Home » All posts
အမေကိုပဲ မိခင်ဘာသာစကားနဲ့ တ ကြတယ်
in
သီဟနာဒ,
အမှတ်တရ
- on 8/26/2015
- No comments
အသက်တော် ၈၃ နှစ်ရှိပြီဖြစ်တဲ့ ပါဠိကောလိပ်၊ ပရင်စီပယ်ဆရာတော်ကြ်ီး ဆေးရုံးမှာ တင်ထားရတာ ရက်အတော်ကြာနေပြီမို့ ဒီနေ့ သွားဖူးဖြစ်ပါတယ်။ ဆွမ်းစားဖို့ ကုဋင်ပေါ်ကနေ ထိုင်ခုံပေါ် လူအကူနဲ့ အရွှေ့မှာ ဆရာတော်ကြီးနှုတ်က အမ္မလိုလို အမ်မာလိုလို အသံထွက်လာလို့ ဘာမိန့်လိုက်တာပါလိမ့်လို့ ဘေးက သီဟိုဠ်ကိုယ်တော်ကိုမေးတော့ သီဟိုဠ်ဘာသာနဲ့ အမေလို့ ခေါ်လိုက်တာ တဲ့။
အော် ဘယ်အရွယ်မဆို အမေကို တဆဲ။
တပြန်တော့လည်း မိခင်ဘာသာစကားနဲ့ပဲ။
စထရိတ်တိုင်းမ်း အယ်ဒီတာ့အာဘော်က ဆရာကြီးနှစ်ယောက် ရန်ဖြစ်ကြတဲ့အကြောင်း
in
Politics,
ဇင်ဝေသော်
- on 8/26/2015
- No comments
ဒီနေ့ စထရိတ်တိုင်းမ်း အယ်ဒီတာ့အာဘော်က ဆရာကြီးနှစ်ယောက် ရန်ဖြစ်ကြတဲ့အကြောင်း ထူးထူးဆန်းဆန်း ရေးလာပါတယ်။
*ပါတီခေါင်းဆောင်နှစ်ဦး သဘောထား မတိုက်ဆိုင်မှုဆိုတာ ဖြစ်လေ့ဖြစ်ထ ရှိ၊ နိုင်ငံရေးနည်းအားဖြင့်သာ တစ်ယောက်ယောက်ကို ဖယ်ရှားတတ်ကြ။
*ဦးသိးစိန်နဲ့ ဦးရွှေမန်းအကြား ဖြစ်သွားပုံက လက်ရှိရောက်နေတဲ့ ပြောင်းလဲ မှုတွေကို အနှောက်အယှက်ဖြစ်စေ။
*ဦးရွှေမန်းက ဦးသိးစိန်ကို စိန်ခေါ်လိုဟန်၊ ပြောင်းလဲမှု မြန်မြန်ဆန်ဆန် လုပ်စေလိုဟန်ရှိ၊ ဒေါ်စုနဲ့လည်း ရင်းနှီး၊ ဒါပေမဲ့ ညကြီးမင်းကြီး ရဲကားနဲ့ ဝိုင်းတာမျိုး လုံးဝမလုပ်သင့်။
*ဒေါ်စုက သမ္မတဖြစ်ခွင့်မရှိပေမဲ့ သူမပါတီကတော့ ရွေးကောက်ပွဲမှာ အခြေအနေကောင်းနိုင်။ ဒါကို စစ်တပ်က လက်ခံဖို့လို။
*ရွေးကောက်ပွဲ အခြေအနေအပေါ်မူတည်ပြီး နိုင်ငံ့စီးပွားရေး ပြောင်းလဲ လာနိုင်။
*ဘယ် ပြည်ပရင်းနှီးမြှပ်နှံသူ စီးပွားရေးသမားကမှ ခေါင်းဆောင်တစ်ေ ယာက်ကို ညကြီးမင်းကြီး ရဲကားနဲ့ဝိုင်းတာမျိုး မမြင်လို။
*အခြားနိုင်ငံတွေက ဝေဖန်နေချိန် အာစီယံက မြန်မာနဲ့အတူ ရပ်တည်ပေးခဲ့။ အိမ်နီးချင်းတွေက မြန်မာအစိုးရ လူလူသူသူ ဖြေရှင်းတာကို မြင်တွေ့လို တယ်ဆိုတာ သိထားဖို့လို။
ခေါင်း အရမ်းဖြူသော ရဟန်းက
in
ဇင်ဝေသော်,
ပေါ့ပေါ့ပါးပါး
- on 8/26/2015
- No comments
အတောင်းအရမ်းထူသော ရဟန်းက
မစပ်ခြင်းမို့
ကျောင်းဒကာ သဒ္ဓါစိတ်ကို ပျက်စေတတ်သည်။
(အတိယာစကော အပ္ပိယော ဟောတိကို ထောက်)
ခေါင်း အရမ်းဖြူသော ရဟန်းက
တစ်ပတ်အတွင်းကို
ခေါင်း မကြာမကြာ ရိတ်နေတတ်သည်။
(ဘယ်ပါဠိတော်ကို ထောက်ရမလဲ မသိ)
ပြည်တွင်းက စာဖတ်ပရိသတ်ကို လေးစားသွားပြီ
in
The Clash of Civilizations,
ဇင်ဝေသော်
- on 8/25/2015
- No comments
ပဋ္ဌာန်းအရကောက်ကြီးလိုပဲလို့ တင်စားကြတဲ့ လူ့ယဉ်ကျေးမှုပဋိပက္ခ ပထမတွဲ ပြန်ရိုက်နေရသတဲ့။
ပြည်တွင်းက စာဖတ်ပရိသတ်ကို လေးစားသွားပြီ။ ဂယ်ဘဲ ဂယ်ဘဲ။
သဒ္ဓါဓိကဘုရားရှင်တွေရဲ့ သာသနာတွင်းလို
in
Politics,
ဇင်ဝေသော်
- on 8/25/2015
- No comments
မြန်မာပြည်က သက်တန်း သိန်း၊ သောင်းကြာအောင် နေရတဲ့ သဒ္ဓါဓိကဘုရားရှင်တွေရဲ့ သာသနာတွင်းလို ဖြစ်နေတယ်။ အေးအေးဆေးဆေးပဲ။ သူများတွေ လုံးဝအနားယူတဲ့ အသက် ၇၀ တန်းရောက်နေတာတောင် သမ္မတလုပ်ဖို့ မျက်စောင်းထိုးနေရတုန်း။
လက်ရှိကလည်း အနားယူရမယ့်အရွယ်လို့ မထင်သေးဘူး။
ဘာသွားယုံရမလဲ မသိဘူး
in
Politics,
ဇင်ဝေသော်
- on 8/24/2015
- No comments
လက်ရှိအစိုးရက ဘာသွားယုံရမလဲ မသိဘူး။
ပြည်ပရောက် မြန်မာတွေ ပြန်လာစေချင်တယ်လည်း ဆိုသေး
ဦးဌေးဦးက သူလည်း သမ္မတဖြစ်ချင်တယ် ဆိုပြန်ရော။ ရှုပ်နေတာပဲ။
အခက်တွေ့နေနိုင်
in
Politics,
ဇင်ဝေသော်
- on 8/24/2015
- No comments
အရပ် ငါးပေ လေးလက်မသာရှိသော ဆရာတစ်ယောက်အတွက် အရပ် ငါးပေ ကိုးလက်မရှိသော တပည့်တစ်ယောက်ကို ကျန်းမာရေး၊ ဖွံ့ဖြိုးမှု၊ အာဟာရမျှတစွာ စားသုံးမှုနှင့်ပတ်သက်သည့် ဆုံးမစကားပြောရန် အခက်တွေ့နေနိုင်သလို အာဏာရှင်တစ်ယောက်အတွက် ဒီမိုကရေစီအကြောင်း လူထုကိုပြောပြရန်လည်း အခက်တွေ့နေနိုင်သည်။ ဘာဖြစ်ဖြစ်ကွာဆိုပြီး မျက်စေ့မှိတ် ပြေနေကြရဟန် တူပါသည်။
စင်္ကာပူမှာ မဲပေးဖို့ ဖောင်ဖြည့်သူ တကယ်ပဲ ရှစ်ထောင်ထဲ ဆိုရင်တော့
in
Politics,
ဇင်ဝေသော်
- on 8/24/2015
- No comments
စင်္ကာပူမှာ မဲပေးဖို့ ဖောင်ဖြည့်သူ တကယ်ပဲ ရှစ်ထောင်ထဲ ဆိုရင်တော့ တော်တော်နည်းတာပဲ၊ ဖြစ်နိုင်တဲ့ အကြောင်းများစွာတွေထဲက တစ်ကြောင်းကတော့ ဘုန်းကြီးတွေ မဲပေးခွင့်မရှိတာပဲ။ မဲပေးခွင့်ရှိလို့ ဘယ်ဆရာတော် ဘယ်နေ့က ကြွလာပြီး ဖောင်ဖြည့်တယ် ဘာညာဆိုရင် သူ့နီးစပ်ရာတွေလည်း သေချာပေါက်ပါလာမှာ။ သတင်းလည်း ပိုလှုပ်မယ်။


