အယ်ဒီတာရဲ့ အက်သစ်


ရဟန်းဝတ်ဖော်ပြထားပြီး လီကွမ်းယု၊ ဟန်တင်တန်နဲ့ သူတို့ စာအုပ်အမည်တွေပါ အတိအကျထည့်လိုက်ရင် ဘာမှမဖြစ်ပေမဲ့ အမြင်မတူသူတွေ စိတ်ကသိကအောက်ဖြစ်နိုင်လို့ ရှောင်ရေးသွားခဲ့တယ်။ အထူးသဖြင့် ဂလိုဘယ် ပေါ်လစ်တစ်ဆိုတဲ့စကားကို ရှောင်ရေးသွားပါတယ်၊ လေးစားစရာ၊ အတုခိုးစရာပါ။ တလောက မြန်မာ ဂျာနယ်တစ်စောင်နဲ့တော့ ကွာလှပါတယ်။

ဒီအပိုဒ်မှာ မလိုတမာရေးမယ်ဆို "ရဟန်းဝတ်ပြီး ယောက်ျားလိုလို၊ မိန်းမလိုလို ဇင်ဝေသော်ဆိုတဲ့ ကလောင်အမည်နဲ့ မဆီမဆိုင် ကမ္ဘာ့နိုင်ငံရေးတွေ ဘာသာပြန်နေတဲ့" လို့ရေးရင် ရတာပဲ။ အယ်ဒီတာဟာ စာလုံးပေါင်းအပြင် စားရေးသူရဲ့ ပုဂ္ဂလိကဆန်တဲ့ စွပ်စွဲမှုတွေကိုလည်း တည်းဖြတ်ရပါတယ်။ ဒါမှ စံဝင်တဲ့ အယ်ဒီတာဖြစ်ပါတယ်။

သူများပြောတဲ့ ကိုယ့် ပရိုဖိုင်။


အဘိဓမ္မာသင်တန်း ပို့ချတယ်ဆိုတာကလွဲရင် အမှန်တွေပါ။ သူတော်ကောင်းတွေ သင်ယူနိုင်၊ ပို့ချနိုင်အောင် နေရာစီစဉ်ပေးရုံပါ။



ဇင်ဝေသော်၊ ဇင်ဝေသော်နဲ့


"ဇင်ဝေသော်၊ ဇင်ဝေသော်နဲ့ ဘာသာပြန်စာအုပ်တွေဖတ်ပြီး အထင်ကြီးမိတာ။ အင်္ဂလိပ်စာတတ်တာပါ၊ အတွေးအခေါ်က ချာပါ့"
"ဟိုက် အသားလွတ်ကြီးပါလား၊ ငါရေးတာကလည်း ဘုံဝါဒ။ မင်းနဲ့ငါ၊ ငါတို့နဲ့ သူတို့၊ အရှေ့နဲ့အနောက် ကမ္ဘာရဲ့ နှစ်ခြမ်းကွဲ ပါရာဒိုင်းအကြောင်ပါ၊ ဘလော့တယ်ကွာ"
"ဒီမိုချာကြီးက ဘလော့သွားတယ်၊ သူတို့ပြောတဲ့ လွတ်လပ်စွာ ပြောရေးဆိုခွင့်က ဘာလဲ" တဲ့။

ဟ ကောင်လေးရ၊ ဒီမိုကရေစီဆိုတာ သူ သန့်ရှင်းထားတဲ့ ကွင်းပြင်ပေါ် မင်းကို လွတ်လွပ်စွာ အီအီးပါခွင့်ပေးတာ မဟုတ်ဘူး ဟ။

ကစ်ဆင်းဂျား ပြောတာနော်၊ စာစစ်ရင်း တွေ့မိလို့ တင်လိုက်တာ။


တော်လှန်ရေးပြီးစကာလက အုပ်ချုပ်သူတွေဟာ တော်လှန်ရေး အကွဲအပြဲ ကြားကနေ ပေါ်ထွက်လာတဲ့ လူတွေသာ ဖြစ်နေပြီး နိုင်ငံရေး သဘော တရားတွေနဲ့ ပတ်သက်လို့ ကျွမ်းကျင်မှု မရှိကြဘူး။ သူတို့ကပဲ လူကြိုက်များ တဲ့ အမျိုးသားရေးဝါဒကို ရှေ့တန်းတင်ကြွးကြော်လာကြလို့ ဒီမိုကရေစီ မကျတဲ့ အမျိုးသားရေးဝါဒတွေ အရှေ့အလယ်ပိုင်းမှာ အမြစ်တွယ်လာခဲ့တယ်.....................။

နောက်ခံသမိုင်းအားဖြင့် သူတို့နဲ့တူညီတဲ့ အီရတ်ရဲ့ ဆက်ဒန်ဟူစိန်ကတော့ ပိုပြီး အစွန်းရောက်တဲ့ ဘာသာရေး ဘက်မလိုက် စစ်အုပ်ချုပ်မှုနဲ့ အုပ်ချုပ်နေ ခဲ့ပြီး သူအုပ်ချုပ်စဉ် ၁၉၇၀ နဲ့ ၁၉၇၉ ကာလအတွင်းမှာ ခြိမ်းခြောက်မှုတွေေ ရာ၊ ရက်စက်မှုတွေပါ ပါဝင်ခဲ့တယ်။ (အစတော့ အမှန်တကယ် အမျိုးသားခေါင်းဆောင်ပါ၊ နောက်တော့ သူက သမ္မတဖြစ်သွားတယ်)

(World Order)


ကစ်ဆင်းဂျားကတော့ လုပ်ပြန်ပြီ....


အဲဒီအချိန်က အရှေ့အလယ်ပိုင်းရှိ စစ်အစိုးရတွေ၊ ဘုရင်တွေနဲ့ အာဏာရှင် အစိုးရတွေဟာ သဘောထားကွဲလွဲမှုကိုပဲ သူတို့ကို အကြည်ညိုပျက်အောင် လုပ်မှုလို့ ယူဆထားကြတော့ ဖွံ့ဖြိုးတိုးတက်တဲ့လူ့အဖွဲ့အစည်းဖြစ်ဖို့ (သို့) ဗဟုဝါဒ ယဉ်ကျေးမှုထွန်းကာဖို့ အခွင့်မသာခဲ့ဘူး ဖြစ်သွားပြီး အဲဒီ အကျိုးဆက်တွေက (၂၁) ရာစုရောက်ချိန်အထိ အမျှင်မပြတ်နိုင် ဖြစ်သွားခဲ့ရပါတယ်။

ပြောသွားတာ အတိအကျပဲ။ လိုက်မယ်ဆို ကွင်းဆက်တွေ။


ဆရာတော်ရဲ့ ပြောစကားနောက်ကွယ်မှာ ဘယ်သူတွေ ဘာလုပ်သလဲ သိချင်ရင် နာထောင်ကြည်ပါ
Posted by အမှန် တရား ဘက်တော်သား on Saturday, August 29, 2015

ဖေ့ဘုတ် ဒီမိကရေစီ


ဒီမိုကရေစီမှာ ပုဂ္ဂလိက လွတ်လပ်ခွင့်နဲ့ ပတ်ဘလစ် လွတ်လပ်ခွင့် ရှိပါတယ်။
သူပိုင်၊ သူ့မြေ၊ သူ့အိမ်တွင်းမှာ သူဟာ လွတ်လပ်ခွင့်အပြည့်ရှိပါတယ်။ အစိုးရ အရာရှိ၊ သမ္မတဖြစ်ရင်တောင် သူ့ခွင့်ပြုချက်နဲ့မှ ဝင်လို့ရပါတယ်။
ဒါပေမဲ့ သူ့ခြံဝင်းအပြင်ထွက်တာနဲ့ သူဟာ ပတ်ဘလစ် လွတ်လပ်ခွင့်ကို လေးစားရပါတယ်။ သူ့ အိမ်ဝင်းထဲက ဥပဒေကို ချန်ထားခဲ့ရပါတယ်။
ဖေ့ဘုတ်ဟာ လစ်ဘရယ် ဒီမိုကရေစီကို ကိုယ်စားပြုပါတယ်။
သူ့ ဝေါပေါ် သွားရေးရင် သူ့ဥပဒေကို လေးစားပါ (သူ့မှာ လုပ်ပိုင်ခွင့် အပြည့်ရှိ)
ကိုယ့်ဝေါပေါ် လာရေးရင် ကိုယ့်မှာ ဆုံးဖြတ်ခွင့်ရှိ။ (ကိုယ့်မူကို ကိုယ်ထိန်းသိမ်းခွင့်ရှိ)
အပြင်ထွက်တာနဲ့ ဘုံဥပဒေကို လေးစားပါ။ မဆဲနဲ့၊ အသားလွတ် မစော်ကားနဲ့၊ ဒါပါပဲ။
ဒါဟာ ဒီမိုကရေစီပါ။

အချင်းချင်းသာ ကစောင်းစေးနဲ့ မျက်ချေး


၁။ သူတို့က သိပ္ပံဆိုတောလည်း သိပ္ပံလိုက်ရတာပေါ့လေ။ တီဗွီအကြည့်များ၊ အင်တာနက်အသုံးများတဲ့ကျောင်းသားက ပညာရေးမှာ အမှတ်လျော့တတ် သတဲ့။ ဒါများ ကိန်းဘရေ့ဂ်ျ ဆရာကြီးတွေက သုတေသနပြုနေရသေး တယ်။ မြန်မာပြည်က မိဘတွေဆို ကလေးတွေကို တိဗွီရှေ့ကနေ အတင်းမောင်းထုတ်ပြီး သူတို့ခမျာ ကေ ဒရားမား ကြည့်နေရရှာတာ။ ပညာရေး ထိုခိုက်လို့ပေါ့။ ဟိုကလေးကလည်း တိဗွီရှေ့မှာသာမရှိတော့တာ ဟန်းဖုန်းရှိနေတော့ ပွတ်နေ ရတာပဲ။

၂။ စစ်တပ်အစိုးရကို မြန်မာနိုင်ငံရေးသမားတွေကပဲ သဘောမကျတာ ထင်နေတာ၊ မဟုတ်ဘူး၊ ထိုင်းလည်း အတူတူပဲ။ သူတို့ပါတီကြီးနှစ်ခု အချင်းချင်းသာ ကစောင်းစေးနဲ့ မျက်ချေး၊ စစ်တပ်အစိုးရကို သဘောမကျတာကြတော့ တစ်သံထဲပဲ။ သူတို့ဆွဲတဲ့ ဥပဒေမူကြမ်းကို သဘော မတူလို့ ကော်မရှင်ဥက္ကဋ္ဌ ပြန်ပြောတဲ့စကားက မဆိုးဘူး။ "အလှမယ်ကို တစ်ကိုယ်လုံးခြုံကြည့်မှ သူမအလှကို တွေ့ရမှာပေါ့၊ သူ့ ရိုးတွင်းချင်ဆီက ဘယ်လို သူ့ အသည်းက ဘယ်လို တစ်စစီခွဲကြည့်ရင် ဘယ်မှာ အလှရှာတွေ့ပါတော့မလဲ" တဲ့။

တော်သေးတယ်၊ ၃၂ ကောဋ္ဌာသ ပြည့်အောင်ပြောမသွားလို့။ ဗုဒ္ဓဘာသာနိုင်ငံတွေက ဘာလုပ်လုပ် ဘုရား အိုင်ဒီယာတော့ ပါလိုက်ရမှ။


မြားနတ်မောင်ဘွ

ဇင်ဝေသော်ရဲ့ မထွက်သေးတဲ့ စာအုပ်

အနာဂတ်အမြင် ၂ (ကစ်ဆင်းဂျား၊ World Order)


ဒီအမြင်နှစ်ခုကြားမှာ သမားရိုးကျ အလျှော့အတင်းမရှိနိုင်ပါဘူး။ ဒီ သဘော ထား ကွဲလွဲမှုကနေတဆင့် စစ်ပွဲအသွင် ဆောင်မသွားဖို့ဟာ နှစ်နိုင် ငံ ခေါင်းဆောင်တွေအတွက် အထူးအလေးထား ဆောင်ရွက်ရမယ့် ကိစ္စ ဖြစ်နေပါတယ်။

လတ်တလော ပိုပြီးပူပန်စရာဖြစ်လာတာက မြောက်ကိုရီးယား ကိစ္စဖြစ်နေ ပြီး မြောက်ကိုရီးယားနဲ့ ပတ်သက်လို့ တော့ (၁၉) ရာစုက ဘစ်(စ်)မာ့(ခ) (Bismarck) ရဲ့
“ကျွန်တော်တို့ဟာ အလွန်စိတ်ဝင်စားစရာကောင်းတဲ့ ခေတ်ကြီးထဲမှာ လူဖြစ်နေကြရတာပါ။ သိက္ခာစောင့်စည်းရမှုတွေကြောင့် အားကြီးတဲ့ နိုင် ငံတွေက အားနည်းလာနေပြီး အားနည်းတဲ့နိုင်ငံတွေက ဘာမှမစဉ်းစားဘဲ လုပ်စရာရှိတာ တွေကို လက်ရဲဇက်ရဲ လုပ်ချလိုက်လို့ အားကောင်း လာနေ ပါတယ်” ဆိုတဲ့ ဆိုရိုး စကားနဲ့ တစ်ထပ်တည်းကျနေပါတယ်။

မြောက်ကိုရီးယား အုပ်ချုပ်နေပုံဟာ ဘယ် ဥပဒေနဲ့မှ မညီညွတ်ပါ ဘူး။ နောက်ဆုံး သူတို့ကြွေးကြော်နေတဲ့ ကွန်မြူနစ် ဥပဒေနဲ့တောင် မညီ ညွတ်ပါဘူး။ သူတို့အဓိကရည်ရွယ်ချက်က အနုမြူ လက်နက်အနည်းငယ် ပိုင်ဆိုင်ထားဖို့မျှသာဖြစ်ပြီး အမေရိကန်နဲ့ စစ်ဖြစ်ရလောက် အောင်လည်း စစ် အင်အားမရှိဘူး။ ဒါပေမဲ့ အနုမြူလက်နက် ပိုင်ဆိုင်ထားမယ်ဆိုရင် လက်ရှိ စစ်တပ်အင်အားထက်တော့ သာသွားပါလိမ့်မယ်။ နောက် ပြီး မြောက် ကိုရီးယားက ဂျပန်နဲ့တောင်ကိုရီးယားတို့ အနုမြူပိုင်ဆိုင် ချင်လာအောင် လှုံ့ဆော် နေသလိုလည်း ဖြစ်နေပြန်ပါတယ်။ မြောက် ကိုရီးယားဟာ မနိုင်ဝန်ကို ၀င်ထမ်းရင်း ဒုတိယအကြိမ် မြောက်ကိုရီးယား ကျွန်းဆွယ်စစ်ပွဲဖြစ်ပွားဖို့ ဖန်တီးနေသလို ဖြစ်နေပါတယ်။

တရုတ်ပြည်ကလည်း မြောက်ကိုရီးယားနဲ့ ပတ်သက်လို့ အမြင်အမျိုးမျိုး ရှိ နေနိုင်ပါတယ်။ ကိုရီးယားစစ်ပွဲဟာ တရုတ်ပြည်အတွက် “ရာစုတစ်ခုကြာ အရှက်ခွဲ ခံနေရခြင်း” ကနေ ထွက်မြောက်နိုင်ပြီး ကမ္ဘာ့နိုင်ငံရေး ဇာတ်ခုံပေါ် “တရုတ်တက်လာပြီ” ဆိုတာကို ပြသခွင့်ရနိုင်လိမ့်မယ်လို့ တရုတ်လူမျိုး အများစုက ရှုမြင်ထားကြသလို စစ်ပွဲထဲဝင်လိုက်မိလို့ တရုတ်အနေနဲ့ ထိန်း မနိုင် သိမ်းမရဖြစ်မှာ၊ စစ်ပွဲကနေ မမျှော်လင့်တဲ့ ရေရှည်အကျိုးဆက်တွေ ရနိုင်မှာကို လည်း စိုးရိမ် နေကြပါတယ်။ ဒါ့ကြောင့် တရုတ်နဲ့ အမေရိကန် အစိုးရတွေက မြောက်ကိုရီးယား အနေနဲ့ အနုမြူလက်နက် လျှော့ချခြင်းသာ မက လုံးဝ စွန့်လွှတ် ရမယ်လို့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှာ အသံတူ တောင်းဆိုခဲ့ကြတာ ဖြစ်ပါတယ်။

ပြုံယမ်းအစိုးရအနေနဲ့ကြည့်ပြန်တော့ အနုမြူလက်နက် အစီအစဉ်ကို စွန့် လွှတ်လိုက်မယ်ဆိုရင် နိုင်ငံရေး ပြိုကွဲမှုဖြစ်သွားနိုင်ပြီး တစ်ဖက်ကလည်း အနုမြူလက်နက် အစီအစဉ်ကို စွန့်လွှတ်ဖို့အတွက် အမေရိကန်ကရော တရုတ်ကပါ လူသိရှင်ကြား တောင်းဆိုနေတယ်။ သူတို့တောင်းဆိုမှု တကယ်ပြည့်ဝဖို့ နှစ်နိုင်ငံ စလုံး တက်ညီ လက်ညီ ပါဝင်ကြမှရပါလိမ့်မယ်။

မြောက်ကိုရီးယားနဲ့ ပတ်သက်တဲ့ပန်းတိုင်ဆီ သူတို့ တကယ်ရော ရောက်နိုင် ကြပါ့မလား။
တရုတ်နဲ့အမေရိကန်တို့က လက်တွဲညီညီနဲ့ အနုမြူလက်နက်တွေ ဖျက်သိမ်း၊ အားလုံးအတွက် ပိုပြီး လုံခြုံအေးချမ်း သွားအောင် ကိုရီးယားနှစ်နိုင်ငံ ပေါင်းစည်းပေးနိုင်ကြပါ့မလား။

ဒီအစဉ်အစဉ်ဟာ “အင်အားကြီး ဆက်ဆက်ရေး ပုံစံအသစ်” ဖြစ်နေလို့ အလှမ်း ကွာလွန်းလှပါသေးတယ်။ ဒီကိစ္စမျိုးဟာ အပြော လွယ်သလောက် တကယ် အကောင်အထည်ပေါ်ဖို့ကျတော့ အချိန်အကြာကြီး လို နေတတ်ပါ တယ်။
သူတို့ရဲ့ လက်ရှိအစီအစဉ်နဲ့ ပတ်သက်လို့ တရုတ်လူထုကြီးက ဘယ်လို တုန့်ပြန်လာနိုင်တယ်ဆိုတာ မသိနိုင်ကြောင်း လက်ရှိ တရုတ်ခေါင်းေ ဆာင်တွေက သဘောပေါက်ထားကြတော့ သူတို့အတွင်းရေးထဲကို နိုင်ငံခြားသား ၀င်လာ မှာကိုကို လက်မခံနိုင်ဘူး။ ဒါ့အပြင် ဒီကိစ္စဟာ သူတို့ရဲ့ အဓိက ရပ်တည်ချက်လို့ သတ်မှတ်ထား တဲ့အတွက် တိုင်းတစ်ပါးကြားဝင်မှုကို ရှေးရှေးက တရုတ် ခေါင်းဆောင်ေ တွထက်တောင် ပိုပြီး ကာကွယ်ထားကြပါလိမ့်မယ်။ အမေရိကန် တရုတ် ပါဝင်တဲ့ ဘယ်နိုင်ငံရေး အစီအမံမျိုးကိုမဆို အင်အားချိန်ခွင်လျှာ ညှိဖို့တော့ လိုအပ်နေပါလိမ့်မယ်။ ဒါပေမဲ့ ပါဝါညှိခြင်းအစီအမံ အလုပ်ဖြစ်စေဖို့ သတ်မှတ်ချက် စံညွှန်းတွေကို သဘောတူညီမှုနဲ့ လျော့ပေါ့ စဉ်းစားပေးတာ၊ အတူတကွ ပူးပေါင်းလုပ်ဆောင်ခြင်းအားဖြင့် သဘောတူညီမှုကို အားသစ်လောင်း ပေးတာတွေ လိုအပ်နေပါတယ်။

သူတို့ရဲ့ နှစ်ဖက် သဘောတူရည်ရွယ်ချက်ဟာ အပြုသဘောဆောင်တဲ့ ရလဒ် ကောင်းတွေ ရရှိလာဖို့သာဖြစ်တယ်ဆိုတာကို တရုတ်အမေရိ ကန် ခေါင်းဆောင် တွေက လူသိရှင်ကြား ၀န်ခံထားကြပါတယ်။ ပစိဖိတ် သမုဒ္ဒရာတွင်းမှာ စစ်အင် အားတွေလျှော့ချရင်း ဒေသတွင်းဟန်ချက်ကို ထိန်းထားနိုင်ရေးအတွက် မဟာဗျူဟာ ကျ ပူးပေါင်းလုပ်ဆောင်သွားကြဖို့ တရုတ်သမ္မတနှစ်ယောက်နဲ့ (ရှီကျင့်ဖျင်နဲ့ ဟူကျင်ထောင်) အမေရိကန် သမ္မတတို့ သဘောတူထားခဲ့ကြပါတယ်။ ဒါပေမဲ့ သူတို့ကြွေးကြော်ထားတဲ့ အတိုင်း ဘာမှတော့ ထိထိ ရောက်ရောက် မလုပ်နိုင်ကြ သေးပါဘူး။

ကြော်ငြာချက်ထုတ် ပြန် ရုံနဲတော့ ပူးပေါင်းမှုက အထမမြောက်နိုင်သေး ပါဘူး။ ဘယ်သဘောတူညီမှုကမှ အမေရိကန်ရဲ့ နိုင်ငံတကာဆိုင်ရာ ပါဝင် ပတ်သက်မှု အဆင့်ကို အာမံချက် မပေးနိုင်ပါဘူး။ တကယ်လို့ အမေရိ ကန်နိုင်ငံက ပါဝါကျဆင်းစနိုင်ငံအနေနဲ့ ပါဝင်လာမယ်ဆိုရင် (တကယ်မဟုတ်၊ လုပ်သင့်လို့ ရွေးချယ်လိုက်တာမျိုး) ဒုတိယကမ္ဘာစစ်အပြီး မှာ အမေရိကန်က ကမ္ဘာကို ဦးဆောင်ခဲ့သလို တရုတ်ကလည်း အခြားနိုင် ငံတွေကို ဦးဆောင်ပြီး အမေရိကန်ရဲ့ ယခင် အခန်းကဏ္ဍမျိုးကို ဝင်ယူပါလိမ့် မယ်။

အမေရိကန်ဟာ စူပါပါဝါအဆင့်ကနေ လျှောကျလာနေပြီလို့ တရုတ် လူမျိုး အများစုက ထင်နေကြပေမဲ့ တရုတ်ခေါင်းဆောင်တွေ အကြားမှာတော့ လှမ်းမျှော် ကြည့်လို့ရတဲ့ အနာဂတ်အထိ အမေရိကန်ဟာ သူ့ရဲ့ခေါင်းဆောင်မှု အခန်းကဏ္ဍ ကနေ လျှောကျမသွားအောင် ထိန်း ထားနိုင်လိမ့်မယ်လို့ သဘောပေါက် ထားကြပြန် ပါတယ်။ လက်ရှိ အပြု သဘောဆောင်တဲ့ ကမ္ဘာ့အစီအမံကို တရုတ်ရော အမေရိ ကန်ပါ ဘယ်နိုင်ငံကမှ တစ်နိုင်ငံတည်းနဲ့ မစွမ်းဆောင်နိုင်ပါဘူး။ စစ်အေးကာလ အပြီး အရုပ်ဝတ္ထုအားဖြင့်ရော စိတ်ဓာတ်အားဖြင့်ပါ အမြင့်မားဆုံး ရှိနေခဲ့တဲ့ အမေရိကန်ရဲ့ ဦးဆောင်နိုင်မှုစွမ်းရည်မျိုး ဘယ်နိုင်ငံမှာမှ မရှိပါဘူး။

ဆက်ရန်
ဇင်ဝေသော်