အချစ်များစွာနဲ့.......ကျည်ဆန်သုံးတောင့်

တည်းခိုခန်းကို ပြန်ရောက်တော့ ခဏနားနေပြီး တီဗွီ ရီမုတ်ကွန်ထရိုး ကို နှိပ် ရင်း ကိုယ်နားလည်နိုင်မယ့် ဘာသာစကားပြောတဲ့ ဇာတ်ကားကို ရှာနေမိ တယ်။ နှိပ်ရင်း နှိပ်ရင်းနဲ့ အမေရိကန် စစ်ကား တစ်ကားစီ လက်ရောက်သွား မိတယ်။ အဲ့ဒီအချိန်မှာ ဇာတ်ကားက ကောင်းခန်းရောက်နေပါပြီ။ ကွဲပြီးကျန် ရစ်နေခဲ့တဲ့ အမေရိကန် တပ်စိပ်တစ်စိပ်ကို ရန်သူ ရှရှားစစ်သားတွေက ဝိုင်း ထားပြီး ပတ်ဝန်းကျင်တစ်ခုလုံးကလည်း နှင်းခဲတွေဖုံးပြီး ဆွတ်ဆွတ်ဖွေး လျက် ရှိနေတယ်။ အမေရိကန်စစ်သားတွေ ရှိနေသေးတယ်ဆိုတာ သိပေ မယ့် ဘယ်မှာ ရှိနေကြတယ်ဆိုတာ တိတိကျကျမသိတော့ ရှရှားစစ်သားေ တွကလည်း အရမ်းမတက်ရဲကြဘူး။

ခဏနေတော့ အဲဒီ တပ်စိပ်ကို ကယ်တင်ဖို့ အမေရိကန် ဟယ်လီကော်ပတာ တစ်စီးထိုးဆင်းလာတယ်။ ဒါပေမဲ့ မြေပြင်အထိမဆင်းဘဲ တွယ်ပြီးတက်ဖို့ ကြိးချပေးလိုက်တယ်။ အဲဒီ ဟယ်လီကော်ပတာရှိရာ အမေရိကန် စစ်သားေ တွလည်း ပြေးသွားကြတယ်။ ဒီတော့မှ ရှရှားစစ်သားတွေက အမေရိကန်တွေ ကို တွေ့ပြီး နောက်ကနေ လိုက် ဝိုင်းပြီး ပစ်ခတ်ကြတော့တာပါပဲ။ ပြေးရင်း၊ ကာကွယ်ရင်း...... ပြေးနေကြစဉ်မှာ နောက်ဆုံးက ပြေးလိုက်လာတဲ့ အမေရိကန် စစ်သားလေးရဲ့ပေါင်ကို ကျည်ဆံထိမှန်သွား ရှာပါတော့ တယ် ။ ထော့နင်းထော့နင်းနဲ့ သူလည်းနောက်က ကြိုးစားလိုက်တယ် ဒါပေမဲ့ ခရီးကမတွင်တော့ပါဘူး။
ကျည်ဆံမထိတဲ့စစ်သား ငါးယောက် ဟယ်လီကော်ပတာပေါ် ရောက်သွား တယ်။ ဟယ်လီကော်ပတာ ဆင်းလာတာ တွေ့လိုက်တာနဲ့ တပြိုင်နက် ရန်သူ့ စစ်တပ် ကလည်း တင့်ကားတွေအပါအဝင် အလုံးအရင်းနဲ့ ပြေးတက် လာကြတော့တယ်။
ကျည်ဆံထိမှန် ထားတဲ့ စစ်သားကလည်း မျှော်လင်ချက်ကြီးကြီးနဲ့ ကြိုးစားပြီလိုက်ရှာတာပါပဲ။ ခန့်မှန်းခြေ ဟယ်လီကော်ပတာနဲ့ ကိုက် တစ် ရာလောက်ပဲ ဝေးမယ်ထင်ပါတယ်။ အဲသလိုပဲ ရုရှားတင့်ကားတွေနဲ့ကလည်း ကိုက် ငါးရာလောက်ပဲ ဝေးတော့မယ်။ စက္ကန့်ဝက်အတွင်း အားလုံး ပြာဖြစ် သွားနိုင် တဲ့ အနေအထားပေါ့။

ကဲ.......
ရဲဘော်ကိုပဲ ရအောင်ကယ်မလား။
ကျန်တဲ့စစ်သားတွေအတွက် ဘေးလွတ်ရာကို သွားမလား။
ကပ္ပတိန်ဆုံးဖြတ်ရတော့မယ်။

အဲဒီအချိန်မှာ ဝေခွဲမရဖြစ်နေတဲ့ ကပ္ပတိန်ရဲ့ မေးရိုးတွေတင်းမာသွားပြီး ဘယ်သူမှ ထင်မှတ်မထားတဲ့ အလုပ်ကို သူ ကောက်လုပ်လိုက်တယ်။
ကပ္ပတိန်က သူ့လက်ထဲမှာရှိတဲ့ သေနတ်နဲ့ ဒဏ်ရာရနေတဲ့ စစ်သားလေးရဲ့ ရင်ဝကို တည့်တည့်ကြီး ပစ်ထည့်လိုက်တယ်။
သုံးချက်တိတိ။
မယုံကြည်နိုင်တဲ့ မျက်လုံးအစုံနဲ့စစ်သားလေး ခွေကျသေဆုံးသွားပါတော့ တယ်။
ပြီးတော့မှ ကပ္ပတိန်က "Take off !" အမိန့်ပေးလိုက်တယ်။
အမိန့်ပေးအပြီး ကပ္ပတိန်က ငိုချလိုက်တယ်။ ဟယ်လီကော်ပတာကတော့ ရန်သူနှင့်ဝေးရာကို ပြန်သန်းထွက်ခွာသွားပြီဖြစ်ပါတော့တယ်။

ဟယ်လီကော်ပတာ စတင်ပျံနေတော့ စစ်သားတစ်ယောက်က ကပ္ပတိန်ကို ခုံအုပ်လိုက်ပြီး လက်သီးနဲ့ ကျကျနနထိုးတယ်။ ကပ္ပတိန်ကတော့ ဘာမှ လည်း ပြန်မပြော။ ခုလည်း မခုခံ။ အဲ့ဒီ စစ်သား ထိုးသမျှကို ငုံ့ခံနေရှာတယ်။
“ ခင်ဗျား ရဲဘော်စိတ်မရှိဘူး “ စစ်သားက ကပ္ပတိန်ကို စွပ်စွဲတယ်။
“ ငါ့မှာ ခေါင်းဆောင်စိတ်ရှိတယ်။ သူ့ကို ကယ်ဖို့ကြိုးစားရင် တို့ခြောက်ေ ယာက်လုံးသေမယ်။ သူ့ ကို မကယ်တော့ စစ်သား ခြောက်ယောက် ရဲ့ အသက် ငါတို့ပြန်ရတယ်။ တစ်ယောက်ပဲဆုံးတယ်။ ဒီလိုမလုပ်ရင် ငါတို့ ဟယ်လီကော်ပတာပါ ပစ်ချတာ ခံရတော့မယ်“
ကပ္ပတိန်က တည်တည်ငြိမ်ငြိမ်နဲ့ပဲ ဖြေတယ်။
“ ဒါဖြင့် ကိုယ့်ရဲဘော်ကို ဘာလို့ ပစ်သတ်ရတာလည်း၊ ခင်ဗျား လူယုတ် မာကြီး “ စွပ်စွဲပြန်တယ်။
“ ဒါက ပရင်စီပယ်အရ ဖြစ်တယ်။ ဒီကောင်တွေလက်ထဲ ရောက်ပြီး ငါတို့ လျှို့ဝှက်ချက်တွေကို ဖွင့်မပြောဘူးဆိုရင် ဘယ်သူမှ အသက်မရှင်နိုင် ဘူး။ သေရတာချင်းအတူတူ အနှိပ်စက်မခံရဘဲ သေရတာက ပိုကောင်းတယ် “ ဖြေတယ်။

စကားဆုံးတော့ ကပ္ပတိန်ကို လက်သီးနှင့်ထိုးတဲ့ စစ်သားလည်းငိုပြန်တယ်။

ငိုသင့်တယ်။ စစ်သားလည်း ငိုသင့်တယ်။ ကပ္ပတိန်လည်းငိုသင့်ပါတယ်။ ဘာမှ မဟုတ်တဲ့ အကြောင်းပြချက်ဖြစ်တဲ့ ယောက်ျားများ မငိုသင့်ဆိုတဲ့ စကားဟာ အဓိပ္ပါယ်မရှိလှပါဘူး။ သူတို့ မျက်ရည်တွေမှာ အဓိပ္ပါယ်တွေ ပြည့် နှက်လို့နေတယ်။

အဲဒီ မြင်ကွင်းကို ကြည့်ရင်းတုန်လှုပ်သွားမိတယ်။
ကပ္ပတိန်ဟာ ပြတ်သားတယ်။ လူသားဆန်တယ်။ ခေါင်းဆောင်ဆန်တယ်။
သူ မှန်သလား၊ မှားသလား ပြောချင်ရာပြောခွင့်ရှိနေတယ်။ နှစ်ခုစလုံး မှန်ပြီး နှစ်ခုစလုံးလည်းမှားနိုင်တာပါပဲ။

အဲဒီနောက် တီဗွီ ဖန်သားပြင်က ခွာပြီး မျက်လုံးကို စုံမှိတ်လိုက်မိ ပါတော့ တယ်။
ရဲဘော် ခြောက်ယောက်ရဲ့ အသက်..
ပေါင်မှာ ဒဏ်ရာနဲ့ အချိန်မီ ရောက်မလာနိုင်တဲ့ သနားစရာ စစ်သား..
အဆုံးအဖြတ်ပေးရမယ့် ကျည်ဆန်သုံးတောင့်....

အင်ဒီဗီကျူရယ်နဲ့ ဆိုဆိုက်တီး။
တခါ တခါ ကျနော်တို့ ဘဝတွေမှာ ရွေးစရာ များများ မရှိတတ်ဘူး။


ခင်ဗျား အဲဒီ ကပ္ပတိန်နေရာမှာဆို ဘာလုပ်မလဲ???
ကျနော်ကတော့ အချစ်များစွာနဲ့ ကျည်ဆန်သုံးတောင့်လို့ ဆိုချင်ပါတယ်။
အဲဒီ ကျည်ဆံသုံးတောင့်မှာ ရက်စက်မှုတွေ၊ ကောက်ကျစ်မှုတွေ၊ လူမဆန် မှုတွေ ပေကျံနေတယ်လို့ မခံစားရဘူး။

မြန်မာ ဖောရမ်

Look,
...Listen,
......Learn and
................Leave.

Due to

terrible roads,
...the lack of electricity,
.....overwhelmed government officials and
..........eager but very under-educated workforce.

(New York Times)

ဘယ်သူ ဓားပြအစစ်လဲ

တရုတ်ပြည်၊ Guangzhou ပြည်နယ်က ဘဏ်မှာဓားပြတိုက်တော့ ဓားပြေ တွက
" မလှုပ်ကြနဲ့၊ ဘဏ်ငွေတွေက အစိုးရငွေ၊ အသက်က ခင်ဗျားတို့ အသက် " ပြောတယ်။ လူတွေအားလုံး တစ်ယောက်မှ မလှုပ်ကြဘူး။
ဒါကို "Mind Changing Concept” လို့ ခေါ်ပါတယ်။ စိတ်ကို လှည့်စားလိုက် တဲ့ ချဉ်းကပ်နည်းပေါ့။

ဒီအထဲမှာ အမျိုးသမီး တစ်ယောက်ကတော့ အေးအေးဆေးဆေး မရှိလှဘူး။ ဒါနဲ့ ဓားပြက
" ကျေးဇူးပြုပြီး မြို့ကြီးသူ ပီသပါ။ အခုဟာက ဓားပြတိုက်နေတာပါ၊ မုဒိမ်း ကျင့်နေတာ မဟုတ်ပါဘူး"
ဒါကိုတော့ "Being Professional” ခေါ်ပါတယ်။ ကိုယ့်အလုပ်ကိုပဲ အာရုံ စိုက်ထားပါတယ်။

ဓားပြတွေ အိမ်ပြန်ရောက်တော့ ဓားပြအငယ်လူ (MBA-trained) က ဓားပြအကြီး (who has only completed Year 6 in primary school) ကို
" အကို ကျနော်တို့ ပိုက်ဆံတွေ ရေကြည့်ရအောင်" လို့ ပြောတော့ ဓားပြ အကြီးက
"မင်းနှယ် ရူးပါ့ကွာ၊ ဒါတွေရေနေလို့ အချိန်တွေအများကြီး ကုန်မှာပေါ့၊ ဒီည တီဗွီသတင်းကို ထိုင်ကြည့်လိုက်၊ တို့ ဘယ်လောက်ရခဲ့သလဲဆိုတာ သိ တယ်"
ဒါကိုတော့ "Experience.” လို့ခေါ်တယ်။
ဒီခေတ်မှာ အတွေ့အကြုံက အောင်လက်မှတ်တွေထက် ပို အရေးကြီးတယ်။

ဓားပြတွေ ထွက်သွားတော့ ဘဏ် မန်နေဂျာက ရဲကို အကြောင်းကြားဖို့ စူပါ ဗိုက်ဆာကို လှမ်းခိုင်းတယ်။ ဒီတော့ စူပါဗိုက်ဆာက
"နေပါဦး၊ ကျနော်တို့အတွက် ၁၀ မီလီယံ ယူထားလိုက်ပြီး ၇၀ မီလီယံ ထပ် တိုးလိုက်မယ်" အကြံပြုတယ်။
ဒါကိုတော့ "Swim with the tide.” ခေါ်တယ်။ ခေတ်ပျက်စဉ် ကိုယ့် အတွက်ရအောင် လုပ်ယူတာ။

နောက်နေ့ TV new မှာ ဘဏ်ကနေ မီလီယံ ၁၀၀ ဓားပြ တိုက်သွားတဲ့ အကြောင်း ကြေငြာတယ်။ ဓားပြတွေကတော့ မကျေနပ်တိုင်း ထပ်ရေ၊ မီလီယံ ၂၀ ပဲ ရှိတာတွေ့ရတယ်။ဓားပြတွေခံလိုက်ရတော့ ဒေါသဖြစ်မဆုံးပေါ့။
"ငါတို့က အသက်နဲ့ရင်းပြီး ဓားပြတိုက်၊ မီလီယံ ၂၀ ပဲ ရတယ်။ ဘဏ် မန်နေ ဂျာဆိုတဲ့ကောင်က လက်ဖျောက်လေးတီးပြီး မီလီယံ ၈၀ ရသွားပြီ၊ ဒါ ကြည့် ရင် ဓားပြဖြစ်ရတာထက် ပညာတတ်ဖြစ်ရတာ ပိုမိုက်နေသလိုပဲ"
ဒါကိုတော့ "Knowledge is worth as much as gold!" လို့ ခေါ်ပါတယ်။

ဘဏ် မန်နေဂျာကတော့ ပျော်ရွှင်မဆုံး တပြုံးပြုံးပေါ့။ သူရှုံးခဲ့တဲ့ မားကက် ရှယ်ယာတွေ ဘဏ်ဓားပြတိုက်မှုနဲ့ ထေမိသွားတယ်။
ဒါကိုတော့ "Seizing the opportunity.” လို့ခေါ်ပြီး အရဲစွန့်ရဲခြင်းလို့လည်း ဆိုကြပါတယ်။

ကဲ..ဒါဆို ဒီအမှုမှာ ဘယ်သူ ဓားပြအစစ်လဲ။
(ဒီနေ့ ရတဲ့ အီးမေးကို ဘာသာပြန်ထားတာပါ)

လူ့ဘဝဆိုတာ

သို့....
မေမေ...........

သမီး မေမေတို့ကို မျက်နှာမပြရဲလို့ အိမ်က ထွက်သွာခဲ့ပါတယ်။ သမီးချစ်သူ နဲ့ သမီးကို ဘယ်နည်းနဲ့မှ မေမေတို့ သဘောတူနိုင်မယ် မထင်လို့ပါ။ သူ့ကို သမီး သိပ်ချစ်ပါတယ်။ သူက သမီးနဲ့အရွယ်တူ၊ ဆေးစွဲနေသူတစ်ယောက်ပါ။ သူ့ကို ချစ်လွန်းလို့ ခွင့်လွှတ်ထားရာကနေ သမီးတောင် အခု ဆေးနည်းနည်း ကြိုက်စပြုလာပါပြီ။ ဆေး ဆိုတာ လူတွေပြောသလောက် ဆိုးရွားတဲ့ အရာ ကြီး မဟုတ်ပါဘူး မေမေ။
သမီးအတွက် မစိုးရိမ်ပါနဲ့၊ အခု သမီးအသက် ၁၆ နှစ်ရှိပါပြီ။ သမီးဘဝကို သမီး ထိမ်းကြောင်းနိုင်ပါပြီ။ သမီးချစ်သူအတွက်လည်း မစိုးရိမ်ပါနဲ့။ သူဘာမှ မဖြစ်ခင် သိပ္ပံပညာရှင်တွေက AIDS ရောဂါကို ကုသနိုင်တဲ့ ဆေး ရှာဖွေနိုင် မယ်လို့ သမီးတို့ နှစ်ယောက်စလုံး ယုံကြည်ကြပါတယ်။
အခု သမီးမှာ ကိုယ်ဝန်ပါရှိနေတော့ သူက ဆေးလျှော့သုံးမယ်လို့ သမီးကို ကတိပေးထားပါတယ်။
ဖေဖေနဲ့ မေမေ့ကို သမီး ကန်တော့ခဲ့ပါတယ်။

စာကြွင်း။ လူ့ဘဝဆိုတာ ကြုံတွေ့နေရတဲ့ ဒုက္ခတွေထက် ဆိုးမယ်ဆိုရင် အများကြီး ဆိုးနိုင်တယ်ဆိုတာ မေမေ့ကို အသိပေးရုံပါ။ အခု သမီး သန္တာနဲ့အတူရှိနေပါတယ်။ အထက်မှာ သမီးရေးထားတာတွေ မမှန်ပါဘူး၊ တကယ်က သမီး ၁၀ တန်း စာမေးပွဲ ကျရုံတင်ပါ။ ဒါဆို မေမေ စိတ်ချမ်း သာနိုင်ပြီလို့ ယုံကြည်မိပါတယ်။

မေမေတို့ရဲ့
သမီး 

ကွန်စစ်စတင့် ဖြစ်သူများ (New Addition)

မေး ။ ။ တော်လှန်ရေးသမား စစ်စစ်တွေဟာ ဘယ်လိုလူတွေပါလဲ။

ဖြေ ။ ။ ရုရှား စာရေးဆရာကြီး တစ်ယောက် ပြောဖူးပါတယ်။ တော် လှန်ေ ရးသမား စစ်စစ်တွေဟာ ပထမ နိုင်ငံခြားသားတွေကို တော်လှန်ပါ တယ် ။ တော်လှန်ဖို့ နိုင်ငံခြားသားတွေ မရှိတော့ဘူးဆိုရင် အချင်းချင်း အုပ်စုခွဲပြီး ဆက်လက် တော်လှန်ကြပါတယ် တဲ့ ။ ကွန်စစ်စတင့် ဖြစ်လို့ ချီးကျူး စရာပါ။

မေး ။ ။ အနောက်က အမျိုးသားတွေ နဲ့ အာရှ အမျိုးသမီးတွေ အိမ်ထောင်ကျတာ များပြီး အနောက်က အမျိုးသမီးတွေ နဲ့ အာရှ အမျိုး သားတွေ အိမ်ထောင်ကျတာ တော်တော်နည်းပါတယ်။ ဘာကြောင့်လဲ လို့ မေးတဲ့ အခါမှာ အာရှ အမျိုးသမီးတွေက ရင့်ကျက်တယ်၊ ( Girl ) ဂါးလ် ကနေ (Lady ) လေဒီ ဖြစ်လာကြတယ်၊ အာရှ အမျိုးသားတွေကတော့ အသက်ကြီးလာပေမယ့် ( Man ) မဲန်း ဖြစ်မလာဘဲ ( Big boys ) ဘစ် ဘွိုင်းပဲ ဖြစ်နေကြလို့ လို့ ဆိုပါတယ်။ ဒါနဲ့ ပတ်သက်လို့ ဘာပြောချင်ပါသလဲ။

ဖြေ ။ ။ ဘာမှ မပြောချင်ပါဘူး။ အာရှ အမျိုးသားတွေက အာရှ အမျိုး သမီးတွေထက် ပိုပြီး ကွန်စစ်စတင့် ဖြစ်တယ်ဆိုတာ ကမ္ဘာကတောင် သိနေ မှပဲ။

မေး။ ။ ဘီရူးမာ (ဘူးရ်မား) လွန်ခဲ့တဲ့ အနှစ် ၃၀ တုံးက ငါတို့ လာစဉ် ကလည်း ဒီခြုံပုတ်က ဒီအတိုင်း၊ ဒီတောင်ကုန်းလေးကလည်း ဒီအတိုင်း၊ လူတွေကလည်း ဒီအတိုင်းပဲ၊ ဘာမှလည်း မပြောင်းပါလား။
ကွန်စစ်စတင့် ဖြစ်တယ်။

ဖြေ။ ။ မစ္စတာဂျပန်။ ခင်များ အဲသလို မပြောပါနဲ့။ ဟိုတုံးက စစ်အာဏာ ရှင်လက်ထက်မို့ တစ်ပါတီထဲကိုပဲ ဆဲလို့ရတယ်။ အခု ဒီမိုကရေစီရတော့ အနည်းဆုံး နှစ်ပါတီကို စိတ်ကြိုက်ထိုင်ဆဲလို့ရတယ်။ ဆင်ဆာမရှိတော့ဘူးဆိုတော့ ယဉ်ကျေးတဲ့ စကားလုံး ဘာညာတွေအတွက် လည်း ခေါင်းရှုပ်ခံ စဉ်းစားနေစရာမလိုတော့ဘူး။ လွတ်လပ်စွာ ဆဲရေးဆိုခွင့် ပါ အပြည့်ရနေပြီ။
ဟုတ်ပါတယ်။ ကွန်စစ်စတင့်တော့ ဖြစ်တယ်။ ဒါလည်း ဂုဏ်ယူစရာပဲ မဟုတ် လား။