ဗုဒ္ဓဘာသာရဲ့ စီးပွားရေး အက်သစ်


၁။ အနာကုလာစ ကမ္မန္တာနဲ့
၂။ အနဝဇ္ဇာနိ ကမ္မာနိ
ဒီမင်္ဂလာနှစ်ပါးက အသက်မွေး ဝမ်ကြောင်းမှုနဲ့ တိုက်ရိုက်သက်ဆိုင်ပါတယ်။ ချိတ်ဆက်ထားတယ်လို့ ယူဆရင် ရတယ်။
အတိုဆုံးကတော့ တစ်က ကုသိုလ်သိပ်မရ၊ ဝမ်းဝ။ နှစ်က ကုသိုလ်လည်းရ ဝမ်းလည်း ဝ။


ဆိုပါဆို့။ နယ်ပယ်အကျဉ်းဆုံးကို ကြည့်ပါ။ တောင်သူတစ်ယောက်က သူ့နွားကို ရောင်းရ၊ လဲရထပ်ရတော့မယ်။
(၁) စဉ်းစားပုံက ဒီနွားကို ဘယ်သူ့ရောင်းရင် ငွေပိုရမလဲ။ ဘယ်သူနဲ့ အလဲ အထပ်လုပ်ရင် အမြတ်ပိုကျန်မလဲ။
(၂) စဉ်းစားပုံက ငါ့နွားကိုဝယ်မယ့်သူက နွားကို သနားတတ်သူ၊ ပုံမှန် အစာကျွေး၊ ပုံမှန် ခိုင်းသူ ဟုတ်ရဲ့လား။ ခိုင်းဖို့ပါဆိုပြီး သားသတ်ရုံပို့မယ့်သူ မဟုတ်တာ သေချာရဲ့လား။

နယ်ပယ် အကျယ်ဆုံးကိုကြည့်ရင် ကမ္ဘာ့စီးပွားရေးပေါ့။ အစိုးရတစ်ဖွဲ့ဖွဲ့နဲ့ စီးပွားရေးအရ ဆက်ဆံရတော့မယ်။
(၁) စဉ်းစားပုံက ဘယ်အစိုးရနဲ့ စီးပွားရေးပူးပေါင်းလုပ်ဆောင်ရင် အမြတ် အစွန်း ပိုရမလဲ။
(၂) စဉ်းစားပုံက စီးပွားရေးကရလာတဲ့ အမြတ်အစွန်းတွေကို ဒီ အစိုးရက ဘယ်မှာသုံးစွဲမှာလဲ။ သူ့အာဏာမြဲဖို့၊ ပြည်သူကို ဖိနှိပ်ဖို့သုံးစွဲသွားမှလား။

ကြည့်ရဲရင် အဲသလောက်အထိ ကြည့်နိုင်ပါတယ်။
(ရှေးဟောင်းမင်္ဂလာနဲ့ ခေတ်သစ်လူမှု ဒိုင်မင်းရှင်း)

ဇင်ဝေသော်