“ကား” ကနဲ့ “ဖုန်း” ဆို ကျသွားတော့…

(ရန်ကုန်က ပြန်လာတဲ့ အစ်မကြီးတစ်ယောက်ရဲ့ ကားလမ်းပိတ်ဆို့နေပုံ ဇာတ် လမ်းရှည်ကို နားထောင်လိုက်ရပြီး ရန်ကုန်အမှတ်တရ ဒီဆောင်းပါးဟောင်း ကို ပြန်တင်လိုက်ပါတယ်။ ဆောင်းပါးဟောင်းမို့ အချက်အလက်တချို့လက်ရှိ အနေအထားနဲ့ ကွဲလွဲနေပါလိမ့်မယ်)

မြို့တော်အသစ်အဟောင်းများရှိတဲ့ နိုင်ငံတော်ကြီးဆီကို မပြန်မီလေးမှာ တင် ပဲ Singtel က ဖုန်းဆက်ပြီး mio TV နဲ့ အင်တာနက်လိုင်းတွေ အဆင်ပြေရဲ့ လား၊ ပညာရှင်တစ်ယောက်ယောက် လာရောက် စစ်ဆေးကြည့်ပေးဖို့ လို အပ်ပါသလားလို့ မေးပါတယ်။ ပြဿနာတော့ ကြီးကြီးမားမား မရှိလှကြောင်း၊ လာရောက် ကြည့်ရှုမယ်ဆိုရင် ဘယ်အချိန်မှာ လာရောက်မလဲလို့ မေးေ တာ့ နေ့ခင်း (၁၂) နာရီကနေ (၃) နာရီအတွင်း လာမယ်လို့ ဖြေကြားတယ်။

နောက်တစ်နေ့မှာ သူရောက်လာတယ်။ မီယိုတီဗွီနဲ့ အင်တာနက် (ဝက်ဘ် ဆိုက်) နှစ်မျိုးစလုံး မော်ဒန်းတစ်ခုထဲကနေပဲ သုံးနေတော့ တီဗွီမှာ အနည်း ငယ်ထစ်တာမျိုး၊ အင်တာနက်တက်တာ အနည်းငယ် နှေးနေတာ မျိုး ဖြစ် တတ်ကြောင်း သူက ရှင်းပြ တယ်။ သူကပြောပေမယ့် နှစ်ခုလုံး ပြဿနာ ကြီးကြီးမားမားတော့ မရှိခဲ့ဖူးပါဘူး။ ပြီးတော့ သူက ဆက်ပြောပြတယ်။ mio တီဗွီမှာ မော်ဒန်းတစ်လုံး၊ အင်တာနက်အတွက် မော်ဒန်းတစ်လုံး သီးသန့်စီ ထားသင့်ကြောင်း၊ Singtel ကို ဖုန်းဆက်ရင် မော်ဒန်းအသစ် အလကား လာရောက်တပ်ဆင်ပေးမှာ ဖြစ်တဲ့အကြောင်း ပြောပြရှာတယ်။

ကျနော်ကလည်း ဒီအတိုင်း အလုပ်ဖြစ်နေတော့ သူတို့က အလကား လာ ဆင်ပေးရင်တောင် နောက်ထပ် မော်ဒန်းတစ်လုံး စားပွဲပေါ်မှာ ရှုတ်နေတာ မျိုး မဖြစ်ချင်တာနဲ့
“ကိစ္စမရှိပါဘူး။ ကျေးဇူးပါ။ လိုအပ်ရင် ဖုန်းဆက်ပါ့မယ်”
လို့ ပြောတော့
“ဆင်းတဲ(လ်) က အကောင်းဆုံး ဝန်ဆောင်မှု ပေးချင်လို့ပါ” လို့ ပြောသွားပါသေးရဲ့။

ပထမဆုံး ကျွန်တော် ဆွေးနွေးချင်တာက ဒီကိစ္စပါ။ မျက်စေ့နဲ့ မမြင်ရပေမယ့် အင်တာနက်လိုင်းတွေဟာလည်း လိုတာထက် ပိုသုံးရင် ရှုတ်ထွေးပြီး အဆင် မပြေမှု များစွာ ဖြစ်သွားနိုင်ပါတယ်။

မြို့တော်အသစ်၊ အဟောင်းတွေနဲ့ နိုင်ငံတော်ကြီးဆီ အလည်မပြန်မီ လ ပိုင်းလေးအတွင်းမှာပဲ (၂) သိန်းတန် ဖုန်းတွေ ရောင်းချပေးခဲ့ပါတယ်။ ငါးထောင်တန် ဖုန်းတွေကတော့ ပြောသာပြောနေကြပေမယ့် လက်တွေ့ တကယ်ဖြစ်လာဖို့ အချိန်လိုလိမ့်ဦးမယ်လို့ ထင်ပါတယ်။ နှစ်သိန်းတန် ဖုန်းတွေ ထုတ်ပေးလိုက်တဲ့နောက် ဖုန်းကိုင်နိုင်လာတဲ့ လူဦးရေ ဘယ်နှစ် သန်း တိုးလာသလဲဆိုတာ တိတိကျကျ မသိရပေမယ့် သန်းချီပြီး တိုးလာ မယ် လို့တော့ ခန့်မှန်းလို့ ရတယ်။ အဲ့ဒီအခါမှာ ဖြစ်လာ မယ့် ပြဿနာက ကွန်နက်ရှင်းကိစ္စပါ။ လိုင်းတွေ ပူးကြပ်နေတော့ ဈေးချိုတဲ့ဖုန်းတွေ ဝင်လာ ရင် စောစော က ဈေးကြီး ပေး ဝယ်ထား ရ တဲ့ ဖုန်းလိုင်းကိုပဲ လာရောက် ထိခိုက်ပါလိမ့်မယ်။ အဲ့သလိုဖြစ်လာရင်
“လူကြီးမင်း ခေါ်ဆိုသော ဖုန်းနံ ပါတ်မှာ” ဆိုတဲ့ အမျိုးသမီး ပိုပြီး အလုပ်များ လာစရာ ရှိပါတယ်။

ကျနော့်အတွေးထဲမှာတော့ ငါးထောင်တန်တွေ ဖုန်းတွေများ ထပ်ပြီး ရောင်း ချပေးခဲ့ရင်ဆိုတာနဲ့ “လူကြီးမင်း ခေါ် ဆိုသော”ဆိုတဲ့ အမျိုးသမီးအသံ ထပ်တလဲလဲ ကြားနေမိပါတယ်။

ဒီခေတ်ကြီးထဲမှာ ဟန်းဖုန်းတစ်လုံး ပိုင်ဆိုင်မှုဆိုတာ အမှန်တကယ် လိုအပ် တဲ့ ကိစ္စပါ။ ဒါပေမယ့် ဒီလို ဖုန်းတွေ ဈေးပေါပေါနဲ့ မရောင်းခင် အစိုးရက အမှန်တကယ် လုပ်ပေးရမှာက နည်းပညာအကူအညီနဲ့ ကွန်နက်ရှင်းတွေ ပိုအားကောင်းလာအောင် လုပ်ပေးဖို့ပါ။ မယုံမရှိပါနဲ့၊ ကျနော့်အရှေ့မှာ ထိုင်နေတဲ့ ညီအစ်မ နှစ်ယောက်က မြန်မာပြည်ရဲ့ ဖုန်းလိုင်း ဆက်သွယ် ချက် ကို သရုပ်ပြတဲ့အနေနဲ့ ကျနော့်ရှေ့မှာ ထိုင်ရင်း တစ်ယောက်ရဲ့ ဖုန်းကို နောက်တစ်ယောက်က ခေါ်ပြပါတယ်။ သူတို့ ညီအစ်မနှစ်ယောက် ရဲ့ အကွာအဝေးက တိုးတိုးလေး ပြောတာတောင် ကြားနိုင်ပါတယ်။ ခေါ်နေရင်း “လူကြီးမင်း ခေါ်ဆိုသော ဖုန်းနံပါတ်မှာ” ဆိုတဲ့ အမျိုးသမီးရဲ့ သနားစဖွယ်အသံကို ကြားလိုက်ရလို့ အားပါးတရ ရယ်မိကြပါသေး တယ်။ ငါးထောင်တန် ဖုန်းတွေများ ပေါ်လာခဲ့ရင် …။

မတွေးရဲတော့လို့ ရပ်ထားလိုက်မိတယ်။

မြို့တော်ဟောင်းကို ကျွန်တော်တို့ ရောက်ပြီး ဒုတိယနေ့မှာ ဟော့တ်ဖြစ်ေ နတဲ့ သတင်းက ကားပါမစ်သတင်းနဲ့ ကားဈေးတွေ ထိုးကျသွားတဲ့ သတင်း ပါ။ နိုင်ငံခြားငွေတစ်သောင်း ဘဏ်ထဲမှာ ရှိရင် ပါမစ်မလိုဘဲ ကားတင်သွင်း ခွင့်စတာတွေနဲ့ သတင်းတူဂျာနယ်ကွဲတွေ ဝဲပျံနေကြတယ်။ ဒီသတင်းက လက်လုပ်လက်စား ဆင်းရဲသားတွေနဲ့တော့ သိပ်မဆိုင်လှပါဘူး။ သိန်းထောင်ကျော်တန် ကားတစ်စီးကို သိန်း (၃၅၀) နဲ့ ရောင်းနေလည်း ဆင်းရဲသားတစ်ယောက်ကတော့ ဝယ်မစီးနိုင်ပါဘူး။ ဒါပေမယ့် သူတို့လည်း ဒီသတင်းကို စိတ်ဝင်တစား ဖတ်နေကြတာ တွေ့ရတယ်။

တစ်ချို့ကလည်း ကားတစ်စီးကို သိန်း (၅၀) လောက်နဲ့ ရရင် တို့လည်း ကားစီးနိုင်ပြီလို့ ကြုံးဝါးနေကြတယ်။ သူတို့ ကြုံးဝါးသံကို ကြားပြီး ကျွန်တော့် အတွေးက မြို့တော်အဝင် ဟွန်းသံတွေနဲ့ ဆူညံနေတဲ့ ကားတန်းကြီး ဆီ ကို ရောက်သွားပြန်ပါတယ်။

“ဂိတ်ကို ရောက်ဖို့ ဘယ်လောက် ကြာနိုင်သလဲ အကို”
“ပုံမှန်တော့ တစ်နာရီခွဲနဲ့ နှစ်နာရီလောက်ထိ ကြာတယ်”
“လမ်းကြောရှင်းရင် ဘယ်လောက် ကြာအောင် မောင်းရမလဲ”
“အလွန်ဆုံး မိနစ်နှစ်ဆယ်ပေါ့ကွာ”

“ဖုန်း” ကိစ္စတုန်းက အတိုင်းပါပဲ။ ကျွန်တော် (ကိုယ့်ကိစ္စ မဟုတ်ပါဘဲ) ခေါင်း နည်းနည်း ကိုက်သွားပြန်တယ်။ ကားအရေအတွက်က အရှိန်အဟုန်ေ ကာင်းကောင်းနဲ့ တိုးနေတယ်။ ကျွန်တော်တို့ အညာမပြန်ခင် နောက်ဆုံး နံပါတ်ဖြစ်တဲ့ ၃ - ဃ တွေက ရန်ကုန်လည်း ပြန်ရောက်ရော ၄ - ဃ တွေကို မျက်နှာငယ်လေးတွေနဲ့ ကြည့်နေကြတယ်။ ဦးလေး တစ်ယောက် က ပြော တယ်။ လကုန်ပိုင်းလောက်ဆိုရင် ၅ - ဃ တွေ ထွက်လာတော့မယ် တဲ့။

ကားတွေက တိုးလာချိန်မှာ လမ်းတွေ တိုးလာတာ မတွေ့ရဘူး။ ဒါဆိုရင် မြို့တော်ရဲ့ ယာဉ်ကြော ပိတ်ဆို့လာနိုင်မှုက ဗေဒင်မလို၊ နတ်ဆရာမလိုဘဲ ထုတ်လို့ရတဲ့ အဖြေ ဖြစ်သွားတယ်။

စင်္ကာပူကျွန်းငယ်လေးရဲ့ သုံးပုံတစ်ပုံက ကားလမ်းတွေတဲ့။ ဒါတောင်မှ ယဉ်ကြောပိတ်ဆို့မှု့တွေ မကြာမကြာ ဖြစ်နေလို့ အများသုံး ဘက်(စ်)ကား၊ MRT တို့နဲ့ ခရီးသွားကြဖို့ အစိုးရက အမြဲတမ်း အားပေးနေရတယ်။ ကား အခွန်တွေ အဆမတန် တင်ထားရတယ်။ ဒါပေမယ့် ကားဝယ်စီးသူဦးရေက သိသိသာသာ လျော့မသွားဘူး။

ဆင်းရဲသားတိုင်း သိန်းငါးဆယ်လောက်နဲ့ ကိုယ်ပိုင်ကား ဝယ်စီးစေချင်ပေ မယ့် ကြပ်လာမယ့် ယာဉ်ကြောတွေကိုတော့ ရင်မောမောနဲ့ ခံစားနေမိ တယ်။ ပြုပြင်ပြောင်းလဲနေတဲ့ အစိုးရ လုပ်ရမယ့် အလုပ်က ကိုယ်ပိုင်ကားေ တွ၊ ဇိမ်ခံကားတွေ တင်သွင်း ခွင့် ပျော့လျော့ပေး တာ မဟုတ်ဘဲ လမ်းတွေ ပိုကျယ်လာအောင်၊ ပိုကောင်းလာအောင် လုပ်ပေးဖို့၊ လူထုသုံး ဘက်(စ်) ကားတွေ အဆင့်မီမီ ပြေးဆွဲနိုင်ဖို့တွေ လုပ်ပေးရမှာလို့ ထင်ပါတယ်။ ကိုယ် ပိုင် ကားဈေးတွေ ကျလေလေ၊ ယာဉ်ကြော ပိတ်ဆို့မှု များလေလေဆိုတာ တိုးတက်တဲ့နိုင်ငံတိုင်း ကြုံတွေ့နေရတဲ့ လမ်းပေါ်က ပြဿနာပါ။

ငါးထောင်နဲ့ ဖုန်းတစ်လုံးရရင်၊
သိန်းငါးဆယ်နဲ့ ကိုယ်ပိုင်ကား ဝယ်စီးနိုင်ရင်၊

ရွေ့လို့မရတဲ့ ကားတန်းကြီးနဲ့
“လူကြီးမင်း ခေါ်ဆိုသော ဖုန်းနံပါတ်မှာ…” ဆိုတဲ့ အသံကို ကြေကွဲစွာ ကြားယောင်နေမိတယ်။

နည်းပညာကမတိုး ဖုန်းကတိုး။ ကားလမ်းကမတိုး ကားကတိုး။ ဝင်ငွေက မတိုး စားဝတ်နေရေး စရိတ်ကတိုး။ သမ္မကြီးတို့ အစိုးရရဲ့ တာဝန်တွေကို စာနာစွာ နားလည်မိလိုက်ပါတယ်။ ဒါနဲ့ပဲ မြို့တော်အဝင်မှာ စိုင်းထီးဆိုင်ရဲ့ သီချင်းလေးကို ညည်းလိုက်မိတယ်။

“ရန်ကုန်တော့ ဖြည်းဖြည်းပေါ့... ရန်ကုန်တော့ ဖြည်းဖြည်းပေါ့...ရန်ကုန်မြို့ကြီး ထွက်မပြေးပါဘူး...”

“ဆက်သွယ်ရေး ဧရိယာသည် လူကြီးမင်း ခေါ်ဆိုသော ဖုန်းနံပါတ်နှင့် မဆက်သွယိမိပါသဖြင့် …”

Post a Comment