တစ်ခုခုဝင်ပြောပေးပါ စင်္ကာပူက မစ္စတာအမ်ဘာဇဒါ


ငွေမရှိ၊ အာဏာမရှိ "ဟုမ်း"ကို အားမကိုးပါနဲ့။ ကျနော်ပြောနေတာ အိမ်ဖော် မမိုးမိုးသန်းကိစ္စပါ။
ခင်ဗျားတို့ပြောတဲ့ အမျိုးဂုဏ်၊ အမျိုးသားရေးလက္ခဏာတွေ
ထမိန်အချွတ်ခိုင်း ခံနေရပြီ။
ကိုယ့်အံဖတ်ကို ပြန်စားနေရပြီ။
ကြိမ်နဲ့ အရိုက်ခံနေရပြီ။
ကြိမ်နဲ့၊ အင်္ကျီချိတ်နဲ့၊ ခေါက်ဆွဲစား တူနဲ့ ခြောက်ကြိမ် အရိုက်ခံခဲ့ရပြီးပြီ။
ပါး အရိုက်ခံခဲ့ရပြီးပြီ။
တစ်ခုခုဝင်ပြောပေးပါ မစ္စတာအမ်ဘာဇဒါ။

ဆံပင်ကိုဆွဲ၊ ကြမ်းပြင်ပေါ်လှဲ၊ ဝမ်းဗိုက်ပေါ် တက်နင်းတာခံခဲ့ရပြီးပြီ။
ဓာတ်ပုံရိုက်ယူဖို့ ထမိန်အချွတ်ခိုင်း ခံခဲ့ရပြီ။ အမျိုးဂုဏ်က ဒါမဟုတ်ရင် ဘာပါလဲ။
ကျေးဇူးပြုပြီး တစ်ခုခုဝင်ပြောပေးပါ။ ကျေးဇူးပြုပြီး ရေငုံနှုတ်ပိတ် မနေလိုက်ပါနဲ့။
မိဘဆန်ပေးပါ။ အစိုးရဆန်ပေးပါ။ သံတမန်ဆန်ပေးပါ၊ အကာအကွယ်ပေးပါ။

အဆိုးဆုံးက ကတော့ကို ပါးစပ်ထဲထိုးသွင်း၊
သကြားတွေ လောင်းထည့် သတဲ့။
အဲဒီ သကြား မချိုနိုင်လောက်ပါဘူး မစ္စတာအမ်ဘာဇဒါ။
မခံနိုင်လို့ အန်ချတော့ အန်ဖတ်တွေကို အစားခိုင်းပြန်သတဲ့။




News on ST: http://www.straitstimes.com/news/singapore/courts-crime/story/couple-faces-total-32-charges-abusing-two-their-maids-20140612

ကျနော်တို့ ချွေးနဲစာ ဒေါ်လာ၂၀၊ ၂၅ စီစုပြီး ရပ်တည်ဖို့ ကြိုးစားနေရတဲ့ "ဟုမ်း" ကို အားမကိုးပါနဲ့။
ကျေးဇူးပြုပြီး တစ်ခုခုဝင်ပြောပေးပါ။ စင်္ကာပူမှာ ဥပဒေ ရှိပါတယ်။ ခင်းဗျားတို့ ဖိအားများလေလေ ဥပဒေက ထိရောက်လေလေပါ။
လူမဆန်တဲ့ ဒီလင်မယားကို ဒဏ်ငွေလေး ထောင်ဂန်းလောက်နဲ့ မပြီးပါစေနဲ့။ အကြီးလေးဆုံး ပစ်ဒဏ် ခံသွားပါစေ။ ပစ်ဒဏ်ကို မက်က်စီမိုက်ဇ်ဖြစ်အောင် လုပ်ပေးပါ။
ဟုမ်းက အကြောင်းမကြား၊ အပူမကပ်လို့ မသိသေးဘူးဆိုရင် ဒီနေ့ စထရိတ် တိုင်း၊ စာမျက်နှာ သုံး၊ ခေါင်းကြီးကို ဖတ်ပေးပါ။
ကျနော်တို့ အမျိုးတွေ
ထမိန် မချွတ်ရပါစေနဲ့၊
အံဖတ် မစားပါစေနဲ့၊
အသားနည်းနည်းပိုဖြူ ရုံနဲ့ မကြောက်လိုက်ပါနဲ့။ ပလိစ်။
အားကိုးစွာဖြင့်

ပညာ တတ်လာတဲ့အခါ


ဒီသတင်းကတော့ မွတ်စလင်ဆိုရင် ကလေးတွေအများကြီးမွေးတယ်လို့ပဲ
ခံယူထားတဲ့ လူအများစုအတွက် နည်းနည်းထူးခြားနေပါလိမ့်မယ်။
အီရန်အစိုးရဟာ ကလေးမွေးဖွားနှုန်း အဆမတန်လျော့ကျလာတဲ့အတွက် စိုးရိမ်နေရသလို ကလေးယူကြဖို့လည်း ပေါ်လစီတွေချမှတ်ဆောင်ရွက်နေရ တယ်။ လူငယ်တွေ အိမ်ထောင်မပြု၊ ပြုသူတွေကလည်း ကလေးမယူ။
အခြေခံအကြောင်းအနေနဲ့ ကုန်ကျစရိတ်၊ လိုက်ဖ်စတိုင်လို့ဆိုနိုင်ပေမဲ့ ပညာ တတ်လာခြင်း(စဉ်းစားတတ်လာခြင်း)ကလည်း အဓိက ဖြစ်နေနိုင်ပါတယ်။
လူငယ်တစ်ယောက်ကတော့ ကလေးအများကြီးရှိသူတွေဟာ သိပ်ချမ်းသာ သူတွေ (သို့)မိဘတာဝန် ယူရမှန်းမသိသူတွေသာဖြစ်တယ်လို့ ဆိုထားပါတယ်။
အထိုက်အလျောက် ပညာတတ်လာတဲ့ မွတ်စလင်နိုင်ငံတွေမှာ ကလေးမွေး ဖွားနှုန်းနဲ့ ပတ်သက်လို့ ကမ္ဘာက အသက်ရှူချောင်သလိုလိုရှိပေမဲ့ ပညာရေး နိမ့်ပါး လွန်းတဲ့ နိုင်ငံတွေက များလွန်းနေသေးတော့ ဒီပြသနာက ကြီးမားဆဲပါပဲ။

အစိုးရပိုင်းက ကလေးနှစ်ယောက်ပဲယူလို့ မသပ်မှတ်ပေမဲ့(ဒါက လူ့အခွင့်အရေး အရ မသင့်ဘူးလို့ တချို့ကယူဆကြ) ယူထားတဲ့ကလေးအတွက် ယူရမယ့် တာဝန်တွေ သတ်မှတ်ပေးထားတော့ စင်္ကာပူက မွတ်စလင်မိသားစုဟာ ရိုဟိန် ဂျာမိသားစု အရေအတွက်အောက် အနည်းဆုံး ခေါက်ချိုးလျော့မှာ သေချာပါတယ်။ ဒါ့ကြောင့် ကလေးမွေးဖွားနှုန်းငြိမ်သွားဖို့အတွက် အစိုးရရော အကျိုးအကြောင်း ညီညီစဉ်းစားလာနိုင်ခြင်းလည်း ပါဝင်ပါတယ်။


ဘာသာသုံးမျိုးစလုံး အသုံးပြုမယ့် ဘာသာရေးအဆောက်အဦး


ဂျာမဏီနိုင်ငံ၊ ဘာလင်မြို့မှာ ခရစ်ယန်၊ ဂျူး၊ အစ္စလာမ် ဘာသာသုံးမျိုးစလုံး အသုံးပြုမယ့် ဘာသာရေးအဆောက်အဦ ပန္နက်ချတယ်လို့ သိရပါတယ်။ သုံးဘာသာစလုံး တစ်ထပ်တည်းမှာ ဘာသာရေးဆုတောင်းပွဲတွေ အညီ အမျှ ပြုလုပ်သွားကြမယ်ပေါ့။
သူတို့ပြောတဲ့ ဘာသာပေါင်းစုံကိစ္စ စတင် အကောင်အထည်ပေါ်လာဟန် တူပါတယ်။ လေးစားစရာပါ။
ဒါပေမဲ့ မေးစရာမေးခွန်းနှစ်ခု ရှိနေပါတယ်။
၁။ မွတ်စလင်ကြီးစိုးတဲ့နိုင်ငံတွေမှာ ဒါမျိုး အကောင်အထည်ဖော်လို့ ရ၊ မရ။
၂။ ဂျာမဏီမှာရှိတဲ့ မွတ်စလင်တွေက တူရကီလူမျိုး၊ ပညာတတ်တွေများမယ်။ မူလတန်း၊ အလယ်တန်းပညာရေးသာရှိတဲ့ အစွန်းရောက်မွတ်စလင်တွေ မဟုတ် ဘူး။ ဒီတော့ ဂျာမဏီကလွဲတဲ့ အခြားနိုင်ငံတွေမှာ ဒီမူအတိုင်း ခရီးဆက်လို့ ရ၊ မရ။ မဆီမဆိုင် အတွေးပွားနေမိတယ်။ ရရင်တော့ ကောင်းသပေါ့။
(S.T. Today. France Agency Press. )


လရောင်သည်
ပွက်ပွက်ဆူရေနွေးအိုးထဲ ထိုးကျစဉ်
ငွေဇင်ယော်သည်
ပခုံးကြမ်းကြမ်းကြီးဖြင့်
ညကို ထမ်းပိုးထွက်သွားလေသည်။

 

နတ်အိုင်ဒင်တတီ


အိုင်ဒင်တတီကိစ္စက အထူးအဆန်းမဟုတ်သလို အခုမှပေါ်ပေါက်လာတာလည်း မဟုတ်ပါ။
ဓဇဂ္ဂသုတ်ထဲမှာ အိုင်ဒင်တတီကိစ္စ တွေ့ရသည်။ မယုံ မရှိပါနှင့်။
သိကြားမင်းက ရှေ့တန်းထွက် တာဝတိံသာစစ်သားတွေကို (ယံ ဘဝိသတိ ဘယံဝါ ဆမ္ဘိတတ္တံဝါ စသည်)
"ကြောက်စိတ်ဝင်လာရင် ငါ့အလံ(တာဝတိံသာအလံ၊ စစ်သူကြီးတွေရဲ့အလံ) ကို မော့ကြည့်ကြလို"့ မှာလိုက်ရသည်။


စစ်အင်အား၊ စစ်လက်နက်အစွမ်းထက်မှုအရတော့ တာဝတိံသာမဟာမိတ်အဖွဲ့ က အများကြီးသာဟန်ရှိပေသည်။
သို့သော် တစ်ဖက်က မူးရူးပြီး သေရမှာမကြောက်သည့် အသူရာတပ်ဖြစ်နေ သဖြင့် မဟာဗျူဟာအရတော့ အကျပ်ရိုက်ခဲ့ဟန်တူသည်။
တာဝတိံသာ လူချမ်းသာတွေက သေရမှာ ကြောက်သလို အသေအပျောက် နည်းနိုင်သမျှလည်း နည်းစေလိုဟန်ရှိသည်။
အသူရာတို့က သေရမှာမကြောက် ဘယ်နှယောက်အပါခေါ်သွားရမလဲသာ စဉ်းစားဟန်ရှိ၏။
ဘာမှမဟုတ်ပါ။


နတ်မှာလည်း နတ်အိုင်ဒင်တတီရှိသည်ဆိုသည့်အချက်၊
စစ်ဟူသည် တစ်ခါတစ်ခါ ခွေးရူးနဲ့ခွေးကောင်းကိုက်သလိုပါလား ဆိုသည့် အချက်ကို စဉ်းစားရင်း ပြုံးမိသဖြင့် စတေးတပ်လိုက်ရပါသည်။