စာရေးရာမှာ ပင်ကိုယ်ရေးနဲ့ဘာသာပြန် မတူဘူး။


ဘာသာပြန်ရာမှာလည်း စာလေး၊ ကျမ်းကြီးတွေပြန်ရတာနဲ့ ခပ်ပေါ့ပေါ့ ဝတ္ထု ကို ပြန်ရတာ မတူဘူး။ကိုယ်တိုင်သိပြီးပြီ။
ကျမ်းကြီးမှာ ဘာသာရပ်နဲ့အဓိပ္ပါယ် တတ်နိုင်သမျှ နီးစပ်အောင် အားစိုက်ရပြီး ဝတ္ထုက ရသမပျက်အောင် ခံစားမှုပိုအားစိုက်ရတယ်။
ဘယ်ဟာမှ မလွယ်ဘူး။ အရင်က ဝတ္ထုဘာသာပြန်ကို ခပ်လွယ်လွယ်ပါလို့ ထင်တားတဲ့ကောင်လေ.....
ဆရာကြီးမြသန်းတင့်က မျက်မှန်များ ကျော်ကြည့်နေလေမလား။ မစ္စတာချိုင်းနား။

ကျုပ်တို့ကပြည်သူတွေပါမောင်



ကျုပ်တို့ကပြည်သူတွေပါမောင်
Posted by The Villager Music on Tuesday, May 19, 2015

ဟဲဗီးဝိတ်တွေရဲ့စာအုပ်တွေထွက်ချိန်ဆိုတော့ ဒါလေးတွေကို မဖြန့်ရဲသေးဘူး


ဟဲဗီးဝိတ်တွေရဲ့စာအုပ်တွေထွက်ချိန်ဆိုတော့ ဒါလေးတွေကို မဖြန့်ရဲသေးဘူး။ ခဏ အချိန်ဆွဲထားရတယ်။


ဘူးလက်လှဆွေရဲ့ စာတွေကို အင်္ဂလိပ်လိုပြန်ပြီးလည်း ထုတ်သင့်တယ်


ကမ်းလက် shared M Zaw Moe's post.
 ဘူးလက်လှဆွေရဲ့ စာတွေကို အင်္ဂလိပ်လိုပြန်ပြီးလည်း ထုတ်သင့်တယ်။ ဒါမှ ကမ္ဘာ့စာဖတ်ပရိသတ်တွေပါ အကျိုးရှိမှာ။ ဘယ်သူပြောနိုင်တာမှတ်လို့။ ဖရီးဒမ်းဖိုက်တာတို့ကိုတောင် ကျော်သွားနိုင်တယ်။
 

 
 

Pace-maker


သီဟိုဠ်ဆရာတော်ကြီးကလည်း သမ္မတလိုပဲ Pace-maker တပ်ထားရရှာတယ်။
သူ့ကျောင်းမှာ အဆင်းအတက်ခက်လို့ ဒီကျောင်း အောက်ထပ်ကအခန်းမှာ သီတင်းသုံးနေလေရဲ့။
ဒီနေ့မနက် ဆရာဝန်ဆီသွားပြရတယ်ဆိုလို့ နေ့ခင်းက နေကောင်ပါသလား လို့ လျှောက်လိုက်တော့ ကောင်းကောင်းမကြားဘူးထင်ပါရဲ့ (၈၃နှစ်ရှိပြီ)
ဒေါ်လာ ၁၄၀၀ ပေးခဲ့ရတယ်လို့ ဖြေသွားတယ်။

ရိုဟိန်ဂျာနဲ့ပတ်သက်လို့ အမေရိကန်က တစ်ခုခုလုပ်ရမယ်ဆိုတဲ့ဆောင်းပါး ပါလာတယ်


သမိုင်းအရဆိုရင်တော့ ဘော့စ်စနီးယန်းတွေ အငိုကောင်းလို့ အမေရိကန်က စီဗီလိုက်ဇေးရှင်းလိုင်းကိုဖောက်ပြီး မွတ်စလင်ဖက်က ရပ်တည်။ အောသိုေ ဒါက်စ်နဲ့ ခရစ်ယန်တွေက ငြိုငြင်။
မွတ်စလင်တွေကိုလည်း ကတိပေးထားတဲ့အတိုင်း ဖြည့်ဆည်းမပေးနိုင်။ ဒီတော့ မွတ်စလင်တွေကလည်း မကြည်။
အဲဒီအချိန် ကုလသမဂ္ဂက တားမြစ်ထားတာကို ဂရုမစိုက်ဘဲ မွတ်စလင်နိုင် ငံတွေက လက်နက်တွေပို့ပေး။ ကတိပေးပြီး ဘာမှလုပ်မပေးနိုင်တဲ့ အမေရိ ကန်က ဒါလေးကိုတော့ မျက်ကွယ်ပြုပေးတယ်။
ဒီလိုနဲ့ အမေရိကန်ရဲ့လုပ်ရပ်ကို အောသိုဒေါက်စ်နဲ့ ခရစ်ယန်တွေကလည်း အပြစ်ဆို၊ မွတ်စလင်တွေကလည်း သူ့ကို လေလုံးထွားလို့ဆို။ အရေးအကြီးဆုံးက အရေးရယ်အကြောင်းရယ်ဆို ဘာသာတူချင်းမှ အားကိုးရ တာ ဆိုတဲ့အယူအဆ မွတ်စလင်တွေဆီရောက်သွား။
နောက်ဆုံး အော်သိုဒေါက်မြေမှာ မွတ်စလင်နိုင်ငံ တစ်နိုင်ငံ ပေါ်ထွက်လာရော။
(ဟန်တင်တန်ရဲ့ သုံးသပ်ချက်ပါ)

*****
သူရ ဦးရွှေမန်းက အိမ်ဖြူတော်မှာတောင် ရိုဟိန်ဂျာဆန့်ကျင်ရေးကို အသေရပ်တည်သွားသတဲ့။ အိမ်ဖြူတော်သတင်းထုတ်ပြန်ရေးကတောင် မြန်မာအစိုးရနဲ့ဆက်ဆံရေးပျက်မှာစိုးလို့(အဲသလို ထင်ရ) ရိုဟိန်ဂျာအမည်ကို ရှောင်သုံးသွားတယ်ဆိုပဲ။ အဲဒီဆောင်းပါးထဲမှာ။

တရုတ်ပြည်မှာက ရီဆိုက်ကယ်ဗူးတွေပဲသုံးတယ်


ကွာလတီ ကွန်ထရိုးနဲ့ပတ်သက်လို့လား။ တချို့ဘီယာဗူးတွေက အခွံတွေ၊ အထဲမှာ ဘီယာ လက်နှစ်သစ်လောက်ပဲပါတယ်။ တရုတ်ပြည်မှာက ရီဆိုက်ကယ်ဗူးတွေပဲသုံးတယ်၊ ကျနော်ကောက်ကိုင်မိတဲ့ ဘီယားဗူးက အရင်တံဆိပ်ဟောင်း ပျက်အောင် မဖျက်တော့ ပဲငံပြာရည်ဆိုတဲ့တံဆိပ်က ထင်းလို့၊ အညိုရောင်။
နောက်တစ်ဗူးကတော့ ကြက်သွန်ဖြူချဉ်ရောင်းထားတဲ့ဗူး၊ ပြောင်အောင် မဆေးဘဲ ဘီယာထည့်ပိတ်လိုက်လိုက်တော့ ကြက်သွန်ဖြူ တွေကအထဲမှာ ကျန်နေပြန်ရော။

ကျနော်တို့ မူရင်းတံဆိပ်က ကြယ်ငါးပွင့် ဘီယာပါ။ ဒါကို မန်နေဂျင်းဒါရိုက်တာ က ဈေးကွက်ထဲဝင်ဖို့ဆိုပြီး တံဆိပ်တွေ ခွဲပါလေရော။ ကြယ်ရှစ်ပွင့်၊ ကြယ်ကိုး ပွင့်၊ ဘီယာဖြူ၊ ဘီယာပြာ၊ ဖရီးဒမ်းဘီယာ၊ နာမည်အားလုံးကို ကျနော် မမှတ် မိဘူး။ နောက်ပြီး တံဆိပ်အရောင်က ဖြူ၊ ပြာ၊ ရွှေ၊ ဖြူ ပြာ ရွှေပေါင်းစပ်။
သူ ကိုကာကိုလာသောက်နေတာနဲ့ အဲဒီ မန်နေဂျင်းဒါရိုက်တာကို
"အပြာရောင် ကိုကာကိုလာ တွေ့ဖူးသလား" မေးတော့
"မတူဘူးလေ၊ အဲဒါက အချိုရည်" လို့ ဖြေတယ်။
ဒါနဲ့ "ရွှေရောင် ဟန်နီကယ်၊ ကားလ်စ်ဘတ် ရှိလား" မေးတော့
"ဒါက နိုင်ငံခြားဘီယာပဲ၊ ဘာမှ မဆိုင်ဘူး" တဲ့။
ကျနော် ဘယ်လောက်စိတ်ပျက်ရသလဲဆိုတာ ပြောဖို့တောင် မလိုတော့ပါဘူး။
(Mr China)

Reading between the lines


၁။ ချစ်သားတို့ ခရီးထွက်ကြ၊ တစ်ကြောင်းတည်းသောခရီးမှာ နှစ်ပါးမသွားနဲ့။
၂။ ဝါတွင်း သုံးလကာလအတွင်း ခွင့်ပြုထားသောအကြောင်းမျာမှလွဲ၍ ခရီးမထွက်ရ။

ဘုရားဖြစ်စ၊ သံဃာထောင်စမှာ သာသနာပြန့်ပွားဖိုအတွက် (၁) ကို မိန့်ခဲ့ပြီး (ထိုစကားကို အကြိမ်ကြိမ်မိန့်ခဲ့သည်မဟုတ်၊ အနေအထားကိုကြည့်၍ မိန့်သည်ဟု ပညာရှင်တို့ ယူဆကြသည်)။သံဃာအရေအတွက်များ၊ ခရီးထွက်များလာသည့်အခါ မသိမသာပင် ပြန်ပိတ်ခဲ့ရသည် "Open and close policy" (၂) ဟု ယူဆနိုင်ပါသည်။ ခရီးထွက်ခြင်းကို ဘုရားအားပေး၊ မပေးကိစ္စက ဘာအတွက် ခရီးထွက်သလဲနဲ့သာ သက်ဆိုင်ပါလိမ့်မည်။

သူဟာ လစ်ဗင်း လဲဂျင့်ပါ


ကလပ်အပေါ် သစ္စာစောင့်သိခြင်းလား၊ ခေတ်သစ်ဘောလုံးလောကကို နားမလည်ခြင်းလား။ ပြောချင်ရာ ပြောပေါ့။
ဖာဂူဆန်ခေါ်ချိန်က သွားခဲ့ရင် စတိဗ်ဂျီဟာ ပရီးမီးယားလိဂ်ချန်ပီယံဆု အနည်းဆုံး ငါးဆု (ဟောလီးဝုဒ်၊ ကမ္ဘာကျော်ဘောလုံးသမားတွေရဲ့ သင်္ချိုင်း) မသွားခင် ရနိုင်လိမ့်မယ်။
မော်ရင်ညိုကဆို သူ့နေညိုချိန်မှာတောင် တသသလွမ်းဆဲ...
ဘယ်လိုပဲဆိုဆို ပရော်ဖက်ရှင်နယ် အဆန်းဆုံး၊ လူသားအဆန်ဆုံးနဲ့ ကြားနေပရိသတ်တိုင်းရဲ့ လက်ခုပ်သံအရဆုံးတွေထဲမှာ စတိဗ်ဂျီရဲ့နာမည် ထာဝရရှိနေလိမ့်မယ်။ သူဟာ လစ်ဗင်း လဲဂျင့်ပါ။

ရွာသားရဲ့ ရှင်၅၀၀၀


ရွာသားရဲ့ ရှင်၅၀၀၀ အလှူကိစ္စကို
သမ္မတကူ၊ သာအေးကူ၊ ရွှေသံလွင်ကူပါလျက်
ရွှေမိုးကမကူတော့
ရူးချင်ယောင် ဆောင်နေရပါကြောင်း။
(ရွာမှာတော့ ပွဲကြီးလမ်းကြီးနဲ့ ရှင်ပြုထားတဲ့ကိုယ်တော်တွေထက် ငှက်ပြောပွဲလေးနဲ့ရှင်ပြုခဲ့တဲ့ကိုယ်တော်တွေက ခြေပိုစွာသဗျာ)