀၀ မှ ၆း၀၀ နာရီ
နေရာ ။ ။ မင်္ဂလ၀ိဟာရကျောင်း (စင်္ကာပူစာဖြေဌာန)
30 Jalan Eunos Singapore 419495
နေ့ရက် ။ ။ (၁-၁၁-၂၀၁၅) ၁၃၇၇ ခု သီတင်းကျွတ်လပြည့်ကျော် (၄) ရက် တနင်္ဂနွေနေ့
အချိန် ။ ။ ညနေ ၄း၀၀ မှ ၆း၀၀ နာရီ
အာဟာရဒါန ။ ။ ကြာဇံကြော် ၊ ဆားငံသီးဖျော်ရည်
စာမေးပွဲ အောင်မြင်သူများစာရင်း (online) | |
ဝိသုဒ္ဓိမဂ်ပထမဆင့် | 1 |
အဘိဓမ္မာ (ဂုဏ်ထူးဆောင်) သုံးဆင့်လုံးအောင် | 1 |
အဘိဓမ္မာ (ရိုးရိုး) သုံးဆင့်လုံးအောင် | 20 |
အဘိဓမ္မာ (ရိုးရိုး) ဒု ၊ တ အောင် | 9 |
အဘိဓမ္မာ (ရိုးရိုး) ပ ၊ ဒု အောင် | 2 |
အဘိဓမ္မာ (ရိုးရိုး) တတိယဆင့်အောင် | 7 |
အဘိဓမ္မာ (ရိုးရိုး) ဒုတိယဆင့်အောင် | 14 |
အဘိဓမ္မာ (ရိုးရိုး) ပထမဆင့်အောင် | 67 |
စုစုပေါင်း | 121 |
အဘိဓမ္မာဆုနှင်းသဘင်အတွက် ထောက်ပံ့လှူဒါန်းလိုပါက
အဘိဓမ္မာအသင်းကြီး (စင်္ကာပူ) မမူယာနွဲ့ - 81800620 ၊ ပညာပါရမီအသင်း (စင်္ကာပူ) မမြမြမွန် - 83223535 ၊ မင်္ဂလာမောင်မယ်အသင်း မခင်နေခြည်သွင် - 93843079 ၊ ထားဝယ်မိသားစုပရဟိတအသင်း(စင်္ကာပူ
--
_/\_ *** _/\_ *** _/\_
တရားနာ မသွားတော့ဘူးကွာ
in
3D ဘာသာရေး,
ဘုန်းဇင်
- on 10/27/2015
- No comments
"တရားနာ မသွားတော့ဘူးကွာ၊ ရွာလူကြီးအလှူဆို အသောကမင်ကြီးအကြောင်း၊ ပိုက်ဆံရှိတဲ့လူတွေရဲ့ အလှူဆို ဝိသာခါ၊ အနာထပိဏ်တို့ အကြောင်း၊ ငါတို့လို့ ငမွဲတွေ အလှူဆို မဟာဒုက်အကြောင်း ဟောမှာ။ သိနေတာပဲ" ရွာက လူနောက်တစ်ယောက် ပြောတာ။ ငြင်းရ အခက်၊ လက်ခံရ အခက်။
ဘုန်းဇင်လည်း ပြောကြည့်ဦးမယ် "တရားနာ မသွားတော့ဘူးကွာ၊ စင်္ကာပူလာဟောရင် စုနိုင်မှ ချမ်းသာမယ် ဟောမှာ၊ ပြည်တွင်းမှာဟောရင် ဒကာကြီး တာဝန်ဆက်ထမ်းပါအုံး ဟောမှာ"
(အဲသလို ဟန်ချက်ထိန်းပြီး ပရဟိတ လုပ်နိုင်တာကို ကြည်ညိုတာဘာ ဖျာ့)
ကဲ ရွှေမြန်မာ ဘယ်လမ်း ရွေးမလဲ
in
ဇင်ဝေသော်,
မောနင်း ပို့စ်
- on 10/27/2015
- No comments
ဝိတ်နည်းနည်း တက်လာလို့ ဒီနေ့ မနက် ၆ နာရီမှာ ထပြီး လမ်းပြန်လျှောက်ဖြစ်တယ်။
၅ ပေ ၁၁ လက်မ အရပ်က ပေါင် ၁၅၅ နဲ့ ၁၆၀ ကြားမှာပဲ ရှိနေသင့် ဆိုလား။
ပြောချင်တာက ၃ လလောက် လမ်းမလျှောက်ဖြစ်တဲ့ ကာလလေးအတွင်း ယူနို့စ်နဲ့ ကမ်ဘာဂန် ဘူတာကြား တောရိုင်းကြီးက ပန်းခြံ ဖြစ်နေပါရောလား။ ကလေး ကစားစရာ၊ လူကြီး လေ့ကျင့်ခန်း လုပ်စရာ စုံလို့။ အဲဒါ ရွေးကောက်ပွဲ မတိုင်မီလေး ကောက်လုပ်သွားတာ။ စလုံး အစိုးရက မပြောဘူး၊ လုပ်ပြတာ။ နောက်နေ့မှ ဓာတ်ပုံ တင်ပေးမယ်။
နောက် မတူတဲ့ လူမျိုး စရိုက် နှစ်ခု
မလေး အဘိုးကြီးတွေက ကားမှတ်တိုင်မှာ ထိုင်၊ ဆေးလိပ် သောက်၊ လေထု။
တရုတ်အဘိုးကြီးတွေက လမ်းလျှောက်၊ ပြေး၊ စက်ဘီး စီး။
ကဲ ရွှေမြန်မာ ဘယ်လမ်း ရွေးမလဲ။
"ဒဲ့" ကစ်တာတောင် ချော်သေးတယ်
in
Politics,
ဇင်ဝေသော်
- on 10/27/2015
- No comments
ပြောင်းလဲရေးကာလမို့ ပြောရဦးမယ်၊ အရင်က ဒီကျောင်းမှာ မြန်မာ ဆရာတော်တွေရဲ့ တရားပွဲတွေကို လက်ခံတယ်။
မြန်မာဆိုတော့ တရားပွဲပြီးရင် ကျောင်းအတွက် နဝကမ္မလှူပေါ့၊ အဲဒီ နဝကမ္မက တခြားနေရာတွေမှာ ပေးရတဲ့ အခန်းငှားခထက် ပိုများနေ တတ်တယ်။
ဒါနဲ့ ပြောရတယ်။ ဒီမှာလုပ်တော့ လူမှုရေးပါလာတယ်၊ ဟို မျက်နှာကြည့်ရ ဒီ မျက်နှာကြည့်ရတွေ ရှိလာတယ်။ (အလကား မဟုတ်ဘဲ အားနာနေရ)
ကိုယ့်ဘာသာကို အခြားနေရာမှာ အခန်းငှားပြီး ခပ်ရှင်းရှင်းလုပ်ကြပါလား၊ မျက်နှာမပူရဘူး ပေါ့လို။ မရပါဘူး။
ဒါနဲ့ အားလုံးကို ပိတ်ထည့်လိုက်တယ်၊ တခါတခါ ရက်စက်လိုက်မှ။ အခု နေရာရှာပြီး လုပ်နေကြတယ်။
စောစောက စာအုပ်တွေ လက်ဆောင်ခေါ်ပေးတော့ "မေတ္တာလက်ဆောင် အလကားပေးတာပါ၊ အလကား မယူချင်ဘူးဆိုမှ ၅ ဒေါ်လာကနေ ၁၅ ဒေါ်လာအထိ လှူပါ" ပြောထားလျက်နဲ့ သင်္ကန်း ဝယ်လာသူ၊ သစ်သီး ဝယ်လာသူတွေက ပါသေးတယ်။ မခက်ပေဘူးလား။
သစ်သီးနဲ့ ကောင်လေး တစ်ယောက်ကိုတော့ ပြောထည့်လိုက်တယ်။ ၅ ဒေါ်လာဆိုရင် ရေဘေးထဲ ထည့်လို့ရတယ်၊ သစ်သီးကတော့ ဒီမှာလည်း ပိုနေလို့ မျက်နှာချင်းဆိုင်က ဆွံ့အ နားမကြားကျောင်းကို ပြန်လှူကြရတာ။ အဲဒီ ကလေးတွေ စားရတော့ ကုသိုလ်ရတာပေါ့ကွာ လို့။
သူ မျက်နှာ ပျက်သွားတယ်။ ပျက်လည်း မတတ်နိုင်ဘူး။ ကစ်ရင်တော ဒဲ့ ပဲ။ နိုင်ငံက မွဲလှပြီ၊ လက်တွေ့ ကျပါမှပေါ့။
ဗိုလ်ချုပ်တို့၊ လီကွမ်းယုတို့ ဒေါ်စုတို့ကို သဘောကျတာ အဲဒါပဲ။ သူတို့က ကစ်ရင်တော့ "ဒဲ့" ပဲ။ တောင်တောင်အီအီ မပါဘူး၊ ကြိုက်ရင် ကြိုက် မကြိုက်ရင် နေ။ ဒေါ်စု ပြောချလိုက်ရင် တချို့ ခါခါထွက်သွားတာ၊ သူပြောတာ က ရိုးရိုးလေး၊ ဒါပေမဲ့ ဒဲ့။
ဒီလောက် "ဒဲ့" ကစ်နေတဲ့ကြားက ချော်ထွက်သွားတာလည်း ရှိနေတတ်သေးရဲ့။
ဘုန်းဇင်