အမျိုးသား ဖြစ်ရခြင်းရဲ့ အားနည်းချက် ၅ ချက်


၁ ။ အမျိုးသားများ အမျိုးသမီးအိမ်သာထဲ မှားဝင်ရင် ထောင်ဒဏ် ၂ နှစ်။
၂ ။ သေရေးရှင်ရေးကိစ္စတွေ ကြုံလာတိုင်း “women and children first”.
၃ ။ အဝတ်အစားအရောင် ခပ်မှိန်မှိန်ပဲ ဝတ်လို့ရ။ တောက်တောက်ပပတွေ ဝတ်လွန်းရင် ဂေး လို့ထင်တတ်ကြ။
၎ ။ ဝမ်းနည်းစရာ ရုပ်ရှင်တွေ၊ ဘာတွေကြည့်ရင်း မျက်ရည်ကျမိရင် မျက်ရည် ကို ခိုးသုတ်ရ။ နို့မို့ ဂေး လို့ထင်တတ်ကြ။
၅ ။ အားကစားကို လုံးဝစိတ်မဝင်စားရင်တောင် တစ်ခုခုကို စိတ်ဝင်စားနေကြ ရ။
( ဒါပဲ၊ ကျန်တာစိတ်ကြိုက် ဖြည့်လို့ရ )


 ကမ်းလက် 

ကျန်ကျောင်း၊ ကျောက်စီဓားနဲ့ သမ္မတ ဦးသိန်းစိန် (၁)


"ဦးသိန်းစိန်ဦးဆောင်တဲ့ စစ်တပ်အစိုးရက ပြုပြင်ပြောင်းလဲရေးကို တကယ် လုပ်နေတယ်လို့ ယုံကြည်သလား"
"အမှန်တကယ် ဦးဆောင်နိုင်မယ့် အရည်အချင်းရှိတယ်လို့ ယုံကြည်သလား "
"ဘယ်ပါတီကို ထောက်ခံသလဲ"
မကြာမကြာ မေးတတ်တဲ့ (အမေးခံရတဲ့) မေးခွန်းမျိုးတွေပေါ့။

နောက်ဆုံးကစဖြေရရင်
၃။ ပါတီမစွဲပါ။
၂။ စောင့်ကြည့်မှ သိကြရမှာပါ။
၁။ ပြုပြင်ပြောင်းလဲရေးကို တကယ်လုပ်နေတယ်လို့ လတ်တလော ယုံကြည် လို့ ရပါတယ်။ ဒါပါပဲ။

သူလည်း သူ့အသံနဲ့သူ
ကိုယ်လည်း ကိုယ့်အသံနဲ့ကိုယ်
အော်ကြတယ်
ပျော်စရာမကောင်းဘူးလား။

သူလည်း သူ့ဝေဒနာနဲ့သူ
ကိုယ်လည်း ကိုယ့်ဝေနာနဲ့ကိုယ်
ပျော်ကြတယ်
အော်စရာ မကောင်းဘူးလား။ ။


ကိုယ့်အသံနဲ့ကိုယ် မအော်ခင် မဟေသီ မဂ္ဂဇင်းထဲက ဆရာ မိုးမြင့်အောင်ရဲ့ ကဗျာလေးကို ကိုးကားကြည့်လိုက်မိတယ်။

ဘယ်ကစရမလဲ။
မျှော်တော်ယောင် စင်္ကာပူရောက် မြန်မာသမ္မတ တစ်ယောက်ရဲ့ ဝိဋဋူပ ဆန်ဆန် ဇာတ်လမ်းက စလိုက်ရမလား။ မင်းရဲ့ ညီတော်တွေ တောကစား ထွက်နေလို့ မင်းကို အရိုအသေပေးမယ့် မင်းညီမင်းသား မရှိတာပါလို့ ချွေး သိပ်တာမျိုးလား။ မင်းက အရိုအသေပေးရမယ့် မင်းရဲ့နောင်တော်တွေတော့ လာကြပါလိမ့် မယ်။ ဒီလိုလား။
"ငိုသံ ဟိုတစ်ဖက်မှာ ကြုံးဝါးသံ ဆိုတာရှိတယ် ရှိတယ်" ဆိုတဲ့ ဆရာကြီး စိုင်းခမ်းလိတ်ရဲ့စကား၊ စိုင်းထီးဆိုင်ရဲ့အသံသာ မှန်ခဲ့ရင် အကျယ်ကြီး မ ဟုတ်ပေမယ့် ကြုံးဝါးသံသဲ့သဲ့တော့ ခံစားတတ်ရင် ကြားလို့ရနိုင်တယ်။

စထရိတ်တိုင်းက ပေးတဲ့ဆုကို ကိုယ်တိုင် တက်မယူခဲ့တာ (ဘာလုပ်ဖို့လဲ)၊ စလုံး သံအမတ်က " ဒေါ်စုနဲ့တွေ့ရဖို့ကလည်း သိပ်ခက်တာပဲ " ဆိုတဲ့ ကြား ရတဲ့ စကားသာ မှန်ခဲ့ရင် မြန်မာတွေ နိုင်ငံခြား ဆက်ဆံရေးသင်ရိုးကျေ တယ်လို့ ပြောရပါလိမ့်မယ်။
ဘယ်ကစရမလဲ။ လူထုနှလုံးသားထဲရောက်ဖို့ ( လူထုအကုန်တော့ ဘယ် ဟုတ်ပါ့မလဲ၊ သိကြားမှတ်လို့ ) ဗီလိန်ကနေ ဟီရိုးဖြစ်အောင် လွှင့်ရတဲ့ လေ ဆန် ရေဆန်ခရီးက စလိုက်ရမလား။
မြန်မာတွေကပဲ အညှာလွယ်၊ သနားလွယ်၊ ပြီး ပြီးရောတွေ မို့လား။
ဦးသိန်းစိန် အရင် ဗိုလ်ချုပ်ကြီးတွေထဲက ပြောင်းလဲရေးကို လိုလားတဲ့ စစ် တပ်အရာရှိတွေ မရှိခဲ့နိုင်ဘူးလား။
ဘာမှ ကောင်းတာမလုပ်ခဲ့တဲ့လူကတောင် သေခါနီးရင်တော့ သူ့ကောင်း ကွက်လေးတွေရှာကြည့်ပြီး လူထုက သူ့ကို သတိရနေတာမျိုး တောင့်တ တတ်တယ်လို့ ဆိုကြတယ် မဟုတ်လား။
ပြောင်းလဲချင်ပေမယ့် ပြောင်းလိုက်ရင် ပြန်ပေးရမှာတွေကများလွန်းတော့ သေချာအောင် လုပ်ရင်း လုပ်ရင်းနဲ့ မသေချာလိုက်ဘဲ သေကုန်ကြတာလား။

လက်လှမ်းမီသမျှလေး နှိုက်ကြည့်လိုက်ချင်လို့ပါ။ စိတ်ရှည်တတ်ရင် စောင့် ဖတ်ကြပေါ့ဗျာ။

အခုတော့ သစ္စာနီ ပြောသလို " မင်းသားက ရွှေမန်းသား အကြီးကောင်၊ ဇာတ်ကားနာမည်ကတော့ အဖေလာမှ သိမယ် " နဲ့ အလုပ်ရှိနေလို့ နား လိုက်ပါဦးမယ်။


 ဇင်ဝေသော်

တနင်္ဂနွေ အပျင်းပြေ


အမေရိက ( Aphorism ) စကားထာ

"ဒီနေ့ သမ္မတဆိုတာ အနာဂတ်ရဲ့ တံဆိပ်ခေါင်းပဲ"
ရုရှားက ( Aphorism ) စကားထာ

" ကျနော့်ဆန္ဒက မကြီးပါဘူ၊ သေးသေးလေးပါ။ ငွေစက္ကူပေါ်က နိုင်ငံခေါင်းဆောင်ပုံကို သေးနိုင်သမျှ သေးသွားစေချင်တာပါပဲ"

မြန်မာပြည်က ( Aphorism ) စကားထာ

"သူတို့ နိုင်ငံခေါင်းဆောင်တွေ ကံကောင်းလိုက်တာ၊ တိရစ္ဆာန်ပုံနဲ့ အစားထိုးမခံရဘူး"


 ဇင်ဝေသော်

နွေဦးအက်ဆေး ( တနင်္ဂနွေ အပျင်းပြေ)


သူများတွေအတွက် နွေဦးသည် လှပသောကာလတစ်ခု ဖြစ်ကောင်း ဖြစ်ပါ လိမ့်မည်။ ကျနော့်အထင်မှာတော့ ရာသီသုံးခုအနက် နွေရာသီသည် စိတ် ပျက်စရာ အကောင်းဆုံးဟု ထင်မိပါသည်။ ထို့ကြောင့် နွေဦးကိုလည်း လုံးဝ သဘောမတွေ့ပါ။

ဥဩတွန်သံသည် လွမ်းစရာကောင်းသည်ဟု တချို့က ဆိုကြသည်။ တွန်ေ နသော ဥဩကိုလည်း အဖော်ကွာ၊ အထည်းကျန်ခြင်းဟု လူတွေက ထင်သ လို အဓိပ္ပါယ်ဖော်နေကြသည်ကိုလည်း တွေ့မြင်နေသည်။ အမှန်မှာ ဥဩက တွန်ချင်လို့ တွန်နေခြင်းသာဖြစ်ပြီး အဖော်ကွာခြင်း၊ အထည်းကျန်ခြင်းနှင့် မဆိုင်လှပါ။ ရှင်းပြပါမည်။ တစ်ခါက " ဥဩ ဥဩ " ဟု ဟိုဖက်သစ်ပင်နှင့် ဒီဖက်သစ်ပင်မှနေပြီး ပြိုင်တူအော်နေသည့် ဥဩဖိုနှင့်ဥဩမကို တွေ့ရဖူး သည်။ သူတို့သည် လွမ်းလို့အော်နေခြင်း လုံးဝမဖြစ်နိုင်ပါ။ အော်ချင် လို့ေ အ်ာနေခြင်းသာဖြစ်ပါသည်။ ဟိုဖက်သစ်ပင်နှင့် ဒီဖက်သစ်ပင် လွမ်းနေစရာ လုံးဝအကြောင်းမရှိပါ။ ထို့ကြောင့် လူအများစု ခံစားနေရသည့် နွေဦးဂီတ ဆိုသည်ကလည်း ကျနော့အတွက် မချိုတော့ပါ။ လွမ်းစရာကောင်းသည်ဟုလည်း လုံးဝ မထင်မိတော့ပါ။ ပါးစပ်ဆော့သော ဥဩတို့၏ ပူညံပူညံ အသံသာ ဖြစ်နေပါတော့သည်။

နွေဦးရောက်ပြီဆိုသည်နှင့် ရွာလယ်လှည်းလမ်းဘေးမှာရှိသော ကျနော်တို့ အိမ်ထဲကို ဖုန်တွေ အလုံးလိုက် အလုံးလိုက်ဝင်လာတတ်သည်။ တားဆီးလို့ လုံးဝမရပါ။ ထမင်းစားပြီဆိုလျင်လည်း ထမင်းပုဂံပြားမှာသဲတရှပ်ရှပ်နဲ့ ဖြ စ်ေ န တတ်သည်။ ထမင်းတစ်ခါစားတိုင်း ဗိုက်ထဲကို သဲဘယ်လောက် ရောက် သွားမှန်းပင်မခန့်မှန်းနိုင်တော့ပါ။ ရေသောက်မလို့ ရေခွက်ကိုင်လိုက် လျင်လည်း ခွက်နှင့်လက် မထိမီ ဖုန်မှုန့်တွေနဲ့ အရင်ထိသလို ခံစားရသည်။ သန်းထွန်းလေး သီချင်းထဲက ဖုန်လုံးကြီးများသည် အပြင်မှာ စိတ်ပျက် စ ရာ တော်တော်ကောင်းပါသည်။

အဆိုဆုံးကတော့ အေးရာ ရှာနေတတ်သည့် ခွေးဝဲစားကြီးက သောက်ရေ အိုးစဉ်အောက် လာဝပ်တတ်ခြင်းဖြစ်သည်။ ခွေးဆိုသည့်အတိုင်း ဘာ အဝတ် အစားမှ ဝတ်မထားပါ။ သောက်ရေအိုးစဉ်အောက် ရောက်ပြီဆိုသည်နှင့် တစ် ကိုယ်လုံးက သူ့ဝဲတွေကို တဗျင်းဗျင်းကုတ်လေတော့သည်။ သူကုတ်လိုက်တိုင်း ဝဲများ၊ ခွေးသန်းများ ထွက်ထွက်လာတတ်သည်။ ထွက် လာသော ခွေးသန်းများကို တစ်ခါတစ်ခါ သူက ကိုက်စားနေတတ်ပြန်သည်။ အလွန် မနှစ်မြို့စရာကောင်းသော နွေဦးရှုခင်းဖြစ်သည်။

နွေဦးရောက်လာပြီဆိုလျင် လင်မယား ရန်ဖြစ်တာလည်း ပိုများလာသည်။ အဓိက အကြောင်းက ထန်းရေ လှိုင်လှိုင်ပေါခြင်းနဲ့ အလုပ်မရှိသဖြင့် ဖဲဝိုင်း များ ပေါလာခြင်းကြောင့်ဟု ထင်ပါသည်။ မူးလာလို့ ရန်ဖြစ်တာ၊ ဖဲရှုံးလို့ ရန်ဖြစ်တာစသဖြင့် ရန်ဖြစ်လို့သာနေကြတော့သည်။

ထိုမျှမက နွေဦးရောက်လာပြီဆိုလျင် မျက်စေ့ကျိန်းသူ၊ မျက်ခန်းစပ်သူများ လည်း အတော်ပေါပါသည်။ တချို့က သန့်သန့်ရှင်းရှင်း မနေကြသဖြင့် မျက်ချေးများပင် အလုံးလိုက် မြင်နေရတတ်သည်။ ရွံစရာ ကောင်းလှသည်။ ထို့ကြောင့် နွေရာသီကို လုံးဝ မနှစ်မြိုပါ။

တချို့က "သစ်ရွက်ရော်ရည်၊ ဣန္ဒနီဝယ်" စသဖြင့် ဖွဲ့ဆိုတတ်ကြသေးသည်။ အမှိုက်လှဲရသည့် ဒုက္ခကို လုံးဝသိဟန်မတူပါ။ ကျနောတို့ ကလေးဘဝ က နွေရာသီရောက်လျင် အကြောက်ဆုံးက တံမျက်စည်းလှဲရသောအလုပ်၊ အမှုက်ကျုံးရသော အလုပ်ဖြစ်ပါသည်။ တံမျက်စည်းလှဲတာ မပြောင် လျင် ကောင်ဘိုက နားရွက်ကို ဆွဲလိမ်သည်။ ကောင်ဘိုသည် လူမဟုတ်ပါ။ ကိုရင်ဖြစ်သည်။ ကိုရင်အောင်ဘိုဖြစ်သည်။ သို့သာ် ကျနော်တို့ ကလေးပါး စပ်မှာ မြန်မြန်ခေါ်တော့ ကိုရင်အောင်ဘိုက ကောင်ဘို ဖြစ်သွားတော့သည့်။

နွေဦးက ကြောက်စရာလည်း အလွန်ကောင်းသည်။ "လက်ပန်ဖူး ခွေးရူး၊ လက်ပန်ပွင့် ခွေးလွင့်" ဟုဆိုးစကား ရှိသည်။ ထိုစကားက တကယ်လည်း မှန်သည်။ နွေဦးရောက်လာပြီဆိုလျင် ခွေးရူးလည်း အတော်ပေါသည် ။ ခွေး ရူး၏ မျက်လုံးများက ကြည့်ရဆိုးသည်၊ ခွေးရူးအကိုက်ခံရလျင် ခွေးရူးပြန်ေ ရာဂါ ရတတ်သည်။ ထိုထက် စိတ်ညစ်စရာကောင်းသည်က ဘယ်သူ့ခွေးေ တာ့ ရူးပြီဆိုတာနှင့် လှံဆွဲ၊ ဓားဆွဲဖြင့် ထိုခွေးကို ဝိုင်းသတ်ကြတော့သည်။ မသေမရှင် သွေးသံရဲရဲဖြင့် လျှောက်ပြေးနေရသော ထိုခွေးကို ကပ်ပေါက်ထဲ က ချောင်းကြည့်ရသည်ကပင် အတော် စိတ်ပျက်စရာ ကောင်းလှပါသည်။

နွေဦးရောက်လာပြီဆိုသည်နှင့် ကန်ရေများ ခမ်းခြောက်ကာ ရေပြဿနာ လည်း တက်လေတော့သည်။ ကျနော် မကြိုက်နှစ်သက်ဆုံးအရာက နွား စားကျဉ်းထဲမှာ ရေဆင်းချိုးရခြင်းဖြစ်သည်။ ချိုးသည့်ရေ အလကားမဖြစ် ဘဲ နွားသောက်ရေ ရအောင် ရီဆိုက်ကယ်လုပ်သောသဘော ဖြစ်သည်။ မည်သို့ဖြစ်စေ နွားစားကျဉ်းထဲရေချိုးရခြင်းက ကသိကအောက် အတော်နိုင်လေသည်။ ငယ်သေးသဖြင့် မီရေး ထင်းရေးကိစ္စ ကြောက် စ ရာကောင်းပုံကိုတော့ ကျကျနနမသိပါ။

နွေနှင့်ပတ်သက်လို့ ပျော်စရာဆိုလျင် အသန့်ကြိုက်သော မသက်ချွေးဘေး မှာ ဖုန်လုံးကြီးများ အလိပ်လိုက် အလိပ်လိုက် ကျန်ရစ်အောင် ခြေထောက် ဒရွတ်ဆွဲ ပြေးခဲ့ရခြင်းတစ်ခုသာ ရှိပါသည်။ သူစိတ်ဆိုးလေလေကျနော် တို့ ပျော်လေလေဖြစ်သည်။
အားလုံးကို ခြုံကြည့်လျင် နွေဦးသည် အလွန်အရုပ်ဆိုးပြီး ကဗျာတဖွဲ့ စာတဖွဲ့ လုပ်နေစရာအကြောင်း လုံးဝမရှိပါ။

(မှတ်ချက်။ ။ ဆရာဇော်ဇော်အောင် ငယ်စဉ်က ရေးခဲ့သည့် နွေဦး စာစီ စာကုံးကို ဖော်မက်ယူပြီး ရေးထားတာ ဖြစ်ပါသည်။)

 ဇင်ဝေသော်

ရွက်ကြမ်းရေကျို အဘိုး မဟုတ် (၄ )

"ချာချီကလည်း Gaulle လိုပဲ။ သူ့မိန့်ခွန်းကို သူကိုယ်တိုင် စီစဉ် ပြီး ပြောတာ။ ဒါ့ကြောင့် သူ့မိန့်ခွန်းတွေက ရင်ထဲကအထိ လှိုက်ပြီး ဝင်သွား တာ၊ ရင်ထဲက အသံကိုးကွ။ စာရေးဆရာတွေ ရေးပေးတဲ့ မိန့်ခွန်းအချော စားတွေမှ မဟုတ် တာ။" (လီကွမ်းယု)

မေး ။ ။ ဒါဆို မစ္စတာလီက ဘာဖြစ်ချင်တာလဲ။
ဖြေ ။ ။ ရှေ့နေပဲ ဖြစ်ချင်တာ။

မေး ။ ။ ရွေးချယ်ခဲ့တာ မဟုတ်ဘူးဆိုရင် ဘယ်လိုဖြစ်ပြီး နိုင်ငံရေးလောကထဲမှာ ရှိနေရတာလဲ။

ဖြေ ။ ။ ငါတို့ နိုင်ငံရေးထဲ မဝင်ခဲ့ရင် ဒီနိုင်ငံရေးကို ဘယ်သူက ဦးဆောင် မှာလဲ။ ငါတို့ ရထားတဲ့ ဥပဒေဘွဲ့တွေကရော ဘယ်မှာသွား အသုံးချမှာလဲ။ ငါ့မိတ်ဆွေ Eddie Barker ကို ငါပြောခဲ့တာ ဒီစကားတွေပဲ။ “အက်ဒီ … မင်းသာ ရွေးကောက်ပွဲ ဝင်မပြိုင်ရင် မင်းအစား ကွန်မြူနစ်တွေ ဝင်လာမယ်။ ကွန်မြူနစ်ဝင်လာရင် မင်းဥပဒေတွေက ဘာအသုံးကျတော့မှာလဲ” လို့။ အထပ်ထပ် စဉ်းစားပြီးမှ ငါနဲ့ပေါင်းဖို့ သူ ဆုံးဖြတ်ခဲ့တာ။ နိုင်ငံလည်း တည် တည်ငြိမ်ငြိမ် ဖြစ်ရော ငါ့အိမ်ဝယ်ထားတဲ့ အကြွေးတွေ မပေးရသေးဘူး ဆိုပြီး နိုင်ငံရေးက ထွက်ပြီး ရှေ့နေလုပ် ပိုက်ဆံရှာတော့တယ်။ အဲ့ဒီနောက် ဝန်ကြီးလစာတွေ တိုးပေးဖို့ ငါ ဆုံးဖြတ်ခဲ့တာ။ မင်း ပြောတာက ငါက နိုင် ငံရေးသမား ဖြစ်ချင်ခဲ့တယ်တဲ့။ အဓိပ္ပါယ်မရှိလိုက်တာ။ ကဲ … နောက်မေးခွန်းမေး။

မေး ။ ။ အလေးစားရဆုံး နိုင်ငံရေးခေါင်းဆောင်များ ရှိသလား။

ဖြေ ။ ။ ရှိတယ်။ De Gaulle (ဒီဂေါ)၊ တိန့်ရှောင်ဖိန်၊ ချာချီ။ De Gaulle က တကယ် ဉာဏ်သွားတဲ့ လူ။ ဆိုလိုတာက သူ့နိုင်ငံက သူများလက်အောက် မှာ၊ သူက ကြယ်တစ်ပွင့်ပဲ ရှိသေးတဲ့ ပြင်သစ်ဗိုလ်လေး။ ဗြိတိသျှနဲ့ အမေရိ ကန်တို့က သူ့ကို ထောက်ခံတယ်။ ဒါပေမဲ့ သူ့မူနဲ့သူ နေတာပဲ။ သူ့ကို ကြည့် တယ်။ ပြင်သစ်စကားကို နားမလည်ပေမဲ့ သူပြောတဲ့ စကားတွေကို ခံစားလို့ ရတယ်။ ပြီးတော့ သူ့ရဲ့ အတ္ထုပ္ပတ္တိကိုလည်း ဖတ်ဖူးတယ်။
(Charles De Gaulle ဟာ ၁၉၅၉ ကနေ ၁၉၆၉ ခုအထိ ပြင်သစ်နိုင်ငံရဲ့ သမ္မတပါ။ ဒုတိယကမ္ဘာစစ်အတွင်းက ပြင်သစ်ကို နာဇီတွေ လက်ကနေ လွတ်မြောက်အောင် တော်လှန်ခဲ့တဲ့ လွတ်လပ်သော ပြင်သစ်တပ်မတော် (Free French Force) ရဲ့ ခေါင်းဆောင်တစ်ယောက်။)

ဗြိတိသျှနဲ့ အမေရိကန်တို့က မြောက်အာဖရိကကို ထပ်ပြီး သိမ်းပိုက်တော့ အယ်ဂျီးရီးယားကို သူ သွားခဲ့တယ်။ အဲ့ဒီမှာ ကြယ်လေးပွင့် အဆင့်ရှိတဲ့ ဗိုလ်ချုပ်ကို တွေ့ပြီး သူ့ကို ဒီလို ပြောခဲ့တယ်။

“Giraud … ခင်ဗျာဟာ ပြင်သစ်ရဲ့ စစ်ဗိုလ်ချုပ်တစ်ယောက်ပါ။ အမေရိကန် စစ်သားတွေက ဘာအတွက် အပြင်ကနေ ခင်ဗျားကို စောင့်ရှောက်ပေးနေ ရတာလဲ” တဲ့။
(Giraud ဆိုတာကလည်း ဒုတိယကမ္ဘာစစ်အတွင်းက Gaulle နဲ့အတူ ပြင် သစ် အမျိုးသားလွတ်မြောက်ရေးကော်မတီရဲ့ ပူးတွဲဥက္ကဋ္ဌအဖြစ် ထမ်းဆောင် ခဲ့သူပါ (The French Committee of National Liberation)

သူက စိတ်ဓာတ် အတော်မာတဲ့လူ။ အမေရိကန်တွေ၊ ဗြိတိသျှတွေက ပဲရစ် ကို စစ်ချီတော့မယ် ဆိုတော့
“ခင်ဗျား မသွားနဲ့။ ပြင်သစ်ကို ကျွန်တော်ကိုယ်တိုင် စစ်ချီမယ်” လို့ ပြောခဲ့တာ။ သတ္တိရော ဗျတ္တိရော ပြည့်စုံတဲ့ လူပဲ။

တိန့်ရှောင်ဖိန်ကတော့ ဆိုဗီယက်ပြည်ထောင်စုလိုပြိုကဲသွားမလောက် ဖြ စ်နေတဲ့ တရုတ်ပြည်ကြီးကို ဒီနေ့ တွေ့ရတဲ့ ကမ္ဘာ့အကြီးဆုံး စီးပွားရေး အချက်အချာ နေရာကြီးတစ်ခု ဖြစ်အောင် ပြောင်းလဲပေးနိုင်ခဲ့တဲ့ ခေါင်းဆောင်တစ်ယောက်ပဲ။

ချာချီကတော့ သူများတွေ လက်မြှောက်ရမယ့် အနေအထားမှာ လက် မမြှောက်ခဲ့တဲ့လူ။ သူ့မိန်းခွန်း ပြောတာကို ရေဒီယိုမှာ နားထောင်ခဲ့ရတယ်။

“သဲသောင်ပြင်တွေပေါ်မှာ ဆက်တိုက်မယ်။ စစ်မြေပြင်မှာ ဆက်တိုက်မယ်။ လမ်းတွေပေါ်မှာ ဆက်တိုက်မယ်” တဲ့။

သူ့ကြည်းတပ်တစ်ဖွဲ့လုံးက အရှုံးနဲ့ ရင်ဆိုင်ခဲ့ရပြီး Dunkirt ကနေ သင်္ဘော နဲ့ ပြန်ထွက်ပြေးခဲ့ရချိန်မှာ ဒီလို စကားမျိုး ပြောနိုင်ဖို့ဆိုတာ မလွယ်ဘူး။ ဂျာမန်တွေကို တော်လှန်နိုင်ဖို့ တော်ရုံရဲရင့်မှုနဲ့ မရဘူး။ သူ့မှာ သတ္တိအပြည့် ရှိတယ်။ သတ္တိတစ်ခုတည်းနဲ့တော့ မအောင်မြင်နိုင်ဘူးပေါ့။ အခွင့်ကောင်းကို သူ စောင့်ခဲ့ရတယ်။
(ဝင်စတန် ချာချီက ၁၉၄၀ - ၁၉၄၅၊ ၁၉၅၁ - ၁၉၅၅ နှစ်တွေမှာ ဗြိတိန်ရဲ့ ဝန်ကြီးချုပ်ပါ။ လီ ကိုးကားခဲ့တဲ့ စကားတွေက ချာချီ ရွေးကောက်ပွဲနိုင်လို့ ဝန်ကြီးချုပ်ဖြစ်အပြီး ပြည်သူ့အဆောက်အဦးမှာ ၁၉၄၀ - ခုက ပြောခဲ့တဲ့ နာမည်ကြီး မိန့်ခွန်းထဲကနေ ထုတ်နှုတ်ထားတဲ့ စကားတွေပါ)

နောက်ဆုံး ဂျပန်တွေက ပုလဲဆိပ်ကမ်းကို ဝင်တိုက်တော့ ဂျာမန်တွေက လည်း အမေရိကန်တွေကို စစ်ကြေညာခဲ့တယ်။ သူလည်း အဲ့ဒီမှာ ဂျာမန်တွေ လက်က လွတ်သွားတယ်။

နောက် ခေါင်းဆောင်ကတော့ Chamberlain (ချိန်ဘာလိန်) ပေါ့။ သူ ပြောတဲ့ စကားတွေကလည်း ရဲရဲတောက်ပဲ။ (Neville Chamberlain က ၁၉၃၇ - ၁၉၄၀ ခုနှစ်မှာ ဗြိတိန်ရဲ့ ဝန်ကြီးချုပ်။ ဂျာမန်တွေရဲ့ လက်က လွတ်အောင်ဆိုပြီး ဟစ်တလာနဲ့ ငြိမ်းချမ်းရေး ယူထားသူပါ)

ဟစ်တလာက ကမ္ဘာကို ခွဲပြီး အုပ်ချုပ်ဖို့ သူ့ကို ကမ်းလှမ်းခဲ့သေးတယ်။ သူက “မလိုချင်ဘူး၊ မင်းက အာဏာရှင်၊ ငါ မင်းကို တိုက်မယ်” လို့ ပြောခဲ့တယ်။ သတ္တိကောင်းတဲ့လူပါပဲ။

မင်းက အမေရိကန်တွေကို မေးရင်တော့ သူတို့က ရူ့စဗဲ့(လ်)လို့ ပြောကြ မှာပေါ့။ ဒါပေမဲ့ ရူ့စဗဲ(လ်)က အာဏာရော ပါဝါရော ရှိတဲ့လူကွ။ တစ်ခါက ရူ့စဗဲ့(လ်)က Harrimam ကို ပြောတယ်။
(Averelle Harrimam က အမေရိကန်တွေရဲ့ ဥရောပဆိုင်ရာ အထူး သံတ မန်ပါ)

“ချာချီရဲ့ မိန့်ခွန်းတွေ နားထောင်လိုက်ရင် စိတ်ဓာတ် တက်ကြွစရာတွေ၊ မင်းတို့ မိန့်ခွန်းရေးတဲ့အဖွဲ့က ဒါမျိုးတွေ ဘာလို့ ရေးမပေးနိုင်တာလဲ” တဲ့။

ဟယ်ရီမန်က သူ့ကို ပြန်ပြောတယ်။

“ချာချီက သူ့ဆေးလိပ်ကို သူကိုယ်တိုင်လိပ်ပြီး သောက်တာ” တဲ့။ အဲဒါ ခြား နားချက်ပဲ။ ချာချီကလည်း Gaulle လိုပဲ။ သူ့မိန့်ခွန်းကို သူကိုယ်တိုင် စီစဉ် ပြီး ပြောတာ။ ဒါ့ကြောင့် သူ့မိန့်ခွန်းတွေက ရင်ထဲကအထိ လှိုက်ပြီး ဝင်သွား တာ၊ ရင်ထဲက အသံကိုးကွ။ စာရေးဆရာတွေ ရေးပေးတဲ့ မိန့်ခွန်းအချော စားတွေမှ မဟုတ်တာ။

မေး ။ ။ မစ္စတာလီ လေးစားတဲ့ ကမ္ဘာ့နိုင်ငံရေး ခေါင်းဆောင်ကြီးတွေ အကြောင်းကို ပြောခဲ့တယ်နော်။ မစ္စတာလီ ကိုယ်တိုင်ရော လူငယ် စင်္ကာ ပူရီယန်းတွေက အဲ့သလို အထင်တကြီး အမှတ်တရ ဖြစ်နေတာမျိုး မမျှော် လင့်ဘူးလား။

ဖြေ ။ ။ မလိုချင်ပါဘူး။ ပထမဆုံးအနေနဲ့ ငါ့ကိုယ်ငါ နိုင်ငံရေးခေါင်းဆောင် လို့ မသတ်မှတ်ဘူး။ ငါက စိတ်ဓာတ်မာတယ်။ ဇွဲမလျှော့ဘူး။ ခေါင်းမာမာနဲ့ လုပ်တတ်တယ်။ ဒါပဲ။ တစ်ခုခု လုပ်ရင်တော့ မရမချင်း ပေပြီး လုပ်နေတတ် တဲ့အကျင့် ရှိတယ်။ ငါ့ကို ငါမြင်တာကတော့ ဒါပဲ။
ကျန်တာတွေက အဓိပ္ပါယ်မရှိဘူး။ ကိုယ့်ကိုယ်ကို နိုင်ငံ့ခေါင်းဆောင်လို့ ကိုယ် ဘာသာ ထင်တဲ့လူတိုင်း စိတ်ရောဂါကု ဆရာဝန်နဲ့ ပြကြည့်သင့်တယ်။

ပြီး။ ။

 ဇင်ဝေသော်