မောနင်းပို့စ် (မွတ်စလင် အထူးထုတ်)

Ladies first

ဂျုတ်နဲ့ စရအောင်။
အရှေ့အလယ်ပိုင်း စစ်ပွဲအတွင်းက ဂျုတ်တစ်ခုပါ။ စစ်ပွဲအတွင်းလို့ပြော ရအောင်ကလည်း ဘယ်တုံးက ငြိမ်းချမ်းနေလို့လဲလို့ မေးစရာပါပဲ။ ထားပါတော့။

အီရတ်က ကူဝိတ်ကို ဝင်မသိမ်းမီ ဆယ်နှစ်လောက်တုံးက အမေရိကန် ဂျာနစ်လစ်ဇ် တစ်ယောက် ကူဝိတ်ကိုရောက်တော့ အမျိုးသားတွေက အမျိုးသမီးတွေရှေ့ ဆယ်တောင်အကွာလောက်ကနေ လမ်းလျှောက်နေကြတာကို တွေ့ရတယ်။ ဇနီး ခင်ပွန်း တန်းတူ မလျှောက်ကြဘူး၊ ဘယ်နေရာမဆို အမျိုးသားဦးဆောင်တယ်ဆိုတဲ့ မဟာပုရိသဝါဒပေါ့။

နောက် ဆယ်နှစ်လောက်ကြာလို့ အဲဒီ ဂျာနစ်လစ်ဇ် ကူဝိတ်ကို တစ်ခေါက်ပြန်ရောက်တော့ အပြောင်းအလဲတွေကြောင့် အံ့ဩတကြီး ဖြစ် ခဲ့ရပါသတဲ့။ ဒီတစ်ခါ တွေ့ရတာက အမျိုးသမီးတွေက အမျိုးသားတွေရှေ့ ဆယ်တောင်အကွာလောက်ကနေ လမ်းလျှောက်နေကြတာကို တွေ့လိုက် ရတယ်။ အမျိုးသမီး အခွင့်အရေးတွေ ရလာပြီ၊ အာရပ် ကမ္ဘာက အမျိုးသမီးတွေ ဦးဆောင်မှုအခန်းကဏ္ဍတွေမှာ နေရာရလာပြီ ပေါ့။

ဒါနဲ့ အမျိုးသမီးငယ်ကို ချဉ်းကပ်ပြီး အင်တာဗျူးကြည့်တယ်။
"ဘယ်လိုအကြောင်းတရားတွေကြောင့် အခုလို အမျိုးသမီးတွေကိုယ်တိုင် ဦးဆောင်မှုအခန်းကဏ္ဍတွေမှာ နေရာရလာရတာလဲ" ဆိုတော့
အာရပ် အမျိုးသမီးငယ်က
"မြေမြှတ်မိုင်းဗုန်းတွေ ကြောင့်ပါ" တဲ့။

(The World Joke Book)

၂ ။ ငါတို့ ဥပုသ်စောင့်နေလို့ နင်တို့ အိမ်သာဘေး သွားစားကြ

ဖြစ်ရပြန်ပြီ။ မလေးရှား၊ KL နားက ဆလန်းဂေါ (Selangor) က စာသင်ကျောင်းမှာပါ။ မွတ်စလင်ကလေးတွေ ဥပုသ်စောင့်နေတဲ့ရက်မို့ သူတို့ကို အနှောက်အယှက်မဖြစ်ရအောင် မွတ်စလင်မဟုတ်တဲ့ ကျောင်းသား ကလေးတွေ နေ့လယ်စာ စားချိန်မှာ အိမ်သာနဲ့ မျက်နှာချင်းဆိုင်က အဝတ် စားလဲလှယ်ခန်းမှာ သွားစားခိုင်းလို့ ကမ္ဘာကျော် ဖေ့စ်ဘုတ်လောကမှာ ပူညံပူညံဖြစ်နေကြရပြန်ပါတယ်။
ဒါကို မကျေမနပ်ဖြစ်ရလွန်းလို့ မွတ်စလင်မဟုတ်တဲ့ ကျောင်းသား မိခင် ဂုဏေစဝေရီ ကယ်လီ (Gunesweri Kelly) က အဲဒီ (ကလေးတွေ အိမ် သာဘေး စားနေကြရတဲ့) ဓာတ်ပုံကို သူမရဲ့ ဖေ့စ်ဘုတ်ပေါ်တင်လိုက်ရာ ကနေ ပြန့်သွားခဲ့တာလို့ ဆိုပါတယ်။
ပညာရေးဝန်ကြီးကတော့ ဒီကိစ္စကို အမှုမှန်ပေါ်အောင် စစ်ဆေးပြီး နောက် ဒါမျိုးမဖြစ်ရအောင် ထိထိရောက်ရောက် အရေးယူမယ်လို့ လေသံ ပစ်နေကြောင်း သိရပါတယ်။
(စထရိတ် တိုင်းမ်)

၃။ ဆရာမ ခေါင်းမြီးခြုံ ဖွင့်ပါ၊ ပလိစ်

ဖြစ်ရပြန်ပြီ။ ဒါက ဖိလစ်ပိုင်မှာ။ မွတ်စလင်ကျောင်းဆရာမတွေ စာသင်ခန်း ထဲ ရောက်တာနဲ့ ခေါင်းမြီးခြုံ ဖွင့်ပြီး စာသင်ဖို့ အစိုးရက ဥပဒေ ထုတ်ပြန်ခဲ့ ပါတယ် (စာသင်ခန်း အပြင်မှာတော့ သဘောရှိ၊ ကရောဟိ ပါ)။ ဒါမှသာ ဆရာနဲ့ တပည့် ပိုပြီး ထိတွေ့နားလည်နိုင်မယ်၊ တချို့အသံထွက်တွေ က နှုတ်ခမ်းလှုပ်တာကိုပါ မြင်ရမှ ပီပီပြင်ပြင်သိရှိနိုင်မယ် စတဲ့ အကြောင်းပြ ချက်တွေနဲ့ပါ။
ဒါကို မွတ်စလင်အဖွဲ့ချုပ်က ပညာရေးဖြစ်လို့ သူတို့အနေနဲ့ ဘဘောတူကြောင်း ဒါပေမဲ့ တရားဝင်ထုတ်ပြန်တဲ့စာတော့ သူတို့လက်ခံရရှိမှု မရှိသေးကြောင်း ပြောခဲ့ပါတယ်။
(စထရိတ် တိုင်းမ်)

အစ္စလမ်မစ် ဥပဒေ အလျှော့ပေးသွားရပြီ

"နော်ဝေနိုင်ငံသူ Ms Marte Deborah Dalelv ဟာ သူမကို အဓမ္မ အကျင့် ခံရတာကို ရဲသွားတိုင်လိုက်မိလို့ ထောင်ဒဏ် ၁၆ လ အကျခံလိုက်ရတယ်။ အဓမ္မကျင့်သူကိုတော့ ၁၃ လ ဒူဘိုင်းတရားရုံးက ထောင်ဒဏ် ချမှတ်လိုက် ပါတယ်" (၂၁ ရက်၊ တနင်္ဂနွေနေ့ ပို့စ်) 

ဒီပို့စ်ထဲမှာ ပါတဲ့ကောင်မလေးကို ဒူဘိုင်းတရားရုံးက အရေးမယူတော့ဘဲ (ယူလို့မှ မရတာ) လွတ်ငြိမ်းခွင့် ပေးလိုက်ရပါပြီ။ ကမ္ဘာ့ အသံနဲ့ ကမ္ဘာ့ အားပဲ။
အစွန်းရောက် အစ္စလမ်မစ် ဥပဒေနဲ့ ယုံကြည်မှုတွေကို ကမ္ဘာနဲ့ချီပြီး တိုက်ရင် ရတယ်ဆိုတဲ့ သာဓကပေါ့။


 

ဖြစ်ရပလေ၊ ဖခင်အတွက် ရှက်ရတယ်လို့

"ဖခင် (သို့) ဖခင်သဖွယ် ကျေးဇူးကြီးမာလှသည့် ပုဂ္ဂိုလ်ကြီးများအတွက် ဝေယျာဝစ္စများ ပြုခြင်း၊ အလေးဂါရဝပြုခြင်း (ဘာသာရေးမှာ ဘုရားရှိခိုးခြင်း၊ လူ မှုရေးမှာ အလေးပြုခြင်း၊ ဂါရဝပြုခြင်း) စသည်တို့ကို သိမ်ငယ်သည်ဟု ထင်ခြင်း၊ ထိုထိုအမှုတို့အား မိမိပြုလုပ်နေသည်ကို လူမြင်မှာ ရှက်နိုး မှု ဖြစ်ခြင်းစသည်တို့သည် အောက်တန်းကျသည့် တလွဲမာနသာဖြစ်ကြောင်း ရှက်နိုးစွာ မိမိအတ္တကို ပြန်ကြည်းရင်း စဉ်းစားနေမိ၏"

ဤအကြောင်းကို မရေးမီ မိမိကျင်လည်ခဲ့ရသည့် ဘဝနောက်ခံအကြောင်းကို အနည်းငယ်ပြန်ပြောမှ လိပ်ပတ်လည်လိမ့်မည်ထင်သည်။ မန္တလေးရှိ သာမန် စာသင်သားတို့ ဘဝအတိုင်း ဆွမ်းခံ၊ ဆွမ်းစား၊ စာကျက်၊ စာတက်ဖြင့် အချိန်ကုန်ခဲ့ရတာဖြစ်သည်။ မန္တလေးမှာနေစဉ် အထူးသဖြင့် ဗုဒ္ဓဝေယျာဝစ္စ များနှင့် အလှမ်းကွာဝေးခဲ့သည်။ ဘုရားဆွမ်းကပ်၊ ရေကပ်၊ ပန်းကပ် စသည် တို့ကို ဆရာတော်တာဝန်ပေးထားသည့် သာမဏေ (သို့ ) ရဟန်းငယ်တို့ သာ ပြုလုပ်ကြသည်။ ဆရာတော်ကလည်း စာကို ကြိုးစား သင်ယူဖြေဆိုနေ ကြသည့် သာမဏေ (သို)့ ရဟန်းတို့ကို ဝေယျာဝစ္စများ ပြုလုပ်ရန် ခိုင်းခဲ၏။ စာကိုသာ အာရုံစိုက် ကျက်မှတ်စေလိုခြင်း စေတနာ ဖြစ်၏။

ရွာမှာနေစဉ်ကလည်း ဤ ဗုဒ္ဓဝေယျာဝစ္စများကို အမြဲပြုလုပ် ပြင်ဆင် သူတို့ မှာ ကျောင်းအိပ် ကျောင်းသားများသာ ဖြစ်သည်ကို အမှတ်ရမိသည်။ သို့ဖြင့်ပင် ဤ ရဟန်းနှင့် ဗုဒ္ဓဝေယျာဝစ္စက ကာလအတန်ကြာ အလှမ်းေ ဝးနေခဲ့လေတော့သည်။
တခါတခါ ဗုဒ္ဓဝေယျာဝစ္စများ ကိုယ်တိုင် ပြုလုပ်နေစဉ် လူပုဂ္ဂိုလ်များ ရောက် လာတတ်ပြီး
"ကိုယ်တိုင်လုပ်နေရသလား၊ တပည့်တွေကို မခိုင်းဘူလား၊ တပည့်တော် လုပ်လိုက်မယ်"
စသည် ပြောဆိုပြီး သူတို့က ကုသိုလ်ယူသွားတတ်ကြသည်။
ဤကား ပြဿနာ မဟုတ်ပါ။ ပြဿနာက စိတ်ဖြစ်သည်။

သို့ဖြင့် စင်္ကာပူရောက်လာခဲ့သည်။ စင်္ကာပူ၏ ထုံးစံအတိုင်းနေ့ခင်းပိုင်းတွေမှာ သူ့အလုပ်နဲ့သူ ရှုပ်နေကြသဖြင့် ကျောင်းက တိတ်ဆိတ်နေတတ် ၏ ။ ကျောင်း၌ ရဟန်းနှစ်ပါးရှိရာ မိမိက အငယ်ဖြစ်သဖြင့် နေ့ခင်းပိုင်းများမှာ ဘုရားပန်းအိုးတို့ကို ရေလဲခြင်း စသည်လုပ်တတ်သည်။ ထိုအခါ မြန်မာ ဒကာ၊ ဒကာမတွေ ရောက်လာတတ်ပြီး
"အရှင်ဘုရား၊ ကိုယ်တိုင်လုပ်နေရသလား၊ တရုတ်တွေ မရှိဘူးလား၊ တပည့်တော်မ လုပ်လိုက်မယ်"
စသည် ပြောဆိုပြီး သူတို့ကလည်း ကုသိုလ်ယူသွားတတ်ကြသည်။
ဤသည်လည်း မဟုတ်။ ပြဿနာက စိတ်ဖြစ်သည်။

ထိုနှစ်များအတွင်း ဗုဒ္ဓဝေယျာဝစ္စများ လုပ်လျှင်ပင် ပုန်းရှိုးကွယ်ရှိုး လူ မမြင်အောင် လုပ်လာတတ်သည်။ သူတို့ပြောလာမည့် "ကိုယ်တိုင်လုပ်နေ ရသလား" ဆိုသည့် စကားအပေါ် ရှက်စိတ်ဝင်လာခြင်းကြောင့်ဖြစ်မည်ဟု ကိုယ်တိုင် သုံးသပ်မိသည်။ ဤ ကိစ္စများသည် ကပ္ပိယများ၊ သာမဏေ များ သာ ပြုလုပ်လေ့ရှိသည် ဆိုသည့် အမှတ်မှား အယူမှား သညာဝိပ္ပလ္လာသ၊ ဒိဋ္ဌိဝိပ္ပလ္လာသတို့ကြောင့်လည်း ဖြစ်နိုင်ပြန်၏။
ဤ ဝိပ္ပလ္လာသတို့က အချိန်အတော်ကြာ ဒုက္ခပေးခဲ့ကြောင်း ဝန်ခံရပါလိမ့်မည်။
နောက်မှ မိမိကိုယ်ကိုယ် ပြန်ပြောမိသည်။
"မင်းက ဘာကောင်မို့လို့ ဘုရားပန်းလဲ၊ ဘုရားပန်းအိုး ရေလဲရတာကို ဘာ အကြောင်းနဲ့ ရှက်နေရတာလဲ၊ စာသင်တာ မဟုတ်၊ စာချတာမဟုတ်၊ တရားဟောတာမဟုတ်လို့ သေးမွှားတဲ့ အလုပ်ဆိုပြီး ရှက်နေတာလား၊ မင်းအဖေ ဘုရားသခင်ရဲ့ ဗုဒ္ဓဝေယျာဝစ္စတွေကိုလုပ်တာပဲ၊ ဘယ်သူမြင်မြင် ဘာကြောင့် ရှက်နေရမှာလဲ" ဟု ဖြစ်သည်။
ထိုမှနောက်မှသာ မိမိနှင့် ဗုဒ္ဓဝေယျာဝစ္စ အဆင်ပြေသွားတော့သည်။ သို့မဟုတ်လျှင် စာမေးပွဲ အောင်လေလေ၊ ရာထူးကြီးလာလေလေ၊ ဩဝါဒါစရိယ ဖြစ်လေလေ ဘုရားနှင့် ဝေးလာလေလေ ဖြစ်ပေတော့မည်။ ကံကောင်း၍ ဤ အတွေးပေါ်လာခြင်းဖြစ်သည်။

ထို့အတူ ဤ လောက၌......
ဖခင် (သို့) ဖခင်သဖွယ် ကျေးဇူးကြီးမာလှသည့် ပုဂ္ဂိုလ်ကြီးများအတွက် ဝေ ယျာဝစ္စများ ပြုခြင်း၊ အလေးဂါရဝပြုခြင်း (ဘာသာရေးမှာ ဘုရားရှိခိုးခြင်း၊ လူမှုရေးမှာ အလေးပြုခြင်း၊ ဂါရဝပြုခြင်း) စသည်တို့ကို သိမ်ငယ်သည်ဟု ထင်ခြင်း၊ ထိုထိုအမှုတို့အား မိမိပြုလုပ်နေသည်ကို လူမြင်မှာ ရှက်နိုး မှု ဖြစ်ခြင်း စသည်တို့သည် အောက်တန်းကျသည့် တလွဲမာနသာဖြစ်ကြောင်း ရှက်နိုးစွာ မိမိအတ္တကို ပြန်ကြည်းရင်း စဉ်းစားနေမိ၏။

နှင်းဆီပွင့်ဖတ်ပေါ်သွေးတဲ့ဓား (သို့) ခရီးကြမ်း နှစ်

"တချို့လမ်းတွေက ကြမ်းရှတယ်
မေးရိုးမာမာတွေနဲ့ စီခင်းလို့။
တချို့လမ်းတွေက ချောမွတ်တယ်
အဒိန္နာဒါန နဲ့မြေညှိလို့။
တချို့လမ်းတွေက ကွေ့ကောက်ဝေးကွာတယ်
အံသွားတွေနဲ့ လမ်းဖောက်လို့။
တချို့လမ်းတွေက ဖြောင့်ဖြူးနီးကပ်တယ်
မုသာဝါဒနဲ့ လမ်းပြင်လို့"


စင်္ကြာမင်းလောင်းရဲ့ စာမျက်နှာ
သားအနေနဲ့ဖတ်တာ
သားအနေနဲ့ တတ်မြောက်တာ
အမေ တစ်ယောက်ထဲ ပါဘဲ
(တကယ်ဆို ခမည်းတော်တောင် မပါဘူး )
အမေ့ အတွက် သိဒ္ဓတ္ထ ဆိုတာ
စင်္ကြာမင်းလောင်း မဟုတ်
ဗုဒ္ဓအလောင်း မဟုတ်
နုံချာသူ မဟုတ်
မြင့်မြတ်သူမဟုတ်
ဘာဆို ဘာမှ မဟုတ်
သားဟာ သားပဲဖြစ်တယ်
အဲဒါ..အမေပါဘဲ။

သာကိယ မာန်တွေနဲ့
သံလိုက်ဓာတ် လွတ်နေတာ
သိဒ္ဓတ္ထရဲ့ အမေရင်း တစ်ယောက် ဝေစု
အမရင်း တစ်ယောက်ကို ခွဲပေးခဲ့ရတာ
( ဘဝါဘဝက ပါရမီ လို့ ဆိုကြသပေါ့ )
အဲဒါ..အမေပါဘဲ။

တချို့လမ်းတွေက ကြမ်းရှတယ်
မေးရိုးမာမာတွေနဲ့ စီခင်းလို့။

တချို့လမ်းတွေက ချောမွတ်တယ်
အဒိန္နာဒါန နဲ့မြေညှိလို့။

တချို့လမ်းတွေက ကွေ့ကောက်ဝေးကွာတယ်
အံသွားတွေနဲ့ လမ်းဖောက်လို့။

တချို့လမ်းတွေက ဖြောင့်ဖြူးနီးကပ်တယ်
မုသာဝါဒနဲ့ လမ်းပြင်လို့။


ဒီလမ်းတွေရဲ့ ပွေလီမှုမှာ
မဇ္ဈိမပဋိပဒါ ခြုံအုပ်နေတယ်၊
ဒီလမ်းကိုထွင်ဖို့
နီစွေး မြိရှတဲ့ ဓားတစ်ချောင်းတော့ လိုမှာပေါ့။

လူတချို့ကဆိုမယ်
ထွက်ပြေးခြင်းဟာ ရင်ဆိုင်တာ မဟုတ်ဘူးလို့
တစ်ခါတစ်ခါမှာတော့
ထွက်ပြေးခြင်းနဲ့ ရင်ဆိုင်တာဟာ
အပြောင်မြောက်ဆုံး အနုပညာပါဘဲ။ ။


ထပ်ပြောပါစေအမေ...
သိဒ္ဓတ္ထဆိုတဲ့ အမေ့သား ( ဓား ) ဟာ
ဓားသွေးကျောက်ပေါ် လမ်းလျှောက်ခဲ့တာမဟုတ်
( ဒီတော့ )
ကျောက်စီဓားအိမ်ထဲမှာ အိပ်မောကျ
အလှပြ ဓားတစ်ချောင်းလည်းမဟုတ်ဘူး။

သိဒ္ဓတ္ထဆိုတဲ့ အမေ့သား ဟာ
နှင်းဆီပွင့်ဖတ်ပေါ်သွေးခဲ့တဲ့ ဓားပါ

ဒါကြောင့်လည်း
သိမ်မွေ့မှုနဲ့ခက်မာ
ညင်သာသာနဲ့ကြုံးဝါး
ပန်းလက်ဖဝါးနဲ့ လေးကြမ်းတင်
နန်းရင်ပြင်ကနေ မွဲတေရ
ဝိရောဓိ ရသတွေ
တကယ်ကို အချိုးကျတဲ့ ဓားတစ်ချောင်းပါ
ခွင့်လွှတ်ပါ အမေ။ ။

အမေ့နာမည်က ဂေါတမီ
ဂေါတမီဆိုတာက ဂေါတမရဲ့အမေ...
အမေ့နာမည်ကိုထပ်တူပြုဖို့
(စက္ကဝတ္တီဆိုတဲ့ ဂုဏ်ဟာ)
မခို့တရို့နဲ့ မျက်လွှာချရှက်နေလိမ့်မယ်၊
အမေ့နာမည်ကို ဂုဏ်ပြုဖို့
ဂေါတမဖြစ်ဖို့ကလွဲလို့ လမ်းမရှိဘူး။


ဒီတော့မှ
ဂေါတမဆိုတာက အမေ့သား
အဲဒီသားအမေက ဂေါတမီ
မိထွေးတော်နဲ့ မွေးစားသား
သားတို့ သားအမိကြားမှာ
ခပ်ပါးပါးတောင် နေရာမရှိဘူး။

သွားပါရစေ အမေ
သားအဖျားမို့ အသည်းခွဲတာ
အမေဖျားမို့ အသည်းခွဲခံရတာ
ဒီရောဂါသာ မရှိရင်
အမေ ကျန်းမာပါပြီ။

ဂီတကို မြတ်နိုးတဲ့အမေ
ငြိမ်သက်စွာ နက်နဲတဲ့ အမေ
သကျမာန သံလိုက်ဓာတ်တွေ လွတ်နေတဲ့ အမေ
စင်္ကြာမင်းလောင်း သိဒ္ဓတ္ထဆိုတာထက်
သားဟာ သားပဲ ဆိုတဲ့အမေ
တေးကဗျာတွေ တစ်ပုဒ်ပြီးတစ်ပုဒ်သီရင်း
အလင်းနှစ်ဆီကို
မျက်နှာသစ်ရင်းသာ
ဦးလှည့်ကြိုပါတော့။

ကျောင်းအပ်ချိန်

မူလတန်းကလေးတွေ ကျောင်းအပ်ချိန်ဟာ သာမန်ကြည့်ရင်တော့ သာမန်ပါ ပဲ။ ဒါပေမဲ့ ကိုယ့်ကလေး ကျောင်းကောင်းကိုရောက်ဖို့ မိဘတွေ ဘယ်လို ပြင် ဆင်ကြရသလဲဆိုတာ ကြည့်လိုက်ရင် နိုင်ငံတွေရဲ့ ပေါ်လစီနဲ့ ကိုယ်ကျင့် တ ရားတွေကိုလည်း တွေ့ရတယ်။

အမေရိက။

အမေရိက ကတော့ ကက်ပီတယ်လစ်ဇင် အကြီးစားကြီးဆိုတော့ ပိုက်ဆံရှိ ရပ်ကွက်တွေ၊ မြို့တွေမှာ ကျောင်းကောင်းတွေ ပိုရှိသတဲ့။ ဒါကတော့ ကက်ပီ တယ်လစ်ဇင်ရဲ့ သဘာဝပါပဲ။
ဒီတော့ ကိုယ့်ကလေးကို ကျောင်းကောင်းကောင်းမှာ ပညာသင်ကြားနိုင်ဖို့ တတ်နိုင်တဲ့မိဘတွေက အိမ်တွေပြောင်း၊ အလုပ်တွေပြောင်းရင်း ကြိုးစားနေ ကြရသတဲ့။

ဗြိတိန်

ဗြိတိန်မှာတော့ ခရစ္စယန်ဘာသာရေးကျောင်းတွေက ကလေးတွေရဲ့ ပညာရေးအတွက် ပိုသင့်တော်ပုံရတယ်။ ကလေး ကျောင်းမအပ်ခင် ကလေး ကို အရေးပေါ် ဘက်ပတိုက်ဇ် လုပ်ကြသတဲ့။ ဒါမှ ကလေးချင်းယှဉ်ရင် တစ် ပန်း သာမှာပေါ့။
အမေရိက မှာလိုပဲ အိမ်တွေပြောင်း၊ အလုပ်တွေပြောင်းလည်း ရှိကြတယ်။

အိန္ဒိယ

အိန္ဒိယကလေးတွေရဲ့ ကျောင်းကံကြမ္မာက မူကြိုမှာ စတယ်လို့ဆိုပါတယ်။ မူကြိုမှာ တော်ခဲ့တဲ့ ကလေးတွေဟာ ကျောင်းကောင်းကောင်း ဝင်ခွင့်၊ တက် ခွင့်ရဖို့ အခွင့်အလမ်းပိုများတယ်။

တရုတ်

စိတ်ဝင်စားစရာ အကောင်းဆုံးကတော့ တရုတ်ပါပဲ။ သူက ဘာသာရေး လည်း မဟုတ်။ ကက်ပီတယ်လစ်ဇင်လည်းမဟုတ်၊ မူကြိုမှာ စတာလည်း မဟုတ်။ ကျောင်းကောင်းကောင်းရချင်ရင် အလှူငွေထည့် တဲ့။ မြန်မာ ကလေးမိဘတွေနဲ့ သိပ် မစိမ်းလှတဲ့ပေါ်လစီပါပေါ့။ ထူးတာက မြန်မာပြည်မှာတော့ ဒါကို ရံပုံငွေ လို့ ခေါ်တယ်။

ပေါ်လစီတွေ ဘယ်လိုပဲ ကွဲနေကွဲနေ ကလေးကိုချစ်တဲ့ မိဘတွေရဲ့ မေတ္တာ တရားကတော့ အတူတူပါပဲ။ လက်ဆောင်ပေးဆို ပေးရမှာပေါ့။ ကျောင်းအုပ်ကြီးအတွက် ပေးတာမှ မ ဟုတ်ဘဲ၊ ကိုယ့်ကလေး ပညာရေးအတွက် သုံးလိုက်ရတာပဲ။

How the truth-seeker should be

Nan-in, a Japanese master during the Meiji era (1868-1912) received a university professor who came to inquire about Zen. Nan-in served tea. He poured his visitor's cup full, and kept on pouring. The professor watched the the tea overflow until he no longer could restrain himself.

"It is over full. No more will go in!"

"Like this cup," Nan-in said, " you are full of your opinions and speculation, how can I show you Zen unless you first empty your cup?"

Surekha V Limaye
Zen (Buddhism) and Mysticism, p, 51

ဝါဆို၊ ပထဝီအနေအထား၊ ရာသီဥတု၊ ပြက္ခဒိန်နှင့် အဓိပ္ပါယ်ပြန်ဆိုမှုများ

အရှင်ဘုရား
အရှင်ဘုရား၏ သစ္စာလေးပါး ရှာဖွေတွေ့ရှိမှုသည် လူ့သမိုင်းမှာ ရှိရှိ သမျှေ သာ ရှာဖွေတွေ့ရှိမှုတိုင်းကို စိန်ခေါ်နိုင်ပါ၏။
ဒေသနာ များစွာထဲမှ ဤ ဒေသနာကို ကနဦး ရွေးချယ်မှုကြောင့် ဤ ဒေ သ နာသည် အရှင်မြတ် တန်ဖိုးအထားဆုံးဒေသနာဖြစ်မည်ဟု မဝန့်မရဲ ကောက် ချက်ဆွဲလိုပါ၏။
ယနေ့ ခေတ်သစ်ပညာ၏ "Wh" မေးခွန်းများဖြင့် ပြဿနာချဉ်းကပ်ပုံကို အရှင်၏ ဤ ပထမဒေသနာ၌ ရှင်းလင်းစွာ တွေ့မြင်ကြရပါ၏။
"What" သည် ပထမသစ္စာ (ဒုက္ခသစ္စာ)၊ တတိယသစ္စာ (နိရောဓသစ္စာ) တို့ ဖြစ်ပြီး "Why" ကား ဒုတိယသစ္စာ (သမုဒယသစ္စာ) ဖြစ်ပေမည်။
အဓိက အကျဆုံးကား "How" ဆိုသည် စတုတ္တသစ္စာ၊ မဂ္ဂသစ္စာသာ ဖြစ်ေ ပတော့သည်။

ဒုက္ခ့ အစပျိုးသည့် ဒေသနာမျိုးကို ချပြခြင်းအားဖြင့် နာကြားမည့် နားတို့ကို အရှင်မြတ် အထင်မသေးကြောင်း ပျက်ပျက်ထင်ထင် ရှိပါ၏။
ဘယ်ဒေသနာတွေ ဘယ်လို ကာ ကာ ဇာတိ၊ ဇရာ၊ မရဏတို့ကတော့ "ရုပ်" ဒုက္ခမှ တစ်စက်မျှ ရွေ့လျောသွားမည်မဟုတ်။ သုခဟု ညာဝါးလို့ မရနိုင်။ ဖစ်ဆီယော်လော်ဂျစ်ကယ် ဆားဖားရင်းဟု နှောင်းလူတို့ ဆိုကြ၏

ဘယ်ဒေသနာတွေ ဘယ်လို ကာ ကာ အပ္ပိယေဟိ သမ္ပယောဂ၊ ပိယေဟိ ဝိပ္ပယောဂ၊ ယံပိစ္ဆံ နလဘတိ တမ္ပိ ဒုက္ခံ တို့ကလည်း "စိတ်" ဒုက္ခအဖြစ်မှ စိုးစဉ်း မရွေ့လျောပါ။ ယင်းကိုတော့ ဆိုက်ကော်လော်ဂျစ်ကယ် ဆားဖား ရင်းဟု အမည်တပ်ကြ၏။

ဒေသနာကို ချိတ်ပိတ်လိုက်ပုံက သံခိတ္တေန ပဉ္စုပါဒါနက္ခန္ဓာ။ "ရုပ်" ဒုက္ခ၊ "စိတ်" ဒုက္ခ၊ ဥပါဒါန်။
ဥပါဒါန် အကြီးအသေးသည် ဒုက္ခ အကြီးအသေးနှင့် ထပ်တူကျ အီကွေး ရှင်းဖြစ်ပေ၏။ ဥပါဒါန် ကြီးသည်နှင့်အမျှ အပိုဆောင်း ဒုက္ခတို့ကိုလည်း ရယူကြရဦးပေမည်။

(ယနေ့ ဆောင်းပါးဟောင်းကို ပြန်တင်လိုက်ပါသည်။ သုတေသန ဆန်ဆန် စောကြောဝေဖန်သည့်ဆောင်းပါးဖြစ်သဖြင့် ယောနိသောအသိဖြင့် ဖတ်ရှုကြရန် မေတ္တာရပ်လိုပါသည်။
မိမိတို့ လှေနံဓားထစ် အယူအဆ များကို အားကောင်းကောင်းဖြင့် ရိုက်ဖွင့်ပေးလိုက်သော ဆရာကြီး ဦးဌေးအောင်၏ ကျေးဇူးတရားတို့ကို ဤဆောင်းပါးဖြင့် မှတ်တမ်း ပြုပါ၏။)

ဤဆောင်းပါးအောက်၌ ပထမဆုံး ရှင်းရမည့်ကိစ္စသည် ထေရဝါဒဗုဒ္ဓဘာသာ ယဉ်ကျေးမှုနှင့် ထေရဝါဒ မြန်မာ (စသည်) ယဉ်ကျေးမှုတို့ပင် ဖြစ်သည်။ အများအားဖြင့် ရောထွေးနေတတ်ကြ၏။ အထူးသဖြင့် ပြည်ပအတွေ့အကြုံ မရှိသော၊ သူတစ်ပါး ယဉ်ကျေးမှုကို မလေ့လာမိသော သူတို့၌ပို၍ ရောထွေး ယှက်တင် ဖြစ်စေ၏။ မြန်မာတို့ ဘာသာရေးဆိုင်ရာ ဓလေ့ ထုံးတမ်းအားလုံး ကို “ထေရဝါဒ” ဟူသော ခေါင်းစဉ်အောက် စုပြုံထည့်တတ်ကြ၏။ မမှန်ပါ။ တချို့မှန်၍ တချို့ မမှန်ပါ။

Artist: Paw Oo Thet
Source: Dhammaweb

ဤ၌ ဥပမာ ထုတ်ပြပါမည်။
၁။ ထေရဝါဒဗုဒ္ဓဘာသာ ရဟန်းတော်တိုင်း ဝါဆိုဝါကပ်ကြသည်။ (ထေရဝါဒဗုဒ္ဓဘာသာ ယဉ်ကျေးမှု၊ ထေရဝါဒနိုင်ငံတိုင်း လက်ခံကျင့် သုံးကြ ၏ ဟူလို)
၂။ နှစ်ဝါထပ်သော နှစ်များ၌ မြန်မာရဟန်းတော်တို့က ဒုတိယဝါ၌ ဝါဆို ဝါ ကပ်တော်မူကြ၏။ (ထေရဝါဒ၊ မြန်မာယဉ်ကျေးမှု)
၃။ နှစ်ဝါထပ်သော နှစ်များ၌ သီရိလင်္ကာရဟန်းတော်များက မိမိတို့ ကျောင်း တိုက် နှစ်ခြိုက်ရာ ပထမဝါ (သို့) ဒုတိယဝါ၌ ဝါကပ်ကြ၏။ (ထေရဝါဒ၊ သီရိ လင်္ကာယဉ်ကျေးမှု)

အတန်ငယ် ရှင်းပြီဟု ထင်၏။ ဝါဆိုဝါကပ်ခြင်းကို တညီတညွှတ်တည်း လက်ခံကျင့်သုံးကြသဖြင့် “ထေရဝါဒ” ဟု သုံးက ပြီးပြည့်စုံပြီး မြန်မာ၊ သီရိ လင်္ကာ၊ ထိုင်းစသော ဝိသေသနတို့ မလိုတော့ပေ။ သို့သော် နှစ်ဝါထပ်သော နှစ်များ၌ မည်သည့်လ ဝါကပ်မည် ဆိုသည်က မူ ထေရဝါဒနိုင်ငံများမှာပင် မတူညီသော အဓိပ္ပါယ်ပြန်ဆိုချက်များ ကွဲနေတော့သည်။ ထိုအခါ မြန်မာ၊ သီရိလင်္ကာစသော ဝိသေသန ပါမှ သာ ပြည့် စုံလေတော့သည်။ ဤအချက်ကို မသိက ထေရဝါဒ ရဟန်းတော် တိုင်း ဒုတိယဝါ၌ ဝါကပ်သည်ဟု ထင်မှတ်မှားနိုင်သည်။
နိုင်ငံ၊ ဒေသ၊ လူ့အဖွဲ့အစည်းကို အခြေခံပြီး ကွဲလွဲနေသော (မတူညီသော ဟု ဆိုလိုသည်၊ မှားယွင်းသည်ဟု မဆိုလို) ယဉ်ကျေးမှုတို့ကို ထပ်ပြပါဦးမည်။

၁။ ထေရဝါဒဗုဒ္ဓဘာသာတိုင်း ညချမ်း၌ ဘုရားကို ပန်း၊ ရေချမ်း၊ ဆီမီး ကပ် လှူကြသည်။ (ထေရဝါဒ ယဉ်ကျေးမှု)
၂။ သီရိလင်္ကာထေရဝါဒ ဗုဒ္ဓဘာသာတို့က ညချမ်း၌ ပန်း၊ ရေချမ်း၊ ဆီးမီး သာမက ကွမ်းရွက်နှင့် ကွမ်းသီးတို့ကိုပါ ကပ်လှူကြသည်။ (ထေရဝါဒ၊ သီရိလင်္ကာယဉ်ကျေးမှု)
၃။ ရုရှားဗုဒ္ဓဘာသာများဆိုလျှင် ညချမ်းအခါ၌ ဗော်(ဒ်)ကာ အရက်များကိုပင် ကပ်လှူကြသည်ဟု ဆို၏။ (ရုရှားဗုဒ္ဓဘာသာ ယဉ်ကျေးမှု)
ဤ၌ မေးရန်ရှိလာ၏။ အဆုံးအမတစ်ခုတည်း ဖြစ်ပါလျှက် ဓလေ့ထုံးတမ်းတို့ ဘာ့ကြောင့် ကွဲနေရသနည်း။

ဤကိစ္စမျိုး၌ သူမှား၊ ငါမှန် ငြင်းခုံနေလျှင် ပြီးမည် မဟုတ်တော့။ ကိုယ့်နိုင်ငံ မှာ ဝိနည်းပိဋကတ်ရှိသလို ထေရဝါဒ (၅) နိုင်ငံလုံးမှာလည်း (အခြားထေရ ဝါဒ နိုင်ငံများမှာလည်း) ဝိနည်းပိဋကတ် ရှိသည်။ ကိုယ့်နိုင်ငံမှာ ပညာတတ် ရဟန်းတော်များ ရှိသလို သူတို့နိုင်ငံများမှာလည်း ပညာတတ် ရဟန်းတော် များ ရှိသည်။ ကိုယ်က အထောက်အထားများဖြင့် ငြင်းဆိုလျှင် သူတို့က လည်း အထောက်အထားများဖြင့် ပြန်လည် ငြင်းဆိုမည် ဖြစ်သည်။

သို့ဖြစ်လျှင် ကမ္ဘာ၌ လူအနည်းစုသာ ယုံကြည်ကိုးကွယ်နေသည့် ထေရဝါဒ ယဉ်ကျေးမှုကို ငါးစိတ် ထပ်စိတ်ရဦးတော့မလို ဖြစ်သွားတော့မည်။ မစွံတော့။
ဓလေ့ထုံးစံတို့ ကွဲပြားနေရခြင်းသည် နိုင်ငံ၏ သမိုင်း၊ တည်ရာရပ်ဝန်း၊ လူ့ အဖွဲ့အစည်းနှင့် အဓိကအားဖြင့် ဝိနည်းတော်ကို အဓိပ္ပါယ်ပြန်ဆိုပုံ မတူညီ ကြခြင်းကြောင့် ဖြစ်၏။ မည်သို့ဖြစ်စေ သူ့ယဉ်ကျေးမှုကို သဘောမတူညီနိုင် သည် ဆိုစေဦး၊ အပြန်အလှန် နားလည်ခြင်း၊ လေးစားခြင်းသည် ငြင်း ခုံေ နခြင်းထက် ဘုရားစကားနှင့် ပို၍ နီးကပ်ပါသည်။

ဤ၌ အဓိက ဆွေးနွေးလိုသော အချက်သည် ဝါကပ်ခြင်း၊ ဝါတွင်းကာလ၊ နိုင် ငံ၏ ရာသီဥတုစသည်တို့ ဖြစ်သည်။ ဤဆွေးနွေးချက်များသည် ကိုယ်ပိုင်အယူအဆ မဟုတ်၊ မန္တလေး သာသနာ့တက္ကသိုလ်တက်စဉ်က ဆရာကြီးဦးဋ္ဌေးအောင် (မိုးဇလ) ၏ လက်ချာများကို ပြန်လည်နှလုံးသွင်း ရင်း ဆွေးနွေးသော ဆောင်းပါးသာ ဖြစ်သည်။

ဝါတွင်းဟူသည် ပါဠိလို ဝဿ၊ မြန်မာလို မိုးများသောကာလ ဖြစ်သည်။ ဝါတွင်းကာလ သုံးလကြာ၏။ ဤ၌ ဆရာကြီးက ပထမဆုံး မေးခွန်းမေး သည်။ မြန်မာပြည်၌ မိုးရာသီ ဘယ်နှစ်လ ရှိသနည်း။ သုံးလလား၊ သုံးလ ထက် ပိုသလား။ သုံးလထက် ပိုပါသည်။ အကြမ်းဖျင်းအားဖြင့် ငါးလခန့် ရှိပေလိမ့်မည်။
သို့ဖြစ်လျှင် အဘယ့်ကြောင့် ဝါတွင်းသုံးလသာ ဖြစ်နေရသနည်း။
မိုးလေဝသနှင့် ဇလဗေဒပညာရှင် ဆရာကြီး အကျွမ်းကျင်ဆုံး ဘာသာရပ်ဟု ဆိုက ရကောင်း ရနိုင်ပါလိမ့်မည်။ ဆရာကြီးက သိပ္ပံနည်းကျ ရှင်းသည်။
ဘုရားပွင့်ရာ မဇ္ဈိမဒေသ၌ မိုးတွင်းက သုံးလသာ ရှိသည်။ ထို့ကြောင့် ဝါတွင်းပညတ်ရာ၌လည်း သုံးလဟုသာ သက်မှတ်သည်။
ဆရာကြီး၏ မိုးဇလပညာရပ်အရ မုတ်သုန်လေသည် မြန်မာပြည်ကို အရင်ေ ရာက်၏။ ထို့ကြောင့် တစ်လခန့် ကြို၍ မိုးဦးကျ၏။ ထိုမုတ်သုန် က မြန် မာပြည်ကို ဖြတ်ပြီး အိန္ဒိယထဲသို့ ဝင်သွားသည်။ တစ်လခန့် ကြာသော် ထို မုတ်သုန်လေ မဇ္ဈိမဒေသကို ရောက်ပြီး မိုးရာသီလည်း စတော့သည်။
မုတ်သုန်လေ ပြန်လည်ဆုတ်ရာ၌လည်း ဤနည်းအတိုင်းပင်။ သီတင်းကျွတ် လခန့်တွင် မုတ်သုန်လေသည် မဇ္ဈိမဒေသမှ စတင် ထွက်ခွာသည်။ ထို့ကြောင့် သီတင်းကျွတ်သည်နှင့် မိုးလည်း ကျွတ်လေတော့၏။ မြန်မာပြည် ၌ သီတင်းပင် ကျွတ်သော်လည်း မိုးက မကျွတ်သေး။ အကြောင်းက အိန္ဒိယ မှ ဆုတ်ခွာလာခဲ့သော မုတ်သုန်လေက မြန်မာပြည်ထဲ၌ ရှိနေဆဲ ဖြစ်သောေ ကြာင့်ပင်။
သို့ဖြင့်ပင် မြန်မာပြည်၏ မိုးရာသီသည် ယေဘုယျအားဖြင့် နယုန်လမှစ၍ တန်ဆောင်မုန်းလအထိ ငါးလမှ ခြောက်လ၊ ခုနှစ်လအထိ ရှိနိုင်သည်။ သို့သော် မဇ္ဈိမဒေသ၌ကား သုံးလသာ ကြာ၏။ အကယ်၍ ဘုရားရှင် ဝိနည်းတော် ပညတ်ရာဒေသသည် မြန်မာနိုင်ငံမှာ ဖြစ်အံ့၊ ဝါတွင်းကာလ သည် သုံးလ မဖြစ်နိုင်၊ ငါးလ ဖြစ်နိုင်ရာသည်ဟု ဆရာကြီးက မှတ်ချက်ပြု သည်။ ပညာရှင်စကားဖြစ်သဖြင့် ဤစကားမျှဖြင့်ပင် ပြီးပြည့်စုံလေပြီ။

ဤသည်တို့ကား ဝိနည်းပါဠိတော်နှင့် ယဉ်ကျေးမှု ကွဲပြားလာရပုံ၏ လက်တွေ့ ဆန်သော၊ သိပ္ပံဆန်သော၊ ပညာရှင်ဆန်သော ကောက်ချက် ပင် ဖြစ်ပေေ တာ့သည်။
မန္တလေးစသော မြန်မာပြည်အလယ်ပိုင်း မြို့များမှာဆိုလျှင် ဝါတွင်း၌ ဝါဆို ရမည် ဆို၍သာ ဝါဆိုလိုက်ရသည်။ မိုးခေါင်သော နှစ်များ၌ မိုးဟူ၍ ဖြစ်ဖြစ်ြေ မာက်မြောက် မရွာ။ သို့သော် ဝိနည်းရှိ၍ ဝါဆို လိုက်ရ၏။
သီရိလင်္ကာ၊ စင်္ကာပူစသော ကျွန်းနိုင်ငံများ၌ ရာသီဥတု သက်သက်မှတ်မှတ် မရှိ၊ (၁၂) လလုံးလုံးလို မိုးရွာသည်။ ဤသို့ဆိုလျှင် (၁၂) လလုံးလုံးပဲ ဝါကပ် ရတော့မလို ရှိသည်။ မလိုအပ်။ ဝိနည်း၌ သုံးလဟုသာ ပါ၏။ ထို့ကြောင့် သုံး လသာ ဝါကပ်ကြ၏။
သို့သော် …
ထိုသုံးလကို အဘယ်သို့ သက်မှတ်မည်နည်း။
ဤအချက်ကား နိုင်ငံတို့ အသုံးပြုနေသော ပြက္ခဒိန်နှင့် လုံးဝ သက်ဆိုင် သွားတော့သည်။
ဥပမာအားဖြင့် နှစ်သစ်ကူးသောရက် ဖြစ်သည်။
အိန္ဒိယန်းတမီးလ်များနှင့် ထေရဝါဒငါးနိုင်ငံ၏ ပြက္ခဒိန်တို့သည် တော်တော် ဆင်တူသည်။ ဧပြီလမှာ နှစ်သစ်ကူးကြသည်။ သို့သော် နှစ်ဆန်းသည့်ရက်ကို ရေတွက်ကြရာ၌ ထပ်တူ မရှိတတ်။ ထိုင်းနှင့် သီဟိုဠ်က တူနေတာ များသည်။ မြန်မာက ကွဲနေတတ်သည်။ ပြက္ခဒိန်များ အားလုံးသည် “လ” ကို အခြေခံ တွက်ချက်သော လူနာ (Lunar) ပြက္ခဒိန် များ ဖြစ်သဖြင့် လပြည့်လကွယ်စသည်ကို သတ်မှတ်ရာမှာတော့ တစ်ရက် စ၊ နှစ်ရက်စ ကွာဟတတ်သည်မှ လွဲပြီး အများကြီး ကွာဟမနေ၊ ကွာဟ၍ လည်း မရ။

ဤ၌ နောက်ဆုံးဝါကပ်၊ ဝါဆိုသည့်လကို ပြန်ကြည့်ကြပါစို့။ မိုးများသော ကာလ၌ ဝါကပ်ကြသည်။ ဝါထပ်သောနှစ်များမှာ ဝါတွင်းသုံးလက တိတိ ကျကျ သက်မှတ်ထားသဖြင့် သဘောထား ကွဲလွဲခြင်း မရှိ။ သို့သော် နှစ်ဝါထပ်၍ ဝါတွင်းလေးလ ဖြစ်နေသော နှစ်များ၌ ဘယ်သုံးလကို ဝါဆိုကြမည်နည်း။ တစ်နေရာနှင့် တစ်နေရာ၊ တစ်မြို့နှင့် တစ်မြို့ မိုးအနည်းအများ မတူနိုင်တော့။ ထိုအခါ မိုးပိုများသော သုံးလကို ရွေးချယ်၍ ဝါကပ်ကြသည် ဆိုပါစို့။

ဝိနည်းတော်က ဘာပြောဦးမည်နည်း။ ဝိနည်းတော်နှင့် ဆန့်ကျင်နေသည်ဟု ဆိုရန် ရှိပါဦးမည်လော။ ဤကိစ္စမျိုးသည် အငြင်းပွားနေသင့်သော ကိစ္စ မဟုတ်သလို “သာသနာကွယ်လိမ့်မည်” ဟူသော ခပ်ဝါးဝါးစကားကိုလည်း မသုံးစွဲအပ်တော့။
ဤဆောင်းပါး၏ အဓိက ရည်ရွယ်ချက်သည် မတူညီမှုများကို နားလည်ပြီး လေးစားတတ်ရန်သာ ဖြစ်သည်။ မြန်မာဗုဒ္ဓဘာသာတို့ ကျင့် သုံးနေသော ဓလေ့ထုံးစံများတွင် အချို့ကား အခြားထေရဝါဒနိုင်ငံများနှင့် ညီ၏။ အချို့ကား မညီ။ ထိုမညီသော ဓလေ့ထုံးစံတို့ကို ထေရဝါဒမြန်မာ ယဉ်ကျေးမှုဟု ဆိုမှသာ ပြည့်စုံမည်။
ကျွန်ုပ်တို့ ဗုဒ္ဓဘာသာအမည်က ထေရဝါဒဖြစ်သည်။ ကျန်သော ငါးနိုင်ငံနှင့် ညီညွတ်လျှင် ပိုကောင်းသည်။ တိဗက်တန်ဗုဒ္ဓဘာသာဆိုလျှင် တိဗက်နှင့် ညီညွှတ်လျှင် ပြီးပြီ။ သူ့ဗုဒ္ဓဘာသာ အမည်ကပင် တိဗက်တန် ဗုဒ္ဓဘာသာ ဖြစ်နေသောကြောင့် ဖြစ်သည်။

ကျနော့် အီးမေးထဲက ဓားပျိုတစ်လက် (သို့) ဗိုလ်ချုပ်

**သခင်ဘတင် ( ရဲဘော်ဂိုလ်ရှယ်) ၏ ဗိုလ်ချုပ်သို့လွမ်းချင်း**

* ကျနော် မမှီဘူး သူက သိပ်မြင့်လွန်းတယ်
* ကျနော် မရှာဘူး သူက ကျနော့ အရှေ့မှာ အမြဲတမ်းရှိတယ်
* ကျနော် မတွေးဘူး သူက အားလုံးတွေးသွားပေးတယ်
* ကျနော် ကြောက်စရာလို့ထင်တော့ သူက ကျနော့ကိုယ်စား ရင်ဆိုင်ရှင်းသွားတယ်
* ကျနော် မပြောဘူး သူက ကျနော့အရှေ့က အားလုံးပြောသွားတယ်
* ကျနော် လုပ်မလို့ သူက အားလုံးလုပ်သွားပေးတယ်
* ကျနော် မကြိုက်ဘူး သူက ကျနော့ထက်ပိုဆိုးတယ်
* ကျနော် မရဲဘူး သူက ကျနော့ထက် အသင်္ချေအန္တရဲစွမ်းတယ်
* ကျနော် မချစ်ဘူး သူက ကျနော့ကို ချစ်တယ်
* ကျနော် ရှေ့မတိုးဘူး သူက ကျနော့ရှေ့မှာ တိုးတိုးတက်သွားတယ်
* ကျနော်နောက်ဆုတ်မလို့ သူက ကျနော့ကို ထောက်ကူထားတယ်
* ကျနော် ငိုမလို့ သူက ကျနော့မျက်ရည်တွေကို ယူသိမ်းလိုက်တယ်
* ကျနော် တိုက်မလို့ သူက အားလုံးကို တိုက်ချပစ်လိုက်တယ်
* ကျနော်လိုက်မလို့ သူက တိုက်ဖို့ထွက်သွားတယ်
* ကျနော် လမ်းခွဲရှာတော့ သူက လမ်းဆုံမှာ ထိုင်ပြီးပြုံးနေတယ်
* ကျနော် ကွန်မြူနစ်အကြောင်းပြောတော့ သူက ကွန်ညိုညစ်ကို ကျောခိုင်း လိုက်တယ်
* ကျနော် ဆိုရှယ်လစ်ကို လှမ်းကြည့်တော့ သူက ဒီမိုကရက်တစ်ဖြစ်နေတယ်
*ကျနော် လစ်ဘရယ်အကြောင်းပြောရင် သူက(Liberty- လေပါတီ အကြောင်း ချပြတယ်
*ကျနော်က လေပါတီအကြောင်းလိုက်ဆွေးနွေးတော့ သူက(Responsibility ရီစပွန်စီဘယ်လတီအကြောင်း ပြောတယ်

သူနဲ့ကျနော် နောက်ဆုံးတွေ့ကြတော့ သူပြောတာက......
“သူနှင့် သူ၏ ယုံကြည်ချက်ဖြစ်သော လွတ်လပ်ခြင်း၊ တရားမျှတခြင်း နှင့် တန်းတူညီမျှခြင်းတို့၏ အကျဉ်းထောင်ထဲတွင် သူထာဝရ တသက်တကျွန်း ကျခံနေရသော အကျဉ်းသားဖြစ်၏” တဲ့….
ယခု ကျနော် ပြောသော သူက ရဲရင့်စွာပြောဆိုကာ ဇူလိုင်၁၉ တွင် နုတ် မဆက်ပဲ ကျနော်ချစ်သော သူက သူချစ်သော သန်းပေါင်းများစွာသော ပူရိသ များအား တမ်းတခြင်းများစွာဖြင့် ထားချန်ရစ်ကာ သူရဲကောင်းတို့ ထာဝရမှေးစက်တည်မှီသော ဘုံဗိမာန်တွင် လဲလျောင်းနေခဲ့လေသည်။

၁၉၅၀ (ပျဉ်းမနား ကျွဲအင်းကြီးစခန်း)
ရဲဘော်ဂိုလ်ရှယ် (သခင်ဘတင်) ကွန်မြူနစ်ပါတီ (မြန်မာပြည်)

အစ္စလမ်မစ် ဥပဒေ (မနက်က မအားလို့ အီးဗီးနင်း ပို့စ်)

နော်ဝေနိုင်ငံသူ Ms Marte Deborah Dalelv ဟာ သူမကို အဓမ္မ အကျင့် ခံရတာကို ရဲသွားတိုင်လိုက်မိလို့ ထောင်ဒဏ် ၁၆ လ အကျခံလိုက်ရတယ်။ အဓမ္မကျင့်သူကိုတော့ ၁၃ လ ဒူဘိုင်းတရားရုံးက ထောင်ဒဏ် ချမှတ်လိုက် ပါတယ် ။
Ms Marte Deborah Dalelv ဟာယူအေးအီးနိုင်ငံမှာ ဒီဇိုင်းနားအလုပ်နေသူ၊ ၂၄ နှစ်အရွယ်ရှိ အမျိုးသမီးတစ်ယောက် ဖြစ်ပြီး ဟော်တယ်တစ်ခုမှာ ပြုလုပ် တဲ့ အစည်းအဝေးကိုတက်ရင်း သူမရဲ့ လုပ်ဖော်ကိုင်ဖက်က အခုလို အဓမ္မ ကျင့်တာဖြစ်ပါတယ်။ လက်ထပ်ထားတဲ့ ခင်ပွန်းမဟုတ်သူနဲ့ ကာမ စပ်ယှက်မှု အပြစ်နဲ့ ထောင်ဒဏ် ၁၆ လ ချမှတ်တာပါ တဲ့။ အဓမ္မအကျင့်ခံရပါတယ်ဆို ခင်ပွန်းမဟုတ်သူနဲ့ ကာမစပ်ယှက်မှု တဲ့။
အခု သူမက အယူခံဝင်နေပြီး ဒီ မတရားမှုကို ကမ္ဘာသိအောင် ပြောရမယ် ဆိုပြီး မီဒီယာကတဆင့် ပြောနေလေရဲ့။ လူ့အခွင့်အရေးအုပ်စုတွေနဲ့ အနောက်က လစ်ဘရစ်တွေအတွက်တော့ မျက်လုံးပြူး မျက်ဆံပြာ ဖြစ်စ ရာပေါ့။
တရားတာ မတရားတာ အပထား အစ္စလမ်မစ် ဥပဒေအရ ယောက်ျားဖြစ်ရ တာ တော်တော်မိုက်တာပဲ။ အမျိုးသမီးဖြစ်ရပြီဆိုရင်လည်း မချောင်လှ။

(စထရိတ်တိုင်း)

မက္ကာသီနှင့် မာရိုး အတ္တမျက်နှာဖုံးကိုဆွဲခွာခြင်း (ရေးသားသူ- ရဲမိုး)

အီးမေးထဲ ရောက်လာတဲ့ဆောင်းပါးပါ၊ အချက်အလက် အားကောင်း တာ ရယ်၊ စဉ်းစားစရာ ပေးထားခဲ့နိုင်တာရယ်ကြောင့် တင်လိုက်ပါတယ်။

(ကမ်းလက်)

လူထုကြားမှာ အကြောက်တရားကို ပါးနပ်စွာနှိုးဆွကိုင်တွယ်နိုင်လျှင် ပုဂ္ဂိုလ်ေ ရးသြဇာအာဏာကို အလွယ်တကူတည်ထောင်နိုင်သည်ဆို သည့် သီအိုရီကို ယခုမှတွေ့ရှိသည်မဟုတ်ပါ။ သမိုင်းအဆက်ဆက်မှာနာမည်ဆိုးဖြင့် ကျော် ကြား သည့် ခေါင်းဆောင်များက လက်တွေ့ပြပြီး ဖြစ်ပါသည်။ စစ်အေးတိုက်
ပွဲ ကာလအစ အမေရိကန်ပြည်ထောင်စုမှာ “ကွန်မြူနစ်ချေမှုန်းရေး” ကို ကြွေးကြော်ခဲ့ပြီး ပုဂ္ဂိုလ်ရေးသြဇာအာဏာ ထူထောင်ခဲ့သည်။ ဆီနိတ်တာ ဂျိုးဇက်မက္ကာသီနဲ့ သူ့မျက်နှာဖုံးကို ရဲရဲဝံ့ဝံ့ဆွဲခွာခဲ့သည့် သတင်းစာဆရာ အက်ဒ၀ပ်အာရ်မာရိုးတို့အကြောင်းကို ဒီကနေ့ဆွေးနွေးကြပါစို့။

ဒုတိယကမ္ဘာစစ်ပြီးခါစ ကမ္ဘာ့နိုင်ငံရေးမှာ အမေရိကန်ဦးဆောင်သည့် အနောက်အုပ်စုနှင့် ဆိုဗီယက်ရုရှားဦးဆောင်သည့် ကွန်မြူနစ် ဘလော့ခ်တို့ အကြား စစ်အေးတိုက်ပွဲစတင်လာခဲ့သည်။ အမေရိကန် ပြည်သူများကြားမှာ “ကွန်မြူနစ် အကြောက်တရား”ကို နှိုးဆွခဲ့ပြီး ပုဂ္ဂိုလ်ရေးသြဇာကို တည်ေ ထာင်ခဲ့သူကတော့ ၀စ္စကွန်ဆင်ပြည်နယ် ရီပတ် ဘလစ်ကန် ဆီနိတ်တာ ဂျိုးဇက် မက္ကာသီပါ။

၁၉၅၀ ပြည့်နှစ် ဖေဖော်ဝါရီလ ၉ ရက်မှာမက္ကာသီက “အမေရိကန် ပြည်ေ ထာင်စုကို ကွန်မြူနစ်တွေချုပ်ကိုင်ထားပြီ၊ နိုင်ငံခြားရေးဝန်ကြီးဌာနမှာလည်း ကွန်မြူနစ်တွေဝင်စီးထားပြီ၊ နိုင်ငံခြားရေးဌာနမှာ ၀င်ရောက်လုပ်ကိုင်နေ သည့် ကွန်မြူနစ် ၂၀၅ ယောက်စာရင်းကိုရထားပြီ” ဆိုသည့် ပြူးတူးပြဲတဲ မိန့်ခွန်းတစ်ခုကို သူစတင်ပြောခဲ့သည်။ သည့်နောက် ပိုင်းမှာတော့ “လူ့အ ဖွဲ့အစည်းအ တွင်းက ကွန်မြူနစ်တွေကို ဆွဲထုတ်ကြ” ဆိုသည့် ကြွေးကြော် သံကို ဦးဆောင်ပြီး အာဏာတစ်ခုကိုသူ ထူထောင်ခဲ့တော့သည်။

သာမန်ဘုမသိဘမသိပြည်သူများကြားမှာ အမေရိကန်နိုင်ငံကို နေချင်း ည ချင်း ကွန်မြူနစ်များက ထိန်းသိမ်းတော့မယောင် ထင်မြင်စေသည့် နည်း လမ်းဖြင့် မက္ကာသီတစ်ယောက် မျိုးချစ်တိုက်ပွဲကြီး၏ တပ်ဦးက သူရဲကောင်း အဖြစ် သူ့ကိုယ်သူ ခြယ်မှုန်းခဲ့သည်။

အလယ်ခေတ်က ဥရောပမှာ “စုန်း”ဟုစွပ်စွဲပြီး လူအများအပြားကို သတ်ဖြတ် ခဲ့သည့် “စုန်းစစ်ဆင်ရေး” Witch Hunt အတိုင်းကွန်မြူ နစ်စစ်ဆင်ရေး ကိုနိုင်ငံအ၀န်း ရွက်လွှင့်ခဲ့သည်။ မက္ကာသီခေတ်မှာ တက္ကသိုလ်ပါမောက္ခများ၊ စာရေး ဆရာများ၊ အနုပညာရှင်များ၊ နိုင်ငံ ၀န်ထမ်းအများအပြားရာထူးမှ ထုတ်ပယ်ခံရ၊ အရေးယူခံခဲ့ကြရသည်။ စာရင်းဇယားများအရ ထောင်နှင့် ချီသည့် အမေရိကန်များ အကြောင်းမဲ့အရေးယူခံကြရသည်ဟု ဆိုသည်။

မက္ကာသီကို ကျောထောက် နောက်ခံပေးထားသူကတော့ အက်ဖ်ဘီအိုင်ေ ထာက်လှမ်းရေးအဖွဲ့ကြီး၏ ညွှန်ကြားရေးမှူး ဂျေအက် ဒဂါဟူးဗား။ မက္ကာသီ ၏ ဆန္ဒကိုပုံ ဖော်ဖို့ ထောက်လှမ်းရေးတပ်ဖွဲ့ဝင်များက အကျိုးဆောင်ပေး ခဲ့ကြသည်။ အိမ်ဖြူတော်ကပင်ဝင်မစွက်ရဲ။ အခြားနိုင်ငံရေးသမားများနှင့် အစိုးရအရာရှိများကလည်း လူပြိန်းကြိုက်ကြွေးကြော်သံအောက်မှာ နေရာ တစ်နေရာရဖို့ မက္ကာသီကို ပူး ပေါင်းကြရသည်။

မက္ကာသီကို မည်သူမျှမဝေဖန်ရဲ။ မက္ကာသီကိုမည်သူမျှစိန်မခေါ်ရဲ။ မက္ကာသီကို မည်သူမျှမဆန့်ကျင်ရဲခဲ့ပါ။ မက္ကာသီကိုဝေဖန်သူသည်မျိုး ချစ်စိတ်ဓာတ် မရှိ သူ၊ မက္ကာသီကို စိန်ခေါ်သူသည် ကွန်မြူနစ်၊ မက္ကာသီကို ဆန့်ကျင်သူသည် တိုင်းပြည်သစ္စာဖောက်ဟု မက္ကာသီနှင့် အဖွဲ့သားများက စည်းရုံးလှုံ့ဆော်ခဲ့ ကြသည်။

မက္ကာသီနှင့်အဖွဲ့က “အနီရောင်ချန်နယ်များ”Red Channels ဆိုသည့် လှုပ် ရှားမှုနှင့် သူတို့ အယူအဆနှင့် မကိုက်ညီသည့် ရေဒီယို အသံလွှင့်ဌာနများကို ကွန်မြူနစ်ဟု စွပ်စွဲခဲ့သည်။ သတင်းနှင့် ဖျော်ဖြေရေးသမား ၁၅၁ ဦးကို အ နက်ရောင်စာရင်း Black List သွင်းခဲ့သည်။ ဟောလိဝုဒ်အနက်ရောင် စာရင်း Hollywood Black List ဆိုသည့် လှုပ်ရှားမှုနှင့် ဟောလိဝုဒ် အနုပညာလော က က သရုပ်ဆောင်၊ ဒါရိုက်တာ၊ ဇာတ်ညွှန်းရေးဆရာနှင့် အနုပညာရှင် အများအပြားကိုလည်း စွပ်စွဲတိုက်ခိုက်ခဲ့ကြသည်။

လွတ်လပ်သည့် အတွေးအခေါ်ကို ကိုင်စွဲခဲ့သည့်အတွက် မက္ကာသီခေတ်က အနက်ရောင်စာရင်းအသွင်းခံကြရသူများမှာ ကမ္ဘာကျော် ရုပ်ရှင်ပညာရှင် ချာ လီချက်ပလင်၊ သိပ္ပံပညာရှင် အဲလ်ဘတ်အိုင်းစတိုင်း၊ နိုဗယ်ဆုရ စာရေးဆရာ သောမတ်စ်မန်း၊ အဏုမြူဗုံးတီထွင်သူ သိပ္ပံပညာရှင် ရောဘတ် အိုဗင်ဟိုင်းမား၊ စာရေးဆရာကြီး အာသာမစ်လာ၊ စာရေးဆရာမ ဒေါ်ရိုသီ ပါကား တို့အပါ အ၀င် နိုင်ငံအဖိုးတန်ပညာရှင်များစွာပါဝင်ခဲ့သည်။

အမေရိကန်ပြည်ထောင်စုသည် မက္ကာသီလှုပ်ရှားမှုအောက်တွင် စကားဟဟ မပြောရဲတော့ပါ။ မည်သူမျှ ဂျိုးဇက်မက္ကာသီကို စိန်မ ခေါ်ရဲတော့ပြီလား။

Columbia Broadcasting System ရေဒီယိုနှင့် ရုပ်သံသတင်း ဌာနကြီးမှာ သမိုင်းတွင်မည့် သတင်းစာဆရာတစ်ယောက်ရှိခဲ့သည်။ သူ့ နာမည်က အက် ဒ၀ပ်အာရ်မာရိုး။ ဒုတိယကမ္ဘာစစ်အတွင်းက နာဇီဂျာမန်များ ဗုံးတွေ တ၀ုန်း ၀ုန်းကြဲနေသည့်ကြားက လန်ဒန်မြို့ကနေ ရေဒီယိုဖြင့် Live သတင်းကြေညာ ခဲ့သည့်မာရိုးကို အမေရိကန်ပြည်သူများက လေးစားယုံကြည်ကြသည်။

မာရိုးနှင့် သူ့မိတ်ဆွေ ပရိုဂျူဆာ ဖရက်ဖရင်ဒလေတို့က မက္ကာသီ အောက် မှာ မျှော်လင့်ချက်မဲ့နေခဲ့သည့်အမေရိကန်ပြည်ထောင်စုကို ပြန်လည်ဆယ်ယူဖို့ကြိုးပမ်းကြသည်။ မည်သူမျှမထိတို့ရဲသည့် မက္ကာသီကို စုံစမ်းဖော်ထုတ်ဖို့ သူတို့ပြင်ဆင်သည်။ နောက်ဆုံးတော့ မာရိုး၏ ရုပ်သံအစီအစဉ် “See It Now” ကတစ်ဆင့် မက္ကာသီကို စုံစမ်းဖော်ထုတ်သွားဖို့သူတို့ဆုံးဖြတ်ခဲ့သည်။ ထိုဆုံးဖြတ်ချက်က CBS ၏ သတင်းခန်းအတွင်းမှာ ဗုံးတစ်လုံးလို ပေါက်ကွဲ သွားတော့သည်။ အိမ်ဖြူတော်ကပင်ဆင်ခြင်နေရသည့် မက္ကာသီကို စိန်ခေါ်ခြင်းသည် CBS အတွက် ကိုယ့်သေတွင်းကိုယ်တူး ခြင်းဟု ဦးဆောင် သူအချို့ကယူဆသည်။ တစ်ဖက်က တန်ပြန်ပြုလုပ် လာမည့် တိုက်စစ်ကို သူတို့ ရင်မဆိုင် ရဲပါ။ နောက်ဆုံးတော့ CBS ကိုယ် တိုင်က မာရိုးကို တားမြစ် လာတော့ သည်။ မာရိုးနောက်မှာတော့ သူနဲ့ တစ်သားတည်းခံယူထားသည့် ပရိုဂျူဆာဖရင်ဒလေ၊ မာရိုးနှင့် အမှန်တရားကို ချစ်မြတ်နိုး၍ တစ်ဘ၀လုံး ပုံချထိုးကြမည့် ကင်မရာနှင့် အသံဖမ်းသမားများသာ။ အပြန်ပြန်အလှန် လှန် ငြင်းခုံကြပြီး CBS က မာရိုးကို ထုတ်လုပ်မှုစရိတ်မပေးနိုင်၊ CBS လို ဂိုကိုပင် အသုံးပြုခွင့်မပေးနိုင်ဟုပြောသည်။ မာရိုးနှင့် ဖရင်ဒလေကလည်း သူတို့အစီအစဉ်ကို ကိုယ့်စရိတ်ကိုယ်စိုက် ကြော်ငြာခပေးပြီး လွှင့်ထုတ်ဖို့ ဆုံးဖြတ်ခဲ့ကြသည်။ သည်လိုနှင့် သတင်းစာပညာ၏ သမိုင်းဝင်တိုက်ပွဲကြီး စတင်ခဲ့ပါသည်။

၁၉၅၄ ခုနှစ် မတ်လ ၉ ရက်မှာ “ဆီးနိတ်တာ မက္ကာသီနှင့်ပတ်သက်၍ အစီရင်ခံစာ” A Report on Senator Joseph McCarthy ကို “ See It Now ” အစီအစဉ်မှာ ထုတ်လွှင့်ခဲ့သည်။သန်းနှင့်ချီသည့် အမေရိကန် ပြည်သူ များ ကို သူတို့ကြောက်ရွံ့သည့် မက္ကာသီကို စုံစမ်းဖော်ထုတ်ပြသည့် မာရိုး၏ မျက်နှာကို ရုပ်သံမှတစ်ဆင့် ကြည့်ရှုခဲ့ကြသည်။ စီးကရက်ကိုလက် ကြားညှပ် ထားပြီး တည်ငြိမ်စွာပြောဆို သွားသည့် မာရိုးက မက္ကာသီ၏ ရှေ့နောက်မညီ သည့် စကားများနှင့် အမှားများကို ရဲရဲဝံ့ဝံ့ဖွင့်ချခဲ့သည်။ အမေရိကန်ပြည်ထောင်စုတစ်ခုလုံး တိတ်ဆိတ်ငြိမ်သက်စွာဖြင့် ရုပ်မြင် သံကြားအစီအစဉ်ကို စောင့်စား ကြည့်ရှုခဲ့ကြသည်။ အစီအစဉ်အပြီး မှာတော့ မာရိုးက ပရိသတ်ကို သူနှုတ်ဆက်နေကြအတိုင်း “Good Night and Good Luck ” ဟု နှုတ်ဆက်စကားဆိုခဲ့သည်။ တင်ဆက်မှုပြီးသည်နှင့် သတင်းခန်း ထဲကို ဖုန်း များဆက်တိုက်ဝင်လာသည်။ မာရိုး ကို ထောက်ခံသည့် ပြည်သူ များ၏ တယ်လီဖုန်းများခေါ်သံများ။

မာရိုး၏ ထက်မြက်ရဲရင့်သည့် စုံစမ်းဖော်ထုတ်မှုက ပြည်သူများကို သတ္တိ ရှိရှိ ထုတ်ဖော်ပြောဆိုရဲဖို့ အားပေးခဲ့သည်။ မျှော်လင့်ထားခဲ့သည့် အတိုင်း မက္ကာ သီ ကလည်း မာရိုးနှင့် အဖွဲ့ကို “ကွန်မြူနစ်များ”ပြန်လည် စွပ်စွဲတိုက်ခိုက်ခဲ့ သည်။ သို့သော် ဒီ တစ်ခါတော့ မက္ကာသီ၏လူပြိန်းကြိုက်စွပ်စွဲမှုများ အလုပ် မဖြစ်တော့ပါ။ နောက်ပိုင်းမှာ ဆီးနိတ်လွှတ်တော်ကပါ မက္ကာသီကို စုံစမ်း စစ်ဆေးဖို့ စတင်အရေးယူ ဆောင်ရွက်လာခဲ့သည်။ ထိုအချိန်ကစပြီး မက္ကာသီ ၏ ကျဆုံးမှုစတင်ခဲ့ပါသည်။ နောက်ဆုံး အသည်းရောဂါဖြင့် သူ ကွယ်လွန်သည့်အခါ သူ့ဘေးမှာ ထောက်ခံသူများများစားစား မရှိတော့ပါ။

အက်ဒ၀ပ်အာရ်မာရိုး၏ မက္ကာ သီသတင်းပေးပို့ချက်သည် ရုပ်သံ သတင်း ဌာနခေတ်ဦးအတွက် ရှေ့ ဆောင်လမ်းပြဖြစ်ခဲ့သလို သတင်း စာဆရာ အား လုံးကို အမှန်တရား ကို ဖော်ထုတ်ရဲဖို့ပြသခဲ့သည့် သင် ခန်းစာလည်းဖြစ် သည်။ နောင်အခါ သြစတြေးလျနိုင်ငံသား ကမ္ဘာကျော် သတင်းစာဆရာမ ဂျွန်ပေလ်ဂျာရေးသည့် “ကမ္ဘာကိုပြောင်းလဲစေသည့် သတင်းစုံစမ်းထောက် လှမ်းမှုပညာ”” စာအုပ်မှာ မာရိုး၏ မက္ကာသီစုံစမ်းမှု ကို အခန်း တစ်ခန်ြး ဖင့် ပြန်လည်ရေးသားခဲ့သည်။

နောင်အခါ အမေရိကန်ပြည် ထောင်စုသမိုင်းမှာ “မက္ကာသီဝါဒ” ဆိုသည့် စကားလုံးကို “အကြောက် တရားကို မွေးဖွားခြင်း”နှင့် “ကျိုးကြောင်းမဲ့စွပ်စွဲခြင်း”တို့ကို ညွှန်းဆိုဖို့ အသုံးပြုလာခဲ့ပါသည်။

အက်ဒ၀ပ်အာရ်မာရိုးဆိုသည့် အမည်ကတော့ “အမှန်တရားကို ဖော်ထုတ်ခြင်း”နှင့် “အမှားကို စိန်ခေါ်ရဲသည့် သတ္တိ”အဖြစ် သမိုင်းမှာ တွင်ကျန်ခဲ့ပါသည်။

လူ့အဖွဲ့အစည်းအတွင်း မက္ကာသီများရှိနေသရွေ့ မာရိုးများရှိနေ ဖို့လိုပါလိမ့် မည်။ သင့်ကို မာရိုး အဖြစ် မြန်မာနိုင်ငံတော်က အလိုရှိ နေပါသည်။