“ စစ်သားတစ်ယောက်ဟာ (တိုင်းပြည်ရဲ့ စစ်သားအစစ်အမှန်လား၊
ကြေးစားစစ်သားလားဆိုတာတွေ ကွဲကွဲပြားပြား ဖော်ပြ မထား ပါဘူး။) တိုက်ပွဲမှာ
ကျဆုံးခဲ့ရင် နတ်ပြည်ကိုရောက်နိုင်ပါသလား” တဲ့။
ဘုရားရှင်ရဲ့အဖြေက တိတ်တိတ်နေလိုက်ခြင်းပါ။
မေးတဲ့ပုဂ္ဂိုလ်က ဇွတ်အတင်းမေးလာတော့မှ-
“သူတပါးကို သေစေလိုတဲ့ စေတနာဆိုးနဲ့ သေသွားသူအတွက် ဒုတိယဘဝက ငရဲနဲ့ တိရိစ္ဆာန်ပဲ ဖြစ်နိုင်တယ်” လို့ ဘုရားရှင် က ဖြေကြားခဲ့ပါတယ်။
ဘုရားရှင်ရဲ့အဖြေက တိတ်တိတ်နေလိုက်ခြင်းပါ။
မေးတဲ့ပုဂ္ဂိုလ်က ဇွတ်အတင်းမေးလာတော့မှ-
“သူတပါးကို သေစေလိုတဲ့ စေတနာဆိုးနဲ့ သေသွားသူအတွက် ဒုတိယဘဝက ငရဲနဲ့ တိရိစ္ဆာန်ပဲ ဖြစ်နိုင်တယ်” လို့ ဘုရားရှင် က ဖြေကြားခဲ့ပါတယ်။
Buddhism and the Role of the Armed Services.
By: Peter Harvey.
ဗုဒ္ဓဘာသာရဟန်းတော်တွေဆိုရင် ၂၂၇ - သိက္ခာပုဒ်တွေကို စောင့်ထိန်းထားကြရပါတယ်။ အဓိကက သတ္တဝါ၊ အခြေအနေတွေကို စိတ်ရှည်သည်းခံဖို့ လမ်းညွှန်ထားတဲ့ သဘောတရားပါ။ ဗုဒ္ဓဘာသာရဟန်းတော်တွေမှ မဟုတ်ပါဘူး။ သေနတ်ကိုင်ထားတဲ့ စစ် သားတွေ ဟာလည်း စိတ်ရှည်သည်းခံဖို့  လိုပါတယ်။ လောကီအာရုံတွေနဲ့ဖျားယောင်းတာကို ရဟန်းတွေခံနေရသလိုမျိုး စစ်သားေ တွ ဟာလည်း စစ်ပွဲ၊ ရန်သူတွေရဲ့ဖျားယောင်းမှုကို ခံနေကြရတာပါ။
“မြတ်စွာဘုရားက စစ်သူကြီးကောင်း၊ စစ်သားကောင်းတစ်ယောက်ရဲ့ဂုဏ်ရည်နဲ့ ပတ်သတ်လို့  ပသေနဒီကောသလမင်းကြီးကို မိန့် ဆိုခဲ့ဖူးပါတယ်။
ကောင်းကောင်းလေ့ကျင့်ပေးထားသူဖြစ်ရမယ်။
အတွေ့ အကြုံရင့်ကျက်ရမယ်
သတ္တိရှိသူဖြစ်ရမယ်။
အထူးသဖြင့် လေးစားထိုက်သူဆိုရင် လေးစားမှုရှိနေရမယ် - တဲ့။ ”
(S-N-1 98, 99, Samyutta Nikaya (Th) Physe Davids.)
ဒါကိုကြည့်ရင် ဒီနေ့ ကျနော်တို့ ဒီခေတ်စစ်တပ်ရဲ့ ဥပေဒေတစ်ချို့ ဟာ ဗုဒ္ဓဥပဒေတွေနဲ့  ဆက်စပ်နေတယ် ဆိုတာ ကို တွေ့ မြင်ရပါ တယ်။
ငါးပါးသီလနဲ့ သမ္မာအာဇီဝ-
ဗုဒ္ဓဘာသာရဲ့ ကိုယ်ကျင့်နဲ့ပတ်သက်လို့ ငါးပါးသီလက အချုပ်ပါပဲ။
၁။ ပါဏာတိပါတ - လူ၊ တိရိစ္ဆာန် သက်ရှိမှန်သမျှကို တိုက်ရိုက်အားဖြင့်ဖြစ်စေ၊ သွယ်ဝိုက်သောအားဖြင့်ဖြစ်စေ၊ တစ်ယောက်ယောက်ကို စေခိုင်း၍ဖြစ်စေ သတ်ဖြတ်ခြင်း
၂။ မပေးတဲ့ သူတပါးပစ္စည်းကို ခိုးယူခြင်း၊ လိမ်ယူခြင်း၊ နိုင့်ထက်စီးနင်းယူခြင်း
၃။ ကာမေသု မိစ္ဆာစာရ
၎။ မုသာဝါဒ
၅။ သုရာမေရယ - လူရဲ့သတိမှတ်ဥာဏ်ကို ချွတ်ယွင်းစေနိုင်တဲ့ အရက်ဆေးဝါးစတာတွေ သုံးစွဲခြင်း။
ငါးပါးသီလဆိုတာ တကယ်တော့ ရွှေစည်းမျဉ်း၊ ရွှေဥပဒေတော်ပါ။ ဘယ်သူမှ ဒုက္ခမရောက်ချင်ဘူး။
လူတိုင်းပျော်ရွှင်ချင်တယ်။ ဒီတော့ သူများဒုက္ခရောက်အောင် မလုပ်နဲ့။ သူများစိတ်ချမ်းသာပါစေ။ ဒါပါပဲ။ နောက်ပြီး ငါးပါးသီလနဲ့ ဆက်စပ်ပြီး သတိပေးထားတာက မှားယွင်းတဲ့ အသက်မွေးဝမ်းကြောင်းမှုဆီကို ရောက်မသွားစေဖို့ပါ။ မှားယွင်းတဲ့ အသက်မွေးမှုနဲ့ ပတ်သက်လို့ ဗုဒ္ဓဘာသာက စာရင်းပြုစုပေးထားတာတွေက လက်နက်ရောင်းဝယ်မှု၊ တိရိစ္ဆာန်ရဲ့ အသားရောင်းဝယ်မှု၊ အဆိပ်ရောင်းဝယ်မှု၊ လူရောင်းဝယ်မှုနဲ့ မူးယစ်သေစာရောင်းဝယ်မှုတွေပါ။
စစ်သားတစ်ယောက်နဲ့ ဗုဒ္ဓဘာသာရဲ့တန်ဖိုးများ
လက်နက်အရောင်းအဝယ်လုပ်တယ်ဆိုတာ စစ်သားနဲ့ မဆိုင်ပါဘူး။ အရောင်းအဝယ်လုပ်တဲ့ လက်နက်ပွဲစားတွေနဲ့ပဲ ဆိုင်တယ်။ ဒါပေမယ့် စစ်သား(သို့) စစ်တပ်နဲ့ တစ်နည်းနည်းဆက်စပ်နေရင် ဗုဒ္ဓဘာသာတစ်ယောက်အနေနဲ့ စဉ်းစားစရာတွေ အများကြီး ရှိနေမှာ အသေအချာပါပဲ။ ဗုဒ္ဓဘာသာက ဘာမှမပြောခဲ့ပါဘူး။ ဟိန္ဒူဘာသာရဲ့ ကျမ်းစာတစ်ခုဖြစ်တဲ့ ဘဂဝါဂီတမှာတော့ " လူတစ်ေ ယာက်ဟာ မွေးဖွားစဉ်ကတည်းက တိုင်းပြည်တာဝန်ကို ထမ်းဆောင်ဖို့ ခတ္တိယမျိုးမှာ မွေးဖွားလာတယ်။ ဒီလို စစ်တပ် တာဝန်ကို ထမ်းဆောင်နေရခြင်းကပင် ဘာသာရေးတာဝန်တစ်ခုကို ထမ်းဆောင်နေသလိုပါ။ စစ်တပ်က လိုအပ်လာတဲ့အခါ ရှေ့တန်းစစ်မျ က်နှာကို ထွက်တယ်။ စစ်တိုက်ရင်း အသက်ဆုံးရှုံးခဲ့ရတယ်ဆိုရင်တောင်မှ သေရင်နတ်ပြည်ရောက်တယ်” လို့ ဘဂဝါဂီတမှာ ဖော်ပြထားပါတယ်။ လူတွေအမှတ်မှားနေတဲ့ကိစ္စက ဒီစကားကို ဗုဒ္ဓဘာသာကပဲ ပြောခဲ့သလိုလို ထင်နေခြင်းပါ။ (ရဲသော် မသေ၊ သေသော် ငရဲမလား- ဟာ ဘဂဝါဂီတ ဟိန္ဒူအယူအဆဆိုတာ ဆရာကြီးတို့ သိနိုင်ပါစေ- ဘာသာပြန်သူ)
ဒီပြဿနာမျိုးပဲ ဘုရားရှင်ကို မေးလျှောက်ခဲ့ဖူးပါတယ်။
“ စစ်သားတစ်ယောက်ဟာ (တိုင်းပြည်ရဲ့ စစ်သားအစစ်အမှန်လား၊ ကြေးစားစစ်သားလားဆိုတာတွေ ကွဲကွဲပြားပြား ဖော်ပြမထားပါဘူး။) တိုက်ပွဲမှာ ကျဆုံးခဲ့ရင် နတ်ပြည်ကိုရောက်နိုင်ပါသလား” တဲ့။
ဘုရားရှင်ရဲ့အဖြေက တိတ်တိတ်နေလိုက်ခြင်းပါ။
မေးတဲ့ပုဂ္ဂိုလ်က ဇွတ်အတင်းမေးလာတော့မှ-
“သူတပါးကို သေစေလိုတဲ့ စေတနာဆိုးနဲ့ သေသွားသူအတွက် ဒုတိယဘဝက ငရဲနဲ့ တိရိစ္ဆာန်ပဲ ဖြစ်နိုင်တယ်” လို့ ဘုရားရှင် က ဖြေကြားခဲ့ပါတယ်။ တကယ်တော့ စစ်သားတစ်ယောက်ရဲ့ တာဝန်တွေဟာ များပြားလှပါတယ်။ ငြိမ်းချမ်းရေးအတွက် ကြားဝင်ဖြေရှင်းပေးရတာ၊ ပြည်တွင်းမငြိမ်မသက်ကိစ္စတွေရှိလို့ အရေးပေါ် ထိန်းသိမ်းရတာ၊ အကူအညီပေးရတာ၊ ကိုယ့်နိုင်ငံ ကိုယ့်လူမျိုးကို ကာကွယ်ရတာ၊ စုံလို့ပါပဲ။
ဒါပေမယ့် အနှေးနဲ့အမြန်ပါပဲ။ ပုံစံတစ်မျိုးမျိုးနဲ့ သတ်ဖြတ်မှုတွေ ပါလာတတ်ပါတယ်။ ဗုဒ္ဓဘာသာအရ စေတနာနဲ့သာ သတ်လို့ကတော့ ဘယ်လိုသတ်ဖြတ်ခြင်းကိုမှ ကောင်းသောသတ်ဖြတ်ခြင်းလို့ ဆိုမထားပါဘူး။ ဒါပေမယ့် နေရာနဲ့ အခြေအနေတွေကိုတော့ ထည့်သွင်းစဉ်းစားရပါလိမ့်မယ်။ အပြစ်မဲ့တဲ့ ပြည်သူတွေကို သက်သက်မဲ့ သတ်ဖြတ်လာနိုင်တဲ့ အနေအထားတွေမှာဆိုရင်တော့ မလွဲသာမရှောင်သာ ပြည်သူကိုကာကွယ်ရင်း တစ်ဖက်သားကို ပစ်သတ်လိုက်ရတာမျိုးတွေ ရှိလာမှာပါပဲ။ ဒါဆိုရင်လည်း သေစေတဲ့စေတနာကို ကာကွယ်လိုတဲ့ ကရုဏာနဲ့အစားထိုးပြီး သုံးသပ်လိုက်ရတော့မှာပါ။ ဒီလိုအနေအထားမျိုးကို ကျွန်တော်တို့ ဘာသာစကားနဲ့ “necessary evils” လို့ ခေါ်ပါတယ်။
( ဆက်ရန် )
ကမ်းလက်