MH370 !


ဒါကိုရနေတာ ၂ ရက်ရှိပြီ။ ရက်စက်လွန်းလို့ မတင်ရဲခဲ့ဘူး။






အိန္ဒိယမှာ ...


လုပ်မနေနဲ့၊ မဖြစ်နိုင်ဘူးဆိုတာ ဘာမှမရှိဘူး။ အထူးသဖြင့် အိန္ဒိယမှာ။




 

ဆူးလေစေတီတော်ကို ဖူးတွေ့ရတိုင်း


(အီးမေးစာ)

ဦးချန်ထွန်းကို ရခိုင်ပြည်နယ်၊ စစ်တွေမြို့ ရွှေစလွယ်ရ သူဌေးကြီး ဦးရဲကျော် သူ၊ ဒေါ်သံဒါဖြူတို့မိဘနှစ်ပါးမှ မွေးဖွားသန့်စင်ပြီး၊ အဖေ့ခြေရာနင်းခဲ့၍ ထိုခေတ် ထိုအချိန်က မြန်မာနိုင်ငံသာမက ဥရောပနိုင်ငံများ တလွားအထိပင် သူ၏အရှိန်အ၀ါ လွှမ်းမိုးခဲ့သော နာမည်ကြီး ဥပဒေပါရဂူတစ်ဦး ဖြစ်ပါသည်။

ဦးချန်ထွန်းသည် ဥပဒေဘွဲ့ နောက်ဆုံးနှစ်ဖြစ်သော (၁၈၈၁) ခုနှစ်တွင် ရော မဥပဒေဘာသာရပ်၊ ဥပဒေအတတ်ပညာ ဘာသာရပ်၊ အင်္ဂလိပ်လူမျိုးတို့ ၏ ရှေးဟောင်းထုံးတမ်းစဉ်လာဘာသာရပ်များ အားလုံးမှာ အမှတ်အများဆုံး ဂုဏ်ထူးနှင့် အောင်မြင်ခဲ့၍ ၀ိတိုရိယ ဘုရင်မကြီးကိုယ်တိုင် ၀ိတိုရိယရွှေတံ ဆိပ်ဆုကို ချီးမြင့်ခဲ့သည်။ ဘာသာရပ်တိုင်းတွင် ထူးချွန်ဆု(ဂုဏ်ထူး)ရရှိခဲ့၍ ဘာသာရပ်တစ်ခုလျှင် ထိုခေတ်က ပေါင်စတာလင် (၁၀၀)စီ ချီးမြင့်ခြင်း ခံရသူဖြစ်သည်။ ဦးချွန်ထွန်း ရရှိခဲ့သော ဂုဏ်ထူးဆောင် အမှတ်မျိုးကို ဒုတိ ယ ကမ္ဘာစစ်ဖြစ်ခဲ့သောအချိန်ထိ နောက်ထပ် ထိုဆုမျိုးရရှိသူ လုံးဝ(လုံးဝ) မရှိခဲ့ဟုသိရသည်။
ရန်ကုန်သို့ပြန်လာပြီး ၀ိတိုရိယဘုရင်မဆုကို လည်ပင်းတွင် ဆွဲ၍သွားလျှင် ဦးချန်ထွန်းနှင့် မျက်နှာချင်းဆိုင်ဆုံမိသောလူတိုင်းသူ့ကို အလေးပြုကြရ သည်။ စက်ဘီးစီးလာသူ ဖြစ်နေလျှင် စက်ဘီးမှဆင်းပြီး ရပ်၍ အလေးပြုကြ ရသည်။

ဝိတိုရိယ ဘုရင်မကြီးက သူတို့အုပ်စိုးသော ကိုလိုနီနိုင်ငံများထဲမှ ဤမျှေ လာက် ပညာတော်သော ကလေးမျိုး ရှိသည်ကို တအံတသြ ဖြစ်မိသည်ဟု သိရသည်။ တွေ့ချင်လွန်း၍ အခေါ်ခံရသော မောင်ချန်ထွန်း ကို ဘုရင်မ ကြီး က လက်ဆွဲနုတ်ဆက်ပြီး လက်ဖက်ရည် ဧည့်ခံပွဲနှင့် ဧည့်ခံခဲ့သည်။ ၀ိတိုရိ ယ ဘုရင်မကြီးဆုကို သူကိုယ်တိုင် ချီးမြှင့်ပြီးဘုရင်မကြီး၏ သားတော်နှင့် တော် ၀င်နန်းသုံး မြင်းရထားကို အတူစီးခွင့်ရသော ဆုလည်း ပါဝင်သည့်အပြင် နန်းတော်ထဲ အချိန်မရွေး ၀င်ထွက်သွားလာနိုင်ခွင့် အခွင့် အရေးကိုပင် ဘုရင်မက ပေးအပ်ခဲ့သည်ဟု သိရပါသည်။ ဦးချန်ထွန်းသည် အင်္ဂလန်တွင်နေစဉ် The Nature and Value of Jurisprudence စာအုပ်ကို Messrs Sweet And Maswell စာအုပ်တိုက်မှ ထုတ်ဝေခဲ့သေးသည်။ ယင်း စာအုပ်သည်အလွန်လူကြိုက်များခဲ့၍ တတိယအကြိမ်ထိပင် ထုတ်ဝေခဲ့ရ သည်ဟု သိရပါသည်။ ဦးချန်ထွန်း ရန်ကုန်ပြန်ရောက်သောအခါ Leading Cases in Burmese Law စာအုပ်နှင့် BurmeseBuddhist Law စာအုပ်(၂) အုပ်ကို ရေးသားခဲ့သည်။ ယင်းစာအုပ် (၂)အုပ်သည် ယနေ့ထက်တိုင်မြန်မာ တရားရေးဌာနတွင် လက်သုံး (Manual) အဖြစ် အသုံပြုနေဆဲဟု သိရပါ သည်။
ဗြိတိသျှအစိုးရသည် စီမံကိန်းချ၍ ရန်ကုန်မြို့ကို ခေတ်မီမြို့တော်ပြု လုပ်ခဲ့ရာ အကွက်ရိုက်ပြီး အိမ်ရာတိုက်တာများ ဆောက်လုပ်ခဲ့ပါသည်။ ထိုစဉ်က ယခု သိမ်ကြီးဈေးနေရာတွင်ဆူးလေစေတီလောက်ကြီးသော“ကျိုက်မြတ်သံချို”
စေတီတစ်ဆူ ရှိခဲ့သည်ကို လမ်းနှင့်မလွတ်၍ဖြိုဖျက်ပစ်ခဲ့ပါသည်။ ရန်ကုန်မြို့ ရှိ ဘုန်းတော်ကြီးကျောင်း အားလုံးနီးပါးကို အကွက်များ ချရာတွင်မလွတ် ဆိုပြီး ယခုလမ်းမတော်မြို့နယ် ကျုံးကြီးလမ်း သရက်တောဥယျာဉ်အတွင်း စုပေါင်း၍ရွှေ့ပြောင်းခဲ့သည်။ (ယနေ့တိုင် သရက်တော ကျောင်းဝင်းအတွင်း ထိုစဉ်ကအမည်အတိုင်း ဘုန်းကြီးကျောင်း မြောက်များစွာ ရှိနေပါသေးသည်။)

ဒုတိယအကြိမ် လမ်းများတိုးချဲ့ရာတွင် လမ်းမလွတ်ဟုဆိုပြီး ဆူးလေစေတီ ကို ယခုနေရာမှ အခြားနေရာသို့ ရွှေ့ပြောင်းရန် အစည်းအဝေးပြုလုပ်ပြီး
ဆွေးနွေးခဲ့ကြပါသည်။ ထိုစဉ်က ဗြိတိသျှအရာရှိများ တင်ပြချက်တွင် နောက် အနှစ် (၅၀-၁၀၀) အတွင်း ရန်ကုန်မြိုကြီးသည် ကမ္ဘာ့အဆင့်မီ မြို့တော်ကြီး တစ်မြို့ဖြစ်လာမည်ဖြစ်ရာ ပတ်ချာလည်ဝိုင်းရံလျက် ရှိသော မိုးထိမြင့် မား သည့် တိုက်တာ အဆောက်အအုံများ၏ အောက် ရောက်နေမည် ဖြစ်ပါ၍ မသင့်လျော်ဟု အကြောင်းပြခဲ့ပါသည်။ မြန်မာလူမျိုးများစိတ်ကြိုက် သင့်လျော်သော နေရာတစ်ခုသို့ ရွေး၍ ပုံတူဆောက်လုပ်ပေးမည်ဟု အကြောင်းပြခဲ့ပါသည်။ ယင်းကိစ္စကို အင်္ဂလိပ်အရာရှိများ အပါအ၀င် မြန်မာ အရာရှိများက ကန့်ကွက်သူမရှိ သဘောတူခဲ့ပါသည်။

ဦးချန်ထွန်းတစ်ယောက်သာ အကြီးအကျယ် ဒေါသူပုန်ထပြီး ကန့်ကွက် ပါတော့သည်။ အင်္ဂလိပ်ခေတ်တွင် အထက်မှချမှတ်သော အမိန့်တစ်ခုကို လုပ်သင့်သည် ဖြစ်စေ၊ မလုပ်သင့်သည်ဖြစ်စေ မပြောရဲသောခေတ် ဖြစ်ပါ သည်။ အလုပ်ပြုတ်မှာ ကြောက်သည်က တစ်ကြောင်းကြောင့် မည်သူမျှ ဦးချန်ထွန်းဖက်မှ မားမားမတ်မတ်ရပ်၍ ပြောမည့်သူ မရှိခဲ့ပါ။ ဦးချန်ထွန်း စကား လုံးဝအရာမရောက်ခဲ့ပါ။ မြန်မာလူမျိုးများ၏ ထုံးတမ်းစဉ်လာတွင် ဘုရားတည်ပြီးလျှင် ရွှေ့ပြောင်းခြင်း ဖျက်ခြင်း ပြုလုပ်ရိုးထုံးစံမရှိဟု တင်ပြခဲ့ ပါသည်။



အလားတူ အင်္ဂလန်ကိုခေတ်မီမြို့ဆောက်လုပ်စဉ်ကလည်း Square Building အ၀ိုင်းကိုရှေးဟောင်းအဆောက်အအုံ တစ်ခုအနေဖြင့် “ဘာကြောင့်ချန်ထားခဲ့သလဲ”
လို့ အရေးဆိုခဲ့ပါသေးသည်။ ဦးချန်ထွန်း ကန့်ကွက်ချက်များသည် လုံးဝ အရာမရောက်ခဲ့၍ စနေထောင့်မှစ၍ ဆူးလေစေတီကို ဖျက်ပါတော့သည်။

ဦးချန်ထွန်းကအာဂသတ္တိရှင်တစ်ဦး ဖြစ်သည်။ လုပ်ရဲသောသတ္တိရှိသည်။ အလုပ်ပြုတ်ချင် ပြုတ်ပါစေ။ သူ လုံးဝနောက်မဆုတ်ခဲ့ပါ။ သူ့ကို ရွှေတံဆိပ် ဆု ပေးထားသော ၀ိတိုရိယဘုရင်မကို ချက်ချင်း သတိရလာသည်။ မကြာ ပါ။ ကြေးနန်းရိုက်ပြီး၊ စာတစ်စောင်လည်း ဘုရင်မထံ အကျိုးအကြောင်း ရေး သားပေးပို့လိုက်ပါသည်။
ဦချန်ထွန်း၏ကျေးဇူး၊ ၀ိတိုရိယဘုရင်မကြီး၏ အမိန့်ကြောင့် ယနေ့မြန်မာ လူ မျိုးတို့ ဆူးလေစေတီကို ရန်ကုန်မြို့လယ်တွင် တွေ့နေရခြင်း ဖြစ်ပါသည်။
ဦးချန်ထွန်း၏ ကျေးဇူးကားအလွန်ကြီးမားပါသည်။ ဆပ်၍ကုန်နိုင်မည် မ ဟုတ်ပါ။ ဆူးလေစေတီကို ဖူးတွေ့ရတိုင်း ဦးချန်ထွန်းကို သတိရသင့်ပါသည်။

{အေးသိန်း၏ နိုင်ငံအကျိုးပြု အဖိုးတန်ရတနာများမှ ကောက်နုတ်ရေးသားပါသည်။}
ဦးသိန်းဝေ။

မလေးရှား၊ မတူညီတဲ့ ရွေးချယ်မှု…


လူတစ်ယောက်ရဲ့ ကမ္ဘာ့ အမြင်
(အခန်း ၅၊ အရှေ့တောင်အာရှ)

မလေးရှားနဲ့ စင်ကာပူဟာ ဗြိတိသျှကိုလိုနီဘ၀ကနေ အတူတူထွက်လာခဲ့ရ တာဖြစ်တော့ ဖွံ့ ဖြိုးတိုးတက်မှုအနေနဲ့  တန်းတူ အနေအထားမှာပဲ ရှိနေ ခဲ့ ပေမယ့် ၁၉၆၅ ရောက်တော့ ဒီနှစ်နိုင်ငံဟာ မတူညီတဲ့လမ်းကြောင်းတွေ ကို ကိုယ်စီရွေးချယ်ခဲ့ ကြပါတော့တယ်။ မလေးရှားက မလေးစကားပြောနိုင်ငံ အဖြစ်ရွေးချယ်လိုက်ပြီး စင်ကာပူက အင်္ဂလိပ်ရုံးသုံးစကား သတ်မှတ်ကာ လူမျိုးပေါင်းစုံ လူ့ အဖွဲ့ အစည်းပုံစံကို ရွေးချယ်ခဲ့ပါတယ်။ အခု မလေးလူဦးရေ က တိုးပြီးရင်တိုးလာနေတော့ ဒီနေ့ ဆိုရင် မလေးရုံးသုံးစကားဖြစ်ရမယ် ဆိုတဲ့  အယူအဆက ပိုလို့ ခိုင်မာလာနေပြီးဖြစ်ပါတယ်။

စင်ကာပူနဲ့ မလေးရှား တစ်ပေါင်းတည်းရှိနေစဉ်က တစ်ခြားလူမျိုးစုလေးတွေ ကို ကျွန်တော်ကိုယ်တိုင်ဦးဆောင်ပြီး အင်္ဂလိပ်စာရုံးသုံးဖြစ်ဖို့ နဲ့ လူမျိုးပေါင်းစုံ လူ့ အဖွဲ့ အစည်းဖြစ်ဖို့ နှစ်နှစ်လောက် ကြိုးစားခဲ့ ပါသေးတယ်။ ဒါပေမယ့် အလုပ်မဖြစ်ခဲ့ပါဘူး။ ဒါနဲ့ ပဲ ကိုယ့်လမ်းကိုယ်လျှောက်ကြဖို့  ၁၉၆၅ ခု သြဂုတ် လ ၉ ရက်နေ့မှာ ဆုံးဖြတ်ခဲ့ ကြပါတော့တယ်။ ကျွန် တော့်မျိုးဆက်က လူ တိုင်းရဲ့ စိတ်ထဲမှာ စင်ကာပူနဲ့ မလေးရှားဆိုတာ တစ်နိုင်ငံထဲ ဆိုတဲ့အသိ ရှိထားကြပါတယ်။ ဗြိတိသျှအစိုးရက ကျွန်တော်တို့ ကိုခြွဲ့ပီး အုပ်ချုပ်ပေမယ့် တစ်ပေါင်းတည်းပြန်ဖြစ်ဖို့  ကျွန်တော်တို့ တိုက်ပွဲဝင်ခဲ့ကြပါတယ်။ အစပိုင်းမှာ မလေးရှားခေါင်းဆောင်တွေက စင်ကာပူဟာ တရုတ်အများစုရှိတဲ့  နိုင်ငံ ဆိုတော့ မလေးတွေကြားမှာ ပြဿနာ ရှိနိုင်တယ်ဆိုပြီး သဘောတူလှတယ် မဟုတ်ခဲ့ကြပါဘူး။ တဖြည်းဖြည်းနဲ့  ဗြိတိသျှအစိုးရက မလေးရှားရဲ့ ပထမဆုံး ၀န်ကြီးချုပ် တန်ကု အဗ္ဗ္ဗဒူရာမန်ကို စိတ်ညွှတ်လာအောင် စည်းရုံးနိုင်ခဲ့ကြလို့ သဘောတူခဲ့တာဖြစ်ပါတယ်။ အဲဒီအချိန်မှာ တရုတ်စာသင်ကျောင်းတွေဟာ လက်ဝဲ၀ါဒတော်တော်ယိမ်းနေပြီး စင်ကာပူတစ်နိုင်ငံလုံး ကွန်မြူနစ်အောင်ေ ရာက်ရမယ့် အန္တရာယ်နဲ့ ကြုံတွေ့ နေရပါတယ်။ နောက်ဆုံးမှာတော့စင်ကာပူ ကို ဆားဗား (Sabah) ဆာရာဝတ် ( Sarawak) တို့ နဲ့ အတူ မလေးထဲပေါင်း စည်းဖို့ သူက သဘောတူလာခဲ့တာပါ။

ပေါင်းစည်းပြီးတဲ့ နောက်မှာ တန်ကုက ကျွန်တော့်ကို ပြောတယ်။
“ မင်းတို့ပါတီက မလေးရှားနိုင်ငံထဲက မလေးလူမျိုးတွေထဲ ၀င်မစည်းရုံးပါနဲ့ ” တဲ့။ စင်ကာပူမှာ မလေးလူဦးရေ အများစုရှိတဲ့ မဲဆန္ဒနယ် သုံးခုရှိပါတယ် ။ ဂေးလန် ဆီရိုင်း ( Geylang Serai) ကန်ပုန်း ကန်ဘာဂန် (Kampong Kembangan) နဲ့ ဆောက်သင်း အိုင်းလန်း(ဒ်) ( Southern Islands) တို့ ပါ။ အဲသလို မလေးလူမျိုးအများစုရှိတဲ့  မဲဆန္ဒနယ်တွေထဲ ကျွန်တော်တို့ ဝင်ေ ရာက်စည်းရုံးတာကို သူက မမြင်ချင်ဘူး။ သူ့ ဆန္ဒကို ကျွန်တော်တို့ ကလည်း မလိုက်လျောနိုင်ခဲ့ဘူး။ အဲဒီအချိန်မှာ ကျွန်တော်တို့ က မလေးရှား ညီ ညွတ်ရေးတပ်ပေါင်းစုကို ဖွဲ့ စည်းခဲ့ကြပြီး အမှန်တကယ် လူမျိုးပေါင်းစုံ လူ့  အဖွဲ့ အစည်းဖြစ်လာဖို့ ကြွေးကြော်ခဲ့ကြတယ်။ ဆာရာဝတ်၊ ပီနန်၊ အီပို့ ( Ipoh) မှာရှိတဲ့ ပါတီတွေ ကျွန်တော်တို့ နဲ့ ပူးပေါင်းလာဖို့ စည်းရုံးခဲ့ကြတယ်။ ဒီတော့ မလေးကိုယ်စားလှယ်တော်တော်များများ ကျွန်တော်တို့ နဲလာပြီး ပူးပေါင်းကြတယ်။ ကျွန်တော်တို့ သမဂ္ဂအဖွဲ့အင်အားကောင်းလာတော့ တန်ကုက သိပ်သဘောမတွေ့ တော့ဘူး။ စင်ကာပူ မလေးထဲက နေ ခွဲထွက်ရင် ထွက် မထွက်ရင် သွေးထွက်သံယိုတွေ ဖြစ်ကုန်တော့မယ်လို့ သူက ကျွန်တော့ကို သတိပေးစကားပြောလာပါတယ်။

ကျွန်တော်တို့ ပါတီထဲမှာတင် ခွဲထွက်ရေးကို ခါးခါးသည်းသည်းဆန့်် ကျင် တဲ့ အဖွဲ့ ဝင်တွေရှိပါတယ်။ အထင်ရှားဆုံးသာဓကကတော့ တိုချင်ချိုင် (Toh Chin Chye) ပါ။ သူက အဲဒီအချိန်မှာ ဒုဝန်ကြီးချုပ်။ တိုချင်ချိုင်က အီပို့ မှာမွေးဖွားခဲ့တာဆိုတော့ မလေးရှားကနေခွဲထွက်ရေးဟာ သူ့ အတွက် လုံးဝ လက်ခံလို့ မရတဲ့ အချက်ဖြစ်နေခဲ့ ပါတယ်။ သူကတန်ကုကိုသွားတွေ့ မယ် လို့ ပြောတယ်။ ကျွန်တော်ကလည်းသူ့ ကိုအားပေးခဲ့ ပါတယ်။ တန်ကုက သူနဲ့ လူချင်းတွေ့ ဖို့ ငြင်းဆန်ပြီး လက်ရှိအခြေအနေကို သူ့ အနေနဲ့ ဘယ်လို မှ ထိန်းလို့ မရ (ပြင်နိုင်မှာမဟုတ်) နိုင်ဘူးဆိုတဲ့ အဓိပ္ပါယ်မျိုးနဲ့  စာရေးပေး ခဲ့ ပါတယ်။ “ အခြားဖြေရှင်းစရာနည်းလမ်းမရှိ” လို့ တန်ကုကရေးလိုက်တယ်။

၁၉၆၃ နဲ့ ၁၉၆၅ ခုနှစ်တွေကြားမှာ စင်ကာပူရဲ့ ဝန်ကြီးချုပ်တစ်ယောက်အနေ နဲ့ မလေးအစိုးရ အစည်းအဝေးတွေကို ကျွန်တော်တက်ခဲ့ရတယ်။ ကျွန်တော် ကလွဲရင် အစည်းအဝေးတက်ရောက်လာသူတိုင်းဟာ မလေးလူမျိုးတွေ ချည်းဖြစ်ပြီး မလေးဝတ်စုံတွေဝတ်၊ ဓါးရှည်လွယ်ထားတဲ့ ကိုယ်ရံတော်တွေ နဲ့ တက်ရောက်တတ်ကြပါတယ်။ သူတို့ အားလုံးမလေးဝတ်စုံတွေပဲ ၀တ် ကြတယ်။ ဒီလုပ်ရပ်ဟာ ယဉ်ကျေးမှုသင်္ကေတ တစ်ခုဆိုတာထက် အဓိပ္ပါယ် ပိုရှိနေပါတယ်။ သူတို့ ဆိုလိုတာက
“ ဒီနိုင်ငံဟာ မလေးနိုင်ငံ၊ ဒီအချက်ကိုဘယ်တော့မှ မမေ့ပါနဲ့ ” ဆိုတာမျိုးပါ။

တစ်နိုင်ငံစီခွဲထွက်လိုက်ကြခြင်းဟာ ကျွန်တော်တို့ ကြိုးစားခဲ့တဲ့ မလေးရှားနိုင် ငံအတွင်း လူမျိုးပေါင်းစုံ စုစည်းနေထိုင်နိုင်ရေး အိပ်မက်ကို အဆုံးသတ်ပေး လိုက်တာ ဖြစ်ပါတော့တယ်။ ဒီအကြောင်းတွေကိုပြန်စဉ်းစားတိုင်း စိတ်မေ ကာင်းဖြစ်ရပါတယ်။ တကယ်လို့ တန်ကုကသာ မလေးလူမျိုးဦးစားပေးဝါဒ ကိုလျှော့ချပြီး မလေးရှားမှာရှိတဲ့  တရုတ်၊ အိန္ဒိယန်းလူမျိုးတွေကို နိုင်ငံရေး၊ ကာကွယ်ရေးနဲ့ အစိုးရ၀န်ထမ်းတွေထဲမှာ ပါဝင်ခွင့်ပြု၊ သာတူညီမျှ နေထိုင် သွားကြမယ်ဆိုရင် လက်ရှိ မလေးရှားထက်ဖွံ့ ဖြိုးတိုးတက်နေမှာ သေချာ ပါတယ်။ စင်ကာပူရဲ့ အောင်မြင်မှုအတိုင်း မလေးရှားလည်းအောင်မြင်နိုင် တာပါပဲ။ အဲသလိုသာဆိုရင် စင်ကာပူရော မလေးရှားပါ လက်ရှိအနေအထား ထက် အမျာကြီးသာနေမှာ မလွဲပါဘူး။
မလေးခေါင်းဆောင် တစ်ယောက်အနေနဲ့ တန်ကုအပေါ် ကျွန်တော် အကောင်းမြင်တာ များသွားခဲ့ဟန်တူပါတယ်။ သူကရှေးနဲ့ မတူတဲ့ မျိုးဆက်သစ်ကနေ ပေါက်ဖွားလာတာ၊ ဗြိတိသျှ အုပ် ချုပ်မှုအောက်မှာ ကြီးပြင်းခဲ့တာဆိုတော့ သူ့ အမြင်လည်း ပြောင်းလဲ လာ မယ်လို့ ကျွန်တော်ယူဆခဲ့ပါတယ်။ သူ့ မှာ တရုတ်လူမျိုး သူငယ်ချင်းတွေ အများကြီးရှိတယ်။ ကိန်းဘရေ့ (ဂ်ျ) တက္ကသိုလ်မှာရှိစဉ်က သူနဲ့ အရင်းနှီးဆုံး သူငယ်ချင်းဖြစ်တဲ့ ချွာဆင်ကား ( Chua Sin Kah) ကိုဆိုရင် ဖုန်းနဲ့  လှမ်း ဆက်ပြီး
“ လာခဲ့ပါအုံး ။ အမဲကင်နဲ့ ဘရန်ဒီ လာမြည်းပါအုံး” လို့ ပြောတတ်တယ်။ စင်ကာပူဟာ မလေးရှားထက်ရှေ့ ရောက်နေတယ်ဆိုတာလည်း တန်ကုက လက်ခံထားတယ်။ ကျွန်တော်တို့ စင်ကာပူက မလေးရှားရဲ့ နယူးယောက် ဆိုရင် ကွာလာလမ်ပူက မလေးရှားရဲ့ ဝါရှင်တန်ဖြစ်ဖို့  သူစိတ်ကူးရှိခဲ့တယ်။
မလေးရှား လူဦးရေတိုးပွားလာမှုကြောင့် မလေးဦးစားပေးဝါဒက ပိုပြီး အားကောင်းလာစရာရှိပါတယ်။ နှစ်ပေါင်း ၄၀ အတွင်း စီးပွါးရေး ပေါ်လစီ အသစ်ချလိုက်ပြီးကတည်းက မလေးတရုတ်နဲ့ မလေးအိန္ဒိယန်းလူဦးရေက သိသိသာသာကြီး လျှော့ကျလာနေပါတယ်။ ၁၉၇၀ ခုနှစ်မှာ မလေးတရုတ် လူဦးရေက ၃၅.၆ ရာခိုင်နှုန်းရှိခဲ့ ပြီး ၂၀၁၀ ခုရောက်တဲ့အခါမှာ ၂၄.၆ ရာ ခိုင်နှုန်းပဲရှိပါတော့တယ်။ ဒီအချိန်အတွင်းမှာပဲ မလေး အိန္ဒိယန်းလူဦးရေက လည်း ၁၀.၈ ကနေ ၇.၃ အထိကျဆင်းလာနေပါတယ်။
လူဦးရေ အပြောင်းအလဲက အချက်အလက်တော်တော်များများအပေါ်မှာ မူတည်ပါတယ်။ မလေး မိသားစုတွေမှာ ကလေးမွေးဖွားနှုန်းမြင့်တက်နေတာ၊ ဆားဘားမှာ (Sabah) မှာ ဖိလစ်ပိုင်လူမျိုးတွေ အများကြီးဝင်ရောက်လာ တာ။ စုံလို့ ပါပဲ။ ၀င်ရောက်လာသူတွေကို နိုင်ငံသားအဖြစ်ချက်ချင်း အသိ အမှတ်ပြုလို့  အစိုးရလည်းဝေဖန်တာ တော်တော်ခံလိုက်ရပါတယ်။ ဒါနဲ့ဆက်စပ် ပြီး စုံစမ်းစစ်ဆေးစရာ တစ်ခုတောင်ဖြစ်ခဲ့ရပါတယ်။ တရုတ်၊ အိန္ဒိယန်းတွေ အများစုကတော့ မလေးရှားကနေ ခွါထွက်နိုင်ဖို့ ပဲကြိုးစား ကြ ပါတော့တယ်။ အထူးသဖြင့် ပညာတတ်တရုတ် အိန္ဒိယန်းတွေက သူတို့  သားသမီးတွေကို
“ နိုင်ငံခြား တက္ကသိုလ်ကိုတက်ဖို့  ဒီမှာ ပတ်စပို့  ၊ ဘယ်တော့မှ ဒီနိုင်ငံကို ပြန်မလာခဲ့နဲ့ ” လို့ ပြောတတ်ကြတယ်လို့  မကြာမကြာ ကျွန်တော်ကြားနေ ရပါတယ်။
စင်ကာပူထဲ ၀င်ရောက်နေထိုင်လာသူ ၄၀ ရာခိုင်နှုန်းဟာ မလေးရှားကပါ။ တစ်ချို့ က စင်ကာပူထက်ဝေးတဲ့ နိုင်ငံတွေကို သွားကြပါတယ်။ စောစော ပိုင်းနှစ်တွေတုန်းကတော့ ပညာတတ်တရုတ်တွေကြားမှာ ရေပန်းစားတာက ထိုင်ဝမ်ပါ။ အခုနှစ်တွေမှာ ဆိုရင် ပညာတတ်မလေးတရုတ်နဲ့  အိန္ဒိယန်းတွေ က ဥရောပ ၊ အမေရိကားနဲ့ သြစတေးလျတို့ အထိသွားနေကြပါပြီ။ တစ်ချို့  ဆိုရင် ဟိုနိုင်ငံတွေ ရောက်ပြီး တော်တော်အောင်မြင်နေကြပါတယ်။ ဥပမာ သြစတေးလျက လက်ရှိဘဏ္ဍာရေးဝန်ကြီး ပင်နီဝမ်း (Penny Wong) လိုပေါ့။ မလေးရှားကနေ ထွက်ခွာဖို့  အခွင့်အလမ်းမရကြသူတွေဆိုရင်လည်း သာတူညီမျှ မရှိတဲ့ ပေါ်လစီတွေကြားကနေ စီးပွါးရေးကောင်းကောင်း လုပ်နေနိုင်ကြတယ်။ သူတို့ က အင်ဒိုနီးရှားမှာ ရှိတဲ့ တရုတ်တွေနဲ့ မတူကြ ပါဘူး။ အင်ဒိုနီးရှားက တရုတ်တွေဆိုရင် လိုင်စင်တွေလက်ထဲကိုင်ထားပြီး စီးပွါးရေး ဘယ်လိုလုပ်ရမှန်းမသိတဲ့  အင်ဒိုတွေနဲ့လက်တွဲ အလုပ်လုပ်နေ ကြရတယ်။ အင်ဒိုနီးရှားက တရုတ်တွေဆိုရင် ပင်ပင်ပန်းပန်းလုပ်ရမယ့် အ လုပ်တွေဆို သူတို့ပဲလုပ်ရတယ်။ နိုင်ငံရဲ့ စီးပွါးရေး တိုးတက်လာအောင်လည်း ကူညီးဖေးမပေးရတယ်။ ပြန်ရတာက မဆိုသလောက် ရှယ်ယာဝေစုလောက် ပဲ။ မလေးရှားက တရုတ်တွေကတော့ နိုင်ငံခြားတက္ကသိုလ်တွေမှာ ပညာသင် ကြားခွင့် ရပြီး အဲဒီနိုင်ငံတွေမှာပဲ ဆက်နေကြတယ်။



မလေးရှားရဲ့ လူမျိုးရေးခွဲခြားမှု စနစ်ဟာ နိုင်ငံကို နောက်ကောက်ကျရစ်စေ ပါတယ်။ နိုင်ငံတစ်နိုင်ငံ တိုးတက်ဖို့ လိုအပ်တဲ့ အရည်အချင်းတွေကို လူ မျိုးပေါင်းစုံဆီကနေ ဆွဲထုတ်ယူနေကြရတဲ့အခါမှာ ဒီလိုဖြစ်တော့ ခွန်အားက အလိုလို လျော့ကျသွားပါတယ်။ မလေးလူမျိုး ဦးစီးနေရမယ်ဆိုတဲ့ ပေါ်လစီ က အခြားအရည်အချင်းရှိတဲ့လူမျိုးတွေကို လက်လွတ်သွားစေတယ်။ လတ်တလော အနေအထားမှာတော့ မလေးအစိုးရက ဒါကိုသဘောပေါက်ပြီး နိုင်ငံခြားရောက်နေတဲ့  မလေးတရုတ်၊ အိန္ဒိယန်းတွေကို ပြန်ခေါ်ဖို့  စည်း ရုံးနေကြတယ်။ တကယ်က ဒီကြိုးစားမှုဟာ သိပ်ကိုနောက်ကျနေပြီးဖြစ်ပါ တယ်။
ဂလိုဘယ်လိုက်ဇ် ဖြစ်လာတဲ့  ကမ္ဘာရဲ့ ဘယ်နိုင်ငံကမဆို အရည်အချင်း၊ အရည်အသွေးနဲ့ ဦးနှောက်ကောင်းကောင်းတွေကို ရအောင်စည်းရုံးပြီး စီးပွါးရေးမောင်းနှင်ဖို့ ကြိုးစားနေကြတာပါ။ မလေးရှားဟာ ဒီပြိုင်ပွဲမှာ ရှုံးနေ ပြီး တစ်ခြားနိုင်ငံတွေက သူတို့ ထက်လက်ဦးမှု ရယူခဲ့ကြ ပြီးဖြစ်နေပါတယ်။

ဆက်ရန်

ဆန္ဒစောသွားတာ


အာဆင်ဝင်းဂါး ပြောပါတယ်။ နှစ်ဂိုးပဲရှုံးသေးတာ လက်ထဲကရေသန့်ဗူးကို ကိုင်ပေါက်လိုက်တော့.....
တစ်ယောက် နီ၊ ပင်နယ်တီပေးရ။ သုံးဂိုး ရှုံးချိန်ကျတော့ ကိုင်ပေါက်စရာရေ သန့်ဗူး လက်ထဲမှာ မရှိတော့ဘူး။ ဆန္ဒစောသွားတာ။
နာရီဝက်မပြည့်သေးဘူး။ ချယ်လ်ဆီး ၃ အာဆင်နယ် ၀။ (၁၀ ယောက်နဲ့)

အရိပ်မိုးသစ်ပင်


ရာသီဥတုကြောင့် အပွင့်ကပိုကြီးလာတယ်။ နှစ်တိုင်းလည်းမပွင့်ဘူး။
တက်နေရတဲ့ အရှေ့ဖက်အခြမ်းက အရင်ပွင့်တယ်။
နာမည်ကြောင့် ဗေဒင်ယတြာရဲ့ လောကဓံကိုလည်း တော်တော်ခံရတယ်။
ပွင့်လတံ့သောဘုရားရှင်ရဲ့ အရိပ်မိုးသစ်ပင်လို့လည်း နှောင်းပိုင်း ဗုဒ္ဓဘာသာ ကဆိုကြတယ်။


သား အဖ ဒိုင်ယာလော့ဂ်


သား။ ။ မနက်ဖြန် ကျောင်းမသွားချင်ဘူး ဖေဖေ။
ဖေဖေ။ ။ သွားရမှာပေါ့ သားရယ်၊ ဘာဖြစ်လို့လဲ။သမ္မတကြီးလင်ကွန်းဆိုရင် သားတို့အရွယ်မှာ ၁၇ မိုင်အထိ သွားပြီးကျောင်းတက်ခဲ့ရတာ။
သား။ ။ ဟုတ်ပါတယ် ဖေဖေ။ နောက်ပြီး......
ဖေဖေ။ ။ နောက်ပြီး ဘာဖြစ်လဲ သား။ ပြောလေ။
သား။ ။ သူက ဖေဖေ့အရွယ်မှာ သမ္မတကြီးဖြစ်နေပြီနော်။

အနိစ္စ


စတော့အရောင်းအဝယ်သမားက နှစ်စဉ်သုံးဆလောက်အမြတ်ရနိုင်တယ်
ဆိုပြီး စတော့တစ်ခုကိုဝယ်ဖို့ လာစည်ရုံးနေတယ်။
ဒါနဲ့ ကျနော်က"ကျနော့်အရွယ်မှာ ငှက်ပြောသီးတောင် အခွံစိမ်းနေရင် မဝယ်တော့ဘူး"လို့ ပြန်ပြောလိုက်တယ်။
(ကလော်ဒီ ပက်ပါ)

A stockbroker urged me to buy a stock that would triple its value every year.
I told him, 'At my age, I don't even buy green bananas.'
Claude Pepper(1900-1989)

အနုသယကတော့ အနုသယပေါ့


"ကိလေသာက ပယ်လို့ရတယ်၊ အနုသယက ပယ်ဖို့ပိုခက်တယ်"
ဖွင့်ဆိုချင်တဲ့ဆရာက ဒီအဆိုကို အလွန်အမင်း ခိုင်စေချင်တော့ အရှင်သာရိ ပုတ္တရာကြီး မဆီမဆိုင် ရေမြောင်းနှစ်ခါခုန်တော်မူလိုက်ရတယ်။
(ကိလေသာကိုသာ သတ်ပြီး အနုသယကိုတော့ မသတ်နိုင်ဆိုတဲ့သဘော)
ဒကာက စေတနာပျက်သွားတော့ လှူမယ့်သင်္ကန်းသုံးစုံကလည်း တစ်စုံပဲ ကျန်တော့တယ်။
ဒါကိုသိတော်မူလို့ အရှင်မြတ်ကြီးက နောက်ဆုံးရေမြောင်းရောက်တော့ "ခုန်တော်မမူ" တဲ့။
တစ်ခါမှ မခုန်ခင်(သို့) တစ်ခါခုန်ပြီးနောက်မှာလည်း ဒီ အရှင်မြတ်ကြီးက သိတော်မူနိုင်တာပဲမဟုတ်လား။ နှစ်ခါကြီးဆိုတော့.......။

အနုသယကတော့ အနုသယပေါ့။
"ဘုန်းဘုန်း၊ တပည့်တော်တို့ နဝကမ္မ ကပ်ချင်လို့"
"အေး၊ ဘာအတွက်ရည်စူးပြီးကပ်မှာလဲ"
"ဘာအတွက်ရယ်မှတော့ မဟုတ်ပါဘူးဘုရား"
"ဒါဆိုလည်း ကပ်မနေပါနဲ့ကွာ"
"ဟင် ဒါဆို မကပ်ရတော့ဘူးလား"
"ကပ်ရပါတယ်"
"ဘုန်းဘုန်းကလည်း ဒီလိုလုပ်ပါ"
"အေးပါ၊ လုပ်ပါတယ်"

သီဟနာဒလိုကောင်က ဒီလို(စိတ်ကသိကအောက်ဖြစ်စရာ) ဝါသနာ၊ ဗီဇ၊ အနုသယကတွေရှိပေမဲ့ အရှင်သာရိပုတ္တရာကြီး ရေမြောင်းနှစ်ခါခုန်တာ ကတော့ ဆရာ လက်လွန်သွားတယ် ထင်တာပဲ။ မဟုတ်ဘူးဆိုလည်း ပြီးတာပါပဲ။
ပေါ့ပေါ့ပါးပါးပါ။

သာရေး နာရေး၊ လွမ်းတာနဲ့ ဝမ်းစာ


မနေ့က အဖွားကြီးတစ်ယောက်ရဲ့ ဈာပန ကို သွားခဲ့ရသည်၊ ရေစက်ချလို့ အပြီး ယူလော်ဂျီတွေ ပြောကြတဲ့ အထဲမှာ သွားလေသူရဲ့ မြေးမကလေးနဲ့ သူမကို အနီးကပ် စောင့်ရှောက်ခဲ့ရတဲ့ အိမ်ဖော်မလေးလည်း ပါဝင်ခဲ့တယ်။
ထူးဆန်းသည်က မြေးမလေးက မျက်ရည်လည်း မကျ၊ ဘာမှလည်း ထူး ထူးခြားခြား မခံစားရသလို ပြောသွားခဲ့ပေမယ့် အိမ်ဖော်မလေးကတော့ ဝမ်းနဲ တကြီးငိုနေတာနဲ့ ယူလော်ဂျီတောင် ကောင်းကောင်း အဆုံးမသပ်နိုင်ခဲ့ပေ ဘူး။
ဘာမှမဟုတ်ပေမယ့် စဉ်းစားစရာတွေတော့ အများကြီးပဲရှိနေသည်။ မြေး မလေးက အမှန်တကယ် တည်ငြိမ်တာလား၊ အိမ်ဖော်မလေးက အဖြစ် သည်းတာလား။ မဆုံးခင်မှာ သွားလေသူနဲ့ အနီးဆုံးမှာ ရှိနေခဲ့တာ၊ သူ့ ဒုက္ခကို နားလည်နိုင်တာက မြေးမလေးလား၊ အိမ်ဖော်မလေး လား။

"ဒီ လူနာဆုံးသွားရင် ကျမလည်း အလုပ်ပြုတ်သွားပြန်ပြီ"လို့ တစ်ခါက အိမ်ဖော်မလေးတစ်ယောက် ပြောခဲ့တာက မဆီမဆိုင် ခေါင်းထဲ ဝင် လာသေးသည်။
အရင်က ရှုပ်ပြီးသား ဘဝထဲ ခေတ်သစ် လူနေမှုစနစ်ဖြစ်တဲ့ အချိန်ပါးလျမှု၊ မနေမနား ရုန်းကန်နေရမှု ထည့်လိုက်တော့ သံယောဇဉ် အထူအပါးနဲ့ နေရာ အထားအသိုတွေလည်း လွဲသွားနိုင်တာပဲ မဟုတ်လား။
ရေးတတ်ရင် ဝတ္ထု တစ်ပုဒ်ပါပဲ။ နေရေး သေရေး။ သာရေး နာရေး။ လွမ်းတာနဲ့ ဝမ်းစာ။ ဘဝ ထိုထိုတို့သည် .....................(ပို့စ် အဟောင်း)

ဒီနေ့ မိမိအတွက် အစစအရာရာကို အကူအညီပေးနေသူ ဒေါက်တာ ဂျွန် လီ၏ ဖခင်ဈာပနကိုသွားခဲ့ရသည်။
မရဏဿတိနဲ့အတူ ၂၀၀၃ ခုနှစ်ကနဲ့စာလျင် မြန်မာအိမ်ဖော်တွေ ဒီနေ့ ပိုများလာနေပါလားဆိုသည့် သတိပါ မဆီမဆိုင်ရလိုက်မိသည်။
မစ္စတာ စီနီယာလီ သုဂတိရောက်ပါစေ
ပျော်လို့လာသူမရှိ၊ အိမ်ရှင်ကောင်းနဲ့ တွေ့ကြပါစေ