ပေါက်တတ်ကရ အင်္ဂလိပ်စာ

အင်တာဗျူး တစ်ခုထဲမှာ မြန်မာသမ္မတ ဦးသိန်းစိန်က "ပီအာ" (PR) ကောင်း တယ်လို့ ဖြေထားတာ တွေ့ရတယ်။ ခက်တာက ကျနော်တို့ သိထားတဲ့ "ပီအာ" (PR) က အနည်းဆုံး အဓိပ္ပါယ်သုံးမျိုး ဖြစ်နေတယ်။
လူထုကြားထဲမှာတော့ (PR) က Public Relations လူထုဆက်ဆံရေး။
နိုင်ငံရေးလောကမှာတော့ (PR) က Politically Correct ဖြစ်သွားရော။ နိုင် ငံရေး သဘောတရားအရ မှန်တယ်။
နိုင်ငံခြားရောက်နေတဲ့ လူတွေအသုံးများတာကတော့ (PR) ဆိုတာ Permanent Resident (နိုင်ငံခြားမှာ အမြဲနေထိုင်ခွင့် ရရှိသူ) ဖြစ်တယ်။
(PR:proportional representation ကိုတော့ မဆိုင်လို့ ချန်ထားခဲ့ရတယ်။)

ဒါဆို ဦးသိန်းစိန်ဟာ
၁။ လူထုဆက်ဆံရေးကောင်းသူလား
၂။ နိုင်ငံရေးသဘောတရားအရ မှန်နေသူလား
၃။ နိုင်ငံခြားမှာ အမြဲနေထိုင်ခွင့် ရရှိသူလား။

တစ်ခုရှိတာက Resident (Re-sident) နဲ့ President (Pre-sident) ကိုမှားပြီး မဖတ်ဖို့ပဲ။
ရီ (Re) နဲ့ ပရီ (Pre) က အင်္ဂလိပ်မှာလည်း အဓိပ္ပါယ် မတူဘူး မဟုတ်လား။ သမ္မတကြီးကို အားနာစရာ။
'ရီ' က လပ်ဖ်၊ စမိုင်းဖြစ်ပြီး 'ပရီ' က ဘာကြီးမှန်း မသိဘူး။

ဗေဒင်ဆရာ၊ မှန်ဘောင်

တိုက်ဆိုင်မှုလား၊ နောက်နေတာလားတော့ မသိဘူး။ ဦးသိန်းစိန်က ယူကေ ရောက်နေတုံး ဒီနှစ်အကုန်မှာ နိုင်ငံရေး အကျဉ်းသားတွေအားလုံး လွှတ်ပေးမယ်၊ ၂၀၁၄ ခု နှစ်စမှာ စတော့ အိတ်စ်ချိန်း မြန်မာပြည်မှာ စတော့ မယ် ဆိုတဲ့သတင်းကို ကိုးကားဖော်ပြပြီး နောက် တစ်မျက်နှာ ဆက်ဖတ် လိုက်တော့...
တရုတ်ပြတိုက်တစ်ခုထဲမှာ ပြထားတဲ့ ရှေးဟောင်း ပစ္စည်းပေါင်း လေးေ သာင်းကျော်က အတုတွေဆိုတာ ဖော်ပြထားတာ တွေ့ရတယ်။ ဆိုင်တော့မဆိုင်လှဘူး ထင်တာပါပဲ၊ ဒါပေမဲ့ သတင်းနှစ်ပုဒ်ကို ဆက်ကြည့် လိုက်ရင်တော့ "ဗေဒင်ဆရာ၊ မှန်ဘောင်" လို ဖြစ်နေတယ်။
ဦးသိန်းစိန်ကတော့ သူကတိပေးထားတဲ့ ဂုံးကျော်တံတားကြီးတွေ ပြီးအောင် အရင်ဆောက်ရဦးမယ်ထင်တယ်။ အချိန်မှီ မပြီးဘူးဖြစ်နေတယ်။

ဘာသာရေးနဲ့ နိုင်ငံရေး 1,2, 3

၁။ မလေးရှားပညာရေးဝန်ကြီးဌာနက (မိဘတစ်ယောက် သဘောတူရင် ကလေးမွတ်စလင်ဖြစ်စေ ဥပဒေပြီးတော့) ပုဂ္ဂလိက တက္ကသိုလ်တွေမှာ အစ္စလာမ်ဘာသာနဲ့ အာရှယဉ်ကျေးမှု မသင်မနေရ ဥပဒေမူကြမ်း ထပ် တင် သွင်းတော့ ပွစိ ပွစိဖြစ်နေကြပြန်ပြီ။ ကျန်တဲ့ ဘာသာဝင်တွေက ဘယ် သဘောတူပါ့မလဲ၊
လစ်ဘရယ်ဖြစ်တဲ့ မွတ်စလင်တွေကလည်း ဒီဥပဒေမူကြမ်းက မဟန်လှဘူး ဆိုတာသိပေမဲ့ ဖွင့်ပြော (ရဲ) ကြမှာတော့ မဟုတ်ဘူး။ ဘာပဲပြောပြော အစ္စလာမ်နိုင်ငံတွေထဲမှတော့ မလေးရှားက အပျော့ပြောင်းဆုံးလို့ဆိုရမှာပါ။

၂။ စင်္ကာပူက လီကွမ်းယုကြီး သူကိုယ်တိုင် တရားထိုင်၊ အကျိုးရှိမှန်းလည်း သိပြီးတဲ့နောက် စာသင်ကျောင်းတွေမှာတောင် ကလေးတွေကို တရာထိုင် ခိုင်း သင့်တယ်လို့ လူသိရှင်ကြားပြောပြီး အသံပြန်တိတ်သွားခဲ့တယ်။ မတိတ်လို့မရဘူး၊ ဒီမိုကရေစီနိုင်ငံမှာ ဘယ်လောက်ကောင်းတယ်ပြောပြော ဘာသာတစ်ခုရဲ့ အဆုံးအမကို ဘာသာမျိုးစုံ ကျောင်းသားတွေကို သင်ပေး လို့ မရနိုင်ဘူး။ ကျန်တဲ့ဘာသာဝင်တွေက သဘောမတူဘူး။ ကိုယ်ကြိုက်ရင် ကိုယ်ဘာသာ တခြားနေရာ သွားလုပ်လို့ပဲရမယ်၊ ပတ်ဘလစ်ကျောင်းမှာတော့ မရဘူး။

၃။ အမေရိကမှာလည်း ဒီလိုအသံ ထွက်လာသေးတယ်။ ယောဂအကျင့်ကို ပတ်ဘလစ်ကျောင်းတွေမှာ သင်သင့် မသင်သင့်ပေါ့။ တကယ်တော့ ယောဂဆိုတာ ဟိန္ဒူဘာသာရေးပိုင် ကျင့်စဉ်တစ်ခုပဲ။ ဒါပေမဲ့ တချို့ကတော့ ယောဂအကျင့်ကို အမေရိကန်လူထုက မွေးစားလိုက်ပြီမို့ ဟိန္ဒူဘာသာရေး ကျင့်စဉ်တစ်ခု မဟုတ်တော့ဘဲ ကျန်းမာရေးအတွက် လေ့ ကျင့်ခန်းမျှသာ ဖြစ်တော့တယ်၊ ဒါကြောင့် ဘာပြဿနာမှ မရှိနိုင်ဘူးလို့ ဆို ကြလေရဲ့။

လူ့အဖွဲ့အစည်းသာ ကွန်ပြူတာ တစ်လုံးဆိုရင်
နိုင်ငံရေးနဲ့ စီးပွားရေးက ဟာ့ဒ် ဝဲယားတွေဖြစ်ပြီး
ပညာရေးနဲ့ ဘာသာရေးက ဆော့ဖ် ဝဲယားတွေ ဖြစ်နေလိမ့်မယ်။
ဆင်ခြင်မိသင့်တာတွေ အများကြီးပဲ ထင်တယ်။

poverty and education

RD: Beyond AIDS, what is the single greatest problem facing the world right now?

Mandela: The question of poverty and lack of education, those two combined. It's important for us to ensure that education reaches everybody.
Without education your children can never really meet the challenges they will face. So it's very important to give children education and explain that they should play a role for their country.

(RD, July, 2013)

မီးလောင်နေတဲ့ အိမ်

ဤပုံပြင်က အသစ်မဟုတ်။ Silk Road ပုံပြင်ဟု လူသိများပြီး အိန္ဒိယနှင့် တရုတ်ယဉ်ကျေးမှုစာပေမှာ ပုံစံကွဲများနှင့်လည်း ရှိနေတတ်သည်။
ကုန်သည်ဖခင်သူဌေးကြီး ခရီးထွက်ရာမှ ပြန်အလာ သူ့အိမ် မီးလောင်နေ သည်ကို တွေ့ရသည်။ သူ့ကလေးများက အိမ်ထဲမှာရှိနေပြီး မီးလောင်နေ သည်ကို သိပင် မသိကြ။ ထိုအခါ စိတ်ပူတကြီးနှင့် သူ့ကလေးတွေကို အပြင်ထွက်လာခဲ့ကြဖို့ အော်ခေါ်သည်။ ကလေးတို့က မီးကို မမြင်ရသဖြင့် သူတို့ဖခင်ကြီးပြောတာကို မယုံကြည်ကြ။ မီးစလောင်သည့်နေရာကလည်း သူတို့ မမြင်ရသေးသည့် နေရာမှာဖြစ်နေသည်။ ထိုကြောင့် ကြောက်စိတ် မ ဝင်၊ ဘေးကင်းရာ ထွက်ပြေးလာဖို့လည်း စိတ်မကူးကြ။

ဝင်ပေါက်ထွက်ပေါက်ကလည်း နှစ်ပေါက်သာ ရှိသည်ဟုဆို၏။ မယုံကြည် လျှင် အားလုံး ဒုက္ခရောက်ကြရတော့မည်။ ထိုအခါ ဖခင်က နည်းဗျူဟြာေ ပာင်းလိုက်သည်။ မီးလောင်နေသည်ဟု ပြောပြီး ခေါ်နေမည့်အစား သူတို့ အတွက် ခရီးပြန်လက်ဆောင်တွေပါသည်၊ ထွက်လာခဲ့ကြ ဟု အော်ခေါ် သည်။
ထိုအခါရောက်မှ ကလေးတွေအားလုံးထွက်လာပြီး ဘေးရန်ကင်းတော့သည်။ သူတိုကိုယ်တိုင် အိမ်အပြင်ရောက်တော့မှ သူတို့နေသည့် အိမ်ကြီး၏ အခြား တစ်ဖက်ခြမ်းမှာ အမှန်တကယ် မီးလောင်နေခြင်းဖြစ်ကြောင်း သိလာကြရ သည်။
ပုံပြင်အချုပ်က ဤမျှသာဖြစ်သည်။

မဟာယာန ယဉ်ကျေးမှုမှာတော့ သတ္တဝါတွေကို ကလေးတွေနှင့်တင်စားပြီး ဘုရားရှင်ကို ကုန်သည်ဖခင်သူဌေးကြီးနှင့် တင်စားသည်။
ဤ၌..

၁။ ဖခင်သူဌေးကြီးပြောသောစကားသည် မုသာဝါဒ ဟုတ် မဟုတ် ( မဟုတ် ဟူလို) နှင့်
၂။ ကလေးကို ခြောက်လို့မရလျှင် ချော့ရသည်ဆိုသည့် မော်ရယ်ကို ပေးလို ရင်း ဖြစ်ပေသည်။

အကယ်၍ အရွယ်ရောက်ပြီးကလေးများဆိုလျှင်တော့ ကလေးတို့၏ ခေါင်းမာ တတ်သည့်သဘော၊ မျက်စေ့ဖြင့် မြင်ရမှ ယုံကြည်မည်ဆိုသည့် သဘောကို လည်း ထည့်သွင်း စဉ်းစားနိုင်ပေမည်။ တကယ့်ဘေးရန်ကို မြင်နိုင်သည့် စွမ်း ရည်၊ မြင်နိုင်သည့် နေရာ စသည်လည်း သူတိုမှာ မရှိရှာ။
ဤသဘောကိုပင် သံလရာ ဘေးဒုက္ခတို့နှင့် နှိုင်းယှဉ်ပြသည်ဟုလည်း ပညာ ရှင်တို့ ယူဆကြသည်။ ဖခင် (သို့) ဘုရားရှင်ကသာ ဤ ဘေးဒုက္ခတို့ ကို တွေ့နေရသည်ဟု ဆိုလိုသည်။

မီးလောင်မှုနှင့်ပတ်သက်သည့် ဥပမာတချို့ ထေရဝါဒစာပေမှာ တွေ့ရသည်။ အများအားဖြင့်တော့ ခန္ဓာငါးပါး 'အိမ်' ကို မီးလောင်မှုနှင့် နှိုင်းယှဉ်ပြသည်။ မီးဆိုရာမှာ လောဘ၊ ဒေါသ၊ မောဟဟု ညွှန်းဆိုသလို ဒုက္ခသစ္စာကို တစ်ပါး စီရေတွက်ပြီး မီးဆယ့်တစ်တန်ဟုလည်းဆိုသည်။ ထို့အပြင် ကိလေသာ ၁၀ ပါးကိုလည်း မီးဟု ဆိုတတ်သည်။
မည်သို့ဖြစ်စေ ဤက လေးနက်လှသည့် ဒေသနာဖြစ်သွားပေပြီ။

သာမန်အရပ်စကားနှင့်ဆိုရလျှင် နေရာပြောင်းလဲမကြည့်မိသေးသရွေ့
မီးလောင် မှုကိုလည်း မမြင်နိုင်သေးဟု ဆိုရမည်ထင်သည်။
အတွေးအခေါ်၊ ယုံကြည်မှုစသည်အားဖြင့်လည်း အခြား တစ်ယောက်၏နေ ရာမှ မကြည့်မိသေးသရွေ့ လောင်နေသည့် မီးကို မတွေ့ရနိုင်။ မိမိစွဲမြဲစွာယူထားသည့် အယူကိုခွာပြီး ရှုဒေါင့်ပြောင်းကြည့်နိုင်မှ အနည်းဆုံး မီးလောင်နေသည်ကိုလက်ခံလာနိုင်ပေမည်။

ဖခင်နေရာကကြည့်တော့ ကလေးတို့လည်း မီးတောက်ကြီးများကို တွေ့ရ သည် မဟုတ်ပါလား။
ဘုရားဟောမဟုတ်သော်လည်း ဤပုံပြင်က စဉ်းစားဖွယ် များစွာဖြင့် ခန့်ငြားလေးနက်လှ၏။

ရေးတတ်ရင် ဝတ္ထုဖြစ်မယ်

ပြည်တွင်းက ဆရာ၊ ဆရာမတွေ ကလေးတွေရဲ့ ပညာရေးနဲ့ပတ်သက်လို့ ငါတို့ရင်ဆိုင်နေရတာတွေက မပြောပလောက်သေးပါလားလို့တောင် ထင်ေ ကာင်းထင်သွားနိုင်ပါတယ်။ နားထောင်ရတာကိုပဲ စိတ်ငြစ်စရာ ပျော်စရာေ လးတွေပါ။ စင်္ကာပူက ဗုဒ္ဓဘာသာနဲ့ မြန်မာ့ယဉ်ကျေးမှု အကယ်ဒမီသင်တန်း က ဆရာတော်တွေနဲ့ ဆရာ၊ဆရာမတွေ ဆွေးနွေးနေသံကို မှတ်မိသရွေ့ အကျဉ်းချုပ်ပြောပြပါမယ်။ ပြီးရင် ကျေးဇူးပြုပြီး သက်ပြင်းချရင်း ပြုံးပေးပါ။

မြန်မာစာ

အရှုပ်ထွေးဆုံး ကဏ္ဍ မြန်မာစာက စပါရစေ။
အရင်ဆုံး မြန်မာစာလုံးဝ မပြော၊ မရေး၊ မဖတ်တတ်အဆင့်။
ပြီးတော့ အခြေခံအဆင့်၊
ပြီးတော့မှ အထိုက်အလျှေက် တတ်တဲ့အဆင့်ပေါ့။
ဒီအထိ ရှင်းသေးတယ်လေ။ သူ့အတန်းနဲ့သူ ခွဲလိုက်ရုံပဲ။

ဒါပေမဲ့ နိုင်ငံခြားရောက်နေတဲ့ မြန်မာကလေးတွေရဲ့ မြန်မာစာအဆင့်က အရွယ်နဲ့ခွဲလို့မရတော့ဘူး။ ဆိုလိုတာက ကလေးတစ်ယောက်က ၁၂ နှစ်၊ ၁၃ နှစ် ရှိကောင်းရှိမယ်၊ သူ့ မြန်မာစာကျတော့ ဇီးရိုး၊ အဲသလိုပဲ ၅ နှစ် အရွယ်ကလေးကလည်း မြန်မာစာ ဇီးရိုး။ သူတို့ကို အရွယ်နဲ့မခွဲဘဲ မြန်မာ စာ အဆင့်နဲ့ ခွဲလိုက်တော့ ကြီးတဲ့ကလေးက မှတ်ဉာဏ်အားကောင်းတော့ သိပ်မကြာခင် ၅ နှစ်အရွယ်ကလေးထက် သာသွားရော။ သူတို့ကို တစ်တန်း ထဲ ထားပြီးဆက်သင်ရင် အကြီးကလေးက စိတ်ဝင်စားမှု ရှိမှာမဟုတ်တော့ ဘူး။
ဒီတော့ သူတို့ကို အတန်းခွဲပေးမှ ရတော့မယ်။ တစ်တန်းက နှစ်တန်းဖြစ် သွားပြီ။

နောက် မြန်မာစာလုံးဝ မတတ်သေးတဲ့ကလေးတွေကိုကျတော့ ဘာသာရေး ကိုတောင် မသင်သေးပဲ (မြန်မာလို သင်လို့မှ မရသေးတာဘဲ) မြန်မာစာပဲ သင်ပေးလိုက်ကြတယ်။ အထိုက်အလျောက် ရသွားပြီဆိုတော့ သူတို့ကို အထက်က အတန်းထဲပေါင်းပေးလိုက်ပေါ့လေ။
သူတို့ကို အထက်ကအတန်းထဲပေါင်းပေးလိုက်တော့ နောက်ထပ်အခက်အခဲ ရှိလာပြန်ရော။ အဲဒါက သူတို့တက်ရမယ့် အတန်းထဲက ကလေးတွေက ဘာ သာရေးအချို့ သင်ပေးပြီးသားဆိုတော့ ကဗျာလေးတွေ၊ စာလေးတွေ ရွတ် တတ်နေပြီ။ သူတို့ကပါးစပ်ဟောင်းလောင်းလေးတွေပေါ့။ မြန်မာစာအဆင့်သာတူပြီး ဘာသာရေးက မတူတော့
ဘာသာရေးသင်မယ်ဆိုတော့ နောက်တက်ကလေးတွေကို အတန်းခွဲသင်ဖို့ လိုလာပြန်ရော။ ဟုတ်တယ်လေ၊ အတူတူထားလို့ မရပြန်ဘူး။

ဘာသာနဲ့ ယဉ်ကျေးမှုကိုရော ဘယ်လိုသင်ကြမလဲ။
ပြည်တွင်းမှာ သင်ရိုးညွှန်းတန်း ကောင်းကောင်းတွေ ရှိတာပေါ့။ ဒါပေမဲ့ မြန်မာစာတောင် အဲသလို အုပ်စုတွေ အမျိုးမျိုး ခွဲနေရတော့ အဲဒီ သင်ရိုးညွှန်းတန်းတွေအတိုင်းလိုက်ဖို့ကျ ခက်နေပြန်ရော။ နောက် မတူညီတဲ့ ပတ်ဝန်းကျင်နဲ့ အနေအထား။
ပြည်တွင်းက ကလေးတွေအတွက် ယဉ်ကျေးမှုဆိုတာ သူတို့ဝန်းကျင် မှာ တွေ့နေရတာ။ ဒီက ကလေးတွေ တွေ့နေရတာက ဒီယဉ်ကျေးမှုတွေ မဟုတ်ပြန်ဘူး။ တကယ့်ကို ချဲလင့်ဂ်ျပဲ။ အချိန်က မအားမလပ်၊ လူအင်အား က မလုံမလောက်။

ဒါပေမဲ့ သူတို့မျက်နှာတွေကြည့်တော့ စိတ်ပျက်ဟန်မရှိကြဘူး။ ပြုံးလို့ ပျော်လို့လေ။ ဒါက ဝမ်းသာစရာမဟုတ်လား။

ဒါလေးတွေကို စာရေးကောင်းသူတစ်ယောက်ယောက်ကိုများ ပြောပြရရင် ဝတ္ထုတစ်ပုဒ်ဖြစ်မှာ သေချာတယ်။