ဖတ်ရတာ အားရှိစရာ။ ဝက်ဝက်ကွဲ ဆိုလား


ဒေါ်စုကတော့ ဦးသိန်းစိန်ရဲ့ လူယုံတော်၊ ဦးစိုးသိန်းနယ်မြေ၊ ကယားပြည်နယ်ကနေ စဖြိုနေပြီဆိုပဲ။
အနောက် မီဒီယာကလည်း ခပ်ကြွကြွလေး ရေးထားတော့ ဖတ်ရတာ အားရှိစရာ။ ဝက်ဝက်ကွဲ ဆိုလား။
လယ်သမားကြီးတစ်ယောက်က သူ့တွေ့ချင်လို့ လယ်ထဲက အလုပ် ပစ်ထားခဲ့သတဲ့။
ပတ်ဘလစ် စပီကင်းမှာတော့ ဒေါ်စုကိုမှီတဲ့ နိုင်ငံရေးသမား ပြည်တွင်းမှာ မရှိသလောက် (မရှိသလောက်ဆိုတာက အားနာလို့ ထည့်တာ) ရှားပါတယ်။
တောသားအတွေး တွေးတော့ ဒေါ်စုတို့ နိုင်ငံရေးလုပ်တယ်ဆိုတာ ရှိသမျှ အကုန်ပေးပြီး လုပ်တာ၊ ယူပြီးလုပ်တာမဟုတ်ဘူး။
တိုင်းရင်းသား၊ တောသူတောင်သားတွေကလည်း သူ့တွေ့ရင် ချစ်သွားကြမှာပါ။
ပခုက္ကူသွားပြီး ဟိုကောင်မလေးကိုလည်း အားပေးလိုက်ပါအုံး၊ အားငယ်နေလိမ့်မယ်။


ရာသီစာ ပြန်စာ


ကမ်းလက် (ဇင်ဝေသော်)က ကြားနေဝါဒလား၊ ဘယ်ပါတီကို ထောက်ခံသလဲ တဲ့။ မေးနေကြတာ ကြာပါပြီ။ အခုတလော ပိုမေးကြတယ်။
ကကြိုးလေးထွေနဲ့ အောင်ဆန်းစုကြည်ကို ဘာသာပြန်ခဲ့သလို နှီးဖျာတစ်ချပ်ရဲ့ ဗီတာမင် ရေကြည်တစ်ပေါက် (ဦးသိန်းစိန်အကြောင်း) ကိုလည်း ဘာသာပြန် ခဲ့တာပဲ ဆိုတော့ မေးချင်စရာပေါ့။

သာမန်လူတစ်ယောက်အနေနဲ့ အဖွဲ့ချုပ်ကို ထောက်ခံအားပေးပါတယ်။ မဲပေးခွင့်သာရှိရင် ကိုယ့်မဲက အဖွဲ့ချုပ်အတွက်ပဲ ဖြစ်ပါလိမ့်မယ်။
ဒါပေမဲ့ စာရေးသူ တစ်ယောက်အနေနဲ့ကတော့ (ကိုယ်တိုင်က ဘာမှ မဟုတ်ပေမဲ့) ကိုယ်တင်တဲ့ သတင်း၊ ကိုယ့်ကောက်ချက်က အတတ်နိုင်ဆုံး တရားမျှတနေဖို့ အမြဲကြိုးစားပါတယ်။
စထရိတ်တိုင်းမ်မှာ ဒေါ်စုပုံ ပါလာရင် တင်သလို ဦးသိန်းစိန်ပုံပါလာလို့ ချန်ထားတာမျိုး မရှိခဲ့ပါဘူး။ ကြိုးစားထိန်းမတ်ရင်း လွတ်ထွက်သွားတာမျိုးလည်း ရှိနိုင်ပါတယ်။
ဒေါ်စုအပေါ် အထင်ကြီးလေးစားစိတ် အများအပြားရှိသလို ဦးသိန်းစိန် ရဲ့ ကောင်းကွက် တချို့ကိုလည်း မြင်မိအောင် ကြည့်ပါတယ်။

နောက်နေ့တွေမှာ မြင်မိတာလေးတွေ ရေးပါအုံးမယ်။ ယဉ်ကျေးစွာ ကွဲလွဲနိုင်ကြပါတယ်။

အနောက်ရဲ့ တန်ဖိုးတွေ


"အနောက်ရဲ့ တန်ဖိုးတွေဖြစ်တဲ့ ဒီမိုကရေစီ၊ လူ့အခွင့်အရေးနဲ့ အင်ဒီဗီကျူ ယယ်လစ်ဇင်ကို ဝေဖန်ပုတ်ခတ်နေသူတွေက အနောက်စနစ်တွေရဲ့ ထွက်ကုန် နည်းပညာအကူအညီတွေကို သုံးစွဲပြီး သူတို့ဝါဒပြန့်အောင် ဖြန့်နေကြတယ်" ဆိုတဲ့အဆိုကို ငြင်းဖို့တော့ တော်တော်ခက်တာပဲ။ အင်ဒီဗီကျူယယ်လစ်ဇင်ကို အသေအလဲ ပုတ်ခတ်နေသူက လက်ထဲမှာတော့ အနည်းဆုံး ဟွာဝေးနဲ့။

ပြောင်းလဲလာတဲ့ နှုတ်ခွန်းဆက်သံများ ၂


၁။ ပါဠိတော်ခေတ်
"ကစ္စိ ဘန္တေ ခမနီယံ၊ ကစ္စိ ယာပနိယံ" (ကျန်းမာ၊ မျှတပါစဘုရား)

၂။ ဖေ့စ်ဘုတ် မတိုင်မီခေတ်
"အရှင်ဘုရား ကျန်းမာပါရဲ့လား၊ အစစအရာရာ အဆင်ပြေပါရဲ့လား ဘုရား"

၃။ ဖေ့စ်ဘုတ်ခေတ်
"မတွေ့တာ ကြာပြီနော်ဖျာ့၊ ဟိုနေ့ကတောင် အရှင်ဖျား ပို့စ်ကို တပည့်တော် လိုက်ခ်လိုက် ရှယ်လိုက်သေးတယ် ဖျာ့"

မနက်ပိုင်း နိုင်ငံရေး ဒိုင်ယာလော့ဂ်


"မဲမပေးမနေရ ဥပဒေ ထုတ်ပြန်ထားရင် မဲပေးကြဖို့ လိုက်ပြောနေစရာ မလိုတော့ဘူးပေါ့"

"လူထုအများစုက ထောက်ခံတယ်လို့ယုံကြည်တဲ့ အစိုးရလက်ထက်မှာမှ ဒါမျိုးဥပဒေမျိုးက ရှိလာနိုင်မှာ။ လူထု မထောက်ခံတဲ့ အစိုးရက ဒီဥပဒေမျိုး ဘယ်ထုတ်မလဲ၊ ကိုယ့်သေတွင်းကို တူးသလိုဖြစ်မှာပေါ့"

ဒါက နိုင်ငံရေးကစားကွက်ပဲ၊ လှပါတယ်


ဦးသိန်းစိန်ကလည်း ရွေးကောက်ပွဲအမှီ ငြိမ်းချမ်းရေးစာချုပ် လက်မှတ်ထိုးနိုင် ဖို့ အသည်းအသန် တဲ့။
ဒေါ်စုကလည်း တိုင်းရင်းသားလက်နက်ကိုင် အဖွဲတွေကို မလောကြဖို့၊ ရေ ရှည်ခံမယ့် ငြိမ်းချမ်းရေးဖြစ်ဖို့သာ အရေးကြီးကြောင်း လှမ်းပြောထားသတဲ့။ (သတင်းစာ အာဘော်)

ဒါက နိုင်ငံရေးကစားကွက်ပဲ၊ လှပါတယ်။
မကြာမကြာ ခလုပ်ဝင်ဝင်တိုက်တယ် မထင်ကြပါနဲ့၊ အမျိုးစောင့်ဥပဒေက လည်း ဘာသာရေးကကြည့်တော့ ဘာသာရေး၊ နိုင်ငံရေးက ကြည့်တော့ နိုင်ငံရေးပါ။
အခု တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ ပတ်သက်ပြီး ပါတီခေါင်းဆောင်နှစ်ယောက် ကစားနေပုံကို သဘောကျတယ်။

ဘယ်နိုင်ငံသားက ပြည်တွင်းစစ်ကို လိုချင်မလဲ။
ဘယ်နိုင်ငံသားက လူမျိုးခြားက သူ့လူမျိုးအပေါ် အနိုင်ကျင့်တာ မြင်ချင်မလဲ။

မြင်းခြံလောက်တော့ ရမှာပါ :)


အရပ်က ၅ ပေ၊ ၁၁ လက်မ၊ လက်ရှိ ဥပဓိ၊ လက်ရှိ ပညာရေးနဲ့ လုပ်ဆောင် ချက်၊ လူတစ်ယောက်လည်း ဖြစ်၊ အဖွဲ့ချုပ်ထဲလည်းဝင်၊ မြန်မာပြည်ထဲမှာလည်း ၁၀ နှစ် ဆက်တိုက်နေခဲ့မိရင် မြင်းခြံလောက်တော့ ရမှာပါ။
လူထုနဲ့ အတိုက်အခံ မဖြစ်ချင်လို့ ပခုက္ကူကို လက်ရှောင်လိုက်တယ်။ ဓာတ်ပုံထဲက ကျန်တဲ့ နှစ်ယောက်ကိုတော့ (ဆရာသစ္စာနီနဲ့ ဓမ္မဂင်္ဂါ) ငုံ့ကြည့်ပြိုက်မယ်၊ ဟွင်းဟွင်း။
(ဗိုလ်ချုပ် အနှစ်တစ်ရာ အမှတ်တရ၊ ဇင်ဝေသော်၊ သစ္စာနီ၊ ဓမ္မဂင်္ဂါ နဲ့ သစ္စာနီပရိသတ်)

လူဆန်စွာ၊ သိက္ခာရှိစွာ ယှဉ်ပြိုင်ကြရင်း


အရင်ကလည်းပြောခဲ့တယ်၊ အခုလည်း ပြောပါတယ်။
လာမယ့်ရွေးကောက်ပွဲကြီးကိုသာ သန့်သန့်ရှင်းရှင်းနဲ့ အောင်အောင်မြင်မြင် ကျင်းပပေးသွားနိုင်ရင် ဦးသိန်းစိန်ကို ကျေးဇူးတင်ကြောင်း၊ မြန်မာ့နိုင်ငံရေး အကူးအပြောင်းအတွက် သူ့သမိုင်းလည်း အထင်ကရ ကျန်နေမှာဖြစ်ကြောင်းပါ။

လူဆန်စွာ၊ သိက္ခာရှိစွာ ယှဉ်ပြိုင်ကြရင်း သူတစ်ပါးကို ပုတ်ခတ်စွပ်စွဲခြင်းထက် မိမိတို့ အနာဂတ်အစီအမံတွေနဲ့ လူထုမဲကို ရအောင်ယူနိုင်ကြပါစေလို့ ဆုတောင်းရင်း ရွေးကောက်ပွဲ စည်းရုံးရေးကာလကို ကြိုဆိုလိုက်ပါတယ်။

ပါတီနိုင်ငံရေးတဲ့လား


ဆရာကြီး နေရူးတို့ စသုံးခဲ့တဲ့စကားပါ။ တို့က ပါဝါနိုင်ငံရေး မလုပ်၊ အမျိုးသားနိုင်ငံရေးပဲ လုပ်တယ် တဲ့။
အခု မြန်မာပြည်မှာ ခေတ်စားနေတာ ပါတီနိုင်ငံရေး မလုပ်၊ အမျိုးသားနိုင်ငံရေးပဲ လုပ်တယ်၊ ဘယ်ပါတီဘက်သားမှ မဟုတ်ဘူး ပေါ့။
ပါတီတို့၊ အော်ဂနိုက်ဇေးရှင်းတို့ ဆိုဆိုက်တီးတို့က တကယ်တော့ လူ့အဖွဲ့အစည်းတွေကို နေရာအလိုက် ခွဲပြီးခေါ်တာပါ။ နိုင်ငံရေးမှာတော့ ပါတီပေါ့လေ။
ဒါ့ကြောင့် နိုင်ငံရေးဆိုတာနဲ့ ပါတီက ကင်းလို့မရပါဘူး။ လူမှုရေး၊ ဘာသာရေး စတဲ့နယ်ပယ်မှာတော့ ပါတီမရှိဘူးပေါ့။
ဒါတောင် သွယ်ဝိုက်ပြီး ရှိနေတတ်ပါတယ်။

ဥရောပနဲ့ အမေရိကမှာ ဘာသာရေးလွှမ်းမိုးမှု နိုင်ငံရေးထဲ မရှိတော့သလောက် ကင်းသွားပေမဲ့ အခြားဒေသမှာတော့ မကင်းပါဘူး။
အဆိုးဆုံးက အစ္စလာမ်ပါပဲ၊ ဒါ့ကြောင့်လည်း နိုင်ငံရေးအကူးအပြောင်းတွေမှာ ကျရှုံးနေကြရတာ။
ပါတီမရှိဘဲ ဘယ်လို ဗဟုမဏ္ဍိုင်ဖြစ်မလဲ၊ ဗဟုမဏ္ဍိုင်မဖြစ်ရင် ပါဝါ ညှိမရ၊ ပါဝါ ညှိမရမှတော့ ပဒေသရာဇ်၊ အာဏာရှင်စနစ်ပေါ့။

ပြုံးစိစိ အမေး အဖြေ


မေး။ ။ ပါဝါညှိဆိုတော့ ဘယ်မှာ ပါဝါ ဘယ်လောက်ရှိမှန်း မသိတော့ ဘယ်လိုလုပ်ရမလဲ။
ဖြေက။ ။ ဟောဗျာ၊ အခုတောင် ပါဝါ ဘယ်ရှိနေမှန်း မသိကြသေးဘူးလား။ ဦးရွှေမန်းကို သွားမေးကြည့်ကြ။