ဖေ့စ်ဘုတ်က Dislike ထည့်မယ်ဆိုလား


ရွာသားတစ်ယောက်က ပြောတယ်၊ တရုတ်သိုင်းကားဆိုလို့ မကြည့်ဘူးလို့ ဝင်ကြည့်တာ တွေ့တဲ့လူ ဝင်ရိုက်နေကြတာပါကွာ၊ သူတို့စကားကို နားမလည်ပေမဲ့ လေသံတွေကလည်း ဒေါသတကြီး အသံတွေချည်းပဲ တဲ့။
သူပြောတာ မဆိုးဘူး။ ပြေပြေပြစ်ပြစ် ပြောကြပြီး တွေ့တဲ့လူ ဝင်မရိုက်မိ ဖို့တော့ လိုမယ်။

ဖေ့စ်ဘုတ်က Dislike ထည့်မယ်ဆိုလား၊ ပုံမှန်အတိုင်းဆိုရင်တော့ မြန်မာနဲ့ဂျပန် ယဉ်ကျေးမှုကိုကြည့်ရင် ပေါ်ပြူလာ သိပ်မဖြစ်လောက်ဘူး။ ဒီယဉ်ကျေးမှုနှစ်ခုက နိုးပြောရမှာ၊ မကြိုက်ဘူးပြော ရမှာကို အားနာတတ်တယ်။ လက်ရှိဖေ့စ်ဘုတ် ကွန်မင့်တွေကို ကြည့်ရင်တော့ ဒီယဉ်ကျေးမှု အားနည်းစပြုလာနေတာ တွေ့ရတယ်။
ဒါပေမဲ့ အမုန်းတရားတွေ လျော့သွားချိန်မှာ နှစ်ပေါင်းထောင်ချီနေတဲ့ ဒီယဉ်ကျေးမှုက နေရာ ပြန်ယူလာမှာပါ။

မွတ်စလင် လူဦးရေနဲ့ တချို့အဆုံးအမတွေက တခြားဘာသာတွေနဲ့ သဟဇာတ မဖြစ်ဘူးဆိုတာ မှန်ပါတယ်၊ ဘာသာရေး အမြင်သက်သက်က ကြည့်ရင် စိုးလည်းစိုးရိမ်စရာပါ။ နိုင်ငံရေးအနေနဲ့ကြည့်ရင် အာရပ် မွတ်စလင်တွေက ဂျီဟတ်ခေါ်နေတာကို အိန္ဒိယမွတ်စလင်တွေက ညင်းဆန်ပြီး ဟိန္ဒူတွေနဲ့အတူ အိန္ဒိယ လွတ်လပ်ရေးရဖို့ပဲ တိုက်ပွဲ ဝင်သွားခဲ့ကြတယ်။

Post a Comment