ခေါင်းဆောင်ဟာ အခြေခံ အရည်အချင်းတွေနဲ့ ပြည့်စုံနေရပါတယ်။ အိုင်ကျူမြင့်ဖို့လည်း လိုအပ်ပါတယ်။ ဒါပေမယ့် ဒါက အစိတ်အပိုင်းတစ်ခုသာပါ။ အီးကျူ၊ ခေါင်းဆောင်မှုစွမ်းရည်၊ ရေရှည်အလုပ်လုပ်နိုင်မှု၊ ဆုံးဖြတ်ချက် ခိုင်မာမှု၊ အကြံကောင်းဉာဏ်ကောင်းရှိမှု - စတဲ့ တခြားအရည်အချင်းတွေလည်း အများကြီး လိုအပ်ပါတယ်။
ဖြေ ။ ။တို့မှာ လူဦးရေ သုံးသန်းပဲ ရှိတယ်။ နှစ်စဉ် ခေါင်းဆောင်မှုစွမ်းရည်နဲ့ ပြည့်စုံတဲ့လူ (၁၀၀) လောက် ထွက်လာနိုင်တယ်။ အဲ့ဒီအထဲက ပြန်စစ်ယူရင် (၂၀) သို့မဟုတ် (၃၀) လောက် ကျန်မယ်။ အသက်မွေးဝမ်းကြောင်းဆိုင်ရာတွေ၊ စီးပွားရေးလုပ်ငန်းတွေအတွက် ထွက်လာတယ်။ နိုင်ငံရေးလောကအတွက် မရှိလာဘူး။ ဆိုလိုတာက နိုင်ငံရေးထဲကို သုံးဆယ်ကျော်၊ လေးဆယ်ပြူပြူမှာ (လေးဆယ်ဝန်းကျင်မှာ) နိုင်ငံရေး စလုပ်နေရမယ်။ နောက်ကျသွားပြီဆိုရင် လူထုနဲ့ ဆက်သွယ်မှု ပြတ်သွားတယ်။ သူတို့နဲ့ လက်ဆွဲနှုတ်ဆက်ရတာမျိုး၊ ကလေးတွေကို နမ်းရတာမျိုးတွေ မလုပ်နိုင်တော့ဘူး။
၂၀၀၁ - ခုနှစ်မှာ ငါတို့ (မျိုးဆက်သစ် နိုင်ငံရေးသမားတွေ) ရအောင် မရှာနိုင်ခဲ့ဘူး။ ဒါနဲ့ ဒေါက်တာသုံးယောက်ကို ဆွဲထုတ်ခဲ့ရတယ်။ တကယ်ဆို သူတို့ သုံးယောက်စလုံးက သူတို့ပညာနဲ့ သူတို့ ထိပ်တန်းတွေချည်းပဲ။ Ng Eng Hen, Vivian Balakrishnan ရယ်၊ Balaji Sadasivan ရယ်။ ဗလကြီး (Balaji) ဆိုရင် ထိပ်တန်း ဦးနှောက်ခွဲစိတ်ကုဆရာဝန်။ ဒါပေမယ့် နိုင်ငံရေးမှာတော့ ခေါင်းဆောင်ကောင်း ဖြစ်မလာဘူး။
ဖြေ ။ ။မဟုတ်ပါဘူး။ တို့က ထိပ်တန်းဆရာဝန်၊ ထိပ်တန်းခွဲစိတ်အထူးကု၊ ထိပ်တန်းစာရင်းစစ်တွေ ဆိုပြီး ရွေးနေတာ မဟုတ်ပါဘူး။ မူဝါဒက သူတို့ကို ရွေးတာပါ။ တို့က လူတော် အနည်းစုလေးကိုပဲ ကြည့်ပြီး သူတို့အထဲက အလားအလာ ရှိသူတွေကို ရှာယူရတာပေါ့။
ဖြေ ။ ။မထင်မိပါဘူး။ အစိုးရအဖွဲ့ကို တစ်ယောက်ယောက်က မောင်နှင်ပေးနေရတယ်။ ကံကောင်းမယ်ဆိုရင် အစိုးရကို လည်ပတ်စေတာ၊ ဝန်ကြီးရွေးချယ်တာတွေသာမက လူတွေကိုပါ သူ့ဖက်ပါလာအောင် စွမ်းနိုင်တဲ့ ဝန်ကြီးချုပ်တစ်ယောက် ရနိုင်တယ်။
ကိုယ့်ပါတီထဲမှာကိုပဲ လူပေါင်းစုံ ရှိနေရတယ်။ ကော်ဖီဆိုင်တွေမှာ အချိန်ကုန်တတ်တဲ့ လူတွေဟာ အခြေခံလူထုနဲ့ ဆက်ဆံရာမှာ တော်ကြတယ်။ Ong Ah Heng ဆိုရင် ငါ့ရဲ့ အတွင်းရေးမှူးပဲ။ သူက လက်တွေ့ကျတဲ့ အခြေခံလူတန်းစားထဲကလာတာ။ ဒါနဲ့ သူ့ကို National Transport Workers' အဖွဲ့ထဲ ထည့်ပြီး Nee Soon မဲဆန္ဒနယ်မှာ ဝင်ပြိုင်ဖို့ တွန်းပေးလိုက်ကြတယ်။
ပါတီတစ်ခုမှာ လူပေါင်းစုံလိုတယ်။ ဒါဆို သူတို့က ဝန်ကြီးတစ်ယောက်အနေနဲ့ အလုပ်လုပ်နိုင်မလား။ ပီအေပီရဲ့ တည်ထောင်သူ အဖွဲ့ဝင် တိုချင်ချိုင် ပြောတာတစ်ခုရှိတယ် "စိတ်မပူပါနဲ့၊ သူဟာ ထာဝရ အတွင်းရေးမှူးအနေနဲ့ပဲ ရှိနေပါလိမ့်မယ်" တဲ့။
ဖြေ ။ ။အစိုးရက ပညာရေးကဏ္ဍတစ်ခုကိုပဲ ကြည့်ပြီး ရွေးတယ်ဆိုတဲ့ အယူအဆကတော့ လုံးဝအမှားပဲ။ ပညာရေးကို အရင်ကြည့်တယ်ဆိုတာ မှန်ပါတယ်။ ဒါက ပထမအဆင့်ပဲ။ ဒီနှစ်တွေအတွင်းမှာ ဂျင်နရယ်အီလက်ထရစ်မှာဖြစ်ဖြစ်၊ IBM မှာပဲဖြစ်ဖြစ်၊ မိုက်ကရိုဆော့(ဖ်)မှာပဲ ဖြစ်ဖြစ်၊ ခေါင်းဆောင်ဟာ အခြေခံ အရည်အချင်းတွေနဲ့ ပြည့်စုံနေရပါတယ်။ အိုင်ကျူမြင့်ဖို့လည်း လိုအပ်ပါတယ်။ ဒါပေမယ့် ဒါက အစိတ်အပိုင်းတစ်ခုသာပါ။ အီးကျူ၊ ခေါင်းဆောင်မှုစွမ်းရည်၊ ရေရှည်အလုပ်လုပ်နိုင်မှု၊ ဆုံးဖြတ်ချက် ခိုင်မာမှု၊ အကြံကောင်းဉာဏ်ကောင်းရှိမှု - စတဲ့ တခြားအရည်အချင်းတွေလည်း အများကြီး လိုအပ်ပါတယ်။ ပညာရပ်တစ်ခုမှာပဲဖြစ်ဖြစ်၊ စီးပွားရေးတစ်ခုခုမှာပဲဖြစ်ဖြစ်၊ ဒီအရည်အချင်းတွေနဲ့မှ အလုပ်လုပ်လို့ ရတယ်။
SIA (Singapore International Airline) က စီအီးအို ချူးချောင်စိန်ဆိုရင် စင်္ကာပူတက္ကသိုလ်က ဘွဲ့၊ Imperial Collage က မာစတာဘွဲ့ ရပေမယ့် စကောလားတစ်ယောက် မဟုတ်ပါဘူး။ ဒါပေမယ့် လူတော်တစ်ယောက်ပဲ။ လူတွေကို နားလည်တယ်။ ခေါင်းဆောင်နိုင်တယ်။ စီးပွားရေးသဘောကို နားလည်တယ်။ ဒါ့ကြောင့် SIA လည်း အခြေအနေ ကောင်းနေရတယ်။ (ဒါ့ကြောင့် SIA အခြေအနေ ကောင်းနေတာ။)
ဖြေ ။ ။အောက်ခြေက နိုင်ငံ့ခေါင်းဆောင် ဒီနေ့ကမ္ဘာမှာ မရှိဘူး။ ရှိရင် ငါ့ကို ပြပါ။ အမေရိကန် သမ္မတလောင်းတွေကို ဘယ်လိုရွေးသလဲ။ အောက်ခြေလူတန်းစားကလား။ မဟုတ်ဘူး။ ဒီမိုကရက်နဲ့ ရီပတ်ဘလစ်ကန်ပါတီတွေရဲ့ ထိပ်သီးအုပ်တွေထဲကနေ ရွေးယူရတာ။
ဘားရက်အိုဘားမား ဝင်လာတယ်။ သူ့အတွက် အခွင့်အရေး ဘယ်လောက် ရှိသလားဆိုတာ သေသေချာချာ တွက်ချက်ပြီး တက်လာတာ။ အခြေခံမူတွေကို စနစ်တကျ ပြင်ဆင်ခဲ့တာ။ သူများ အာရုံမကျတဲ့ လူနည်းစု တစ်သီးပုဂ္ဂလပါတီးလေးတွေကို သူက ဦးတည်ထားခဲ့တာ။ သူ့ကို သိပ်အလေးမထားခဲ့တာဟာ ဟီလာရီရဲ့အမှားပဲ။ သူနိုင်ပြီး သမ္မတလောင်း လျာထားခဲ့လိုက်ရတယ်။ နောက်ဆုံး ဘာဖြစ်လဲ။ အမေရိကန်တွေက "အိုကေ၊ လူမည်းကို သမ္မတတင်ကြည့်ရအောင်။ ဒါက အဖြူလူမျိုးနိုင်ငံမှာ (လူဖြူနိုင်ငံမှာ) လူမည်းသမ္မတဖြစ်တယ်ဆိုတဲ့ နာမည်လည်း ကျန်တာပေါ့။ ဒီလူမည်းက လူတော်တစ်ယောက်" လို့ ပြောကြတယ်။
ရီပတ်ဘလင်ကန်ပါတီကိုကြည့်။ သူတို့ ဘယ်က ရောက်လာကြတဲ့လူတွေလဲ။ ဂျွန်မက်ကိန်းဆိုရင် စစ်ပွဲသူရဲကောင်း၊ သူ့အဖေက ကြယ်လေးပွင့် သူရဲကောင်း။ သူ ဆီးနိတ်ရာထူး ရတယ်။ ဂျော့ဘု(ရှ်)နဲ့ ဝင်ပြိုင်တယ်။ ရှုံးတယ်။ နောက်ဆုံး ၂၀၀၈ - မှာ သမ္မတ လျာထားခံရတယ်။
ဗြိတိန် ကွန်ဆာဗေးတစ်ပါတီရဲ့ခေါင်းဆောင်တွေကိုကြည့်ဦး။ သူက Eton နဲ့ Oxford မှာ ကျောင်းပြီးတယ်။ ကွနှ်ဆာဗေးတစ် အမတ်တွေကိုယ်တိုင်က သူ့ကို ရွေးတာ။ အားလုံးက အထက်တန်းလွှာက လူတွေ။
တရုတ်ပြည်က ကွန်မြူနစ်ပါတီကို ဆက်ကြည့်ဦး။ ပထမ တော်လှန်ရေးကာလတုန်းကတော့ ဟုတ်တယ်။ ဒါပေမယ့် မော်စီတုန်း အာဏာရပြီးကတည်းက အားလုံးကို ဘေးဖယ်ပစ်လိုက်တာ နောက်ဆုံး သူ့မှာပဲ အာဏာရှိတော့တယ်။ သူမသေချင်အထိ ကိစ္စတော်တော်များများ သူကိုယ်တိုယ်တိုင်ပဲ ဆုံးဖြတ်တယ်။
အရှိကို အရှိအတိုင်းပဲ ကြည့်ရအောင်ပါ။ အာဖရိကန် နေရှင်နယ်ကွန်ဂရက်ကို ကြည့်ဦး။ အာဖရိကန်လူထုကြီး ဆုံးဖြတ်တာလား။ မဟုတ်ဘူး။ နယ်လ်ဆင် မင်ဒဲလား။ သူက လွတ်လပ်ရေး ခေါင်းဆောင်။ ထောင်ထဲမှာ နှစ်နှစ်ဆယ်ကျော် နေခဲ့တယ်။ သူ အနားယူတော့ သူ့ဘေးမှာ မွေးထားတဲ့အဖွဲ့က ဆက်လုပ်တယ်။ ဒါ အောက်ခြေလူတန်းစားလား။
ဆက်ရန် -
ဇင်ဝေသော်