Memorial Services


မင်္ဂလဝိဟာရကျောင်းနှင့် တစ်နည်းမဟုတ်တစ်နည်း သက်ဆိုင်သူများသို့....
မစ္စတာ လီကွမ်ယုအားရည်စူး၍ ထေရဝါဒဗုဒ္ဓဘာသာ ဓလေ့ထုံးစံနှင့်အည်ီ အသုဘဘာဝနာ၊ မေတ္တာဘာဝနာပွားများခြင်းနှင့် ရေစက်ချ၊ အမျှပေးဝေခြင်း အစီအစဉ်များကို မတ်လ၊ ၂၉ ရက်၊ တနင်္ဂနွေနေ့၌ အောက်ပါအတိုင်း သင်တန်းများအလိုက် ပြုလုပ်သွားပါမည်။

အချိန်။ ။ မနက် ၁၀ နာရီ။
သင်တန်း။ ။ Sunday Dhamma Class။ (In English)

အချိန်။ ။ မနက် ၁၁ နာရီ။
သင်တန်း။ ။ ပုံမှန်ဝတ်တက်သူများ။ ပါဠိကောလိပ်။ (In English)

အချိန်။ ။ ညနေ ၅ နာရီခွဲ။
သင်တန်း။ ။ အဘိဓမ္မာသင်တန်းများ၊ ဗုဒ္ဓဘာသာနှင့်မြန်မာ့ယဉ်ကျေးမှုသင်တန်း။ (မြန်မာဘာသာဖြင့်)




(first image Credit: Chan Chun Sing)

ဒီနေ့ဝတ်ပြုပွဲမှာ ပြောမယ့်အချက် ၃ ချက်


၁။ ၁၉၆၅ ခုမှာ လီကွမ်းယု ကျောင်းကိုရောက်လာဖူးသည်မှလွဲပြီး တိုက်ရိုက်ဆက်စပ်မှု မရှိ။
၂။ သူကိုယ်တိုင် Nominal Buddhist လို့ဝန်ခံထားတဲ့အတွက် ဗုဒ္ဓဘာသာဓလေ့ထုံးစံအတိုင်း လုပ်ဆောင်ပေးကြခြင်း ဖြစ်သည်။
၃။ တရားရှုမှတ်ခြင်းကို စာသင်ကျောင်းတွေမှာလည်း သင်ပေးသင့်သည်ဟု အဆိုပြုဖူးသူ။ (ဘာသာစုံနိုင်ငံမှာ သဘောတူညီမှု လုံးဝမရနိုင်သည့်အကြံပြုမှု)

အဲဒါ စင်္ကာပူလို့ခေါ်တယ်


ဆွမ်းစားအပြီး ဒကာမကြီးတစ်ယောက်ရဲ့ အရိုးပြာမျှောဖို့ ကျန်ရစ်သူမိသားစု နဲ့အတူ စင်္ကာပူပင်လယ်ထဲ ရောက်ခဲ့တယ်။

၁။ ရေတပ်နဲ့လေတပ်ပေါင်းပြီး မနက်ဖြန်အတွက် ရီဟာဆယ်တွေ လုပ်နေကြလေရဲ့။ ဒါ့အပြင် အကြမ်းဖက်မှုကို စိုးရိမ်ဟန်တူပါရဲ့ တိုက်လေ ယာဉ်တွေ ကင်းထောက်နေတာလည်း တွေ့ရတယ်။ F-16 တွေ ထင်တာပဲ ဝဲနေတာ။ (မနေ့က မြန်မာ့တပ်မတော် စစ်ရေးပြသလို လှေထမ်းပြီး ကုန်းပေါ်မှာပြေးနေတာမျိုး မတွေ့ရဘူး)။

၂။ အရိုးပြာမျှောဖို့ကိုပဲ ပင်လယ်ကမ်းခြေကနေ ၂ မိုင် ၃ မိုင်လောက် စက်လှေ နဲ့ သွားရတယ်။ သတ်မှတ်ချက် အကွာအဝေးရှိတယ်။ ပစ်ချင်ရာပစ် မရဘူး။ မဆွေးမြေ့နိုင်တဲ့ ပစ္စည်းတွေ ပင်လယ်ထဲ မပစ်ချရဘူး။

၃။ ပင်လယ်ပြင်မှာတောင် မလေးရှားပိုင်နက်နဲ့ စင်္ကာပူပိုင်နက် မတူဘူး။ စင်္ကာပူပိုင်နက်ထဲမှာ ရေသန့်ဗူးခွံ၊ ဘီယာဗူးခွံတွေ ပေါလောပေါ်နေတာ မရှိဘူး။

အဲဒါ စင်္ကာပူလို့ခေါ်တယ်။

မစ္စတာလီရဲ့ နောက်ဆုံးစာအုပ် "လူတစ်ယောက်ရဲ့ ကမ္ဘာ့အမြင်" ထဲက မြန်မာ


ဒီနေ့ မစ္စတာလီရဲ့ နောက်ဆုံးစာအုပ် "လူတစ်ယောက်ရဲ့ ကမ္ဘာ့အမြင်" ထဲက မြန်မာနဲ့ပတ်သက်တဲ့ မစ္စတာလီရဲ့ အမြင်ကို အမှတ်တရ ပြန် လည်ဖော်ပြပေးလိုက်ပါတယ်။

မြန်မာ။ ။ ဗိုလ်ချုပ်ကြီးများလမ်းကြောင်းပြောင်းခြင်း

ရှေ့ဆက်ဖို့လမ်းဆုံးနေပြီဆိုတာသိတဲ့နောက်တော့ အကျိုးအကြောင်းညီညီ စဉ်းစားတတ်ရင် ရွေးစရာက တစ်လမ်းပဲ ရှိပါတော့တယ်။ ဒါက နောက် လှည့်ပြန်လျှောက်ဖို့ပါ။ ၂၀၁၁ ခုမှာ သူတို့နိုင်ငံ ဘယ်ကို ဦးတည်ရမလဲဆို တာနဲ့ပတ်သက်လို့ မြန်မာ့ဗိုလ်ချုပ်ကြီးတစ်ချို့ဆန္ဒဘယ်လိုရှိခဲ့တယ်၊ ဘယ် လိုစတင်ပြောင်းလဲမယ်ဆိုတာကို သုံးသပ်ကြည့်ဖို့ နည်းလမ်းတွေအများကြီး ရှိပါတယ်။
ကျနော့််အမြင်အရပြောရရင် ဦးနှောက်ကောင်းတွေကို စနစ်တကျရှာဖွေ၊ ရွေြး ခယ်၊ မွေးမြူပြီး ရုတ်တရက် ကြီး “ဂ”ငယ်ကွေ့ ချိုးကွေ့ လိုက်တာမဟုတ်သလို ရိုးရိုးသားသားနဲ့ အမြင်မှန် ရပြီး ရုတ်တရက်ပြောင်းလဲလိုက်ခြင်းမျိုးလည်း မဟုတ်ပါဘူး။ ဒီအတိုင်း ဆက်သွားနေရင်တော့ ပြိုလဲကျသွားတော့မှာပဲဆိုတာ သဘောပေါက်ပြီး သူ တို့နာမည်ကို အဖတ်ဆယ်ယူဖို့ မဖြစ်မနေပြောင်းလဲ လိုက်တာမျိုးတောင် မဟုတ်ပါဘူး။
ဒီထက် ရှင်းရှင်းလင်းလင်းဖြစ်အောင် ရှင်းပြလို့ ရပါတယ်။ ဗိုလ်ချုပ်ကြီးေ တွ တွေ့မြင်လိုက်ရတာာက သူတို့နိုင်ငံကတော့ လမ်းဆုံးကိုရောက်နေပြီ။ ရွေးစရာ (ဆက်သွားစရာ လမ်း) ဘာမှမရှိတော့ဘူးဆိုတာပါပဲ။

ဖွံ့ဖြိုးတိုးတက်နေတဲ့ ထိုင်းနိုင်ငံဆီ နယ်ခြားလေးကိုကျော်ပြီးကြည့်လိုက်မိ တယ်ဆိုရင်ပဲ ဒီအမြင်က ရှင်းရှင်းလင်းလင်းတွေ့မြင်ရမှာပါ။ သဘာဝ အရင်း အမြစ်အနေနဲ့ကြည့်ရင် ထိုင်းနိုင်ငံထက်ပိုပြီး မချမ်းသာဘူးဆိုရင်တောင်မှ ထိုင်းနိုင်ငံလောက်တော့ မြန်မာလည်း ချမ်းသာပါတယ်။
ဥပမာ အနေနဲ့ နှစ်နိုင်ငံလုံးကထွက်တဲ့ ရှောက်ချိုသီးတွေကို နှိုင်းယှဉ်ကြည့် ပါ။ သိပ္ပံနဲ့ နည်းပညာကို အသုံးပြုပြီးစိုက်ပျိုးထားတာ ဖြစ်နေတော့ ထိုင်းက ထွက်တဲ့ ရှောက်ချိုသီးက အလုံးပိုကြီးသလို ချိုလည်း ပိုချိုတယ်။ နောက်ပြီး ထိုင်းနိုင်ငံဟာ ဒီဒေသတွင်းမှာ သစ်ခွပန်း၊ ပန်းပင်၊ သစ်သီးတွေ တင်ပို့ရာမှာ နံပါတ်တစ် ဖြစ်နေပါတယ်။ သီအိုရီအရပြောရရင် ရာသီဥတုနဲ့ မြေသြဇာ ကြွယ်ဝမှုက နှစ်နိုင်ငံလုံး ကံကောင်းစွာ ပိုင်ဆိုင်ထားကြတော့ ထိုင်းစိုက်ပျိုး လို့ရနိုင်တာမှန်သမျှ မြန်မာပြည်မှာလည်း စိုက်ပျိုးနိုင်တာပါပဲ။ ဒါပေမဲ့ ဘာ မှ ဖြစ်မလာခဲ့ဘူး။ နောက်ထပ် စိတ်မကောင်းစရာ နှိုင်းယှဉ်ကြည့်စရာတစ်ခု က ထိုင်းနိုင်ငံက ဆေးဝါးတွေရရှိဖို့ နယ်ခြားကို ကျော်ဖြတ်ပြီး ကျောက်မျက် ရတနာ ထွင်းထွက်ပစ္စည်းတွေနဲ့ လဲလှယ်ယူနေကြရတယ်။ မြန်မာက အများ ကြီးနောက်ကျကျန်နေရစ်ခဲ့ပါတယ်။

နာဂစ်မုန်တိုင်းဒဏ်ကိုခံလိုက်ရခြင်းဟာ စစ်တပ်အရာရှိတွေကိုရော မြန် မာပြည်သူလူထုကိုပါ လှုပ်နှိုးလိုက်တာပါပဲ။ ၂၀၀၈ ခုမှာ ဖြစ်ပွားခဲ့တဲ့ ဒီဘေး ဒဏ်ကြောင့် သန်းပေါင်းများစွာ အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရတယ်။ ဘာလုပ်လို့ ဘာ ကိုင်ရမှန်းမသိတဲ့ အစိုးရဟာ သူတို့ကိုယ်တိုင် ထိထိရောက်ရောက် ကူညီေ စာင့်ရှောက်မှုမပေးနှိုင်သလို စိတ်လိုလက်ရ အကူအညီပေးလိုတဲ့ အမေရိ ကန်၊ ပြင်သစ်စတဲ့ နိုင်ငံခြားတိုင်းပြည်တွေရဲ့ အကူအညီကိုလည်း လက်မခံခဲ့ ကြပါဘူး။
သူတို့နဲ့ ဆန့်ကျင်ဖက်သာဓက ကတော့ တရုတ်ပြည်၊ စီချွမ်း (Sichun) ပြည် နယ်မှာ လှုပ်သွားတဲ့ ငလျင်ပါ။ အပျက်အစီးအရ မြန်မာပြည်အောက် မရောက်ပါဘူး တရုတ်ပြည်ကူညီစောင့်ရှောက်ရေးအဖွဲ့တွေက ချက်ချင်းေ ရာက်သွားပြီး ကယ်ဆယ်မှု ကူညီပံ့ပိုးမှုတွေ လုပ်ပေးခဲ့ကြတယ်။ တရုတ်ခေါင်းဆောင် ပရီးမီးယား ဝင်ကျားပေါင်ကိုယ်တိုင် ဒါကို အဓိက ဦး စားပေးအနေနဲ့ ဦးဆောင်လုပ်ပြလိုက်တော့ တစ်နိုင်ငံလုံး တက်ညီလက်ညီ ကူညီပံ့ပိုးပေးခဲ့ကြပါတယ်။ မြန်မာနိုင်ငံရေး ကျွမ်းကျင်သူတွေကတော့ နာဂစ် မုန်တိုင်း အန္တရာယ်ဟာ နိုင်ငံရဲ့ စိုးရိမ်စရာအကောင်းဆုံးရေမှတ်ကိုရောက် သွားပြီး ပြောင်းလဲမှု၊ အစပျိုးပေးလိုက်တာလို့ သုံးသပ်ကြပါတယ်။ သူတို့ သုံးသပ်ချက်ဟာ အမှန်တရားးနဲ့ မဝေးလှဘူးလို့ ကျွန်တော်ထင်ပါတယ်။

မြန်မာနိုင်ငံဟာ ၂၀၁၁ ခုရောက်တဲ့အခါမှာတော့ ဆိုင်းမဆင့်ဘုံမဆင့် နဲ့ ပြုပြင်ပြောင်းလဲရေးကိုစတင်အကောင်အထည်ဖော်လာပါတော့တယ်။
နိုင်ငံရေး အကျဉ်းသားတွေကို လွှတ်ပေးခဲ့တယ်။ ဒီအထဲမှာ အောင်ဆန်ုးစု ကြည် လည်းပါဝင်ခဲ့ပါတယ်။ နိုဘယ်ဆုတံဆိပ်ရှင် အောင်ဆန်းစုကြည်ကို ၂၀၁၂ ခု ကြားဖြတ်ရွေးကောက်ပွဲမှာ ပါဝင်အရွေးခံခွင့်ပြုခဲ့တယ်။ သူမလည်း အရွေးချယ်ခံရပြီး ပါလီမန်ထဲရောက်သွားခဲ့ပါတော့တယ်။ ရွေးကောက်ပွဲပြီး တဲ့အခါမှာလည်း ခပ်သွက်သွက်ပဲ နိုင်ငံရေး အကျဉ်းသားတွေကို ဆက်ပြီး လွှတ်ပေးခဲ့ပါတယ်။ ဖြစ်နိုင်တဲ့အကြောင်းတစ်ရပ်ကတော့ စီးပွားရေးပိတ်ဆို့ ထားတဲ့ နိုင်ငံတွေကို စီးပွားရေးပြန်ဖွင့်ပေးလာအောင် စည်းရုံးလုပ်ဆောင် မှုတစ်ခုပါ။ ဒီအချက်ဟာ နိုင်ငံစီးပွားရေးအတွက် အရေးကြီးတယ်ဆိုတာ သူတို့ သိထားကြပါတယ်။ အနောက်နိုင်ငံတွေကလည်း အစပထမတော့ တွန့်ဆုပ်ဆုပ်ပါပဲ။ ဒါပေမဲ့ တဖြည်းဖြည်းဖွင့်ပေးလာခဲ့ကြတယ်။
၂၀၁၂ ခု နိုဝင်ဘာလထဲမှာ အမေရိကန်သမ္မတ အိုဘားမား မြန်မာပြည်ကို အလည်ရောက်လာချိန်မှာ မြန်မာနိုင်ငံလည်း ကမ္ဘာ့နိုင်ငံရေးဇာတ်ခုံပေါ် အပြည့်အဝရောက်ရှိလာခဲ့ပါတော့တယ်။

ဒီနိုင်ငံဟာ ၂၀၁၅ ခုမှာ အမှန်တကယ်လွပ်လပ်ပြီး တရားမျှတမှုရှိတဲ့ ရွေးေ ကာက်ပွဲကျင်းပလိမ့်မယ်လို့ မျှော်လင့်ရပါတယ်။ ဒီရွေးကောက်ပွဲဟာ ဒေါ်အောင်ဆန်းစုကြည် အပြတ်အသတ်အနိုင်ရပေမဲ့ စစ်အစိုးရက လုံးဝအသိအမှတ်မပြုခဲ့တဲ့ ၁၉၉၀ ခု ရွေးကောက်ပွဲပြီးမှာ ပထ မဆုံးကျင်းပနိုင်မဲ့ ရွေးကောက်ပွဲ ဖြစ်နေပါလိမ့်မယ်။ မြန်မာနိုင်ငံဟာ ဖြည်းဖြည်းနဲ့မှန်မှန် ပုံမှန်နိုင်ငံတစ်နိုင်ငံအဖြစ် ရောက်ရှိလာနေပါတယ်။

၁၉၆၀ ခုနှစ်တွေအတွင်းမှာ မြန်မာ့ခေါင်းဆောင်ဗိုလ်ချုပ်နေဝင်းဟာ ဆိုရှယ် လစ်လမ်းစဉ်ကို လိုက်ခဲ့ပါတယ်။ ပြီးတော့ ဗြိတိသျှအစိုးရက စီးပွားရေးလုပ် ဖို့ခေါ်သွင်းလာတဲ့ အိန္ဒိယန်းတွေကို အိန္ဒိယပြန်ပို့ခဲ့တယ်။ အဲဒီ အိန္ဒိယန်းတွေ က စီးပွားရေးနဲ့ ကူသန်းရောင်းဝယ်ရေး ကျွမ်းကျင်သူတွေပါ။ သူတို့ကိုပြန်လွှတ်၊ တံခါးပိတ်ဝါဒကျင့်သုံးပြီး မြန်မာလူမျိုးတွေအချင်းချင်းပဲ စီးပွားရေးလည်ပတ်နေတော့ နိုင်ငံလည်း နှစ်ပေါင်းလေးဆယ်လောက် သေသွားတယ်။

လွန်ခဲ့တဲ့ ဆယ်နှစ်ဝန်းကျင်လောက်ကတော့ ဗိုလ်ချုပ်ကြီးတွေထဲမှာ ဥာဏ် ရည်ဥာဏ်သွေး အထက်မြက်ဆုံးဖြစ်တဲ့ ခင်ညွှန့်နဲ့ ကျွန်တော်အဆက် အသွယ်ရှိခဲ့ပါတယ်။ ဗိုလ်ချုပ်ကြီးတွေထဲမှာ ပြုပြင်ပြောင်းလဲရေးလုပ်ဖို့ စိတ် ဝင်စားတာလည်း သူတစ်ယောက်ပဲ ရှိပါတယ်။ ဆူဟာတို့လမ်းစဉ်ကိုလိုက်ဖို့ သူ့ကို ကျွန်တော်တိုက်တွန်းခဲ့ပါသေးတယ်။ စစ်ဝတ်စုံကိုချွတ်၊ နိုင်ငံရေးပါတီထောင်၊ ရွေးကောက်ပွဲနိုင်အောင်လုပ်၊ လူထု ရဲ့ထောက်ခံမှုရလာပြီဆိုရင် စီးပွားရေးတံခါးဖွင့်လိုက်လို့ ပြောခဲ့ပါတယ်။ ကျွန်တော်ပြောပြီးလို့ မကြာခင်မှာပဲ ခင်ညွှန့်လည်း အဖမ်းခံလိုက်ရပြီး နေ အိမ် အကျယ်ချုပ် အချခံလိုက်ရပါတော့တယ်။ အဲဒီနောက် မြန်မာစစ်တပ်နဲ့ ကျွန်တော်လည်း အဆက်အသွယ်မရှိတော့ပါဘူး။ နောက်ပြီး မြန်မာပြည် သွားပြီး တိုက်တွန်းနေလို့လည်း စင်္ကာပူအတွက် အကျိုးအမြတ် ဘာမှမရှိနိုင် ဘူးလို့လည်း သုံးသပ်မိပါတယ်။
နိုင်ငံတော်တော်များများကြိုးးစားခဲ့ကြပြီး ဘယ်သူမှလည်း အောင်မြင်မှု မရရှိခဲ့ကြပါဘူး။ ဒါကြောင့် ဒီ အလုပ်ဟာ ကျွန်တော်လုပ်ရမယ့်အလုပ်လို့ မထင်တော့ပါဘူး။

ဆက်ရန်
ဇင်ဝေသော်

ဒကာကြီး စင်္ကာပူရောက်ခိုက် ရှယ်လိုက်ဦးမယ်


ကမ်းလက် shared Aye Lin's photo.
 
"သူသာဆိုရင်..."
(စင်္ကာပူ ကျွန်းနိုင်ငံလေး တစ်နိုင်ငံကို လွန်ခဲ့တဲ့ နှစ် ၅၀ လောက်က စစ်ဗိုလ်ချုပ်ကြီး တစ်ဦးက အာဏာသိမ်းအုပ်ချုပ်ခဲ့ပြီး
နှစ် ၅၀ ကြာသည်ထိ တိုးတက်မှုမရှိ ငတ်ပြတ်လာတော့ စင်္ကာပူ ပြည်သူတွေက ကွန်ပလိန့်တက်(အပြစ်တင်) ကြရင် ဗိုလ်ချုပ်ကြီးက ဒီလိုပြောမယ်ထင်တယ်။)
"မိဘပြည်သူများခင်ဗျား"
-ကျနော်တို့မှာ ရေတောင်လုံလောက်အောင် မရှိဘူး။
-ပထဝီဝင်အနေအထားအရ တဖက်မှာ မလေးရှား နဲ့ အခြားတဖက်မှာ အင်ဒိုနီးရှား ဆိုတဲ့ လူဦးရေများတဲ့ နိုင်ငံကြီးတွေရှိနေတယ်။ အဲဒီနိုင်ငံကြီးတွေက တလက်မမှ မကျူးကျော်အောင် ကျနော်စစ်တပ်ကြီးနဲ့ ကာကွယ်နေရတယ်။
-နောက်အဲဒီနိုင်ငံတွေက မွတ်ဆလင်တွေဖြစ်နေလို့ ဘာသာရေးအရလည်းကာကွယ်နေရတယ်။ လိုအပ်ရင် အရိုးကို စည်းရိုးထိုးပြီးကာကွယ်ရအုန်းမယ်။
- ဂျိုရောင်း နဲ့ ဝု(ဒ်)လင်း ဘက်က မလေးတွေကတမျိုး၊
ဆီရန်ဂူး နဲ့ မူစတာဖာ ဘက်မှာရှိတဲ့ တမီလ်ကုလားတွေကတမျိုး၊
ချိုင်းနားတောင်း ဘက်မှာရှိနေတဲ့ တရုတ်တွေကတမျိုး နဲ့ အမျိုးသားစည်းလုံးညီညွတ်ရေးလည်းလုပ်နေရသေးတယ်။
နောက် မရင်နာဘေး ဘက်မှာလည်း အင်ဒိုနီးရှားကို စောင့်ကြည့်နေရတယ်။
-သူများနိုင်ငံတွေလို သယံဇာတ တွေရှိတာမဟုတ်ဘူး။
-ဒီလိုနိုင်ငံကျဉ်းကျဉ်းလေးမှာ ဝင်ငွေကရှိတာမဟုတ်ဘူး။
-ဒီတော့ ပညာရေးရင်းနှီးမြှုပ်နှံမှုတွေလာမပြောနဲ့။ ပညာရေးဟာ ငွေဖြုန်းနေတာပဲ။
-အလုပ်လုပ်နိုင်တဲ့အရွယ်ရောက်ရင် တံငါအလုပ်ကို ကြိုးစားပမ်းစားလုပ်ကြစမ်းပါ။ ငါး ပုဇွန်များများဖမ်းနိုင်တဲ့တနေ့ တိုင်းပြည်ချောင်လည်လာမှာဘဲ။
-ခုလို ဘာမှမရှိတဲ့ ကျွန်းလိုတိုင်းပြည်ကို အနစ်နာခံပြီး မပြိုကွဲအောင် ထိန်းပေးထားတဲ့ စစ်တပ်နဲ့ အစိုးရကို ကျေးဇူးမကန်းပါနဲ့။
-ရေလျှော့သောက်ပါ။ ဖြစ်နိုင်ရင်ရေမချိုးပါနဲ့။
-ဆန်ပြုတ်လျော့သောက်ပါ။
-ငါးပုဇွန် ပိုဖမ်းကြပါ။
-အဲ တိုင်းပြည်အချုပ်အခြာ အာဏာထိပါးရင်၊ နိုင်ငံတော်ကိုအကြည်ညိုပျက်စေရင် အစိုးရအနေနဲ့ ခင်ဗျားတို့ကိုသည်းခံမှာမဟုတ်ဘူး။
ခင်ဗျားတို့မှာ ပြေးစရာမြေမရှိဘူး။ ပြေးစရာ ပင်လယ်ရေထဲပဲရှိတယ်။
လို့ မိန့်ခွန်းပြောမလားဘဲ။

သူတို့ ဒိုင်ယာလော့ဂ် ခိုးတင်တာ


ဒီလို ....
"ဘာလုပ်နေတာလဲ"
"စာဖတ်နေတာ"
"ဘာစာအုပ်လဲ"
"နားဝင်မချို"
"အော် စင်္ကာပူက ဆရာတစ်ယောက် ရေးတာ၊ အခု သူသေသွားပြီ"
"သေတာက အင်တာဗျူးဖြေသွားတဲ့ လီကွမ်းယုပါ။ ဘာသာပြန်တဲ့လူက မသေသေးဘူး"
"ဟုတ်လား၊ သူက မသေသေးဘူးလား"

Neither Holy, Nor Roman, Nor an Empire


သမိုင်းထဲက "Holy Roman Empire" နဲ့ပတ်သက်လို့ ဗော်လ်တိုင်းယားက
"Neither Holy, Nor Roman, Nor an Empire" လို့ အဓိပ္ပါယ်ပါပါ သရော်ခဲ့ပါတယ်။
(ဟင်နရီ ကစ်ဆင်းဂျား (World Order, Page 14)

ဒါဆို "ပြည်ထောင်စု အမျိုးသားလွှတ်တော်" ဆိုတာကိုရော ဘယ်လိုပြောကြမလဲ။
ဒီကရှေ့ ဟင်နရီ ကစ်ဆင်းဂျားရဲ့ World Order ထဲက စာပိုဒ်လေးတွေ တက်လာစရာ ရှိပါတယ်။

ရင့်ကျက်တဲ့အစိုးရ


ရင့်ကျက်တဲ့အစိုးရတွေဆီကပဲ ဒီလိုစကားမျိုးတွေ ကြားရတတ်တယ်။
Yes, we made the mistake. We are deeply sorry about that.

ဖေ့စ်ဘုတ်ရဲ့ ဇင်ဝေသော်အတွက် သတ်မှတ်ချက်


ကိုယ့်ကိုယ်ကိုတောင် ဘာမှန်းမသိသေးဘူး။ ဒါက ဖေ့စ်ဘုတ်ရဲ့ ဇင်ဝေသော်အတွက် သတ်မှတ်ချက်။ ဘယ်လို သတ်မှတ်လိုက်သလဲဆိုတာတောင် မသိဘူး။။

Location - Living In:Singapore
Interests:Politics and social issues, Poetry, Higher education.

Mr Lee sounding a giant bell on a visit to the Shwedagon Pagoda in January 1986.