ညီမလေး…. ရေ
တစ်ခါကတဲ့ကွယ်။ ဘုရားရှင်ကိုယ်တော်မြတ်ကြီး
ဇေတဝန်ကျောင်းမှာ သီတင်းသုံးနေသတဲ့။ တစ်ခုသော ညနေချမ်းမှာတော့ ဆင်ရယ်၊ ထီးရယ်၊
အိမ်သာကြွေခွက်ရယ် ရောက်လာရတဲ့
အကြောင်းကတော့ ဘယ်လိုကံတွေ ၊ ဘယ်ဘဝက၊ ဘယ်လို ပြုလုပ်ခဲ့ကြလို့ ဒီလိုဖြစ်နေရတယ်
ဆိုတာ သိချင်ကြလို့တဲ့ကွယ့်။
ပထမဆုံးဆင်ကြီးက ဘာကြောင့် သူ့နှာခေါင်းကြီး
ဒါလောက်ရှည်နေရတာလည်းလို့ မေးလျှောက်သတဲ့။

ဒါနဲ့ ထီးကလည်း သူဘယ်ကံကြောင့်ထီး ဖြစ်ရတယ်ဆိုတာ
မေးလျှောက်တာပေါ့။

အိမ်သာကြွေခွက်ကြီးကလည်း မနေနိုင်မထိုင်နိုင်
သိချင်တော့တာပေါ့ကွာ။ ဒါနဲ့ သူ့အတိတ်ကံကိုမေးတာပေါ့။

အဲ စိတ်ဖြူဖို့ထက် အသားဖြူဖို့ကိုပဲ ဆုတောင်းခဲ့လို့
အဲဒီကောင်းမှု၊ မကောင်းမှုရောနေတဲ့ ကံတွေကြောင့် ရုပ်ဝတ္ထုဘဝကို ရောက်တာတောင်
ဖြူစင်ပြီး ဘယ်သူမှ ငုံ့ပြီး မွှေးမွှေးမပေးချင်တဲ့ အိမ်သာကြွေခွက်ကြီးဖြစ်ရတာလို့
ဖြေသတဲ့။
ဒီအထဲမှာ နောင်တ အရဆုံးကတော့ ဖြူစင်တာတောင်
မွှေးမွှေးပေးတာ မခံရဖူးရှာတဲ့ အိမ်သာကြွေခွက်ကြီးတဲ့ကွယ်။
ဒေသနာလည်းဆုံးရော
ဆင်ရယ်၊ ထီးရယ်၊ အိမ်သာကြွေခွက်ကြီးရယ်ဟာ
အမှန်တွေပဲပြောဖို့၊ ပရဟိတသက်သက်လုပ်ဖို့
၊
စိတ်ဖြူဖို့သာ ပဓာန လို့အမြင်မှန်ကိုယ်စီရသွားကြသတဲ့ကွယ်။
နှစ်သိန်းလေးသောင်း သတ္တဝါတွေလည်း တရားထူးတွေရကြသတဲ့ ။
ဒါပါပဲ ညီမလေးရယ်။ ချစ်လို့ပြောတာမှတ်ထားရမယ်နော်။ ဟုတ်ဟုတ် … မဟုတ်ဟုတ်။
Copyright © 2011 ကမ်းလက်. All rights reserved.
Post a Comment