မိုးပေါ် ထောင်ဖောက်ခြင်း


မနက်ဖြန်ကစလို့ လူ့ယဉ်ကျေးမှုပဋိပက္ခကို (ဒုတိယအုပ် မထွက်မီ) အခန်း ၈၊ ၉၊ ၁၀ အထိ ဆက်တိုက်တင်ပေးသွားပါ့မယ်။
အဓိက ရည်ရွယ်ချက်က ငါဝယ်သင့်တဲ့စာအုပ် ဟုတ်၊ မဟုတ် ဆိုတာကို စာဖတ် သူအနေနဲ့ မှန်းဆနိုင်ဖို့ပါ။ ဒီစာအုပ် ရောင်းရတယ်ဆိုရာမှာ ဇင်ဝေသော်၊ လီကွမ်း ယုအရှိန် ပါပါတယ်။ လီကွမ်းယုလိုထင်ပြီးဝယ်သွား၊ အိမ်ရောက်မှ မှားမှန်းသိ သူတွေ မရှိဘူးလို့ မဆိုနိုင်ပါ။ လီကွမ်းယုက ကျွန်းပေါက်စလေးကို ဗဟိုပြုထားပြီး ဟန်တင်တန်က တစ်ကမ္ဘာလုံးကို ခွဲစိတ်သွားတာမို့ လုံးဝမတူပါ။

ဦးတင်မောင်ဝင်း၊ ကိုကျော်ကျော်ထွန်းတို့စကားအရဆိုရင် "မူရင်းအင်္ဂလိပ်လိုကကို တအားခက်ပြီး ရှုပ်ပွနေတာ၊ အခု ဘာသာပြန်ထားပုံက စာဖတ်နာ၊ စိတ်ဝင်စားသူတွေအတွက် နားလည်ဖို့အခက်အခဲ လုံးဝမရှိနိုင်ဘူး" လို့ ဆိုကြပါတယ်။ ဒါပေမဲ့ ဂလိုဘယ်ပေါ်လစ်တစ်က ဂလိုဘယ်ပေါ်လစ်တစ်ပါ။ လွယ်ကူလှတဲ့ ဘာသာရပ်မဟုတ်ပါဘူး။ အမေရိကန် စံ အရ ပထမတန်း စားကျောင်းသားတွေ လေ့လာတဲ့ ဘာသာရပ်တွေထဲက တစ်ခုပါ။ ကမ္ဘာ့သမိုင်း တီးမိခေါက်မိ မရှိရင် နားမလည်နိုင်ပါဘူး။ ငါစိတ်ဝင်စားတဲ့ ဘာသာရပ် ဟုတ် သလား၊ မဟုတ်ဘူးလား ဆိုတဲ့အဖြေကို အခန်း ၈၊ ၉၊ ၁၀ ဖတ်ပြီးရင် ရလာနိုင် ပါတယ်။ ဒါက အဓိက ရည်ရွယ်ချက်ပါ။

စနေနေ့မနက်ကစပြီး ထိုင်ဝမ်ကို(ဟောင်ကောင် မဟုတ်ပါ) ရှစ်ရက်ကြာ ခရီး ကျောင်းအဖွဲ့နဲ့အတူ ထွက်မှာမို့(သာသနာပြုခရီး လုံးဝမဟုတ်၊ ဒေသန္တရ သက်သက်) ဒါတွေ ဆက်တိုက်တင်သွားဖို့ စိတ်ကူးမိခြင်းဖြစ်ပါတယ်။ အက်ဒမင်က တာဝန်ယူပါလိမ့်မယ်။ ပရိသတ်အနေနဲ့ ဒါတွေဖတ်ပြီး အဖြေထုတ် ယူရမှာ ဖြစ်ပါတယ်။

ကားသမားစကားနဲ့ဆိုရင် ဒီစာအုပ်က တောင်တက်ဂီယာ ထိုးထားမှ၊ အင်ဂျင် လည်း မာမှ ရမှာဖြစ်တဲ့အကြောင်း မိုးပေါ်ထောင်ဖောက်လိုက်ပါတယ်။

စိတ်ဝင်စားသူလက်ထဲကိုသာ ဒီစာအုပ်ရောက်သွားပါစေ ဆန္ဒဖြင့်

ဒုတိယအကြိမ်မြောက် အဘိဓမ္မာဆုနှင်းသဘင် (၂ဝ၁၃) ဖိတ်ကြားလွှာ


ab-award

ချစ်ခင်လေးစားရပါသော ဓမ္မမိတ်ဆွေအပေါင်း သူတော်ကောင်းတို့ ...
စင်္ကာပူနိုင်ငံ အဘိဓမ္မာမိသားစုများမှ ညီညာပေါင်းစု၍ ၂၀၁၃ ခုနှစ် အဘိဓမ္မာစာမေးပွဲတွင် စင်္ကာပူစာဖြေဌာနမှ ဖြေဆိုအောင်မြင်ခဲ့ကြသော ကျောင်းသား ကျောင်းသူများအား အောင်လက်မှတ်ပေးအပ်ပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို အောက်ပါအစီအစဉ်အတိုင်း ကျင်းပပြုလုပ်မည် ဖြစ်ပါသောကြောင့် သဒ္ဓါကြည်လင်ပါရမီရှင်အပေါင်းတို့အနေဖြင့် ကြွရောက်အားပေးကုသိုလ်ယူနိုင်ကြစေရန် လေးစားစွာ ဖိတ်ကြားအပ်ပါသည်။

အချိန်။ ။ နေ့လည် ၃း၀၀ နာရီ မှ ညနေ ၆း၀၀ နာရီ
နေ့ရက်။ ။၁၉-၁၀-၂၀၁၄ (တနင်္ဂနွေနေ့)
နေရာ။ ။ မင်္ဂလဝိဟာရကျောင်းတိုက် (30 Jalan Eunos, Singapore 419495)
နတ်လမ်းညွှန် ။ ။Nearest MRT Station : Eunos MRT (Bus: 21, 60, 63, 93, 854)
**အဘိဓမ္မာမိသားစုများမှ သီးစုံထောပတ်ထမင်းဖြင့်အာဟာရဒါနပြုကြမည်ဖြစ်ပါသည်။

အခမ်းအနားအစီအစဉ်
  • နမောတဿ သုံးကြိမ်ရွတ်ဆို၍ အခမ်းအနားဖွင့်လှစ်ခြင်း။
  • သံဃာတော်အရှင်သူမြတ်တို့ ထံမှ ငါးပါးသီလ ခံယူဆောက်တည်ခြင်း။
  • သံဃာတော်အရှင်သူမြတ်တို့ ထံမှ ဩဝါဒတရား နာကြားခြင်း။
  • စင်္ကာပူနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးမှ သာသနာရေးဆိုင်ရာများ လျောက်ထားရန်။
  • အဘိဓမ္မာစာမေးပွဲ(၂၀၁၃)တွင် စင်္ကာပူစာဖြေဌာနမှ ဖြေဆိုအောင်မြင်သူများကို ဂုဏ်ပြုလက်မှတ်များ ပေးအပ်ချီးမြှင့်ခြင်း။
  • အဘိဓမ္မာတရားတော်များသင်ကြားပို့ချဖြန့်ဝေပေးသောဆရာများအား ဂါရဝပြုပူဇော်ခြင်း။
  • “ဗုဒ္ဓသာသနံ စိရံတိဋ္ဌတု” သုံးကြိမ် ရွတ်ဆို၍ အခမ်းအနားပိတ်သိမ်းခြင်း။
  • ဆရာတော်များ ပြန်လည်ကြွချီခြင်း။
  • ကြွရောက်လာကြသော ဧည့်ပရိသတ်များအား သီးစုံထောပတ်ထမင်း ၊ သစ်သီး ၊ အအေး ၊ အချိုပွဲတို့ဖြင့် အာဟာရဒါနပြုခြင်း။

၂၀၁၃ ခုနှစ် အဘိဓမ္မာစာမေးပွဲတွင် စင်္ကာပူစာဖြေဌာနမှ ဖြေဆိုအောင်မြင်ခဲ့ကြသူများစာရင်း
အဘိဓမ္မာ(ရိုးရိုး) စာမေးပွဲ
  • သုံးဆင့်လုံး အောင်မြင်သူ = ၉ ဦး
  • ပထမဆင့် နှင့် ဒုတိယဆင့် အောင်မြင်သူ = ၁ ဦး
  • ဒုတိယဆင့် နှင့် တတိယဆင့် အောင်မြင်သူ = ၁ ဦး
  • ပထမဆင့် အောင်မြင်သူ = ၆၂ ဦး
  • ဒုတိယဆင့် အောင်မြင်သူ = ၁၁ ဦး

အဘိဓမ္မာ(ဂုဏ်ထူးဆောင်) စာမေးပွဲ
  • သုံးဆင့်လုံး အောင်မြင်သူ = ၁ ဦး

အောင်မြင်သူစုစုပေါင်း (၈၅) ဦး 

အဘိဓမ္မာ မြတ်ဒေသနာတော်ကြီး အဓွန့်ရှည်စွာ တည်တံ့ထွန်းကားပြန့်ပွားရန်အတွက် သဒ္ဓါတတ်အားနည်းများမဆို ချီးမြှင့်ထောက်ပံ့လှူဒါန်းနိုင်ကြပါကြောင်း နိဗ္ဗာန်အကျိုးမျှော် ၍နှိုးဆော်တိုက်တွန်း အပ်ပါသည်။
ဆက်သွယ်ရန်အကျိုးတော်ဆောင်များ
အဘိဓမ္မာအသင်းကြီး(စင်္ကာပူ) - ကိုဇော်မျိုးမင်း: 90479374 ၊ မမူယာနွဲ့: 81800620
ပညာပါရမီအသင်း(စင်္ကာပူ) - မမြမြမွန် : 83223535 ၊ မမြင့်မြတ်ဆွေ : 90069742
ထားဝယ်မိသားစုပရဟိတအသင်း(စင်္ကာပူ) - ကိုထိန်လင်းဦး : 91955332 ၊ ကိုကျော်ကျော်ထွေး : 91250701



အဘိဓမ္မာ မိသားစုများကိုယ်စား
လေးစားစွာဖြင့်
လူတိုင်းအတွက် အဘိဓမ္မာအသင်းကြီး(စင်္ကာပူ)

ဒီနေ့ တက်လာတဲ့ ဖေ့စ်ဘုတ်စတေးတပ်တချို့

(18/03/2014)
ပိုးဟပ်ရဲ့စတေးတပ်။ ။ ဟူး၊ အမူးသမားအခန်းထဲဝင်လာတာကို ကြိုမသိ ခဲ့ဘူးကွာ။ မနည်းရှောင်လို့ သူ့ဖနောင့်ရန်က လွတ်လာရတာ သယ်ရင်း တို့ရေ၊ ခံလိုက်ပေါ့ ကိုယ့်ဘဝနဲ့ကိုယ်ပဲကွာ။

ကြက်မရဲ့စတေးတပ်။ ။ အားလုံး မင်္ဂလာပါရှင်။ မနက်ဖြန် မင်္ဂလာပါလို့ စတေးတပ်မတက်လာရင် KFC ထဲရောက်သွားပြီလို့ မှတ်ယူပေးကြပါ။ အခုတော့ မင်္ဂလာပါရှင်။

ဝက်ရဲ့စတေးတပ်။ ။ ခွီးပဲကွာ၊ သူတို့ဖာသာသူတို့ ဖလူးဖြစ်တာ ငါ့ကို ဆွဲ ထည့်နေကြတယ်။ ရေရေလည်လည် လေတယ်ကွာ။ စဉ်းစားကြည့်ကြ ပါအုံး သယ်ရင်းတို့ရာ။

ဆိတ်ရဲ့စတေးတပ်။ ။ သူတို့ ဟောလီးဒေးနီးလာပြီ၊ ကိုယ်တော့ လည်တ ဆန့်ဆန့်နဲ့ လျှောက်မသွားရဲတော့ဘူး။ အပြင်မှာမတွေ့လို့ တစ်မျိုးမထင်ကြ နဲ့နော်။ ဘိုင်။

သူတို့လည်း လူတွေနဲ့ သိပ်မကွာလှဘူး။

ပြည်သူ့ငွေနဲ့အဖွဲ့အစည်းများ


ဒီခေါင်းစဉ်အောက်မှာ အခြားအဖွဲ့အစည်းတွေ အများအပြားရှိနိုင်ပေမဲ့ အထင်ရှား ဆုံး အဖွဲ့အစည်းနှစ်ခုကိုပဲ ဆွဲထုတ်လိုက်ပါတယ်။
၁။ အစိုးရ
၂။ ဘာသာရေးအဖွဲ့အစည်းများ(ဘာသာစုံ)
အစိုးရငွေက ပြည်သူ့ဆီက အခွန်စတဲ့ပုံစံတစ်မျိုးမျိုးနဲ့ဝင်လာတာဖြစ်ပြီး ဘာသာရေးအဖွဲ့အစည်းပိုင်ငွေတွေက အလှူငွေအနေနဲ့ ပြည်သူ့ဆီက ဝင်လာတာဖြစ်ပါတယ်။ ဒါ့ကြောင့် သူတို့က....
* ပြည်သူ့အတွက်ပြန်လည်သုံးစွဲရင် မှန်ကန်ပြီး(အလွန်အမင်း သာဓုခေါ်နေစရာ မလိုလှသေးပါ)
*မသုံးစွဲရင် မှားပါ တယ်(ကဲ့ရဲ့၊ အရေးယူထိုက်တယ်)။

ဒီငွေတွေဟာ အစိုးရ (သို့) ဘာသာရေး အဖွဲ့အစည်းတွေရဲ့ အလှူငွေ မဟုတ် ပါ။ ပြန်လည် သုံးစွဲငွေသာ ဖြစ်ပါတယ်။ ဘယ်အစိုးရက၊ ဘယ်ဘာသာရေးအဖွဲ့ အစည်းက ဘာလှူတယ်ဆိုတဲ့ စကားတွေဟာ ဝေါဟာရအားဖြင့်သာမှန်ပြီး အနှစ် သာရအားဖြင့် မမှန်ပါ။ အကြောင်းကတော့ အမှန်တကယ် အလှူရှင်က ပြည်သူ သာဖြစ်ပြီး သူတို့က စီမံခန့်ခွဲသူသာ ဖြစ်နေလို့ပါ။ (ကာယအလှူ၊ ဉာဏအလှူ၊ ဓမ္မအလှူ ဘယ် သွား ထားမလဲဆိုတဲ့ ကိစ္စဟာ ဆွေးနွေးလိုရင်း မဟုတ်ပါ)

အန္တရာယ်ကင်းအောင် စင်္ကာပူက ရွှေကျောင်းဆရာတော်ကို သာဓက ထုတ်ပါ မယ်။ သူဟာ အဖွဲ့အစည်းများစွာကို ဦးဆောင်မှုလည်း ပေးစွမ်းနိုင်၊ သူတော်ကောင်းစိတ်လည်းရှိသူဖြစ်ပါတယ်။ ဒါပေမဲ့ သူ့အဖွဲ့အစည်းရဲ့ အလှူငွေ ဟာ သူ့အလှူငွေတော့ မဟုတ်ပါ။

ဒါဖြင့် သူ့ကိုယ်ပိုင်အလှူ မရှိနိုင်တော့ဘူးလား။ ရှိပါတယ်။ ဒါကို ( အတင်းအကြပ် ကြီးကို) စင်္ကာပူဥပဒေက ဖြည့်ဆည်းပေးထားပါတယ်။ ဒီအဖွဲ့အစည်းတွေ ရဲ့ နာယက၊ စီအီးအိုအဖြစ်(မဖြစ်မနေ)သူ့ကို ပေးရမယ်လစာ(လုပ်အားခ) ရှိပါတယ်။ ဥပမာ ဒေါ်လာနှစ်သောင်း။ အဲဒီ နှစ်သောင်းကိုပဲ
*အားလုံး(သို့)အဲဒီ နှစ်သောင်းထဲ က အချို့ကို ပြန်လှူရင်တော့ သူ့ကိုယ်ပိုင်အလှူဖြစ်သွားပါတယ်(ချီးမွမ်းထိုက်ပါတယ်)
*မလှူဘူး (မချီးမွမ်းထိုက်ပေမဲ့ ကဲ့ရဲ့စရာ မဟုတ်)။
(လူ့ ဥပဒေအရ ယူတယ်၊ ဘုရား ဥပဒေအရ ပြန်လှူတယ်)
လီရှန်လွန်း၊ ဦးသိန်းစိန်ကိုလည်း ဒီအတိုင်းပဲ ကြည့်နိုင်ပါတယ်။

ဘာရယ်မဟုတ်ပါ။ အင်အားကောင်းလာနေတဲ့ ဘာသာခြားတွေကြားမှာ စနစ်ကျ၊ တင်းကြပ်၊ ဝိနည်းလည်းလက်ခံတဲ့ ဥပဒေများ Charity Acts ရှိလာရင် ကောင်း မှာလို့ တွေးမိလို့ပါ။ ဒါ့ကြောင့် သာသနာမကွယ်တဲ့အပြင် ပိုပြီးတောင် အားကောင်းလာနိုင်ပါတယ်။

မှတ်ချက်။ ။ စင်္ကာပူ ရွှေကျောင်းဆရာတော်ဆိုတာ တိုက်ဆိုင်လို့ထုတ်ပြတဲ့ သာဓကသက်သက်မျှသာဖြစ်ပါတယ်။ ဥပဒေမဲ့ ရိုးသား မြင့်မြတ်တဲ့ မြန်မာ ဆရာတော်တွေ အများကြီး ရှိပါတယ်။

ဓာတ်ပုံများတင်လာရခြင်း အကြောင်း


တလောက အတူနေရဟန်းတစ်ပါးနဲ့စကားပြောမိကြတော့ သူက
"ဦးဇင်း၊ သူကလည်း ဆရာကြီး" လို့ အခြားတစ်ယောက်ကို ရည်ညွှန်းပြီး ပြော ပါတယ်။
"မင်းက ဘာကြည့်ပြီး သူက ဆရာကြီးလို့ ပြောရတာလဲ" ဆိုတော့
"သူကလည်း သူ့ဝေါပေါ်မှာ သူ့ဓာတ်ပုံတွေ မတင်ဘူး" လို့ သူက ဖြေပါတယ်။
ဟင် ဓာတ်ပုံမတင်ရင် ဆရာကြီးလားဆိုပြီး ဆရာကြီးမဟုတ်မှန်းသိအောင် ပုံတွေ တင်နေမိတာပါ။