မောနင်းပို့စ်


"ဟ လုပ်ကြပါအုံးဟ။ မြန်မာက ဘယ်နှစ်ဂိုးအထိရှူံးလို့ရသလဲ။ ဒီအတိုင်းဆို တက်မှာလား"
ကိုယ်မှ မသိတာလားဆိုတော့ မဟုတ်ဘူး။ နည်းပြကိုယ်တိုင်ကလည်း မသိဘူး တဲ့။
"သေရောကွာ
သေကြရောကွာ"
ဒါပေမဲ့ ဒါတွေထဲမှာ ဥပဒေမဲ့မှုတွေက သေချင်စရာ အကောင်းဆုံးပါပဲ။ ကမ္ဘာမှာ နိုင်ငံတော်ရဲ့ အမှတ်အသားတွေကို မီးရှို့ရဲတာဆိုလို့ အစွန်းရောက် မွတ်စလင်တွေနဲ့ (သူတို့က သူများအမှတ်အသားတွေကို ရှို့တာ)မြန်မာပြည် က လူရိုင်းတွေပဲ ရှိတယ်။ ဒါ မျိုးချစ်စိတ်တဲ့လား။ ရိုင်းဆိုင်းမှု၊ အရှက်ခွဲမှုပါ။ ဘယ်နေးရှင်းမဆို ရှူံးဖူး နိုင်ဖူးတယ်။


အပြင်ကကြည့်တော့ မြန်မာရဲ့ နယ်ပယ်စုံမှာ ပြောင်းလဲတိုးတက်လာပုံက ထင်တာထက် ခြေသွက်နေပါသေးတယ်။ ဆုတံဆိပ်တွေလည်း မနည်းတော့ ပါဘူး။
အထူးသဖြင့် ထိုင်းက မြန်မာကို လုံးဝ လျှော့မတွက်ရဲတော့ဘူး။ ဒါက ဒီနေ့ စထရိတ်တိုင်းပါ နေးရှင်သတင်းစာ အယ်ဒီတာ ဆရာကဝိရဲ့ ဆောင်းပါး ပါ။ နိုင်ငံရေး၊ စီးပွားရေး၊ အားကစား၊ လူ့အခွင့်အရေး စတဲ့ တိုးတက်လာ မှုတွေကို အားနည်းချက် တချို့နဲ့ တွဲပြီး ထောက်ပြရင်း ရေးသွားတယ်။ (ထိုင်းဆိုတော့) သူ့ အသံက လန့်နေသံပေါက်နေလို့ ကိုယ့်လက်မောင်း အားကို (ဟုတ်ကော ဟုတ်ရဲ့လား) ပြန်ညှစ်ကြည့်ရတော့မလိုပါပဲ။
တကယ်တော့လည်း နှစ်နှစ်အတွင်းရထားတာတွေက မနည်းတော့ပါဘူးလေ။

လူထု၊ အဖွဲ့အစည်းနဲ့ စည်းပွားရေး (လူတစ်ယောက်ရဲ့ ကမ္ဘာ့အမြင်)


The New China

"အိမ်နီးချင်း နိုင်ငံငယ်တွေအပေါ် သူတို့ကဗိုလ်ကျလေလေ အိမ်နီးချင်းနိုင် ငံငယ်တွေက အမေရိကဖက်ကို ယိမ်းလေလေ ဆိုတာပါပဲ" (လီကွမ်းယု)

တီနန်မင် အရေးအခင်းအပြီး ၁၉၈၉ ခု ဆောင်းဦးပေါက်မှာ ဒု-ပရီမီယာ ကျင် ကျိချင်(Qian Qichen) ရဲ့သား ကျင်နင် (Qian Ning) မီချီဂန်တက္ကသိုလ်ကို စကောလားနဲ့ ရောက်သွားတယ်။ သူက အသက်သုံးဆယ် ၀န်းကျင်ဖြစ်ပြီး အမေရိကကိုမသွားမီ လူထုနေ့စဉ်(peoples daily) သတင်းစာမှာ အလုပ် လုပ်ခဲ့တယ်။ အမေရိ ကရောက်ပြီး နှစ်အနည်းငယ်ကြာတော့ အမေရိကမှာ ပညာသင်ကြားခြင်း (Studying in America) ဆိုတဲ့ စာအုပ်ကိုရေးတယ်။ တရုတ်ပြည်ကလည်း ဒီစာအုပ်ကို ထုတ်ဝေခွင့်ပြုခဲ့ပါတယ်။ ကွန်မြူနစ်ဝါဒက သူ့ဆီမှာ အရိုးစွဲရှိနေတာ။ ဒါပေမဲ့ သူက လက်ရှိကွန်မြူနစ်ဝါဒကို တော်ေ တ်ာနှိပ်ကွပ်ရေးသားထားတာပဲ။

မီချီဂန်က အန်း အာဘော်(Ann Arbor)ကို ရောက်တော့မှ ဘ၀ဆိုတာ ပါ တီတွေ၊ ဘာဘီကျုတွေ၊ မိတ်ဆွေကောင်းတွေနဲ့ ဖွဲ့စည်းထားတယ်ဆိုတာ သူသဘောပေါက်ခဲ့တယ်၊ ကိုယ့်ကိုယ်ကိုမကျေမနပ်နဲ့ ပူလောင်နေတဲ့အိမ်ထဲ ပီကင်းက နိုင်ငံရေးမူဝါဒတွေနဲ့ ဖွဲ့စည်းထားတာတင်မဟုတ်ဘူး တဲ့။ စာပိုဒ် တစ်ပိုဒ်ထဲမှာ သူရေးထားတာက ခင်ပွန်းနဲ့အတူ အမေရိကကို တစ်ခေါက်ေ ရာက်ဖူးတဲ့ တရုတ်ဇနီးတစ်ယောက်ဟာ တရုတ် ပြည်ရောက်တာနဲ့ အရင်လို လုံးဝမဖြစ်နိုင်တော့ဘူး တဲ့။ တရုတ်ပြည်နဲ့မတူတဲ့ လိုက်(ဖ်)စတိုင်တွေ အမေ ရိက မှာ သူတို့တွေ့ကြရတယ်။
တရုတ်တွေရဲ့ အသိုင်းအ၀ိုင်းထဲမှာဆို ဖြစ်ပေါ်လာနိုင်တဲ့ တစ်ချို့အမြင်တွေ သူကိုယ် တိုင်ပြောင်းလဲလာခဲ့တယ်လို့ ရေးခဲ့တယ်။ ဒါဟာ ခေတ်သစ် တ ရုတ်ပြည်ရဲ့ အခြေအနေပဲ၊ အခုဆို သူတို့ပုံစံ အမျိုးမျိုးနဲ့ ပြင်ပကမ္ဘာကြီးနဲ့ ဆက်သွယ်နေကြတယ်။

တရုတ်ပြည်ရဲ့အသွင်သဏ္ဍာန်ဟာ ဖြည်းဖြည်းနဲ့မှန်မှန် ပြောင်းလဲလာနေ
တယ်။ ၁၉၇၆ ခုနှစ် တရုတ် ပြည်ကို ကျွန်တော်ရောက်စဉ်က တရုတ်ပြည်
က တံခါးပိတ်ဝါဒနဲ့ တယူသန်လူ့အဖွဲ့အစည်းသာ ဖြစ်နေခဲ့ပါတယ်။ လမ်းပေါ် ကလူတွေကိုကြည့်ရင်လည်း အပြာ(သို့မဟုတ်)အနက်ရောင် အ၀တ် အ စားတွေနဲ့ အားလုံးဆင်တူလို လိုပါပဲ။ ကျွန်တော်ရောက်သွားတော့ ကျောင်း ပိတ်ရက်လည်း မဟုတ်ပါဘဲနဲ့ ကျွန်တော့်ကိုကြိုဆိုဖို့ ကျောင်းသား လေးတွေ ကို စုစည်းခေါ်ခဲ့ကြတယ်။
“Huan ying, huan ying! Re lie huan ying’’ (“welcome, welcome, warmly welcome! (-ကြိုဆိုပါတယ်၊ ကြိုဆိုပါတယ်၊ နွေးထွေးစွာကြိုဆိုပါ တယ်) ဆိုတဲ့ သီချင်းတွေ ဆိုကြလို့ပဲ။

“သူတို့အားလုံး ကျောင်းထဲမှာနေပြီး စာသင်ရမယ့်အချိန်မှာ ကျောင်း ကေ န လေယာဉ်ကွင်းကိုလာ၊ လေယာဉ်ကွင်းကနေ ကျောင်းကိုပြန်နဲ့ တစ်နေ့ တာလုံး အချိန်ဖြုန်းနေကြရရှာတယ်”
လို့ ကျွန်တော်တွေးလိုက် မိတယ်။
အဲဒီတုန်းက သူတို့ဆီမှာ ဒီလိုပြင်ရခက်တဲ့ရှေးရိုးစဉ် အစဉ်အလာရှိခဲ့တယ်။ သူတို့က ရောက်လာတဲ့ ဧည့်သည်ကို နွေးနွေးထွေးထွေး ၀တ်စုံညီတွေနဲ့ ကြိုဆိုတတ်ကြတယ်ဆိုတာကို ဂုဏ်ယူချင်ကြတယ်။ အဲသလို ပဲ ဧည့်သည် ကို သူတို့က ဒီလိုလုပ်တတ်တယ်၊ လုပ်နိုင်တယ်ဆိုတာ ပြသလိုကြတယ်။ အခုတော့ ဒါမျိုးတွေ မရှိတော့ဘူးလို့ ကျွန်တော်ထင်ပါတယ်။ ဒါတွေ လုပ်ပြေ နလို့ ရောက်လာတဲ့ဧည့်သည်က အထင်မကြီးဘူးဆိုတာ သူတို့ သဘောေ ပါက်သွားကြပါပြီ။ အဲသလိုပဲ အပြာ၊ အနက်ဝတ်စုံတွေလည်း မတွေ့ရတော့ ဘူး။ အခုဆိုရင် လမ်းတွေပေါ်မှာ သက်တန့်ရောင်စုံဝတ်စုံတွေကို တွေ့မြင်နေ ကြရပြီ။

အနောက်နိုင်ငံတွေရဲ့ အကောင်းစားအ၀တ်အစားတွေဟာ တရုတ်ဈေးကွက် ထဲကို နေရာယူထားကြပြီ။ ၂၀၀၉ ခုနှစ် စစ်တမ်းအရ အကောင်းစား ပစ္စည်းတွေဝယ်ယူသုံးစွဲမှုမှာ တရုတ်က အမေရိကကို ကျော်တက်သွား ပြီး ဂျပန်နောက်ကနေ ဒုတိယလိုက်နေတယ်။ တန်ဖိုးကြီး လက်ပတ်နာရီတွေ၊ သားရေထည်ပစ္စည်းတွေဟာ အထူးရောင်းကောင်းနေတဲ့ ပစ္စည်းတွေပဲ။ တစ်ယောက်နဲ့တစ်ယောက် လက်ဆောင်ပေးတဲ့ ယဉ်ကျေးမှုကို ကျေးဇူး တင်ရမယ်ထင်ပါတယ်။ နောက်ဆုံးနှစ်နှစ်အတွင်း တရုတ်ပြည်ရဲ့ ကားဈေး ကွက်ထဲ မာစီးဒီးနဲ့ BMW ကားတွေ ဆတိုး ပိုများလာနေတယ်။ သူတို့ စာအုပ် မှာယူမှုတွေကတောင် များလွန်းတော့ ဖွံ့ဖြိုးပြီးနိုင်ငံကြီးတွေ တော်တော် အ ကျပ်ရိုက်သွားခဲ့တယ်။ တရုတ်လူလတ်တန်းစားတွေဟာ ၀တ်ကောင်းစား လှတွေ ၀တ်ပြီး ပိုပြီး သက်တောင့်သက်သာရှိတဲ့ဘ၀မှာ နေနိုင်လာတယ်။ မသုံးမစွဲ ခြစ်ကုတ်စုနေတဲ့ဘ၀ဟာ ပျော်ရွှင်မှုကို မပေးနိုင် ဘူးဆိုတာ အခု သူတို့သဘောပေါက်လာကြတယ်။

Qian Ning လို တရုတ်ခေတ်လူငယ်တွေဟာ ကမ္ဘာ့ရွာကြီးထဲမှာ နေနေကြ တာပါ။ ကမ္ဘာ့ခရီးသွားလာ မှုတွေကလည်း ပိုများလာတယ်။ အမေရိကနဲ့ ဥရောပကို သွားနေကြတဲ့ တရုတ်တွေ၊ တရုတ်ပြည်ကို လာနေကြတဲ့ အမေရိ ကန်တွေနဲ့ ဥရောပတိုက်သားတွေ အများကြီးပဲ။ မီချီဂန်လိုတက္ကသိုလ်မှာ ပညာသင်ကြားခွင့်မရဘူး ဆိုရင်တောင်မှ အင်တာနက်၊ နိုင်ငံခြားရုပ်ရှင်၊ စာ အုပ်တွေကနေတဆင့် ကမ္ဘာ့ပြူတင်းပေါက်ထဲကို လှမ်းကြည့် လို့ ရနေကြပြီ။ ဒါတွေဟာ သူတို့ရှေ့မျိုးဆက်က တရုတ်တွေအတွက် အိပ်မက်ထဲမှာပဲရှိတဲ့ အရာတွေသာဖြစ် တယ်။ သူတို့နယ်ပယ်တွေကျယ်လာတာနဲ့အမျှ သူတို့အမြင်နဲ့ တရုတ်ပြည်ရဲ့အနေအထားလည်း ပြောင်းလဲ လာနေတယ်။

တရုတ်စီးပွားရေးဈေးကွက် ဖွင့်ပြီးတဲ့နောက်မှ မွေးဖွားလာတဲ့ကလေးတွေ ကပဲ တဖြည်းဖြည်းနဲ့နိုင်ငံကို ပခုံးပြောင်းယူကြတော့မှာပဲ။ ဒုက္ခပေါင်းစုံနဲ့ တရုတ်ပြည်ရဲ့အတိတ်သမိုင်းဟာ သူတို့ခေါင်းထဲမှာတောင် သိပ်ရှိ နေတော့ မှာ မဟုတ်တော့ဘူး။ သူတို့သိတဲ့ တရုတ်ပြည်ဟာ သမိုင်းထဲက တရုတ်ပြည် မဟုတ်တော့ဘဲ သူတို့ကြုံ တွေ့နေထိုင်နေရတဲ့ လက်ရှိတရုတ်ပြည် ပဲ ဖြစ်နေလိမ့်မယ်။ ဒီအမြင်ဟာ လူငယ်တွေကြား ကြီးထွားလာနေသလို တစ်နေ့တစ်ခြားလည်း ပိုကြီးထွားလာဖို့ပဲ ရှိလိမ့်မယ်။

ဒါဆိုရင် တရုတ်ပြည်ရဲ့ အနာဂတ်က ဘယ်လိုလဲ။

လာမယ့်အနှစ်(၃၀)မှာ အာဏာပြလာတဲ့ လူမျိုးစွဲနဲ့တရုတ်ပြည် ဖြစ်လာမ လား။ ဖြစ်နိုင်ခြေရှိတယ်။ ခေတ်သစ်တရုတ်တွေရဲ့ကြားမှာ သူတို့က အာကြီး တယ်ဆိုတဲ့အတွေးကြောင့် လူမျိုးစွဲစိတ်တွေဝင်လာတာ ပထမဆုံးတွေ့ရ တယ်။ သူတို့ဟာ ဘာတွေပဲဖြစ်ဖြစ် သူတို့လုပ်ပိုင်ခွင့်ကလည်း အကန့် အ သတ်နဲ့ပဲ ရှိမယ်ဆိုတာကို သဘောပေါက်လာရင်တော့ ခဏလောက် ရပ် ပြီး ပြန်လည်သုံးသပ်ဖို့ လိုလာတော့မှာပေါ့။
သူတို့ ဘယ်လောက်ကြိုးစားကြိုးစား ဒီနယ်ကနေ အမေရိကန်တွေ ထွက် သွားအောင် မလုပ်နိုင်ဘူးဆိုတဲ့နောက်မှ သူတို့လည်း ဇာတိမာန်နည်း နည်း လျော့သွားပေလိမ့်မယ်။ နောက်ပြီး သူတို့သဘောပေါက်လာမှာက အိမ်နီးချင်း နိုင်ငံငယ်တွေအပေါ် သူတို့က ဗိုလ်ကျလေလေ အိမ်နီးချင်းနိုင် ငံငယ်တွေက အမေရိကဖက်ကို ယိမ်းလေလေ ဆိုတာပါပဲ။ သူတို့က အမေ ရိကန်တွေကို လာပါ၊ လည်ပတ်ပါ ခင်ဗျားတို့ လေတပ်နဲ့ဆိုင်တဲ့ စစ်ပစ္စည်းေ တွ ကျွန်တော်တို့နိုင်ငံထဲ လာထားပါလို့ ကြိုဆိုကြမှာပဲ။

လွန်ခဲ့တဲ့ နှစ်အနည်းငယ်တုန်းက အသက်(၇၀)ကျော်ကျော် တရုတ်ခေါင်းေ ဆာင်တစ်ယောက်က ကျွန်တော့်ကို မေးဖူးတယ်။
“ကျွန်တော်တို့ ဖွံ့ဖြိုးတိုးတက်လာတာဟာ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ဖွံ့ဖြိုးတိုးတက် လာမှုမျိုး လို့ ယုံကြည်ပါသ လား” တဲ့။

ကျွန်တော်လည်း
“ယုံကြည်ပါတယ်၊ ဒါပေမဲ့ အဖုအထစ်တော့ရှိတယ်။ ခင်ဗျားတို့ တရုတ်လူ မျိုးတွေဟာ ဂျပန်စစ်၊ ပြည်တွင်းစစ်၊ ယဉ်ကျေးမှုတော်လှန်ရေး စတာတွေ ကို ဖြတ်သန်းကြုံတွေ့ခဲ့ရတယ်။ အခု ရုတ်တရက် ကြီး စီးပွားရေးတံခါး ဖွင့်ပေးလိုက်တယ်။ ဒီအခြေအနေမှာ ဒုက္ခရောက်(ချောက်ထဲရောက်) သွားနိုင်စရာတွေ အများကြီးရှိတယ်။ တရုတ်ပြည်ရဲ့ စီးပွားရေးတိုးတက်မှု ပုံပျက်ပန်းပျက် ဖြစ်မသွားဖို့ဆိုရင် ပြည်တွင်းမှာ အေးဆေးငြိမ်သက်ဖို့လိုသလို ပြည်ပမှာ ငြိမ်းချမ်းရေးသဘောဆောင်နေဖို့ လိုပါတယ်။ ဒါပေမဲ့ ခင်ဗျားတို့ က တရုတ်လူငယ်တွေရဲ့ အလွန်ကြီးမားတဲ့ အမျိုးသားရေးစိတ်ကို ထည့် မ တွက်ခဲ့ကြဘူး။ ဂျပန်တွေကို ဆန့်ကျင် ဆန္ဒပြရင်းနဲ့ နောက်ဆုံး အကြမ်းဖက် မှုတွေဆီ ရောက်သွားတယ်။ ပြီးတော့ ကျွန်တော့်သား ၀န်ကြီးချုပ် ၂၀၀၄ ခုနှစ်မှာ ထိုင်ဝမ်ကိုအလည်သွားတော့ တရုတ်အင်တာနက်အွန်လိုင်းတွေမှာ စင်္ကပူဟာ သစ္စာဖောက်ဆိုပြီး ၀ိုင်းဝန်းတိုက်ခိုက်ခဲ့ကြပြန်တယ်။ ဒါဟာလည်း အကြမ်းဖက်မှုပဲလို့”
ပြန်ပြောခဲ့ပါတယ်။ ဒီတော့ သူက သူတို့လူငယ်တွေ သဘောပေါက်လာေ အာင် လမ်းညွှန်ပေးပါမယ်လို့ ပြောဆိုခဲ့ပါတယ်။

သူတို့ ကတိတည်မယ်လို့လည်း မျှော်လင့်မိပါတယ်။ ဒါပေမဲ့ လက်တွေ့ အခြေအနေမှာ မျိုးဆက်တစ် ဆက်ဟာ သူတို့ကိုယ်တိုင် တကယ် လူလား မမြောက်မီ လူလားမြောက်ပြီလို့ ထင်မှတ်လာနိုင်တယ်။ ဒီလိုသာ ဖြစ်လာခဲ့ ရင် ၀မ်းနည်းဖွယ်ရာကြုံတွေ့ရနိုင်ပြီး ဒေသတွင်း မငြိမ်မ သက်လည်း ဖြစ် သွားနိုင်ပါတယ်။ တကယ်က တိုးတက်လာနေတဲ့ တရုတ်ပြည်ကို ကောင်းေ ကာင်းကိုင်တွယ်ထားနိုင်မယ်ဆိုရင် သူတို့အရည်အချင်းနဲ့ စိတ် ဓာတ်ကို အကျိုးရှိရှိအသုံးချသွားဖို့ သူတို့အရည်အသွေးတွေ လုံလောက်နေပါတယ်။

စိတ်ဆိုးနေရင်


 ၁။ ကျန်းမာရေးနဲ့ဆိုင်တဲ့ စာအုပ်တွေကိုဖတ်ရင် ဂရုစိုက်ပါ။ ပုံနှိပ်တာ မှား သွားရင် သေနိုင်တယ်။
Be careful about reading health books. You may die of a misprint.

၂။ ရာသီဥတုမျှတဖို့အတွက် ကောင်းကင်ဘုံကိုသွား။ အပေါင်းအဖော်လိုချင် ရင် ငရဲပြည်သွား။
Go to Heaven for the climate, Hell for the company.

၃။ စိတ်ဆိုးနေရင် တစ်ကနေ လေးအထိ ရေတွက်လိုက်ပါ။
စိတ် အရမ်းဆိုးနေရင်တော့ ဆဲလိုက်ပါ။
When angry, count to four; when very angry, swear.


Mark Twain (မာ့ခ် တွိန်း)

ဒီည သေလိုက်တော့မယ်။


ဟ လုပ်ကြပါအုံးဟ။ မြန်မာက ဘယ်နှစ်ဂိုးအထိရှူံးလို့ရသလဲ။ ဒီအတိုင်းဆို တက်မှာလား။

သေရောကွာ။
သေကြရောကွာ။
မပြောတော့ပါဘူး။
ဒီည သေလိုက်တော့မယ်။
မနက်ဖြန် ငါ ပြန်ထလာခဲ့မယ်။

အာ့ဆို ဘိုလုပ်မဲ? ဘိုမှ မုပ်နဲ့၊ ဒိုင်း ထားလိုက်


အားနက်စ် ဟဲမင်ဝေးရယ်
ဂျော့ဂ်ျ ဘားနတ်ရှောရယ်
ဇင်ဝေသော်ရယ်ဟာ သတ်ပုံ ညံ့တာခြင်း တူပါတယ် (အားမနာပါးမနာ နှိုင်း လိုက်ပါတယ်)။
အားနက်စ် ဟဲမင်ဝေး က အင်္ဂလိပ်စာလုံးပေါင်းတွေနဲ့ မကိုက်ညီဘူးပြောရင် သူရေးတာက အင်္ဂလိပ်မဟုတ်၊ အမေရိကန် လင်းဂွေ့လို့ ပြန်ပြောတတ် တယ်တဲ့။
ဂျော့ဂ်ျ ဘားနတ်ရှော ကိုတော့ သူရေးထားတဲ့အတိုင်းသာ ပုံနှိပ်လိုက်ရင် လူတွေ နားလည်နိုင်မယ် မဟုတ်ဘူးလို့ အယ်ဒီတာက ဆိုပါသတဲ့။
ဇင်ဝေသော်ကတော့ အဓိပ္ပါယ်ကိုရေးနေတာ စာလုံးပေါင်းရေးတာ မဟုတ် ဘူးလို့ အရှက်ပြေ ဖြေပါတယ်။

ပထမ ဟန်းဖုန်းမက်ဆေ့ဂ်ျတွေကြောင့် သူတို့ အင်္ဂလိပ်တော့ ပျက်ပါပြီလို့ ကွန်ဆာဗေးတစ်တွေက အော်ကြပါတယ်။ မရပါဘူး။ အခု ဆိုရှယ်မီဒီယာေ ပ်ါလာတော့ စာလုံးကို အဆင်ပြေသလို ပိုလို့တောင်ပေါင်း လာကြပါသေး တယ်။
စတန်းဒတ် အင်္ဂလိပ် မပျက်ပါဘူး။ သူ့နေရာနဲ့သူ ရှိပါတယ်။
အသံထွက်အတိုင်းပေါင်းတဲ့ အစဉ်အလာက ကြာပါပြီ။ ရှေးဟောင်း သီချင်းတွေထဲမှာ "Gonna" တွေ "wanna" တွေ ရှိပါတယ်။

မြန်မာစာလည်း ဒီအတိုင်းပါပဲ။
"ရေးတော့အမှန် ဖတ်တော့အသံ" ဆိုတဲ့ စကားပုံလေးလည်း မျက်နှာငယ် ငယ်နဲ့ ချောင်ကပ်နေရရှာတယ်။
အာ့ဆို ဘိုလုပ်မလဲ။ ဘိုမှ မုပ်နဲ့၊ ဒိုင်း ထားလိုက်ပေါ့။

မြန်မာစကားပုံက အများညီရင် "ဤ" "ကျွဲ" ဖတ် တဲ့။
အင်္ဂလိပ်စကားပုံက လူညီလို့ အရှူံးပေးရတဲ့အထဲမှာ ဂရမ္မာလည်းပါတယ်တဲ့။
ဥပမာ ( I ) ဆို Shall နဲ့တွဲ၊ You ကို will နဲ့တွဲ ဆိုတာ မရှိတော့ပါဘူး။
"I will go." ကို မှားတယ်ဆိုရင် သူဟာ ၁၈ ရာစုက ဂရမ္မာစာအုပ်ကို ကိုင် ထားလို့ပါ။
အာ့ဆို ဘိုလုပ်ကြမလဲ။ ဘိုမှ မုပ်နဲ့၊ ဒိုင်း ထားလိုက်ပေါ့။

ဇွေသော် (သတ်ပုံ မပြင်ရန် တောင်းပန်ပါသည်)