ဗုဒ္ဓဘာသာ နဲ့ စီဗီလိုက်ဇေးရှင်း


သီဟိုဠ်၊ မြန်မာ၊ ထိုင်း၊ လာအိုနဲ့ ကမ္ဘောဒီးယားမှာ ထေရဝါဒဗုဒ္ဓဘာသာ စီဗီ လိုက်ဇေးရှင်းရှိတယ်၊ တိဗက်၊ မွန်ဂိုလီးယားနဲ့ ဘူတန်တို့မှာ မယာယာန စီဗီ လိုက်ဇေးရှင်းရှိတယ် လို့ ဟန်တင်တန်က အဆိုပြုပါတယ်။
ဒါပေမဲ့ အားလုံးခြုံကြည့်တော့ ဗုဒ္ဓဘာသာရောက်ရှိသွားတဲ့ နိုင်ငံတွေမှာ ယဉ်ကျေမှုဟောင်းတွေ ရှိနေနှင့်ပြီး အဲဒီယဉ်ကျေးမှုတွေနဲ့ ရောနှောသွားလို့ ဗုဒ္ဓဘာသာဟာ ဘာသာကြီးတစ်ခုဖြစ်ပေမဲ့ စီဗီလိုက်ဇေးရှင်းအနေနဲ့ သီးသန့် မရှိတာလို့ သူက ကောက်ချက်ချပါတယ်။
ဥပမာ ဗုဒ္ဓဘာသာယဉ်ကျေးမှုလွမ်းမိုးပေမဲ့ ဂျပန်က ဂျပန်စီဗီလိုက်ဇေးရှင်း၊ တရုတ်က ဆင်းနစ်(Sinic)စီဗီလိုက်ဇေးရှင်းအနေနဲ့ ရှိနေခြင်းမျိုးပါ။ (ဒါ့ကြောင့် အင်္ဂလိပ်လို Buddhist culture, Buddhist tradition တို့သာတွေ့ရပြီး Buddhist civilization လို့ မတွေ့ရခြင်းဖြစ်နိုင်ပါတယ်။)

~~~~~

Religion is a central characteristic of civilizations, and, as Christopher Dawson said, "the great religions are on which the great civilizations rest."
ကိုးကွယ်မှုဘာသာတရားတွေဟာ စီဗီလိုက်ဇေးရှင်းတွေရဲ့ သဘောလက္ခ ဏာနဲ့ ပတ်သက်လို့ အဓိကဗဟိုချက်မတွေ ဖြစ်ကြပါတယ်။ "ကမ္ဘာ့ဘာသာကြီးတွေဟာ စီဗီလိုက်ဇေးရှင်းတွေရဲ့ တည်ရာမှီရာဖြစ်ပါ တယ်" လို့ ခရစ္စတိုဖာ ဒေါ်ဆင်က ဆိုပါတယ်။

Of Weber's five "World religions," four- Christianity, Islam, Hinduism and Confucianism- are associated with major civilizations. The fifth, Buddhism, is not. Why is this the case? Like Islam and Christianity, Buddhism early separated into two main subdivisions, and, like Christianity, it did not survive in the land of its birth.


ဝက်ဘာ သတ်မှတ်တဲ့ "ကမ္ဘာ့ဘာသာကြီး ငါးခုမှာ" လေးခုဖြစ်တဲ့ ခရစ်ယန်၊ အစ္စလမ်၊ ဟိန္ဒူနဲ့ ကွန်ဖျူးရှပ်တို့ဟာ စီဗီလိုက်ဇေးရှင်းတွေနဲ့ ဆက်စပ်နေပြီး နံပါတ်ငါးဖြစ်တဲ့ ဗုဒ္ဓဘာသာကတော့ (စီဗီလိုက်ဇေးရှင်းတွေနဲ့) ဆက်စပ်မနေ ပါဘူး။ ဘာ့ကြောင့် ဒီလိုဖြစ်နေရတာလဲ။ အစ္စလမ်နဲ့ ခရစ်ယန်ဘာသာတွေလို ဗုဒ္ဓဘာသာဟာ စောစောပိုင်းကတည်းက အဓိက ဂိုဏ်းကြီးနှစ်ဂိုဏ်း ကွဲ ထွက်သွားခဲ့တယ်။ နောက်ပြီး ခရစ်ယန်ဘာသာလိုပါပဲ မွေးဖွားပေးလိုက် တဲ့ နိုင်ငံထဲမှာ ဆက်လက်ရှင်သန်(တည်ရှိ) မနေခဲ့ပါဘူး................

တစ်မိုးလုံးက ဖြောက်ဆိပ်


ကောင်းကင်ကို မော့ကြည့်တော့လည်း
တစ်မိုးလုံးက ဖြောက်ဆိပ်

တိတ်တဆိတ် အိပ်မက်က လန့်နိုးချိန်တောင်
ခွန်နှစ်စဉ်ကြယ်က ခေါင်းမထောင်နိုင်ဘူး။

ငါက ခရီးသွားတစ်ယောက်ပါ
ဒီထက်လည်း ဘာမှ မပိုချင်ဘူး
ငါ့ ပခုံးပေါ်က ဝန်ထုပ်ကိုသာ
ငါ လေးနေမှာစိုးလို့ဆိုပြီး လုမယူပါနဲ့။




တကယ်ဆို
မိသားဖသားပီပီ ငါလည်း
ကြေကွဲချင်သပေါ့။

ဖွင့်မရတဲ့ တံခါးပေါက်တွေအတွက်ကျတော့
သော့ခလောက်တွေကလည်း
ဝတ်ကျေတန်းကျေ ပဲလေ။

ဟေ့ကောင် မောင်သစ်
ရင်နာလို့ ရင်ဘတ်ထုတာ ရူးလို့တဲ့
တို့ မမှီလိုက်တဲ့ ပညာရှင်တွေ ပြောဖူးတယ်။
မိရိုးဖလာ
အညာခံလိုက်ရတဲ့ ပျက်လုံးတွေက
သိပ် မရယ်ရဘူးကွာ
ငါ အိပ်တော့မယ်။

ပြစ်ပြစ်နှစ်နှစ် ဆဲရေးစမ်းပါ
အဝိဇ္ဇာလောက် ဘယ်အကောင်မှ
မာဆယ်မတောင့်ဘူး။

ရူးချင်ယောင်ဆောင်လည်း
အပိုပဲ ဟေ့ကောင်
တဏှာလောက် ဘယ်ကောင်မှ မရူးမိုက်ရဲဘူး။

အဝိဇ္ဇာနဲ့ တဏှာက
သံသရာရဲ့ ပရိုင်မာရီ ရု(တ်) နှစ်ပါး တဲ့။
တို့ မမှီလိုက်တဲ့ တို့ ဘုရား ဟောခဲ့တယ်
ပဋိစ္စသမုပ္ပါဒ်ထဲမှာလေ။

လေ ပါ့ကွာ
အဝိဇ္ဇာနဲ့ တဏှာ။ ။

မြောက်ကိုရီးယား (သို့မဟုတ်) ဆင်သေကို ဆိတ်သားရေနဲ့ ဖုံးသူ (၁)


လူတစ်ယောက်ရဲ့ ကမ္ဘာ့ အမြင်
(ဂျပန်၊ ကိုရီးယား၊ အိန္ဒိယ)

မြောက်ကိုရီးယားကို ကျွန်တော် မရောက်ဖူးပါဘူး။ သွားချင်စိတ်လည်း ဘယ်တုန်းကမှ မပေါက်ခဲ့ ဖူးဘူး။ အလွန်ထူးဆန်းလှတဲ့နိုင်ငံ ဖြစ်ပါတယ်။ တရုတ်ပြည်က လူတွေတောင် အခွင့်အရေးတချို့ကို ရရှိကြတယ်။ မြောက် ကိုရီးယားနိုင်ငံက လူထုတစ်ရပ်လုံးဟာ ပြင်ပကမ္ဘာနဲ့ အဆက်ဖြတ်၊ လုံးဝ ဖိနှိပ်ခြင်းကို ခံနေကြရပါတယ်။ တိတိကျကျ ပြောရရင် ကင် (မ်) မိသားစုဟာ တစ်နိုင်ငံလုံးကို သုဿာန်တစပြင်မှာ ကျိန်စာတိုက်နေသလိုကို အုပ်ချုပ်ခဲ့ကြ တာပါ။
ဝါဒ မှိုင်းအသွင်းခံထားရတဲ့ ကိုရီးယားလူထုကြီးအတွက် ကင် (မ်) မျိုးဆက် ဟာ နတ်ဘုရားတစ်ပိုင်းပါ။ သူတို့ကိုယ်တိုင် လှောင်ချိုင့် ထဲ ရောက်နေတာ ကို သတိမထားမိဘဲ သူတို့မိသားစုကို လူထုက ကြောက်ရွံ့နေအောင် ပုံစံဆွဲ အုပ်ချုပ်ခဲ့ကြတယ်။ တောင့်တောင့်တင်းတင်းနဲ့ အမျိုးသား၊ အမျိုးသမီးတွေ အားမာန်အပြည့် စစ်ရေးပြနေတာတွေဟာ သူတို့ကို ဂုဏ်ပြု ပူဇော်နေမှု တစ်မျိုးပါပဲ။ ဆိုရှယ်လစ် ရည်မှန်းချက်ဖြစ်တဲ့ “လူ့ပြည်က ကောင်ကင်ဘုံ” ဆိုတာနဲ့ ဝေလာဝေးလို့ မြောက်ကိုရီးယားဟာ အဆိုးဝါးဆုံး အစိုးရရဲ့ အုပ် ချုပ်မှုကို ခံနေရတဲ့ နိုင်ငံတစ်နိုင်ငံ ဖြစ်ပါတယ်။ အဓိကအခြေခံ လိုအပ်ချက်ေ လးတွေမှ မရှိ၊ ဝဝလင်လင်တောင် လူထုကို ကျွေးမထားနိုင်တဲ့ နိုင်ငံပါ။

ဒီလို ပွင့်လင်းလွတ်လပ်လာတဲ့ ခေတ်ကြီးထဲမှာ သူတို့ရဲ့ ဆင်သေကို ဆိတ်သားရေနဲ့ ဖုံးတဲ့ အချိုးနဲ့ ဒီလောက်ကြီး အချိန်ကြာအောင် အုပ်ချုပ် ထားနိုင်တာကိုပဲ အတော်ကြီး ထူးဆန်းနေပါတယ်။ သူတို့မှာ အိုင်ဖုန်းမရှိ၊ စလဲလိုက်တီဗွီ မရှိ။ သူတို့မှာသာ ဒါတွေရှိရင် သူတို့ အလိမ်အညာ ဇာတ် လမ်းကြီး ဆက်ကလို့ ရမှာ မဟုတ်တော့ပါဘူး။ တချို့ မြောက်ကိုရီးယား သားတွေဆိုရင် နိုင်ငံထဲကနေ ရအောင် ထွက်လာ ခဲ့ကြပြီးတဲ့နောက် ကမ္ဘာကြီး ဘယ်လောက် ဖွံ့ဖြိုးနေတယ်၊ အထူးသဖြင့် တောင်ကိုရီးယား ဘယ်လောက် ပြောင်းလဲ တိုးတက်လာနေတယ် ဆိုတာကို တွေ့မြင်နေ ကြရတယ်။ ဒါပေမဲ့ ဒီလူစုက တကယ့်ကို လူနည်းစုလေးပါ။
အဲဒီလူနည်းစုလေးကပဲ လက်ရှိဘဝကို မခံနိုင်တော့လို့ ဘယ်လို အန္တရာယ်ပဲ ကြုံရကြုံရဆိုပြီး တရုတ်ပြည် (သို့မဟုတ်) တောင်ကိုရီးယားထဲကို ခိုးဝင်နို င်အောင် အရဲစွန့်ကြတော့တယ်။ တချို့ အောင်မြင်သွားတာလည်း ရှိပါတယ်။ အများစုကတော့ မအောင်မြင်ကြရှာပါဘူး။ တချို့ဆို သစ်သားလှေတွေနဲ့ ပင်လယ်ပြင်ကို သက်စွန့်ဆံဖျား ဖြတ်၊ တချို့ဆိုရင်လည်း ဖိနပ်မပါ ကုန်းကြောင်းခရီးကနေ နယ်စောင့်တပ်တွေရဲ့ ဖမ်းဆီးခံရမှု စတာတွေကို ရင်ဆိုင်ပြီး အရဲစွန့် ထွက်ပြေးဖို့ ကြိုးစားနေကြရတယ်။
မြောက် ကိုရီးယား လူထုထဲက အများစုသာ အဲသလို သိမြင် တုန့်ပြန်လာ ကြရင် အဲဒီနိုင်ငံရဲ့ အနေအထားက ကမောက်ကမနဲ့ ထိန်းမရသိမ်းမရဖြစ်ပြီး အမှောင်ကမ္ဘာထဲ ပြန်ရောက်သွားနိုင်တယ်။ ဒီအဖြစ်က တွေးတောင် မတွေး ရဲစရာပါ။ ဒီတော့ လက်ရှိ စစ်အာဏာရှင် အစိုးရကိုပဲ (နိုင်ငံပြိုကွဲမသွားေ အာင် ထိန်းထားတဲ့အတွက်) ကျေးဇူးတောင်တင်နေရ မလိုလိုပါ။ နိုင်ငံပြို ကွဲသွားရင် စစ်အာဏာရှင်စနစ်တော့ နိဂုံးချုပ်ပြီပေါ့။

ကံမကောင်း၊ အကြောင်းမလှစွာပါပဲ၊ မြောက်ကိုရီးယား အာဏာရှင် စစ် အစိုးရအနေနဲ့ ပြုပြင်ပြောင်းလဲမှု လုပ်တော့မယ်ဆိုရင်တောင် အချိန်တွေ သိပ်ပြီး နောက်ကျနေနိုင်ပါတယ်။ သူတို့ ပြောင်းလဲမှု စတင်ဖို့ တရုတ်ပြည် ကလည်း အမျိုးမျိုး လမ်းပြနေတာပါပဲ။ မြောက်ကိုရီးယား ခေါင်းဆောင်တွေ ကို ရှန်ဟိုင်း၊ ဂွမ်ကျောက်၊ ရှင်ကျင့်မြို့တွေကို ခေါ်ပြ၊ အာဏာ လက်မ လွှတ်စေဘဲ ပြောင်းလဲယူလို့ ရတယ်ဆိုတာကို ပြသနေကြတာပါပဲ။ ဒါပေမဲ့ မြောက်ကိုရီးယားနဲ့ တရုတ်တို့ရဲ့ အနေအထားချင်းက လုံးဝ မတူ ဘူး ဖြစ်နေပါတယ်။ မြောက်ကိုရီးယားရဲ့ အခုလက်ရှိ အနေအထားက ကျိန်စာ အတိုက်ခံထားရသလို ဖြစ်နေတယ်။ ဒီအနေအထားကနေ ရုတ် တရက်ကြီး ပြောင်းလဲပြီး တံခါးဖွင့်စနစ်ကို ကျင့်သုံးလိုက်မယ်ဆိုရင် နိုင် ငံလည်း ပြိုကွဲထွက်သွားလိမ့်မယ်။
မြောက်ကိုရီးယား လူထုတစ်ရပ်လုံး သူတို့ ဆယ်စုနှစ်များစွာ အလိမ်ခံလိုက် ရပြီဆိုတဲ့ အသိနဲ့ အိပ်ယာက လန့်နိုးလာကြမှာ။ ကင် (မ်) မိသားစုကို အ ဟုတ်ကြီးမှတ်ပြီး ကိုးကွယ်ခဲ့မိတဲ့ သူတို့တတွေဟာ ဘယ်လောက် ဦးနှောက် မဲ့ခဲ့ကြတယ်၊ ကမ် (မ်) မိသားစုပြောတဲ့ ကမ္ဘာ့စံပြနိုင်ငံတော်ကြီးကို ယုံကြည် ခဲ့ကြခြင်းဟာ ဘယ်လောက် ရူးသွတ်ခဲ့ကြတယ်၊ တောင်ကိုရီးယား ဘယ်ေ လာက် ဖွံ့ဖြိုးတိုးတက်ခဲ့ပြီလဲ ဆိုတာကိုလည်း သူတို့ တွေ့မြင်ကြရလိမ့်မယ်။

မြောက်ကိုရီးယားဟာ တံခါးဖွင့်ပေးရုံနဲ့ လုံးဝ မလုံလောက်တော့ပါဘူး။
ဒီထက်ပိုပြီး ရှုတ်ထွေးစေတဲ့အချက်က မြောက်ကိုရီးယားခေါင်းဆောင်တွေရဲ့ ဘဝနဲ့ လုံခြုံရေးကလည်း သိပ် မသေချာလှပါဘူး။ သူတို့တွေဟာ တောင် ကိုရီးယား ခေါင်းဆောင်တွေကို လုပ်ကြံခြင်း၊ အက်ဒမန်ကျွန်းမှာ ခရီးသည် တင် လေယာဉ်ကို ဖောက်ခွဲဖျက်ဆီးခြင်း၊ ဂျပန်အပါအဝင် နိုင်ငံခြား သားတွေကို ပြန်ပေးဆွဲခြင်းစတဲ့ အပြည်ပြည်ဆိုင်ရာ ရာဇဝတ်မှုတွေကို ကျူးလွန်ခဲ့ကြတယ်။
အဲဒီခေါင်းဆောင်တွေထဲမှာ တချို့ကတော့ သေဆုံးသွားကြပြီ၊ တချို့က အသက်ရှင်လျက် ရှိနေကြသေးတယ်။ သူတို့ ညွှန်ကြားချက် မပါဘဲ ဒါတွေ ဖြစ်မလာနိုင်တော့ အသက်ရှင်ကျန်ရှိနေသူတွေ အတွက်လည်း မပြေးသော် ကန်ရာရှိဖြစ်နေမယ်။

ခန့်မှန်းလို့ ရသမျှ အနာဂတ်အထိကတော့ ကိုရီးယားကျွန်းဆွယ်ဟာ လက် ရှိအနေအထား အတိုင်းပဲ ရှိနေပါလိမ့်မယ်။ ပါဝါအပြောင်းအလဲ ဖြစ်လာနိုင် စရာ မမြင်မိပါဘူး။ မြောက်ကိုရီးယားရဲ့ လက်ရှိ ပြဿနာကို စိတ်ဝင်စားတဲ့ တရုတ်နဲ့ အမေရိကန် အပါအဝင် နိုင်ငံအားလုံးကလည်း တောင် ကိုရီးယား နဲ့ မြောက်ကိုရီးယား စစ်ဖြစ်မှာကိုရော အချိန်တိုအတွင်းမှာ သူတို့ ပေါင်းစည်း သွားမိကြမှာကိုပါ မလိုလားကြလောက်ပါဘူး။ ဘာလို့လဲဆိုရင် ဖြစ်လာနိုင်တဲ့ အကျိုးဆက် အန္တရာယ်တွေက အများကြီး မို့ပါ။

၁၉၅၀ - ခုနှစ်မှာ တောင်ကိုရီးယားကို သိမ်းပိုက်ဖို့ စစ်ပြင်သလိုမျိုး လည်း မြောက်ကိုရီးယားက မလုပ်ရဲတော့ပါဘူး။ အဲသလို တိုက်ပွဲဖြစ်လာ ရင်တောင် တောင်ကိုရီးယားဘက်ကနေ စစ်ရေးအရ အကူအညီပေးလာမယ့် အမေရိကန်တွေကို သူတို့ ယှဉ်လို့ မရဘူးဆိုတာ သိထားကြပါပြီ။ အမေရိ ကန် မပါဘူးဆိုရင်တောင်မှ တစ်နိုင်ငံချင်း မြောက်ကိုရီးယားက နိုင်ဖို့ မလွယ်တော့ပါဘူး။ စစ်တပ်အင်အားရှိဖို့ ပထမဆိုတဲ့ ပေါ်လစီနဲ့ သူတို့က စစ်တပ်ကို အားဖြည့်ခဲ့ပေမဲ့ တောင်ကိုရီးယားရဲ့ စီးပွားရေး အားအစွမ်းက အများကြီး သာလွန်နေပါတယ်။ ဒါကို မယုံကြည်ဘူးဆိုရင်တော့ ဒုတိယ ကမ္ဘာစစ်အတွင်းက ဂျပန်ကို ဥပမာအနေနဲ့ ယူကြည့်နိုင်ပါလိမ့်မယ်။ အမေရိကန်တွေရဲ့ ရေတပ်သင်္ဘောတွေကို အရင်ဖျက်ဆီးပြီး ကမ္ဘာစစ် မှာ ရှေ့ကနေ အသာစီးယူဖို့ ကြံစည်ခဲ့ကြတယ်။ ဒါပေမဲ့ အမေရိကန်တွေရဲ့ စစ်လက်နက်ပစ္စည်း ထုတ်လုပ်မှု အားအစွမ်းက ပျက်စီးသွားတာတွေကို အစားထိုး ထုတ်လုပ်နိုင်ရုံသာမက ဒီထက်ပိုများအောင်ကို ထုတ်လုပ်နိုင် ခဲ့တယ်။
ဘာမှ မကြာလိုက်ပါဘူး၊ စစ်အင်အား စုစည်းပြီး ဂျပန်ကို ပညာပေး လိုက် ကြတော့တာပဲ။ နောက်ဆုံးတော့ ကိုယ့်နိုင်ငံမှာ ခွန်အား ဘယ်ေ လာက် ရှိတယ်ဆိုတာ လက်နက်၊ စစ်သင်္ဘော အရေအတွက်နဲ့ ဆုံးဖြတ်တာ မဟုတ် ဘဲ ထုတ်လုပ်နိုင်မှုစွမ်းအား ဘယ်လောက်ရှိသလဲ ဆိုတာက ဆုံးဖြတ်တာပါ။ ကိုယ့်မှာ လက်နက်ပဲရှိပြီး စီးပွားရေးနောက်ခံ မတောင့်တင်းဘဲ စစ်ပွဲထဲ ဝင်သွားမယ်ဆိုရင် ဒီစစ်ပွဲကို ကြာရှည်ထိန်းမထား နိုင်ပါဘူး။ မြောက် ကိုရီး ယားက လူတွေလည်း အရူးတွေ မဟုတ်တော့ ဒါလောက်တော့
သေ ဘာက်ပေါက်ကြပါတယ်။

ဆက်ရန်

ဝန်ကြီးစွာစော်ကဲ ဟဲ ဟဲ


သမိုင်းမှာ မင်းကြီးစွာစော်ကဲ
ကျနော်တိုခေတ့်မှာ ဝန်ကြီးစွာစော်ကဲ
(လူဆိုတော့ ထောင်းကနဲ ဖြစ်သွားရှာတာပေါ့)

မကွေးမြို့အစွန် မြသလွန်မှာ အတူဖူးခဲ့တာတွေ
ဘယ်အကောင်မှေ-ာက်ဂရုမစိုက်ဘူး
ပုဆိုးလှန်ပြလိုက်မယ်(ဟင်)
ရှေ့ကချမယ့်လူနဲ့ နောက်ကချမယ့်လူပဲ ရှိတယ်
(ဘယ်က၊ ညာက၊ အပေါ်က၊ အောက်က???)
လုပ်ချင်တာလုပ်မယ်
ဟိုမအေ... ဒီမအေ...(ဟိုက်)
မကျေနပ်ရင် လဲသေ
ဒီအချိန် အမေ့နို့သွားစို့ရင် ပါးအရိုက်ခံရမယ်(အော်)
ပြောရင် တစ်ပြားမှ လုပ်မပေးဘူး
လုပ်မပေးလို့ တိုင်ချင်ရင် တိုင်(ကျန်း.. ကျန်း)
ရှင်းတယ်နော် (ဝုတ် ဝုတ် ဝုတ်၊ နောက်မှ ခွေးဟောင်သံများ)
လုပ်ချင်လုပ် မလုပ်ချင်နေ ကျနော်တို့နဲ့ ဘာမှမဆိုင်ဘူး
အစိုးရစော်ကားတဲ့ကောင် ဆော်မှာပဲ
မရရင် အချုပ်ထဲထည့်မှာပဲ(ကလေး ငိုသံများ)
ေ-ာက်ရူးတွေပြောတာ မယုံနဲ့
အနိုင်ကျင့်လို့ ပြဿနာတက်တာ ဒါပဲ။ (ဟုတ်)
ကဲ သွားမယ်နော် အားလုံး
(နောက်လည်းကြုံရင် ဝင်ခဲ့အုံး နော့်)

ပြည်သူတွေ ရေသန့်မလိုတော့ပါ
ဝန်ကြီးစွာစော်ကဲ... ဟဲ ဟဲ။ ။

ဂျပန်၊ ကိုရီးယား၊ အိန္ဒိယ ( ၃ )


ဂျပန်။ အမေးအဖြေ

မေး။ ။ဂျပန်ပြည်တွင်းရေး ရုတ်တရက်အပြောင်းအလဲကို ကျွန်တော်တို့ေ တွ့မြင်နေရတယ်။ မကြာသေးမီ အချိန်ကပဲ ဂျပန်ရဲ့တိုးတက်မှုနှုန်း သိပ်မြန် ဆန်တာကို တွေ့ခဲ့ရတယ်။ အခုလက်ရှိဖြစ်နေတာကိုကြည့်ပြီး အံ့အားသင့်မိ ပါသလား။
ဖြေ။ ။ မျှော်လင့်မထားခဲ့မိဘူး။ ဒါပေမယ့် လိုက်(ဖ်)စတိုင်(လ်)တွေပြောင်း သွားတယ်။

မေး။ ။ဂျပန်တွေဟာ တကယ့်သေရေးရှင်ရေးထဲရောက်ရင်တုံ့ပြန်တတ်တဲ့ လူမျိုးတွေလို့ မစ္စတာလီပြောဖူးသ လားလို့။ အဲသလို ပြန်လည် တုံ့ပြန်တာ ဟာ သူတို့ယဉ်ကျေးမှုတဲ့။ အခု လူဦးရေပြဿနာကို ကျော်လွှားနိုင်မှာ မဟုတ်ဘူးလို့ ဘာလို့ယူဆမိတာလဲ။
ဖြေ။ ။ အရင်အနေအထားက သူတို့နဲ့အခြားသူတွေရဲ့တိုက်ပွဲ၊ ဒီတစ်ခါက သူတို့ချင်းတိုက်ပွဲဖြစ်နေတယ်။ ကလေးယူကြဖို့ဆိုရင် အမျိုးသမီးတွေရော အမျိုးသားတွေပါ စိတ်ဓာတ်အခြေခံပြောင်းလဲရမယ်။ ဒါပေမယ့် ဂျပန် အမျိုး သမီးတွေက မိဘတွေ၊ ယောက္ခမတွေ၊ လင်သားတွေ၊ ကလေးတွေကို အ လုပ်အကျွေးပြုရတဲ့ဘ၀နဲ့ တင် မကျေနပ်နိုင်ကြတော့ဘူး။

မေး။ ။နိုင်ငံ့ခေါင်းဆောင်တွေရဲ့ ဦးဆောင်မှုညံ့ခဲ့တာလား။ ဥပမာ စင်္ကာပူ ဆိုရင်လည်း ပုံစံတူပြဿနာရင်ဆိုင်နေရတာပဲ။ ဒါပေမယ့် နိုင်ငံ့ခေါင်းေ ဆာင်တွေက ချော့လိုက်ခြောက်လိုက်နဲ့ လူထုကိုခေါင်းဆောင်မှုပေးနိုင် ခဲ့ တယ်။
ဖြေ။ ။ယဉ်ကျေးမှုချင်းမတူညီကြလို့ ဖြစ်ပါလိမ့်မယ်။ သူတို့က ဒီ အကြောင်းပြောကို မပြောကြတာ။ အစိုးရ အနေနဲ့ ကြိုးစားမယ်ဆိုရင်တောင် လူထုရဲ့စိတ်ဓာတ်နဲ့ခံယူချက်ကို ပြောင်းလဲပေးနိုင်မယ်မထင်ဘူး။

မေး။ ။ဒါကို နိုင်ငံ့ခေါင်းဆောင်တွေက ပြောင်းလဲလိုတယ်။ လူထုက မပြောင်းလဲလိုဘူး။ ဒါမှမဟုတ် နိုင်ငံ့ခေါင်းဆောင်တွေကိုယ်တိုင်ကကိုပဲ လူထုနဲ့တစ်သားတည်းလား။
ဖြေ။ ။နိုင်ငံရေးခေါင်းဆောင်တွေဆိုတာကလည်း လူထုရဲ့အစိတ်အပိုင်းပဲ။ လူထုကိုယ်တိုင်က တက်တက် ကြွကြွမရှိဘူးဆိုရင် နိုင်ငံရေးခေါင်းဆောင် ကလည်း ထူးမခြားနားဖြစ်နေမှာပဲ။ လက်ရှိအခြေအနေကို ဂျပန်တွေ သဘောပေါက်ကြတယ်။ ဒါပေမယ့် ဘာမှမလုပ်ဘဲ ငြိမ်ခံနေကြတယ်။

မေး။ ။ဂျပန်လူမျိုးတွေဟာ တစ်ခုခုဆို ဘာမှမလုပ်ဘဲ ငြိမ်ခံတတ်တဲ့ လူ မျိုးတော့ မဟုတ်ဘူးလားလို့။
ဖြေ။ ။ကံမကောင်းအကြောင်းမလှစွာပဲ၊ ဒီကိစ္စမှာတော့ ဒီအတိုင်းဖြစ်နေ တယ်။

မေး။ ။တကယ့်ခေါင်းဆောင်ကောင်းတစ်ယောက်တက်လာပြီး ဂျပန်နိုင်ငံ ကို ပြောင်းလဲပေးနိုင်မယ်လို့ မယုံ ကြည်ဘူးပေါ့၊
ဖြေ။ ။မထင်ဘူး။

မေး။ ။တည်ငြိမ်မှုမရှိလှတဲ့ နိုင်ငံရေးကလည်း ဒီကိစ္စကို အထောက်အကူ မဖြစ်လှဘူးလို့ မစ္စတာလီ လက်ခံတယ် မဟုတ်လား။ နိုင်ငံရေး မတည်ငြိမ် ဘူးလို့ဆိုရအောင် မစ္စတာလီက ဘာတွေမြင်ထားလို့လဲ။
ဖြေ။ ။သူတို့ခေါင်းဆောင်တွေက ဆာမူရိုင်းကြီးတွေကြားမှာပဲ လည် ပတ်နေတယ်။ အစိုးရပွဲလမ်းတွေမှာဆို ဆာမူရိုင်းတွေနဲ့ သူတို့ နောက် လိုက်တွေအချင်းချင်း ငြင်းခုံနေကြတာမျိုးတွေ တွေ့ရတယ်။ ဒီ စနစ်ကေ နပြောင်း ပြီး လက်ခံလာကြမလားဆိုတာ ငါတော့ သေသေချာချာ မပြောနိုင် ဘူး။ သူတို့ကို ရာထူးတစ်နေရာပေးရင် တော့ ပြောင်းကောင်းပြောင်းမယ်။ အဲသလို မတည်ငြိမ်မှုတွေက ဂျပန်နိုင်ငံရေးကို အထောက်အကူမဖြစ်လှဘူး။

မေး။ ။ဂျပန်တွေမြင်ထားတဲ့ လူဦးရေပြဿနာက ဒီလိုဖြစ်ကောင်းဖြစ် မှာပေါ့။ ဟုတ်တယ်၊ လူဦးရေလျော့ပါး လာတယ်၊ ဒါဆိုရင် စီးပွားရေး အင် အားကျဆင်းလာမယ်။ ဒါပေမယ့် တစ်ဦးချင်းဝင်ငွေနဲ့ လူနေမှုအဆင့်အတန်း ကို ထိန်းထားနိုင်ရင် အဆင်ပြေတယ်ဆိုတာမျိုးပေါ့။
ဖြေ။ ။ဒါက လုံးဝမဖြစ်နိုင်ဘူး။ သက်ကြီးရွယ်အိုတွေများလာရင် တစ်ဦး ချင်းဝင်ငွေလည်း ကျဆင်းလာမှာပဲ။ စီးပွားရေးနဲ့ဝင်ငွေကို တိုးတက်အောင် လုပ်ပေးနိုင်တာက လူငယ်တွေပဲ။ သူတို့မှာလူငယ်တွေ နည်းနေပြီ။

မေး။ ။ဂျပန်နိုင်ငံအားလျော့လာတဲ့ကိစ္စမှာ ပထ၀ီနိုင်ငံရေး အမြင်နဲ့ကြည့် ရင် ဘယ်လိုရှိမလဲ။ တရုတ်တက်လာလို့ လား။
ဖြေ။ ။ သူတို့မှာ လူငယ်တွေရှိတယ်။ လူဦးရေကလည်း တိုးတက်နေတယ် ဆိုရင်တောင်မှ တရုတ်တက်လာ တာနဲ့ပတ်သက်လို့ သူတို့ဘာမှလုပ်နိုင်မှာ မဟုတ်ပါဘူး။ တရုတ်ကို သူတို့ယှဉ်နိုင်မှာ မဟုတ်ပါဘူး။ အထူး သဖြင့် ၁၉၃၀ ခုနှစ်တွေကလုပ်သလို လုပ်လို့မရနိုင်တော့ဘူး။ အဲဒီတုန်းကဆိုရင် တရုတ်ပြည်ရဲ့ နေရာ တော်တော်များများကို သူတို့သိမ်းပိုက်ထားနိုင်ခဲ့ကြ တယ်။ အခု ဂျပန်တွေမှာ အမေရိကန်ရဲ့ စောင့်ရှောက်မှု လိုနေတယ်။ သူတို့ ချည်းသာဆိုရင် တရုတ်ကို လုံးဝမယှဉ်နိုင်တော့ဘူး။ ဒါပေမယ့် အမေရိကန်နဲ့ မဟာမိတ်ဖွဲ့ ထားတဲ့ ဂျပန်ကတော့ ယှဉ်နိုင်တယ်။ ဒီတော့ သူတို့က အမေရိ ကန်တွေနဲ့ မဟာမိတ်မြဲမြဲဖွဲ့ထားမှာ။ ဒါပေမယ့် သူတို့ဟာ အရင်လို မဟုတ်ေ တာ့ဘဲ အားနည်းတဲ့၊ သေးငယ်တဲ့၊ ကျဆင်းစပြုနေတဲ့ ပါတနာပဲဖြစ်နေ လိမ့်မယ်။

မေး။ ။ဒီတော့ ဂျပန်က အမေရိကန်တွေနဲ့ တွဲလက်တော့ဖြုတ်မယ် မ ဟုတ်ဘူးပေါ့။
ဖြေ။ ။ဒါက သူတို့အတွက်တော့ အကောင်းဆုံးရွေးချယ်မှုပဲလေ။ ဒါပေ မယ့် တစ်ချိန်တည်းမှာပဲ တရုတ်ပြည် ထဲမှာလည်း ရင်းနှီးမြှုပ်နှံမှုတွေလုပ်ပြီး စီးပွားရှာနေကြဦးမှာပဲ၊ အမြတ်ရသလောက်ယူမှာပေါ့။

မေး။ ။အိုကီနာဝါကျွန်းကိစ္စကလည်း ပြဿနာတစ်ခုအနေနဲ့ ရှိနေဆဲပဲ။ အမေရိကန်စစ်သားတွေအားလုံးက အဲဒီကျွန်းပေါ်မှာပဲ။ ဒီတော့ အိုကီနာဝါ ကျွန်းသားတွေက ဂျပန်တစ်နိုင်ငံလုံးရဲ့ လုံခြုံရေးကိစ္စအတွက် သူတို့ ကျွန်း သားတွေကပဲ ဒိုင်ခံတာဝန်ယူနေရတာကို မတရားဘူး ထင်နေကြတယ် ။ နောက်ဆုံး အမေရိကန်တွေ ထွက်ခွာသွားရမယ့် အနေအထားမျိုး အ ထိ ရောက်သွားနိုင်မလား။ အဲသလိုဆိုရင် ဂျပန်နိုင်ငံရဲ့ လုံခြုံရေးအခြေ အနေ ဘယ်လိုဖြစ်သွားမလဲ။
ဖြေ။ ။အိုကီနာဝါကျွန်းသားတွေအလိုကျ အမေရိကန်တွေကိုနှင်ထုတ်ဖို့ ဂျပန်လူထုက သဘောတူမလား၊ မတူဘူးလားဆိုတာ ငါလည်းမသိဘူး။ ဒါပေမယ့် ဒါမျိုးလုပ်ဖို့တော့ ဂျပန်က စိတ်ဝင်စားမှာမဟုတ်ဘူး။ သူတို့ အဲ သလိုလုပ်ခဲ့ရင် အမေရိကန်တွေက ဂွမ်(Guam)သို့မဟုတ် မစ်(ဒ်)ဝေး (Midway)ကို ရွှေ့သွားရမှာပဲ။ ဒါဆိုရင် အလှမ်းဝေးသွားမှာပေါ့။

မေး။ ။လာမယ့်နှစ်(၂၀)အတွင်းမှာ ဘယ်လို ဂျပန်-အမေရိကန် ဆက် ဆံရေးမျိုးရှိနေနိုင်မလဲ။
ဖြေ။ ။ဒါက အမေရိကန်ရဲ့စီးပွားရေး ဘယ်လို အခြေအနေမှာရှိတယ် ဆိုတာအပေါ် မူတည်လိမ့်မယ်။ အမေရိကန်တွေက သူတို့ မဟာမိတ် တပ်တွေကို ထောက်ပံ့ပေးမထားနိုင်တော့ဘူးဆိုရင်တော့ သူတို့ဆက် ဆံ ရေးက အဖျားရှူးသွားစရာရှိတယ်။ အဲသလိုဖြစ်သွားရင်တော့ ဂျပန် ကိုယ်တိုင် တရုတ်အောက်ကို ၀င်လိုက်ရုံပဲ ရှိတော့မယ်။ လက်အောက် ခံ သဘောမျိုးဖြစ်သွားတော့မယ်။

မေး။ ။လက်အောက်ခံနိုင်ငံ၊ဟုတ်လား။
ဖြေ။ ။အေးလေ၊ သူတို့တရုတ်ကို ပြန်မဖိုက်နိုင်ဘူး။ တရုတ်စကားကို နားထောင်ရုံပဲရှိတော့မယ်။ အခုသူတို့ အငြင်းပွားနေတဲ့ ဆင်ကကု (Senkaku) သို့မဟုတ် ဒိုင်အောယု(Diao yu)ကျွန်းလေးတွေကြားမှာ ဂျပန် သင်္ဘော နဲ့ တရုတ်သင်္ဘောဝင်ငြိနေမယ်ဆိုရင် ဂျပန်သင်္ဘော လက်လျှော့ ရလိမ့်မယ်။

မေး။ ။ဂျပန်က သူတို့ကိုယ်ပိုင်ကာကွယ်ရေးတပ်တွေ ဖွဲ့စည်းလာမယ်လို့ ထင်မိသလား။
ဖြေ။ ။အမေရိကန်တွေရဲ့ သြဇာမရှိတော့ဘူးဆိုရင်တော့ နောက်ဆုံး အဖြေအနေနဲ့ နျူကလီးယားလက်နက်ရ အောင် တီထွင်ပြီး သူတို့ ကာ ကွယ်ရေးကို ပြန်ပြီးပြင်ဆင်ရလိမ့်မယ်။

မေး။ ။ဒါဆိုရင် တရုတ်နဲ့ အတိုက်အခံသဘောမျိုး ဖြစ်သွားမှာပေါ့။
ဖြေ။ ။မဖြစ်ပါဘူး။ ကိုယ့်ကိုယ်ကိုကာကွယ်ဖို့ပဲဥစ္စာ၊ တရုတ်ကို ဘယ်လို လုပ်တန်ပြန်တိုက်စစ်ဆင်လို့ရမလဲ။ ဗုံးသုံးလုံးဆိုရင် ဂျပန်တစ်နိုင်ငံလုံး ကုန်သွားမယ်။ တရုတ်ပြည်က ဗုံးသုံးလုံးလုံးနဲ့ နိုင်ငံကုန်မသွားဘူး။

မေး။ ။ဂျပန်နျူကလီးယားလက်နက်ထုတ်လုပ်လာမှာကို တရုတ်အစိုးရက ဟန့်တားဖို့ မကြိုးစားနိုင်လောက် ဘူးလား။
ဖြေ။ ။ဘယ်လိုလုပ် ဟန့်တားလို့ရမှာလဲ။ ဒါက ဂျပန်ရဲ့လုပ်ပိုင်ခွင့်ပဲဥစ္စာ။ တရုတ်လုပ်လို့ရတာက သူတို့လက်နက် ကို ပိုစွမ်းအားကောင်းလာအောင် ကြိုးစားဖို့ပဲရှိတယ်။

မေး။ ။တရုတ်-ဂျပန်ဆက်ဆံရေးမှာ နောက်ထပ် လိပ်ခဲတင်းတင်းပြဿ နာတစ်ခု ရှိသေးတယ်။ဒုတိယကမ္ဘာစစ် အတွင်းက ဖြစ်ခဲ့တာတွေကို တရုတ် က မေ့လို့မရသေးဘူးဖြစ်နေတယ်။ အဲဒီအဖုအထစ်က အချိန်ဘယ်လောက် ကြာအောင် ဆက်ရှိနေဦးမှာလဲ။
ဖြေ။ ။အဲဒီအချိန်က အဓိကမြို့ကြီးအားလုံးကို ဂျပန်ကသိမ်းယူခဲ့တာ။ ဒီလိုဆက်လုပ်နေရင် ရေနံဆက် မရောင်းတော့ဘူးလို့ အမေရိကန်ကသာ မခြိမ်းခြောက်ရင် တရုတ်တစ်ပြည်လုံးကိုတောင် သိမ်းယူလိမ့်မယ်။ ဘယ်လောက်ကြာဦးမလဲဆိုတာကတော့ ငါလည်းမပြောတတ်ဘူး။ ဟုတ်တယ်၊တရုတ်တွေက ဒါကို မမေ့ကြ သေးဘူး။

မေး။ ။ဂျပန်တွေကလည်း ဒီအမှားအယွင်းတွေအတွက် အကြိမ် ကြိမ်တောင်းပန်ခဲ့ပြီးပြီလို့ ဆိုနေကြတာပဲ။
ဖြေ။ ။ဟုတ်တယ်၊တောင်းပန်ခဲ့ကြတယ်။ ဒါပေမယ့် သူတို့က စစ်သားေ တွမြှုပ်နှံတဲ့ ယာစုကုနီ (Yasukuni)ခန်းမကို သွားရောက်နေကြတုန်းပဲ။

မေး။ ။တစ်ခါက ဂျပန်ခေါင်းဆောင်တစ်ယောက်ကို မစ္စတာလီ ပြော ခဲ့ဖူးတယ်ဆိုလားလို့။ အမေရိကန်နဲ့ ဗီယက်နမ်တွေ တိုက်ပွဲဖြစ်ခဲ့ကြတယ်။ အချိန်အတော်ကြာလာပြီးတဲ့နောက်မှာ သူတို့ချင်းလက် ဆွဲနှုတ်ဆက်နိုင် ကြတယ်။ တရုတ်-ဂျပန်စစ်ပွဲဆိုရင် နှစ်ပေါင်းတစ်ရာတိုင်တာတောင် တစ်ယောက်ကိုတစ်ယောက် လက်ဆွဲနှုတ် မဆက်နိုင်ကြသေးဘူး---ဆိုလား။
ဖြေ။ ။ဟုတ်တယ်၊သူတို့စစ်ပွဲဖြစ်ခဲ့တာက ၁၉၃၁-ခုနှစ်က၊ ကြာလှပြီ။

မေး။ ။ဘာကြောင့်လို့ ထင်ပါသလဲ။
ဖြေ။ ။အကြောင်းက တရုတ်လို ဧရာမနိုင်ငံကြီးကို နိုင်ငံသေးသေးလေးက ၀င်သိမ်းဖို့ကြိုးစားတာမို့ အခံရခက်နေကြတာ။ တရုတ်တွေ တစ်စစီပြိုကွဲပြီး တစ်နိုင်ငံလုံးသိမ်းယူမိတော့မလောက်ပဲ။

မေး။ ။အဲဒီမကျေမချမ်းဖြစ်မှုက နှစ်နိုင်ငံလုံးရဲ့ လူထုကြားမှာ နက်နက် နဲနဲကြီး ခံစားနေကြရတုန်းလား။
ဖြေ။ ။ငါတော့ ဒီလိုမထင်တော့ပါဘူး။ သူတို့ဆက်ဆံရေးကတဖြည်းဖြည်း နဲ့ ကောင်းမွန်လာနေပါပြီ။ ဂျပန် တွေက တရုတ်ပြည်ထဲမှာ ရင်းနှီးမြှပ်နှံ မှုတွေလုပ်တယ်။ တရုတ်တွေကလည်း ဂျပန်ရဲ့ အရင်းအနှီးနဲ့ နည်းပညာ ကို ဖိတ်ခေါ်ကြိုဆိုတယ်။ ပြီးတော့ တရုတ်က ဈေးချိုချိုနဲ့ ကုန်ထုတ်လုပ်လို့ရတဲ့ အခြေခံ အလုပ်ရုံတွေကို ပြန်ပေးတယ်။ ဒါပေမယ့် ဒုတိယကမ္ဘာစစ် အမာ ရွတ်က တစ်ချိန်ချိန်မှာ ပြန်ပြီးအနာရင်းလာနိုင်တာမျိုးပဲ။

မေး။ ။စင်္ကာပူအပါအ၀င် အာဆီယံနိုင်ငံတွေနဲ့ကတော့ အာရှရဲ့ စူပါ ပါဝါကြီးနှစ်ခု ညီညီညွတ်ညွတ်နဲ့ ပိုပြီးရင်း နှီးကျွမ်းဝင်တဲ့ စီးပွားရေး၊ နိုင် ငံရေးဆက်ဆံမှုတွေရှိလာစေဖို့ မျှော်လင့်နေကြရုံပဲပေါ့။
ဖြေ။ ။အမှန်ပဲ။ သူတို့နှစ်နိုင်ငံလုံး ကြီးပွားချမ်းသာနေမှုဟာ ငါတို့ လိုလား တဲ့ အချက်ပဲ။

ဂျပန်၊ ပြီး