ကျနော်နဲ့တောင်ပေါ်သားများ


တောင်တန်းကြီးရာ ခင်ဗျားကလည်း မြင့်မောက်လိုက်တာ၊ ကျနော်သယ်လာရတဲ့ ၀န်ထုပ်ကအလေးကြီးဗျ ဟု လူငယ်က ငြီးလေသည်။
ကောင်လေးရာ အဲဒါ မင်းဘာသာသယ်တဲ့ ၀န်ထုပ်ပဲ၊ ငါက ဘာတတ်နိုင်မှာလဲ ဟု တောင်တက်လမ်းက ပြန်ပြောသည်။

ဝန်ထုပ်ကြီးရာ ခင်ဗျားကလည်း လေးလိုက်တာ၊ ကျနော်က မတ်စောက်တဲ့ တောင်တက်ခရီးကို တက်နေရတာဗျ ဟု လူငယ်က ပြောပြန်သည်။
ကောင်းလေးရာ၊ အဲဒါ မင်းရွေးတဲ့လမ်းပဲဟု သူ့ဝန်ထုပ်က သူ့ကိုပြောလေသည်။

ထို့နောက် လူငယ်သည် ဘာစကားမှ မပြောတော့ပဲ သူ့လမ်းကို သူလျှောက်နေတော့သည်။

ရှောင်ရင်းပြေးရင်းနဲ့ မေဝဲသား ကမ္ဘာ့ချန်ပီယံ ဖြစ်သွားပြီးနောက်


ချယ်လ်ဆီး အငြင်းပွားဖွယ်မရှိ ပရီမီယားလိဂ် ချန်ပီယံဖြစ်သွားပါပြီ။ ကွန်ဂရက်ကျူလေးရှင်းပါ။
ရှောင်ရင်းပြေးရင်းနဲ့ မေဝဲသား ကမ္ဘာ့ချန်ပီယံ ဖြစ်သွားပြီးနောက်....
ဒီနေ့ ချယ်လ်ဆီး ပရီမီယားလိဂ် ချန်ပီယံဖြစ်သွားပြီဆိုတဲ့နောက်......
အိုးလ် လေဒီ ဂျူပင်တပ်စ်က ဘာစီလိုနာ၊ ဘိုင်ယန်မြူးနစ်နဲ့ မက်ဒရစ်တို့ကို အနိုင်ယူပြီး (ခံစစ်အားကိုးလေးနဲ့) ချန်ပီယံလိဂ်သရဖူဆောင်းဖို့ပဲ ကမ္ဘာက စောင့်မျှော်နေကြောင်း။

သိပ်တောင့်တင်း သိပ်ကောင်းတဲ့အသင်း ဘာညာပေါ့


ရီရတယ်။ မန်ယူက နည်းပြရော ကစားသမားတွေပါ အမြှောက်ကြိုက်တွေ။ အူတူတူတွေ။
အယ်ဗာတန်နည်းပြရော ၀က်စ်ဘရောင်းနည်းပြရောကပြောတယ် မန်ယူက နောက်နှစ်ဆို ပရီမီးယားရော ချန်ပီယံလိဒ်ပါချိန်နိုင်တဲ့အသင်း၊ သိပ်တောင့်တင်း သိပ်ကောင်းတဲ့အသင်း ဘာညာပေါ့။ ပြီးတော့ နှိပ်ကွပ်သွားတယ်။ ဘောပိုင်ဆိုင်မှု ၇၅၊၊ နိုး ဂိုး။ ပေးဂိုး ၄။ ဟဲဟဲ ချိန်ပေါ့ ချန်ပီယံလိဒ်။

မေဝဲသားနောက်


ဒီနေ့
မေဝဲသားနောက်
ချယ်လ်ဆီး ချန်ပီယံ ဖြစ်မယ့်နေ့ထင်တယ်။

လက်နှစ်ဖက်ကို ဖြတ်ပေးပါ


ကျနော် ဆရာဝန်ဆီသွားတယ်။
ဆရာဝန်က"ဘယ်လိုဖြစ်တာပါလိမ့်"
" အိပ်မက်တစ်ခုတည်း ညတိုင်း ထပ်တလဲလဲမက်နေလို့ပါ ဒေါက်တာ၊ အိပ် မက်ထဲမှာ ကောင်မချောချောလေးတွေက ကျနော့်ဆီ ပြေးပြေးလာတယ်၊ ကျနော်က သူတို့ကို တွန်းတွန်းလွှတ်တယ်"
"ဒါနဲ့ပတ်သက်လို့ ကျနော် ဘာလုပ်ပေးနိုင်မလဲ"
"ကျနော့် လက်နှစ်ဖက်ကို ဖြတ်ပေးပါ"

I went to the doctors. He said 'What appears to be the problem?'.
I said 'I keep having the same dream, night after night, beautiful girls rushing towards me and I keep pushing them away'.
He said 'How can I help?'.
I said 'Break my arms!'

(Tommy Cooper Jokes)
23/05/2014