နိုင်ငံရေး ရေချိန်တက်လာတော့


ပေ့ဂ်ျအကြီစားတွေကလည်း ဘလော့မယ်၊ အန်မယ် ပဲ။
ပရိသတ်ကလည်း အန်မယ်၊ ဖော်လို ဖြုတ်မယ် ပဲ။ ပိုင်နက်ကိုယ်စီ ရှိကြတယ်။
ဖေ့စ်ဘုတ်က တကယ်ကို လွတ်လပ်ခွင့်ပေးထားတာ။

မြန်မာပြည်ရဲ့ လက်ရှိအနေအထားတွေကြောင့် ကစ်ဆင်းဂျားစာအုပ်က ပိုရုပ်လုံးကြွလာတယ်


အာရပ်နွေဦးအပြီး ညီညွတ်မှုအားကောင်းဖို့ဆိုပြီး အမျိုးသားရေးဝါဒနဲ့ အစ္စလာမ် စာအုပ်ကြီးဝါဒကို ရှေ့တန်းတင်ပစ်လိုက်တော့ အာရပ်နွေဦးရဲ့ ဒီမိုကရေစီဆိုတဲ့ မူလရည်ရွယ်ချက် ပျောက်သွားပြီး မွတ်စလင် ညီအကိုများ အဖွဲ့ ခေါင်းဆောင် မိုဟာမက် မော်စီက ၂၀၁၂ ရွေးကောက်ပွဲမှာ သမ္မတဖြစ် သွားရော၊ သူ့ကိုထောက်ခံတဲ့ ဘာသာရေးအဖွဲ့အစည်းတွေက မွတ်စလင် ညီအကိုများအဖွဲ့ထက်တောင် ပိုပြီး အစွန်းရောက်ကြတယ်။

အဏာတည်မြဲရေးအတွက် အစိုးရက နည်းလမ်းရှာနေချိန် အထက်ပါ အဖွဲ့ အစည်းတွေက အမျိုးသမီး အခွင့်အရေး၊ လူနည်းစုတိုင်းရင်းသားအရေးတွေ ကို အစ္စလာမ်ဘာသာတရားနဲ့ ဆုံးဖြတ်ဖို့ လှုပ်ရှားမှုတွေ လုပ်လာကြတော့ နိုင်ငံမငြိမ်မသက်ဖြစ်လာပြီး စစ်တပ်က အာဏာသိမ်းတဲ့ အဆင့် ရောက်သွားရော။ လက်ရှိအခြေအနေက ဆိုးလွန်း၊ ဘာသာရေး အစွန်းရောက်လွန်းတော့ စစ်တပ်က အာဏာသိမ်းတာကို ဒီမိုကရေစီကို တကယ်လိုလားတဲ့ လူအချို့ကတောင် သဘောတူလာရတယ်။

ဒီမှာ အမေရိကန်တွေဖက်က စဉ်းစားစရာတွေ....
အမေရိကန်အစိုးရက အဏာရှင်ကို တော်လှန်တိုင်း အားပေးနေရမှာလား?
တော်လှန်သူတွေကရော ဒီမိုကရေစီကို ဘယ်လောက် လေးစား လိုက်နာ သလဲ?
အမေရိကန်ရဲ့ အစဉ်အလာ ဒီမိုကရေစီနဲ့ လွတ်လပ်တဲ့ ရွေးကောက်ပွဲ ဒီ နှစ်ခုကို မျက်ကွယ်ပြုတဲ့ အမေရိကန်သမ္မတဟာလည်း လူထုရဲ့ ထောက် ခံမှု မရနိုင်ဘူး။

ဒါနဲ့ အယောင်ဆောင် ပြောင်းလဲရေးကနေ အမေရိကန်က နောက်ဆုတ်။ အီဂျစ်လည်း လက်ရှိအနေအထား ရောက်သွားတော့တာပဲ။


ရာသီစာ အင်္ဂလိပ်


ဒီမိုကရေစီက လစ်ဘရယ်ဝါဒကိုအခြေခံတော့ လစ်ဘရယ်ဒီမိုကရေစီ ဖြစ် သွားရော။
ဒါက အထူးအဆန်းမှ မဟုတ်တာ၊ ပါဠိလို နိဗ္ဗာန်ရဲ့ ပရိယာယ် "ဝိမုတ္တိ" က လစ်ဘရေးရှင်းပဲ။
ဒါ့ကြောင့် ဆရာဂင်္ဂါတို့ဟောတတ်တဲ့ နိဗ္ဗာန်မရခင် ဒီမိုကရေစီရအောင် အရင်လုပ်ကြဆိုတာ ပါဠိတော်နဲ့ ညီတယ်လို့ ဆိုရမယ်။

နောက်ပြီး ဗုဒ္ဓနဲ့ ပစ္စေကဗုဒ္ဓ ရှိသေးတယ်။ ပစ္စေကဗုဒ္ဓက တစ်သီးပုဂ္ဂလကို ရည်ညွှန်းတယ်၊ သာဝကတွေ မထား၊ သာသနာ မထောင်ဘဲ တစ်ပါးတည်း နိဗ္ဗာန်ကြွတာမျိုး။ မြန်မာလို ဘုရားငယ်လို့လည်း သုံးကြတယ်၊ အင်္ဂလိပ် လိုတော့ ဆိုင်းလင့်တ် ဗုဒ္ဓ (Silent Buddha) လို့ အတွေ့များတယ်။
ဒါ့ကြောင့် ပစ္စေကဗုဒ္ဓါကို တစ်သီးပုဂ္ဂလဘုရားလို့ မြန်မာမှုပြုရင် မမှားနိုင်ဘူး။

မေဂျာတော့ မဲနှိုက်ပြီး မရွေးရဘူး ထင်ပါတယ်


၁။ မြန်မာပြည်က တက္ကသိုလ်တက်မယ့် ကျောင်းသူ၊ ကျောင်းသားတွေအတွက် အားတက် စရာပါ။ မင်းတို့က တတ်တာ၊ မတတ်တာ အပထား၊ မေဂျာတော့ မဲနှိုက်ပြီး မရွေးရဘူး ထင်ပါတယ်။ ကွန်ဖျူးရှပ်ကြီးတို့နိုင်ငံက မဲချပြီး ဆော်ထည့်လိုက် သတဲ့။ ကျချင်ရာ ကျစေလဟယ်။

၂။ ဒါက သတင်းနဲ့တော့ တိုက်ရိုက်မဆိုင်ဘူး၊ သတိရလို့ပါ။ အမေရိကန် အိုင်တီ ဂုရုကြီးတစ်ယောက် တရုတ်ပြည် ဘေဂျင်းတက္ကသိုလ် ထဲမှာ နည်းပညာနဲ့ပတ်သက်လို့ ဟောပြောနေရင်း
"နည်းပညာနဲ့ ပတ်သက်လို့တော့ တရုတ်ပြည်က ၆၅ ရာခိုင်နှုန်းလောက် တရားမဝင် ခိုးယူထားတာ" မှတ်ချက်ပေးတော့ တရုတ်ပါမောက္ခတွေ၊ ဆရာတွေက တခွိခွိနဲ့ ရယ်ကြသတဲ့။
ဘာဖြစ်လို့ ဒီလောက် ရယ်နေကြတာလဲမေးတော့မှ "၆၅ ရာခိုင်နှုန်းပဲလား၊ မကလောက်ပါဘူး။ ၉၀ ကျော်ရမှာပါ" လို့ ဆရာတစ်ယောက်က ဖြေသတဲ့။




ရေနံဘူမိ/အင်ဂျင်နီယာပညာရှင်ရာထူး လုယူခံရခြင်း


ကမ်းလက် shared Tin Maung Win's post.
Tin Maung Win with YU Geol Ninetyfive and 10 others
ရေနံဘူမိ/အင်ဂျင်နီယာပညာရှင်ရာထူး လုယူခံရခြင်း
RED RIBBON CAMPAIGN FOR GEOSCIENTIST
မြန်မာ့ ရေ နံ လုပ်ငန်း စွမ်းအင် ဝန်ကြီးဌာ န သို့ဒုသမ္မတ ဦးဉာဏ်ထွန်း ရဲ့ PA ဒုဗိုလ်မှူးကြီး ထက်လျှန်ဖြိုး ( DSA 38 ရေတပ်) အား ပြောင်းရွှေ့ ခန့်အပ်လိုက်ကြောင်း သတင်းသိရပါ တယ်.နောက်ထပ် ဘယ်နှစ်ရောက် လာအုံးမလဲမသိဘူး
အင်္ဂလိပ် ပိုင်BOC,MOC,MOGE မှသည် ယနေ့ မြန်မာ့ရေနံလုပ်ငန်း တိုင် အောင် ကျွမ်းကျင်သူ ပညာရှင် ဘူမိဗေဒ/ ရေနံအင်ဂျင်နီယာ များသာ ဦးစီးဦးဆောင် ပြု ခဲ့တာပါ
အခု ဒုသမ္မတက သူ့ PA ကို ဒုသမ္မတရာထူးမပြုတ်ခင်လွဲပြောင်းတာပါဘဲ
ရေ နံမြေ အထွေထွေ မန်နေဂျာ ၁၁ ယောက် မှာ လက်ရှိ စစ် ဗိုလ် လူထွက် ၅ ယောက် နေ ရာ ယူထားပါတယ်
ကဲ MGS ဦးဆောင်ပြီး.... လူမူရေးအပြင် . ပညာရပ် တိုး တက် ရေး ... ပညာရပ် ဆိုင်ရာ ရာထူးများအနိုင် ကျင့် လုယူရေး ကိစ္စ black ribbon campaign စ လိုက်ကြရ အောင်

မျက်နှာငယ်စရာ မလိုတော့ဘူး


သူတို့ ကွန်စတီကျူးရှင်းက ဒေါ်စုလိုပုဂ္ဂိုလ်ကို သမ္မတဖြစ်ခွင့် တားတယ်။
သူတို့ရွေးကော်စည်းမျဉ်းက ဇင်ဝေသော်လို ပေမှီဒေါက်မှီတစ်ယောက်ကို လွှတ်တော်အမတ်ဖြစ်ခွင့် တားတယ်။
မြန်မာပြည်မှာ ၁၀နှစ် ဆက်တိုက် နေရမတဲ့။
ဇင်ဝေသော်ဆို အင်္ဂလိပ်လို ပတ်ဘလစ် စပိကင်း ပြောရမယ်ဆို မြန်မာပြည်မှာ ဒေါ်စုကလွဲရင် ဘယ်သူ့မှ သိပ်ဂရုစိုက်စရာ မလိုဘူး။
တက္ကသိုလ် ကွန်ဖရင့်တွေ လိုက်ပြောနေသူမို့ အင်္ဂလိပ်စကားနဲ့ပတ်သက်လို့ နိုင်ငံလည်း မျက်နှာငယ်စရာ မလိုတော့ဘူး။
နောက်တာ၊ အတည်လည်း ဒါပဲ။

အတိုက်အခံပါတီကို မဲအနိုင်ရအောင် အကူအညီပေးတဲ့ အစိုးရရယ်လို့


အတိုက်အခံပါတီကို မဲအနိုင်ရအောင် အကူအညီပေးတဲ့ အစိုးရရယ်လို့ ကြားကော ကြားဖူးလို့လားကွာ။ (လီကွမ်းယု)

အံ့ဩလောက်အောင် ဒေါင်ဒေါမြည်


စနေနေ့ ကသပ ဗောဇ္ဈင်၊ မောဂ္ဂလာန ဗောဇ္ဈင်၊ စုန္ဒ ဗောဇ္ဈင်သုတ်တွေ ရွတ်ကြတိုင်း အထူးသဖြင့် ဒေါ်စု၊ ဦးသိန်းစိန်တို့ ကျန်းမာရေး ဒေါဒေါင်မြည်နေဖို့ ဆုတောင်းပါသဗျာ။ ဦးသိန်းစိန်ကမှ စက်ကူနေရသေး၊ ဒေါ်စုကျန်းမာရေးက အံ့ဩလောက်အောင် ဒေါင်ဒေါမြည်။

လူတစ်ယောက်ရဲ့ ကမ္ဘာ့အမြင်အတွက် လူတစ်ယောက်ရဲ့ မေတ္တာရပ်ခံချက်



အခန်းတိုင်းမှာ ရောင်စုံဓာတ်ပုံတွေ ထည့်ထားတဲ့အတွက် စာအုပ်ဈေးကြီးသွားရတယ်လို့ ဆရာကိုကျော်စွာဝင်းက အသိပေးလာပါတယ်။ လီရဲ့ ဒုတိယစာအုပ်က ရောင်းဈေး ၅၀၀၀ိ ပါတဲ့။ ကိုယ်တိုင် စာအုပ်ကို မမြင်ရသေးပါ။ ဈေးကတော့ မှန်းတာထက် ပိုသွားပါတယ်။ မျှပြီး ဖတ်ကြပေါ့။ စာအုပ်ကရတဲ့ စာမူခကိုတော့ တစ်နေရာမဟုတ် တစ်နေရာ ပြန်လှူမှာပါ။ ကုသိုလ်လို့သာ သဘောထားကြပေတော့ လို့။

********
Pyae Sone Malun ။ ။ အရှင်ဘုရား ဒီမှာဘယ်တော့လောက်ရနိုင်မလဲ ဘုရား.

စင်္ကာပူက စာဖတ်ပရိသတ်တွေအတွက် ဒီလ၊ တနင်္ဂနွေ တစ်ရက်ရက် အချိန်သတ်မှတ်ပြီး ကျောင်းမှာ အမှတ်တရ လက်မှတ်ထိုးပေးဖို့ စီစဉ်ကြည့်ပါမယ်။ စိတ်ဝင်စားသူ၊ လာနိုင်သူ လာနိုင်ပါတယ်။ အခုတော့ လက်ထဲ စာအုပ် မရောက်လာသေးပါ။

Than Htut။ ။ မြန်မာပြည်မှာ စာအုပ်တွေက ဖြစ်သင့်တာထက် ဈေးပိုနေတယ်လို့ ဆိုသူတွေက ဆိုကြတယ်။
ကျနော်ကတော့ စာအုပ်ဝယ်လို့ကုန်တဲ့ပိုက်ဆံ မနှမြောပါ၊ ဘာလို့လဲဆိုတော့ ဒါက investmentဖြစ်ပါတယ်။
ကျနော်တို့နိုင်ငံအတွက် အသိပညာဆိုင်ရာ ရင်းနှီးမြှပ်နှံမှုတွေ အမြောက်အမြားလိုအပ်နေပါသေးတယ်။

Zin Wai Thaw။ ။ ဒါတောင် စထရိတ်တိုင်းအတွက် ပေးရတဲ့စရံငွေကို ဒေါက်တာလီက စပွန်ဆာခံလို့။ အရင်စာအုပ်တုံးက အိပ်စိုက်ပါ။

ဥပဒေအထက် ဘယ်သူမှ မရှိ


လူ့အခွင့်အရေးအဖွဲ့က လက်ပံတန်း ကျောင်းသားအရေးအခင်းမှာ ကျောင်းသားတွေ ကို ရိုက်နှက်ခဲ့တဲ့ ရဲတွေကို အရေးယူပေးဖို့ အစိုးရထံ တောင်းဆိုထားပါသတဲ့။ ရဲကားကို ခဲနဲ့ထုတဲ့ ကျောင်းသားတွေကိုလည်း အရေးယူပေးသင့်တယ်လို့ ဒီအဖွဲ့က ဆိုပါသတဲ့။ မျှတတယ်ပေါ့။ ဥပဒေအထက် ဘယ်သူမှ မရှိ။