ကမ်းလက် သုံးနှစ်ပတ်လည်


အချိန်ပိုလေးတွေကို စှစည်းပြီး လျှောက်ခဲ့ရတဲ့ အဆင်းအတက်ခရီးစဉ်တချို့နဲ့ သုံးနှစ်ကာလကိုပြန်ကြည့်တော့ "ထိပ်ဆုံးထိမရောက်ခဲ့ရတောင် အလယ် အလတ်တော့" "ရှိမယ်" လို့ ထင်မိပါတယ်။ လေးအုပ် ဖြန့်ချီပြီး၊ နှစ်အုပ်က အဆင်သင့်၊ စာမျက်နှာ နှစ်ထောင်ကျော်။ ဘဝဖြစ်စဉ်အတိုင်း လက်ပြကျန်ရစ်ခဲ့ တဲ့ ရာသီဦးကမ်းစပ်တချို့ရှိခဲသလို့ နားလည်မှုအရင်းတည်၊ ပိုပြီး မြဲမြံလှိုက်လှဲတဲ့ ကမ်းသစ်တွေကလည်း တဝေ့တဝဲမို့ ကျေနပ်ရပါတယ်။ လောကတံထွာ။


၁။ မျှဝေခြင်း တစ်

ရေသည်ယောက်ျားရဲ့ ဒုတိယရေဖိုးအလှူအဖြစ် ကျေးဇူးရှင်မိခင်တက္ကသိုလ် (သာသနာ့တက္ကသိုလ်၊ မန်း)ကို ဆွမ်း၊ သင်္ကန်းနဲ့ စာအုပ်နှစ်အုပ် (နားဝင်မချိုနဲ့ ပဋိ ပက္ခ) လှူဒါန်းဖို့ အတည်ပြုနိုင်ခဲ့ပါတယ်။ ရင်းနှီးတဲ့ စင်္ကာပူရီးယန်း ဒကာ၊ ဒကာ မတွေကလည်း သူတို့ပါလိုက်ပြီး အားပေးမယ်ဆိုလို့ ဆစ်လ် အဲယား(Silk air) မန္တလေးကိုပျံသန်းမယ့်ရက်ကို ပြောင်းလဲယူဖို့တော့ အကြောင်းဖန်လာခဲ့ပါတယ်။ ဒါ့ကြောင့် ဒီဇင်ဘာ ၃၀ ရက်ကနေ ဇန်နဝါရီ ၈ ရက် ကို မိတ်ဆွေရဟန်းတစ်ပါး ကတဆင့် ပြောင်းလဲယူခဲ့ရပါတယ်။

၂။ မျှဝေခြင်း နှစ်

ဒီအိုင်ဒီယာလေးရခဲ့တာကတော့ အပြင်ဒကာ၊ ဒကာမအချို့နဲ့ဖေ့စ်ဘုတ်ပေါ်က ကိုအောင်မင်းဇော်(မလေးရှား)ဆီက ဖြစ်ပါတယ်။ "စာအုပ်တွေလှူမယ်ဆိုရင် တပည့်တော်တို့လည်း တတ်နိုင်သလောက်ပါဝင်လှူဒါန်းချင်ပါတယ်" လို့ ဆိုကြပါတယ်။ ဒါဆို ကျန်တဲ့သူတွေရော၊ နိုင်ငံရေး၊ လူမျိုးရေးစာအုပ်တွေမို့ ဘာသာရေးလောက် မများရင်တောင် ရှိနိုင်တယ်။ ဒါ့ကြောင့် ဒီစာအုပ်တွေ သံဃာအပါး(စာသင်သား၊ ဆရာ၊ အုပ်ချုပ်ရေးဆရာတော်များ) ၄၀၀ ကျော်ကို လှူဒါန်းလိုသူတွေအနေနဲ့လှူဒါန်းနိုင်အောင် စီစဉ်လိုက်မိခြင်းဖြစ်ပါတယ်။ တကယ်က ကိုယ်တိုင် အားလုံးစီစဉ်ပြီးဖြစ်ပါတယ်။

(က) တစ်အုပ်ကို ၂၅၀၀ ကျပ်၊ နှစ်အုပ်ကို ၅၀၀၀ ကျပ်။ ဆင်း ၇ ဒေါ်လာနဲ့ ညီမျှပါတယ်။ (စာမူခ တင်မထားတာကလွဲရင် သယ်ယူခ အပါအဝင် အားလုံး ကာမိပါတယ်။ )
(ခ) တစ်စုံ (နှစ်အုပ်)မှစပြီး လှူလိုက လှူနိုင်ပါတယ်။
(ဂ) အလှူရှင်ရဲ့အမည် စာအုပ်တိုင်းမှာ ထည့်ပေးပါမယ်။
(ဃ) လှူဒါန်းလိုသူတွေအနေနဲ့ အမည်၊ လှူမယ့်စာအုပ်အရအတွက်ကို ကမ်းလက် အီးမေးထဲ(lek.camm@gmail.com) အီးမေးပို့ပေးစေလိုပါတယ်။ ဘယ်လိုလှူရ မယ်၊ ဘယ် ဘဏ်အကောင့်ထဲ ထည့်ပေးရမယ်ဆိုတာ အလှူရှင်တွေဆီကို သီး သန့်အကြောင်းပြန်ပေးပါမယ်။
(င) အုပ်ရေ ၂၅၀ ကုန်ပြီး ၆၅၀ ကျန်ပါသေးတယ်။ အစုံ ၄၅၀ ပြည့်ရင် စာရင်း ပိတ်၊ အလှူရှင်စာရင်းကို တင်ပေးသွားပါမယ်။
(ကူညီမယ့်သူ ရှာမထားမိခြင်း၊ ဘဏ်စနစ် စနစ်မကျလှသေးခြင်းကြောင့် ပြည် တွင်းက လှူလိုသူတွေကိုတော့ တောင်းပန်ရပါလိမ့်အုံးမယ်။)

၃။ ကျေးဇူးတင်ခြင်း

ကိုအောင်မင်းဇော်၊ ဒီကိစ္စ (ငွေရေးကြေးရေး) အတွက် လိုလိုချင်ချင် အကူ အညီပေးကြတဲ့ ကိုမင်းထွဋ်အောင်၊ မနှင်းဝေအောင်တို့ဇနီးမောင်နှံ၊ အထူးသဖြင့် မန္တလေးကနေ စီစဉ်ကူညီမယ့် ဆရာတော် ဦးစန္ဒာသီရိတို့ရဲ့ ကျေးဇူးကို ဒီကနေ မှတ်တမ်းတင်ပါတယ်။

၎။ ခဏဖြစ်ဖြစ်

အလွန်အမင်း မဖြစ်နိုင်တဲ့ကိစ္စကလွဲရင် ဆရာသစ္စာနီ၊ မောင်ကျော်သာ (ပဲခူး) ကိုသရဝဏ်(ပြည်) စသူတို့ပါ ဆွမ်းကပ်ပွဲကို လိုက်ပါကုသိုလ်ယူကြမှာမို့ သူတို့ မိတ်ဆွေ၊ သူတို့စာဖတ်ပရိသတ်တွေလည်း ခဏဖြစ်ဖြစ် ဆရာတွေနဲ့ တွေ့ဆုံနိုင် ကြမယ်လို့ မျှော်လင့်မိပါတယ်။

မေတ္တာဖြင့်
(ဇင်ဝေသော်၊ သီဟနာဒ)

ဝမ်းလို့ခေါ်တဲ့ သူဌေးလူငယ် တစ်ယောက် တောင်ပေါ်တက်ဆောက်ထားတဲ့ အိမ်ကြီး


ဘယ်မြို့မှာလည်းတော့ မမှတ်မိဘူး။ ဝမ်းလို့ခေါ်တဲ့ သူဌေးလူငယ် တစ်ယောက် တောင်ပေါ်တက်ဆောက်ထားတဲ့ အိမ်ကြီး တဲ့။ နည်းတာကြီးမဟုတ်ဘူး၊ ဟယ်ရီပေါ်တာထဲကလိုလိုပဲ။ ခရစ်ယန်ဘုရားကျောင်း လည်း မဟုတ်ဘူး။ ခရစ်ယန်ဘာသာဝင်တော့ဟုတ်ဟန်တူပါတယ်။ လူနေအိမ် လည်း မဟုတ်ဘူးဆိုလား။ အခုတော့ အထဲမှာ ရက်စတောရင့်ဖွင့်ပြီး စီးပွားရှာ လို့ကောင်းနေကြတယ်။
အင်း မြန်မာတွေဆိုရင်တော့ ဘုရားတက်တည်မယ့်နေရာမျိုးပဲလို့ ကွမ်းစားရင်း စဉ်းစားနေတုံး ဒကာမတစ်ယောက်က ဘယ်အချိန် ဓာတ်ပုံဝင်ရိုက်သွားမှန်း မသိ လိုက်ဘူး။ အီးမေးပို့လာမှ သိရတယ်။


သစ်သီးရွေးသူများ


"သစ်သီးသည်၊ ဖျာသည်တွေဆိုတာ အလှဆုံး၊ အပြစ်အနာအဆာ အကင်းဆုံး အသီး၊ ဖျာ တွေကို အပေါ်ဆုံးမှာတင်ထားတတ်ကြတယ်၊ ဒါမှလည်း ဈေး ဝယ်တွေရဲ့ မျက်စေ့ကို ဖမ်းစားထားနိုင်မယ်မဟုတ်လား။ ဈေးဝယ်သူတွေက လည်း ဒါတွေကိုကြည့်ပြီး ဝယ်ဖို့စိတ်ကူးရသွားတတ်ကြတယ်။ ဒါပေမဲ့ တကယ် လည်းဝယ်မလို့ရွေးရော အောက်မှာ ပိုကောင်းတာ၊ ပိုလှတာရှိနိုးနိုးနဲ့ မွှေနှောက် ပြီး ရှာတတ်ကြပြန်တယ်။ ဒါကလည်း လူ့သဘာဝပဲမဟုတ်လား။ အရွေးများသွားရင် အာရုံတွေပြားသွားပြီး ဘယ်ဟာက အကောင်းဆုံးလဲ ဆို တာတောင် ဆုံးဖြတ်လို့ မရဖြစ်သွားတတ်ကြတယ်။ အရှင်းဆုံးသီအိုရီကတော့ သစ်သီးဝယ်၊ ဖျာဝယ်မယ်ဆို အပေါ်ဆုံးကဟာသာယူလိုက်၊ အဲဒါက ဈေးရောင်း သူကိုယ်တိုင်ရွေးပေးထားတဲ့ ကိုယ်ဝယ်သင့်တဲ့ ပစ္စည်းပဲ"

ဥယျာဉ်စိုက်ဝါသနာပါတဲ့ဆရာက အဲသလိုတွေးတွေးဆဆပြောဖူးပါတယ်။ သူ့ အယူအဆကလည်း တော်တော်သဘောကျစရာကောင်းပါတယ်။ အခု ဆရာပြောခဲ့တာကိုပြန်စဉ်းစားမိရင်း
"ဘဝမှာ အမောဖြေချိန်မရှိလောက်အောင် ပြေးလွှားနေကြရတာဟာ သစ်သီး မရှိလို့လား၊ သစ်သီးမရှာတတ်ကြလို့လား" လို့လည်း တွေးမိပါတယ်။

ဆရာနဲ့ ဒီတစ်ခါထပ်တွေ့ရင် ဒီကိစ္စကို ပြန်ပြီးမေးမြန်းဆွေးနွေးကြည့်ချင်ပါသေး တယ်။

ထိုင်ပေက ဆရာတော် ဦးနန္ဒဝံသကျောင်း


ထိုင်ပေက ဆရာတော် ဦးနန္ဒဝံသကျောင်း(Oversea Chinese Theravada Buddhist Center) မှာ ရိုက်ခဲ့တဲ့ပုံလေးတွေပါ။
စာသားလေးတွေကို သဘောကျလို့။
ကောင်မလေးတစ်ယောက်က ဒါကို "အကြွားလည်း မထူပါနဲ့" လို့ ဆက်တယ်။
နောက်တစ်ယောက်က "ကုလားလည်း မယူပါနဲ"့ လို့ ဆက်ချင် ဆက်ဦးမှာ။
ဒါဆိုရင် တဖြည်းဖြည်းနဲ့ ဂိုးဂွင့်ဂွက်ဂွေ ဖြစ်သွားနိုင်တယ်။


"လွမ်းမောဖွယ်ရာ များစွာဖြင့် " (နေကောင်းကင်)


နေကောင်းကင်ဆိုတဲ့ ပုပုညှက်ညှက်ကောင်လေး ရေးထားတဲ့ကဗျာ ပါ။ ရှင်သစ္စာ ရဲ့ ဝေါပေါ်က ယူထားတာ။ လှလှပပလွမ်းပြထားတယ်။ လူလည်း တော်တော်စုံ တယ်။
*****************************************************************************
"ဒီအုပ်စုထဲမှာ
၁။ အရပ်ရယ်
၂။ အင်္ဂလိပ်ရယ်
၃။ အကျင့်ရယ် (အ,သုံးလုံး) မှာ ငါက အားလုံးထက် ခေါင်းတစ်လုံး ပိုမြင့်တယ်" ဆိုမိတော့
"ရှေ့နှစ်ခုက ထားပါတော့၊ အကျင့်က ဟုတ်လို့လားဟာ" ဆိုတဲ့အသံကို ပြန် ကြားမိလို့ ပါ။
***********************************************************************
လွမ်းမောဖွယ်ရာ များစွာဖြင့်

မန်းတောင်ရိပ်ညိုညိုတွင်
တို့တစ်တွေ ခိုစဉ်တုန်းက - - - ။

မင်းတုန်းမင်းတရားရဲ့
လေးစားကြည်ညို မှုမျိုးကို
ဗန်းမော်ဆရာတော်လို
သင်ခန်းစာချို ချို တွေနဲ့ တုံ့ပြန်နိုင်ဖို့
ခေါင်းလောင်းအချို့ ထိုးခဲ့ကြ
ခေါင်းလောင်းသံအချို့ ရပ်တန့်ခဲ့ကြ ။


ကမ္လာ့အကြီးဆုံး စာအုပ်ကြား
ပျားရည်လူးပွဲများစွာ
ရနံ့ဖြာတဲ့ ခရေအို
တောင်ဝှေးတိုကို ဆွဲမြှောက်
ခြောက်လည်း မကြောက်တတ်ခဲ့ကြ ။

အရက်မူးနေတဲ့ လရောင်အောက်မှာတော့
တောင်တက်လမ်း ဆိုတာ
ပိုကွေ့ကောက်တာပေါ့ ။

နန်းတော်ရှေ့ရာဇဝင်
ကိုကြီးတင်ကို လွမ်းချင်လို့
ပျို့ကျလာတဲ့ လရောင်ကိုသောက်
တောင်တက်လမ်းတစ်လျှောက်
တစ်ယောက်တစ်ပေါက် သီချင်းတွေဆိုခဲ့ကြ ။

ဖြတ်သွားဖြတ်လာ ကပ်သွားကပ်လာ
(တစ်ခါတစ်ခါ ရပ်လို့တောင် ကြောင်လိုက်သေး)
ခြေရာတွေ မျက်နှာတွေ
ဒီလောက်ရှုပ်ထွေးနေတာတောင်
ယောင်လို့ပင် ဦးဝင်မချ
လူ့ဗာလလေးများမို့
ခွင့်လွှတ်တော်မူပါ ကျောက်တော်ကြီးအရှင်ဘုရား ။

သံဝေဂတရားတွေ ဖြစ်
၁၅နှစ်လွန်ခေတ်က သူငယ်ချင်းတွေ
ဘယ်ဌာနေ ရောက်နေပါလိမ့် - - - ။

သူငယ်ချင်းတို့ရေ - - -
မောင်သစ်ဝေ(မြင်းခြံ)ရဲ့
' ငါ့နံရိုးပေါ်က ဂီတ ' ထဲက
အသားညိုညို အသံစိုစိုကောင်မလေးကို
ကြယ်စင်မှူး ရဲ့ မမမိုးက
လက်ညှိုးနဲ့ ထိုးလို့ ဆိုပါလား ။

သူ (ကြယ်စင်မှူး) ပြောတော့
မမမိုး ဆိုတာ
(အုတ်စက်ထဲက)
မောင်သစ်ဝေရဲ့ ဆံပင်ရှည်ရှည်နဲ့ မမမိုးပါတဲ့ ။
ကဲ မောင်သစ်ဝေ - - - ။

အသင်လောကရေ -
မိုးစက်မိုးပွင့်ကလေးတွေ သင်ချစ်၍လော
ဇူလိုင်တစ်လလုံးရဲ့ရင်ခွင်မှာ ခိုလှုံ
အသီးအပွင့်တွေ စုံလို့ ။

ဝနဝါသီမှ ဃရာဝါသီ
ဘယ်လိုပဲ သီသီ
သူ့ရုပ်ရည်က ဘယ်သူ့မှမထီ
တဟီဟီ တဟားဟား
ဖက်တီးတို့များ ရယ်နိုင်တုန်းပါလား ။

အရပ်ကြီးကမြင့်မားသလောက်
စကားလုံးထွားထွားတွေ ပေါက်ဖွားတတ်သူဟာ
ဆရာဇင်ဝေသော် ဆိုပါလား ။

စာတစ်ပုဒ်ဖတ်ဖြစ်ရင်
အတွေးသစ်တစ်ထပ်ကြီးမြင်တတ်တဲ့
ကိုRလေး
အတွေးသစ်များစွာ
သူ့မှာ စုဝေးနေရှာရော့မယ် ။

ဒီကစားပွဲမှာ
စစ်တုရင် ရှုံးချင်ရှုံးမယ်
စကားလုံး (လုံးဝ)မရှုံးသူ ကိုညိုလုံး
ဘယ်ဆီ ပုန်းနေပါလိမ့် ။

အချစ်နဲ့မတွေ့ခင်ကတည်းက
အသည်းကွဲထားနှင့်သူ ကိုအောင်ကြီး
ဇာတိတွေ ပြပြီးရင်းပြနေမှာပေါ့ ။

အချစ်ချင်းတော့ မယှဉ်နဲ့
နံရံကိုသာ ခေါင်းဝင်ဆောင့်လိုက်ပါရစေ
မမနွယ်ရေ - - -
အဲဒီ သကောင့်သား
ချင်းပြည်နယ်သား ခံယူသွားမယ်ဆိုလား။

ရွှေကူ ကိုဉာဏ်စိုးခင်မျာ
သစ္စာရှိတဲ့ နှလုံးသားတွေနဲ့
'မလေး'ကို အရှက်မဲ့စွာ ရှာနေတုန်းလား။

လွမ်းမောဖွယ်ရာများစွာဖြင့်
ခပ်ရင့်ရင့် လွမ်းမိပါသေးတယ် ။

ဒီမှာ ကိုဒဿ
မသီတာကို ခင်ဗျား ချစ်တယ်ဆိုတာ
ကိုသက်တို့က ပြုံးရုံလောက်ပါပဲ
မနီလာ ဆိုတဲ့ နာမပညတ်လေးကိုတောင်
အသက်ထောင်သောင်းပေး ချစ်တတ်တာ
သူဟာလည်း
ခင်ဗျားလို အသည်းကွဲသမားပါပဲလေ ။

ငါ့ချစ်သူ 'နန္ဒာ' ပြီးရင်
ငါ အမုန်းဆုံးလူဟာ 'ဒင်းပဲ'လို့
မရဲတရဲနဲ့ ဇွတ်အတင်းရဲပစ်
MISERABLE-JOHN ဆိုတဲ့ဘုတ်ပြားကို
ခြေဖျားထောက် မြှောက်မြှောက်ပြတတ်သူ ရှင်ဂ္ဈန်
ဇနပုဒ်လေးမှာ ဗွက်က္ဈံနေပြီလား ။

လဝဆိုတဲ့ လယ်ဝေးသားလေး
မန်းတောင်ခြေ အရောက်ပြေးသွား
မသီတာ အသေးစားလေးနဲ့
ပြေးတမ်းလိုက်တမ်း ကစားနေမလား။

ပင့်ကူတစ်ကောင်လောက်
ရက်ဖောက်တီထွင်နိုင်စွမ်းဉာဏ်အမြင်နဲ့
ဓမ္မဂင်္ဂါ ဆိုလား
ဂန္ထဝင်မော်ဒန်လား
အမေရိကသွားတောလား
ကြွားလုံးထွားလုံး ထွေးလားလုံးလား
Fbမှာ မျက်စိများနောက်လောက်ပါရဲ့ ။

လွမ်းမောဖွယ်ရာများစွာဖြင့်
ခပ်ရင့်ရင့် အလွမ်းသင့်ခြင်းပါလေ
သူငယ်ချင်းတို့ရေ - - -
လွမ်းတတ်ရင်တော့ လွမ်းချင်စရာ - - - ။

က္ဈန်ုပ်နေကောင်းကင်ခမျာ
နန်းရှေ့က မိပြာသိုလ်ကို
လွမ်းတေးတွေ မဆိုစေချင်တော့ပါဘူး
က္ဈန်ုပ်ဘေးမှာက မမသစ္စာ
သူ ဆူမှာ ကြောက်လို့ပါ ။ ။


နေကောင်းကင်