ဘာသာပျံ့နှံ့မှု


တော်တော်အဓိပ္ပါယ်ရှိ၊ တော်တော်လည်း ကြောက်စရာကောင်းတဲ့ မှတ်ချက် ပါ။ဘုရင်မကို ဖမ်းဖို့ကြိုးစားချိန်မှာ ကိုယ်တိုင်လည်း"ခွ"ချက်မိနေနိုင်တယ်။

မြို့ကြီးတွေပေါ် ရုတ်တရက်တက်လာတဲ့၊ အလယ်တန်းပညာရေးသာအဆင့် ရှိတဲ့ ပထမမျိုးဆက်ရဲ့ စိတ်ဓာတ်ရေးရာ၊ ခံစားမှုရေးရာ၊ ကိုယ်ကျင့်ရေးရာနဲ့ လူမှုရေးရာလိုအပ်ချက်တွေကို အဒမ် စမစ်တို့၊ သောမတ် ဂျက်ဖာဆင်တို့ လည်း ဖြည့်ဆည်းမပေးနိုင်ပါ။ ဂျီးဇက် ခရိုက်လည်း ဖြည့်ဆည်းပေးနိုင်မှာ မဟုတ်၊ ဒါပေမဲ့ သူ့မှာတော့ အခွင့်အလမ်းပိုရှိနိုင်တယ်။

Neither Adam Smith nor Thomas Jefferson will meet the psychological, emotional, moral, and social needs of urban migrants and first-generation secondary school graduates. Jesus Christ may not meet them either, but He is likely to have a better chance.

ရေရှည်မှာတော့ မိုဟာမက်က အောင်ပွဲခံသွားတယ်။ ခရစ်ယန်ဘာသာ ပြန့်နှံ့ တာက သူများဘာသာဝင်တွေကို ကိုယ့်ဘာသာထဲ သွတ်သွင်းလို့၊ အစ္စလမ် က သူများဘာသာဝင်တွေကို ကိုယ့်ဘာသာထဲလည်း သွတ်သွင်းတယ်၊ မွေး လည်း မွေးထုတ်တယ်။

(ဟန်တင်တန်)

In the long run, Mohammed wins out. Christianity spreads primarily by conversion, Islam by conversion and reproduction.

(The Clash of Civilization. p 65.)

ဉာဏ်စိုးရေ


"ဘာသာဘေဒဆိုတာ ဒီလို နားလည်ရမယ်လို့ သင်ပေးခဲ့တဲ့
ဆရာကြီး ဦးမြင့်ဆွေ မဟာဝိဇ္ဇာ
(လန်ဒန်)ဒီနေ့ ကွယ်လွန်သတဲ့" တဲ့လား။

ကိုယ့်စကားကို ပြန်ငှားပြီး ပြောရဦးမှာပဲ
ရာသီက ကာရန်မညီရသေးတဲ့အထဲ
သေခြင်းတရားက လက်ရဲဇက်ရဲရှိလွန်းတယ်။
မသေသူ မရှိပေမဲ့
မသေသင့်သေးသူတော့ ရှိရမယ်လေ။
ဦးဌေးအောင်
အခု ဦးမြင့်ဆွေ။

source: http://www.dhammavideo.com/media/4324/1/

မြောက်ကိုရီးယား (သို့မဟုတ်) ဆင်သေကို ဆိတ်သားရေနဲ့ ဖုံးသူ(၃)


လူတစ်ယောက်ရဲ့ ကမ္ဘာ့ အမြင်
(ဂျပန်၊ ကိုရီးယား၊ အိန္ဒိယ)

နောက်ပြီး ဒီ တောင် မြောက်ကိုရီးယားအနေအထားက မတည်မငြိမ် အနေ အထားမျိုးလည်း မဟုတ်ပါဘူး။ ဒီတော့ ပါဝင်ပတ်သက်နေတဲ့ နိုင်ငံအားလုံး ဟာ ဒီပုံစံအတိုင်းပဲ (၁၀) နှစ်၊ အနှစ် (၂၀) ကြာအောင် ရှိနေပါလိမ့်မယ်။ ဘာ မှ အပြောင်းအလဲ မရှိသလောက် ဖြစ်နေမယ်။ နောက်ဆုံးတော့ အနှေးနဲ့ အမြန် မြောက်ကိုရီးယားလူထု ပေါက်ကွဲလာပြီး စစ်အာဏာရှင်စနစ် ဇာတ် သိမ်းသွားလိမ့်မယ်။ သူတို့ အုပ်ချုပ်တဲ့ စနစ်ကြီးက တကယ့်ကို မခံမရပ်နိုင် စ ရာကြီးမို့ပါ။ ဒီအနေအထားမျိုး မြန်မြန် ရောက်မလာအောင် ကင် (မ်) မိသား စုကလည်း တတ်နိုင်သလောက် နည်းမျိုးစုံနဲ့ ထိန်းချုပ်ဖို့ ကြိုးစားမှာပဲ။ အချိန် အတော်ကြာသည်အထိ ဆွဲထားဦးမယ့် သဘောပါ။ သာမန် မြောက်ကိုရီး ယား ပြည်သူလူထုကြီး ပြင်ပကမ္ဘာနဲ့ ဆက်သွယ်မိသွားမှ အပြောင်းအလဲ က ဖြစ်တော့မယ့် သဘောပါ။

အခုလက်တလောမှာတော့ မြောက်ကိုရီးယားက ကမ္ဘာ့ပြဿနာရှာတဲ့ နိုင် ငံအနေနဲ့ နျူးကလီးယား လက်နက်ပိုင်ဆိုင်ဖို့ ကြိုးစားနေတယ်။ ဒီကိစ္စနဲ့ ပတ်သက်လို့ သူတို့ကို ပြောနိုင်ဆိုနိုင်တာကလည်း တရုတ်ပြည်ပဲ ရှိတယ်။ တရုတ်ပြည်ကလည်း အခုအထိတော့ နျူးကလီးယားကိစ္စကို လက်လျော့ သွားအောင် မစည်းရုံးနိုင်သေးဘူး။ လက်ရှိစစ်အစိုးရ အာဏာတည်မြဲရေး အတွက် နျူးကလီးယားလက်နက် ပိုင်ဆိုင်ခြင်းဟာ အဓိကကျတယ်ဆိုတာ ကို မြောက်ကိုရီးယားတွေက သဘောပေါက်ကြတယ်။ နောက်ပြီး တရုတ် က တောင်ကိုရီးယားဆီက နည်းပညာနဲ့ အရင်းအနှီးကို လိုချင်ပြီး တောင် ကို ရီးယားနဲ့ ချက်ချင်း ရင်းရင်းနှီးနှီး ပေါင်းလိုက်တော့ တရုတ်ပြည်ကိုလည်း သူ တို့က အကြွင်းမဲ့ မယုံကြည်ကြတော့ဘူး။

မြောက်ကိုရီးယားတွေက နျူးကလီးယားလက်နက်ကို ဖန်လှောင်အိမ်ထဲမှာပဲ ထားပြီး အရေးကြုံမှ ဖန်လှောင်အိမ်ကို ခွဲဖောက်မယ့် သဘောရှိပါတယ်။ ဒီကြားထဲမှာ နိုင်ငံတကာကပေးတဲ့ ထောက်ပံ့ကြေးတွေကို ထိုင်ယူနေ ကြ လိမ့်မယ်။ နျူးကလီးယားကိစ္စကို သူတို့ လက်လျော့လိုက်ကြမှာတော့ မဟုတ် ဘူး။
ကျွန်တော်ကိုယ်တိုင်သာ သူတို့နေရာမှာ ဆိုရင်လည်း ဒီတွက်ကိန်းအတိုင်း လုပ်မိမှာပါပဲ။ တရုတ်ကလည်း ကျွန်တော့်ကို ဖိအားတွေ ပေးနေပါလိမ့်မယ်။ ကျွန်တော် ကျရှုံးသွားလို့ သူတို့ အကျိုးအမြတ်လည်း မရှိဘူး၊ ဒီတော့ ကျွန်တော်ကရော ဘာဖြစ်လို့ တရုတ်အစိုးရစကားကို နားထောင်နေတော့မှာ လဲ။ ရှေ့မှာ လစ်ဗျားက ပြထားခဲ့တာ ရှိဖူးပြီးသားပဲ။ သူတို့ စိတ်ဝင်စားတာ က နျူးကလီးယားလက်နက် ပိုင်ဆိုင်ဖို့ ကြိုးစားနေခြင်းပဲ။ လစ်ဗျားက ကဒါဖီ ဆိုရင် အနောက်နိုင်ငံတွေရဲ့ စကားကို နားထောင်ပြီး နျူးကလီးယား လက် နက် ပိုင်ဆိုင်ရေးကို လက်လျှော့ခဲ့တယ်။ ဒါနဲ့ ပြည်တွင်း မငြိမ်မသက်နဲ့ ပုန် ကန်မှု ထဖြစ်ရော။ ပြင်သစ်နဲ့ အမေရိကန်က သူပုန်တွေကို ဝင်ပြီး အားပေး လိုက်တော့ နောက်ဆုံး ၂၀၁၁ - ခုမှာ ကဒါဖီကိုယ်တိုင် သူပုန်တွေရဲ့ သတ်ဖြတ်ခြင်းကို ခံလိုက်ရတယ်။ ဒီအဖြစ်အပျက်က မြောက်ကိုရီးယားက ကင် (မ်) မိသားစုကို ထိတ်လန့်စေမှာ အမှန်ပါပဲ။

မြောက်ကိုရီးယားက သောင်မတင် ရေမကျ ဖြစ်နေစဉ်မှာ တောင်ကိုရီးယားကတော့ ပုံမှန် တိုးတက်နေလိမ့်မယ်။ ဒီနှုန်းအတိုင်း နှစ်ပေါင်း အတော် ကြာ ကြာ ဖြစ်နေလိမ့်မယ်။ တောင်ကိုရီးယားက ကမ္ဘာနဲ့ ချိတ်ဆက်မိသွားပြီ၊ အ ထူးသဖြင့် ဈေးကွက်ကျယ်ကျယ်၊ လုပ်အားခချိုတဲ့ ဧရာမ အိမ်နီးချင်း တ ရုတ်ပြည်နဲ့ ချိတ်ဆက်မိသွားပြီ။ လွန်ခဲ့တဲ့ နှစ်အနည်းငယ်က တောင်ကိုရီးယားကို ကျွန်တော်ရောက်တော့ ကျွန်တော်နဲ့ တွေ့တဲ့လူတိုင်း တရုတ်ပြည်မှာ စီးပွားရေး လုပ်ချင်တဲ့ အကြောင်းပဲ ပြောနေကြတယ်။ နောက်ပြီး နိုင်ငံတကာကိုပညာသင်သွားကြတဲ့ ကျောင်းသားအရေအတွက်မှာ တောင်ကိုရီးယားကျောင်းသား အရေ အ တွက်က တော်တော်များတယ်။ ဒါတွေက အနာဂတ်အတွက် အရေးကြီးတဲ့ ဆက်ဆံရေးကို အားကောင်းစေလိမ့်မယ်။ တောင်ကိုရီးယားရဲ့ အောင်မြင်မှု (၂၁) ရာစု ဇာတ်လမ်းထဲမှာ ဒီကိစ္စက အထူးအားရစရာ အချက် တစ်ချက် ဖြစ်နေပါတယ်။



LED တီဗွီတွေကအစ တောင်ကိုရီးယားဟာ ကုန်ပစ္စည်း ထုတ်လုပ်မှုမှာ ဦးဆောင်နိုင်ငံ တစ်နိုင်ငံ ဖြစ်နေခဲ့ပြီ။ သူတို့ကုန်တံဆိပ်တွေ ဖြစ်ကြတဲ့ ဆမ်ဆောင်း၊ LG၊ ဟွန်ဒိုင်းနဲ့ အခြားကုန်ပစ္စည်းတွေဟာ အောင်မြင်မှု အရှိ ဆုံး နိုင်ငံတကာ ကုမ္ပဏီကြီးတွေ ကြားထဲမှာ ရပ်တည်နေနိုင် ကြပြီ။ နောက် ပြီး သုတေသနနဲ့ ဖွံ့ဖြိုးတိုးတက်မှု (RD) မှာလည်း အားကောင်းတယ်။ လူဦးရေ သန်း (၅၀) လောက်နဲ့ ဒီလောက် ကြီးမားတဲ့ ကုမ္ပဏီကြီးတွေ ပေါ် ထွက်လာနိုင်တာဟာ အတော် အထင်ကြီးဖို့ ကောင်းပါတယ်။

ကိုရီးယားတွေဟာ နယ်မြေတစ်ဝှိုက်မှာ အမာဆုံး လူမျိုးစုလည်း ဖြစ်ကြ တယ်။ ကျူးကျော်လာတဲ့ မွန်ဂိုလီးယားတွေကို ဆက်မတိုးနိုင်အောင် ပိတ် ဆို့တိုက်ခိုက်ခဲ့တာ ကိုရီးယားလူမျိုးတွေပါ။ မွန်ဂိုလီးယားတွေ ဂျပန်ကို ဆက် တိုက်ဖို့ ပင်လယ်ရေကြောင်းကို ဖြတ်ကြရမှာဆိုတော့ တော်တော်များများက ကိုရီးယားထဲမှာပဲ အခြေချ နေထိုင်ခဲ့ကြတော့တယ်။ နောက်ပြီး အလယ်ပိုင်း အာရှမှာ တိုက်ခိုက်ရေးစိတ်ဓာတ် အပြင်းပျဆုံး စစ်သားတွေက ကိုရီးယားေ တွပဲ။ တော်တော် မာကျောတဲ့ လူမျိုးတွေပါ။ နောက်ပြီး တောင်ကိုရီးယား လူ မျိုးတွေဟာ ပညာကောင်းကောင်း တတ်ကြတယ်။ မနားမနေ အလုပ်ကြိုးစား မှုအပြင် စူးစမ်းဆင်ခြင်မှုလည်း ရှိကြတယ်။ ဒီအရည်အသွေးတွေကို ဆက် ထိမ်းထားကြလိမ့်မယ်လို့ ကျွန်တော်မြင်ပါတယ်။

ဒါပေမဲ့ အတိတ်က အောင်မြင်မှုရှိခဲ့လို့ အနာဂတ်လည်း အောင်မြင်လိမ့်မယ် လို့တော့ ဘယ်အရာကမှ အာမခံချက် ပေးမထားပါဘူး။ ဒီအတိုင်း အောင်မြင်မှု ဆက်ရနေဖို့ဆိုရင် တောင်ကိုရီးယားလည်း အဟန့် အတားတချို့ကို ကျော်ဖြတ်ကြရပါလိမ့်ဦးမယ်။

တစ်အချက်အနေနဲ့ သူတို့ လူဦးရေအတက်အကျကို ဂရုစိုက် စောင့်ကြည့်နေ ဖို့ လိုပါလိမ့်မယ်။ သူတို့ ကလေးမွေးဖွားနှုန်းလည်း နည်းတာပါပဲ။ ဒါပေမဲ့ ဂျပန်နဲ့စာရင် တောင်ကိုရီးယားက နိုင်ငံခြားသားကို ပိုပြီး လက်ခံတယ်။ ဒါက သူတို့အတွက် အထင်ကရ အားသာချက်ပါပဲ။ နိုင်ငံရဲ့ အနာဂတ် စီးပွားရေး အားကောင်းနေဖို့ဆိုရင် ကျဆင်းနေတဲ့ ကလေးမွေးဖွားနှုန်းကို တစ်နည်း နည်းနဲ့ ရပ်တန့်နိုင်မှ ရပါလိမ့်မယ်။

ဒုတိယအချက်အနေနဲ့ကတော့ အချင်းချင်း ငြင်းခုံတိုက်ခိုက်နေကြတာထက် နိုင်ငံ့စီးပွားရေး ရှေ့ခရီးကို အာရုံပိုစိုက်ထားဖို့ လိုအပ်ပါတယ်။ ကိုရီးယား လူ့အဖွဲ့အစည်းမှာ အဲဒီရော ဂါက အထင်ကရကြီးပါ။ နိုင်ငံရေးပါတီတွေ အချင်းချင်းထဲမှာရော ကုမ္ပဏီ ကြီးတွေအချင်းချင်းထဲမှာပါ အမြတ်အစွန်းတွေကို အစိုးရနဲ့ လူထုကို ပြန် လည်ဝေငှ၊ ပေးဆောင်ဖို့နဲ့ ပတ်သက်ပြီး တော်တော်ကြီး ငြင်းခုံနေကြတတ် ပါတယ်။
ဒါကြောင့် တချို့ကုမ္ပဏီကြီးတွေကို နိုင်ငံ့အပြင်ထွက်ပြီး လည်ပတ်ဖို့ မောင်း ထုတ်လိုက်သလို ဖြစ်သွားနိုင်ပါတယ်။ အဲသလို ငြင်းခုံနေမှုတွေဟာ နိုင်ငံရဲ့ စွမ်းအားနဲ့ အရင်းအမြစ်ကို ကုန်ခမ်းစေပါတယ်။ တကယ်လို့သာ တောင်ကိုရီး ယားလူမျိုးတွေက တညီတညွှတ်နဲ့
“Let’s attack global market together.” (ကမ္ဘာ့ဈေးကွက်ထဲကို တညီ တညွှတ်တည်း ဝင်တိုးကြရအောင်)
လို့သာ ပြောပြီး တိုးကြမယ်ဆိုရင် ဒီထက် အများကြီး အားကောင်းလာစရာ ရှိပါတယ်။

တောင်၊ မြောက်ကိုရီးယားပြီး။
အမေးအဖြေ ဆက်ရန် …

ဟိုက် ဒီမိုကရေစီ


ဟိုက် ဒီမိုကရေစီ ခေါင်းစဉ်အေက်က ဒိုင်နက်စတီများအကြောင်း၊ အရောင်အသွေးစုံလှတယ်။
George H. Bush
ပြီးရင်
George W. Bush
ပြီးရင်
George Z. Bush ကို အမေရိကန်တွေ မျှော်နေကြသလား

အမေရိကန်ပစ္စည်း နဲ့ စီဗီ လိုက်ဇေးရှင်း


အမေရိကန်ပစ္စည်းတွေ ကမ္ဘာအနှံ့လူကြိုက်များလာလို့ အနောက်တိုင်း စီဗီ လိုက်ဇေးရှင်းဟာ ယူနီဗာဆယ် စီဗီလိုက်ဇေးရှင်းဖြစ်လာနေတယ်ဆိုတဲ့ အမြင်ကို ခပ်ထေ့ထေ့ ထောက်ပြလိုက်တဲ့ ဟန်တင်တန်ရဲ့ ပြကွက် တစ် ကွက်ပါ။
"Somewhere in the Middle East a half-dozen young men could well be dressed in jeans, drinking Coke, listening to rap, and, between their bows to Mecca, putting together a bomb to blow up an American airliner."