ရှားလော့ဟုမ်းနှင့် သတိပဋ္ဌာန်ကျင့်စဉ်


ဤဆောင်းပါးကို မရေးမီ စကားဦးတော့ အနည်းငယ် သမ်းဦးမှ တော်ပေလိမ့် မည်။ ဦးတည်ပြီး ရေးမည့် ဆောင်းပါးနာမည်က “The benefits of an inactive mind” ဖြစ်ပြီး သမားရိုးကျ ဗုဒ္ဓဘာသာအချို့က သတိ၊ သမာဓိကို ‘inactive’ မတက်ကြွ၊ အလုပ်မလုပ်၊ ပက်ဆစ်သဘော ဆန်သော ဟု သုံး ထားသဖြင့် ရွှေစိတ်တော် ငြိုကောင်း ငြိုနိုင်၏။ ကွန်မင့်များလည်း ရေးကောင်း ရေးလာနိုင်၏။

ထိုမျှသာမက ‘သတိ၊ သမာဓိ’ ကို အနောက်တိုင်းသားတို့ ထင်လွယ်မြင် လွယ်အောင် ကမ္ဘာကျော် စုံထောက်ကြီး ရှားလော့ဟုမ်း (ဆောင်းပါးထဲ မှာတော့ ‘ဟုမ်း’ လို့ပဲ သုံးသည်) အား ဇာတ်ကောင်ထားပြီး ရေးသွား၏။ ထို့ကြောင့် ကုလားထိုင်ပေါ် အခန့်သား ထိုင်ရင်း မလှုပ်မယှက် ဆေးတံခဲ ကာမျှဖြင့် သတိ၊ သမာဓိနှင့် လားလားမျှ မဆိုင်စသော ကွန်မင့်များလည်း ရှိကောင်း ရှိလာနိုင်ပြန်သည်။ အမှန်ဆိုရမူ မြန်မာများကိုယ်တိုင်လည်း ထို ကမ္ဘာကျော်စုံထောက်ကြီးကို တိုက်ရိုက်သိခဲ့ကြသည်မဟုတ်၊ သိသူ ရှိမည်၊ နည်းမည်။ ဆရာကြီး ရွှေ ဥဒေါင်းဖြန့်ဝေပေးသမျှသာ ရခဲ့ကြသည်။

အမှန်မူ ဤဆောင်းပါးက သိပ္ပံဆောင်းပါးသာ ဖြစ်၏။ ဗုဒ္ဓဘာသာဝင် တစ်ယောက်အနေနှင့်တော့ ဘာသာရေးဟု ယူဆနိုပါင်၏။ ထို့ကြောင့် မိမိ ကိုယ်တိုင်ကတော့ ‘inactive’ ကြောင့် ပြဿနာ မရှိသလို သတိ၊ သမာဓိကို ရှားလော့ဟုမ်းနှင့် တွဲပြသွားသဖြင့်လည်း အစာမကြေစရာ တစ်စုံတစ်ရာ မခံစားရမိ။ သိပ္ပံက သိပ္ပံ ဖြစ်၏။ ဘာပါဠိမှ ကိုးကားနေစရာ မလိုအပ် ( ဟု ထင်သည်။ )

၁၉၇၀ - ခုနှစ်များ မတိုင်မီအထိ သတိ (Mindfulness) ဆိုသည့် ကျင့်စဉ် သည် ရှေးဟောင်း ဗုဒ္ဓဘာသာ ကျမ်းစာပေများ၊ ဗုဒ္ဓဘာသာ ရဟန်းတော် များ၊ ဟိန္ဒူယောဂကျင့်စဉ်နှင့် ယောဂီပုဂ္ဂိုလ်များနှင့်သာ ဆိုင်သော ကိစ္စတစ်ခု ဟုသာ အနောက်ကမ္ဘာက ထင်မှတ်ထားခဲ့ကြသည်။ တရားထိုင်ခြင်းဟူ သည်က ဘာလဲ။ ဘာမှ မလုပ်ဘဲ ငြိမ်ငြိမ်ကြီး ထိုင်နေရတဲ့ စိတ်ကျင့်စဉ်ဆို တာကရော ဘယ်လို ဟာမျိုးလဲဟု စဉ်းစားမိတိုင်း အနောက်တိုင်းသားတို့ အတွေးအာရုံထဲမှာတော့ ကုလားထိုင်ပေါ်မှာ မလှုပ်မယှက် ဆေးတံခဲ ထားသော စုံထောက်ကြီး ရှားလော့ဟုမ်းလိုပင် ဖြစ်ပေလိမ့်မည်ဟုသာ အတွေးပေါက်ကြလေသည်။ ထို့ကြောင့်လည်း သတိ၊ သမာဓိကို ရှားလော့ဟု မ်းနှင့် ပမာပြုကာ ပြောခဲ့ကြခြင်းပင် ဖြစ်ပေသည်။

သတိ၊ သမာဓိစွမ်းအင်နှင့် ရှားလော့ဟုမ်းကို ပထမဆုံး တွဲဖက် မိတ် ဆက်ေ ပးလိုက်သူကတော့ စိတ်ပညာပါမောက္ခ ဒေါက်တာ ဝက်ဆင် (Watson) ပင် ဖြစ်ပေသည်။ ဒေါက်တာကတော့ တစ်ချိန်ထဲမှာ အလုပ်တွေ အများကြီး လုပ်နေရတဲ့ Multi tasking ခေတ်သစ် ကမ္ဘာကြီးထဲမှာ စုံထောက်ကြီး တစ်ယောက်တည်းပဲ တစ်ခုထဲကို (Uni-tasking) အာရုံ စိုက်နေနိုင်တယ်ဟု မှတ်ချက်ပြုသည်။ ထို့အတူ သတိ၊ သမာဓိ ဟူသည် ဘာလဲဆိုတာ သေသေ ချာချာ မသိသေးသူ အနောက်တိုင်းသားများအတွက် မသိလျှင် ရှားလော့ ဟုမ်းကိုသာ ကြည့်၊ သူက ထင်ရှားတဲ့ သာဓကပဲဟု ဆို ခဲ့သည်။

ဟုမ်းကား အမှုအခင်း ဖြစ်သည်ဟု ဆိုသော်လည်း ဘယ်ကိုမှ မသွား၊ မျက်စိ မှိတ်၊ ဆေးတန်ခဲရင်း ကုလားထိုင်ပေါ်မှာ အကြောင်းအကျိုး ဆက်စပ်၍ သာ နေတတ်သည်။ ဝတ္ထုထဲဖြစ်စေ၊ အပြင်မှာပဲ ဖြစ်စေ တက်ကြွဖြတ်လက်မှု မရှိဆုံး ထောက်လှမ်းရေးသမားတစ်ယောက် ဖြစ်သည်။ သို့သော် သူ၏ အား သာချက်က သူ့ကို အခြားအာရုံတွေက မနှောက်ယှက်နိုင်ဘဲ သူ အာရုံစိုက် လိုသော ကိစ္စတစ်ခုအပေါ်မှာ စူးစူးစိုက်စိုက် အာရုံထားနိုင်ခြင်းပင် ဖြစ်တော့ သည်။ ထို့ကြောင့် တောင်ပြေးမြောက်ပြေး သတင်းယူနေသော စုံထောက် များထက် သူက ရှေ့မှာ အများကြီး ကြိုကြိုပြီး ရောက်နေတတ်တော့သည်။

သတိ၊ သမာဓိက ဗုဒ္ဓဘာသာနဲ့ ဟိန္ဒူဘာသာမှာ စတင်ခဲ့သည် ဆိုသည့် အ ချက်က ငြင်း၍ မရ။ သို့သော် အာရုံတွေ များသထက် များလာသော ခေတ် သစ်ကမ္ဘာကြီးထဲ၌ မိမိ စူးစိုက်လိုသော ကိစ္စတစ်ခုအပေါ် အာရုံစိုက်ထားနိုင် ရန် ကျွန်ုပ်တို့ နေ့စဉ်ဘဝထဲမှာလည်း သတိက လိုအပ်လာသည်။ ဤ သတိ ကို လက်တွေ့ဘဝထဲ သွင်းကြည့်သောအခါ အကျိုးကျေးဇူးကြီးမား လှကြောင်း သိပ္ပံပညာက တစထက်တစ ပို၍ပို၍ တွေ့ရှိလာခဲ့တော့သည်။

ယင်းဖော်မြူလာကို ပထမဆုံး တွေ့ရှိခဲ့သူကတော့ စိတ်ပညာရှင် ဒေါက်တာ Ellen Langer ပင် ဖြစ်သည်။ ၁၉၇၀ - ခုနှစ်တွေကတည်းက သတိပဋ္ဌာန် ကျင့်စဉ်သည် ဦးနှောက် အလုပ်လုပ်မှုပိုင်း ဆိုင်ရာ သဟဇာတ သတ္တိများကို တိုးတက် ကောင်းမွန်စေသည့်အပြင် အခြားအခြားသော ဦးနှောက်ဖန်ရှင်များ ကိုလည်း ကောင်းမွန်လာစေသည်ဟု ဆိုခဲ့သည်။

ယနေ့ သိပ္ပံပညာ တွေ့ရှိချက်များက ဒေါက်တာအယ်လင် ထင်ထားတာထက် အများကြီး ကျော်လွန်နေပြီး ဒေါက်တာကိုယ်တိုင်ပင် အံ့ဩတကြီး ဖြစ် သွားနိုင်ပေလိမ့်မည်ဟု ထင်ရလောက်သည်။ သတိပဋ္ဌာန်ကျင့်စဉ်က ဦးနှောက်၏ အဓိကအလုပ်များ ဖြစ်ကြသည့် အမြင်နှင့် အတွေးအခေါ် တို့ကို ပါ ပြောင်းလဲပေးနိုင်သော အထောက်အထားများ တွေ့ရှိလာရသည်။
ဤအချက်ကို မနှစ်က Wisconsin တက္ကသိုလ်၏ သုတေသနတို့က ထောက် ခံလျှက် ရှိသည်။ နေ့စဉ် တရားထိုင်သူတို့၏ ဦးနှောက်သည် အပြု သဘော ဆောင်သည့် စိတ်ပိုင်းဆိုင်ရာသာမက ရုပ်ပိုင်းတည်နေပုံပါ ပြောင်း လဲသွားသည်ဟု ပြသခဲ့သည်။ အထူးသဖြင့် ထိရောက်မှု အရှိဆုံးပိုင်းမှာ စိတ် ခံစားမှုဆိုင်ရာ ဦးနှောက်အပိုင်းပင် ဖြစ်သည်။
သူတို့ တွေ့ရှိချက်အရ သတိပဋ္ဌာန်ကျင့်စဉ်သည် တကယ့်လောကနှင့် တစ် သီးတစ်သန့် ဖြစ်မသွားစေဘဲ လောကနှင့် ပို၍ သဟဇာတကျ၊ ညီညွှတ်မှု ကို ဖြစ်ပွားစေသည်ဟု သိရသည်။ ဤတွေ့ရှိချက်ကို ဗုဒ္ဓဘာသာရှု့ထောင့် အနေနဲ့ကလည်း ငြင်းဆန်ရန် အကြောင်းမရှိ။ သတိပဋ္ဌာန်တရားကို ကျင့်သုံးချိန်၌ တိတ်ဆိတ်မှုကို လိုအပ်သော်လည်း ထိုအကျင့်ကို တကယ် ထိထိရောက်ရောက်ကျင့်ခဲ့ပြီးဆိုလျှင်တော့ လောကနှင့် လောကကောင်းကျိုးအတွက် ၎င်းကျင့်စဉ်ကို အသုံးပြုဖို့ လိုအပ်ကြောင်း ဘုရားရှင်ကိုယ်တိုင် ပြ သသွားခဲ့သည်။

သူတို့အဆိုအရ သတိပဋ္ဌာန်သည် လောကမှ ထွက်ပြေးခြင်း မဟုတ်၊ လော ကနှင့် ပို၍ သဟဇာတ ဖြစ်စေသော ကျင့်စဉ်သာ ဖြစ်သည်။
သူတို့ လေ့လာပုံက …
ထိုကျင့်စဉ်၌ ပါဝင်လေ့ကျင်သူတိုင်းက ဘာမှ မလုပ်ဘဲ မျက်စိမှိတ်ပြီး ထွက်လေ ဝင်လေကို စူးစိုက်မှတ်နေရုံသာ ဖြစ်သည်။ ရက်သတ္တပတ် ငါးပတ်အတွင်း တစ်ချိန်လျှင် မိနစ် (၃၀) ကြာ ကိုးကြိမ် တရား အမှတ် ခိုင်း သည်။ ကိုးကြိမ် ပြီးဆုံးသွားသောအခါ သူတို့ဦးနှောက် ပုံစံများ၊ လည်ပတ် ပုံများ ပြောင်းလဲသွားသည်ဟု ဆိုသည်။ တစ်နေ့လျှင် အနည်းဆုံး (၅) မိနစ်မှ (၁၆) မိနစ်ခန့်အထိ ရှု့မှတ်နိုင်လျှင်ပင် သိသာသည်ဟု သိရသည်။ သူတို့အဆိုအရ တစ်နေ့ကို (၅) မိနစ်ခန့်မျှ ကောင်းကောင်း ရှု့မှတ်နိုင်လျှင် ပင် ရှားလော့ဟုမ်းလို တည်ကြည်ငြိမ်သက်မှုလောက် ရနိုင်သည်။ ငါတို့ တရားထိုင်နေတာ ရှားလော့ဟုမ်းဖြစ်ချင်၍မဟုတ်ဟု ပြောရန်တော့ရှိသည်။ သို့သော် လောကထဲမှာ ရှားလော့ဟုမ်းလောက် ဉာဏ်ကောင်းလျင်ပင် မဆိုး ဟုတော့ ဆိုရမည်ထင်သည်။

ဆက်ရန် -


 သီဟနာဒ

ကွန်ပလိန်းလောက ( တနင်္ဂနွေ အပျင်းပြေ )


တရုတ်ပြည်၊ ကုန်သည်ကြီးများဘဏ် ( Merchants Bank ) က အိမ်ထောင် ရှင် အမျိုးသမီးတွေအကြိုက် အစီအစဉ်တစ်ခု မိတ်ဆက်လိုက်တော့ အိမ်ထောင်ရှင်၊ မရှင် လူငယ်အမျိုးသား ၂ သိန်းလောက်က ချက်ချင်း ကွန်ပ လိန်းတက်ကြတယ်။
အဲ့ဒီ အစီအစဉ်က အမျိုးသားရဲ့ ဘဏ်အကောင့်ထဲမှာ US$ ဒေါ်လာ ၁၆၀ ကျော်တိုင်း အိမ်ရှင်မ အကောင့်ထဲ အော်တိုမက်တစ်လွှဲပေးတဲ့ စနစ် တဲ့။
ကဲ.... မြန်မာအိမ်ထောင်ရှင် အမျိုးသားတွေ အဲ့ဒီ အစီအစဉ်ကို ဘယ်လို သဘောရသလဲ။

မနေ့ညက မန်ယူက တစ်ဂိုး ဂိုးမရှိနဲ့ ဖူဟမ်ကို နိုင်င်တဲ့ပွဲမှာ ဂိုးစည်းပေါ် ကနေ တိုက်စစ်မှူး ဗန်ပါစီက ကန်ထုတ်ပြီး ကယ်ခဲ့ရသေးတယ်။ အဲ့ဒါ ဖူဟမ် က ဆရာကြီးတစ်ယောက်က ပြုံးစိစိကွန်ပလိန်းတက်တယ်။ အဲဒါ တရား မဝင်ဘူး တဲ့။ တိုက်စစ်မှူးဗန်ပါစီက ခံစစ်အလုပ်ကို ဝင်လုပ်နေလို့၊ သူနဲ့ မဆိုင်တာ ဝင်လုပ်လို့တဲ့။

ကွန်ပလိန်းအကြောင်းပြောရင် မြန်မာတွေကိုလည်း ချန်ထားခဲ့လို့ မရဘူး။ ဝန်ကြီးလေးတစ်ယောက်က မသိရှာလို့ပြောမိတာကို ပြောမဆုံးပေါင် တော သုံးတောင်လုပ်နေကြတယ်။ သူ့ခမျာ ပြောမိတာက တောင်သူလယ်သမားတွေ ထမင်းတစ်နပ် လျှော့စား ကြပါတဲ့။ အဲ့ဒါ တော်သေးတာလို့ ပြောရမှာ။ တစ်နေ့တစ်ထပ်ပဲ ကောင်းကောင်းဘုန်းပေးရရှာတဲ့ ရဟန်းသံဃာတော်တွေ ကို ဆွမ်းတစ်နပ် လျှော့ပြီး ဘုန်းပေးကြပါဘုရားလို့ ဆိုလိုက်မှ ဒီထက် ဒုက္ခ။ ဒီခေတ်ကြီးက ပြောလို့ရတာမှ မဟုတ်တာ။
တနင်္ဂနွေ၊ အပျင်းပြေ ပါ။


 ဇင်ဝေသော်

စနေဘောလုံး


ရွှေခြံရေ

ဒီအပတ် အင်္ဂါ ဗုဒ္ဓဟူးပွဲတွေကတော မန်ယူ ကံသီလို့ သုံးမှတ်ရသွားတာက လွဲရင် ဆရာကြီးတိုင်း သရေတွေ ကျကုန်တယ်။ မန်စီးတီး နဲ့ ချယ်ဆီးတို့ သရေက နှစ်မှတ်လွတ်သွားတာပါ။ ပိုဆိုးတာက ချယ်လ်ဆီးပဲ။ ၃မိနစ်အလို အထိ ရက်ဒင်းလိုအသင်းကို နှစ်ဂိုးဆောင်နေပါလျက် နှစ်ဂိုးစီ သရေထွက် သွားတော့လေ။ အာဆင်နယ်နဲ့ လီဗာပူး နှစ်ဂိုးစီသရေပွဲကတော့ အကြိတ် အနယ် အရှိဆုံးပါပဲ။

ဒီတပတ်သတင်းတွေအားလုံးနဲ့ အသင်း အပြောင်းအလဲ သတင်းတွေ ကို မောင်ပိုင်စီးသွားတာကတော့ မန်စီးတီးက အီတာလီယန်ဘောသမား ဘာလိုတယ်လီရဲ့ မီလန်အပြန်ခရီး ဖြစ်သွားတယ်။
သူ အသင်းပြောင်းတော့မှ ထွက်လာတဲ့ သတင်းတွေက သူ မန်စီးတီးမှာ နေ သားတကျရှိစေဖို့  မန်စီးတီး ဒု ဥက္ကဋ္ဌ ကိုယ်တိုင်ဦးစီးတဲ့ ဘာလိုတယ်လီ ပရောဂျက်တောင် ရှိခဲ့ဆိုပဲ။ မရပါဘူး၊ ဘာလိုတယ်လီက ဘာလိုတယ်လီ ပဲဥစ္စာ။

ကလေးကို ဖုန်နဲ့ ကြုံးပက်ဖူးတယ်။ အသက်ငယ်သေးတယ်ဆိုပေမဲ့ ကိုယ့် အိမ်ကို မီးတင်ရှို့ဖိုအထိတော့ ဘာလိုတယ်လီက မငယ်တော့ဘူးလေ။ ကားကို ဆေးရောင်တွေစိတ်ကြိုက်ခြယ်၊ မိုက်ကယ် ရစ်ချတ်ကို အပြန် တင်ခေါ်သွားပေးမယ်လို့ ကတိပေးထားတာကို မေ့နေပြီး သူ တစ်ယောက် ထဲ မောင်းထွက်သွားလို့ ရစ်ချတ်ခမျာ ကွင်းထဲ ငုတ်တုတ်မေ့ခဲ့ရရှာဆိုပဲ။ မပြီးသေးဘူး။ သူ့ကားကို သတင်းသမားတွေက မှတ်မိနေတော့ ကားမော် ဒယ်နဲ့ အရောင်ပြောင်းဝယ်ဖို့ အသင်းလူကြီးတွေက အကြံပေးလို့ ကား သွားကြည့်တာ လက်ရှိကားနဲ့ မော်ဒယ် အရောင် တစ်ထေရာတည်းတူတဲ့ ကားကို ဝယ်မိတော့မလို့ ဘေးက သတိပေးလိုက်မှ သတိရပြီး မဝယ်ဖြစ်တော့တာတဲ့။
နည်းပြ မန်ချီနီဆိုရင် သူးသားကို မန်ချက်စတာခေါ်ထားပြီး ဘာလိုတယ်လီ အထာကျအောင်အထိ ကူညီခဲ့ဖူးတယ်။ မရခဲ့ဘူးလေ။

နောက် စိတ်ဝင်စားစရာက ချယ်လ်ဆီး ယာယီနည်းပြ ဘင်နီတက်ဇ်နဲ့ သူ့ တပည့်ကျော်ဟောင်း အင်တာက မက်တာရာဇီတို့ အွန်လိုင်း တိုက်ခိုက်တဲ့ ပွဲပဲ။ စတာက မက်တာရာဇီပါ။ သူသာ ချယ်လ်ဆီးက တာဝန်ရှိ လူကြီးတစ် ယာက်ဆို ဘင်နီတက်ဇ်လို နည်းပြလက်ထဲ အသင်းကို " ဝ " ကွက် မအပ်ရဲ ဘူးတဲ့။ အသားလွတ်ကြီးလေကွာ။ ကျောင်းတော်က ရန်စတွေ နေမှာပေါ့။

ဒါ့ကြောင့် သူ့အင်တာဗျူးမှာ မက်တာရာဇီဟာ လူလိမ်၊ လူပလီ၊ မီလန် တမြို့လုံးသိတယ်လို့ ဘင်နီတက်ဇ်က ပြောခဲ့တယ်။ အဲ အင်တာဗျူးမှာ လူလိမ် ( လိုင်းယား ) လို့ပြောတာ ၁၈ ကြိမ် တိတိ တဲ့။ ဟဲ ဟဲ မနည်းလှ ဘူး။
သူ့အလှည့်ပြီးတော့ မက်တာရာဇီအလှည့်။ " ကျနော်က လူလိမ်ဆိုရင် ဘင်နီတက်ဇ်ကလည်း စလင်းဘော်ဒီ နဲ့ " တဲ့။ လူနောက်ပဲ။ ဒါ့ကြောင့် ကမ္ဘာ့ဖလားပွဲတုန်းက ဇီဒန်းက ခေါင်းနဲ့ဝင်တိုက်တာနေမှာ။

ဒီအပတ်မှာတော့ မန်စီးတီး နဲ့ လီဗာပူးပွဲက အသင်းမစွဲသူတွေ မဖြစ်မနေ ကြည့်ရမယ့်ပွဲပါ။ ဒါပြီးရင် ဖူဟမ်နဲ့ မန်ယူပွဲဖြစ်မယ်။ လီဗာပူးက အသင်း ကြီးနှစ်သင်းဆက်တိုက်နွှဲရတော့ ခြေများ ပမ်းနေမလားပဲ။ ဒါပေမဲ့ ကုမ္ပနီ နောက်တန်းမှာ မပါတော့ ဆွာရက်မွှေတာလည်း စီးတီး တော်တော် ခံရမယ်ထင်တယ်။ သူနဲ့ ဗန်ပါစီက ရွှေဖိနပ် စိတ်ကူးယဉ်လို့ ရသူတွေပဲဥစ္စာ။

ဝမ်းည်းစရာပဲ ရွှေခြံရေ၊ FA ဖလားခြေကိုကြည့်ရင်တော့ သရဲနီတွေ ဖူဟမ် ကွင်းမှာ အရောင်မဖျော့လောက်ဘူး။ ဆရာကြီး ဘာဘယ်တော့ သာ တော့နိုင်မလား မတော့နိုင်မလား ပဲ။


 ဇင်ဝေသော်

365-100=???


အရင် နှစ်ပတ်လောက်ကပဲ ဂျပန်အစိုးရက တစ်ပတ်ကို ခြောက်ရက် အလုပ် လုပ်ရေး ဥပဒေထုတ်ဖို့ ပြန်လည် စဉ်းစားနေကြောင်း ကြေငြာခဲ့တယ်။
တစ်ရက်တည်းမှာပဲ ဂမ်ဘီယာ ( Gambia ) သမ္မတကလည်း ဝန်ထမ်းတွေ ရဲ့ တောင်းဆိုချက်အရ တစ်ပတ်ကို သုံးရက် အလုပ်နားဖို့ ( ၄ ရက် အလုပ် လုပ် ) ကြေငြာခဲ့ပြန်တယ်။
ဒါဆို အာရှနဲ့ အာဖရိက စီးပွားရေး တိုးတက်နှူန်း ဘယ်သူက ပိုမြန်မလဲ။

ခဏ၊ Wait a minute!
တလောက ကောင်မလေးတစ်ယောက်က ပြောတယ်၊ မြန်မာပြည်မှာ တစ်နှစ်အတွင်း အစိုးရ တရားဝင်ရုံးပိတ်ရက်က တစ်ရာလောက်ဆိုလား။

သေသေချာချာတော့ မကြည့်ရသေးဘူး။
365-100=???


ဇင်ဝေသော်

စစ်ပွဲရဲ့ ချိုသာတဲ့ အင်္ဂလိပ် ဝေါဟာရများ


1943 ကမ္ဘာစစ်မီး တငြီးငြီးလောင်နေစဉ်မှာ Admiral Williams F. Halsey က သူ့ကွန်မန်ဒို စစ်သားတွေကို ဒီလိုပြောတယ်
" Kill Japs, Kill Japs and kill more Japs " Japs ဆိုတာ အာရှက လူစွာ ဂျပန်လေးတွေကိုပြောတာ။
အခုလည်း အမေရိကန်ခေါင်းဆောင်တွေက စစ်သားတွေကို စစ်မြေပြင် လွှတ်နေတုန်းပဲ။ အဲ " kill " ဆိုတဲ့ ဝေါဟာရတော့ မသုံးတော့ဘူး။

မှတ်မှတ်ရရ 1943 ကနေစပြီး " Department of War " လို့ သုံးလာရာ ကနေ 1949 ခုလည်းရောက်ရော " Department of Defense " တဲ့။
ကျနော်တို့ပြောတာကို မယုံရင် စောင့်သာကြည့်၊ အနှေးနဲ့အမြန်ပဲ Department of Defense ကနေ " Department of Peace " ဖြစ်လာလိမ့် မယ်။
မလှဘူးလား။ War ကနေ Peace ဖြစ်သွားတယ်။ စစ်ပွဲကတော့ စစ်ပွဲပေါ့။

အောက်က ဝေါဟာရလေးတွေကို ကြည့်ပါဦး။
armed intervention=war
a military solution=war
police action=war
uprising=war
use of force=war

( civil war ) ပြည်တွင်းစစ်ကိုတော့ ဒီနေ့ internal matter လို့ သုံးကြတယ်။
စစ်ပွဲမှာ ဒဏ်ရာရ၊ သေဆုံးရတဲ့ လူတွေ ( wounded and dead people ) ကိုတော့ "causalities " တဲ့။


 ဇင်ဝေသော်