၂၀၀၆ ခု၊ အောက်တိုဘာ


၁။ အမခြောက်ယောက်
၂။ စလုံးတွေနဲ့အမေ့အိမ်ရှေ့
၃။ ကျေးလက်ညနေချမ်း။



ဘာသာရေးဘောင်ထဲက ဘဝလား ၊ ဘဝထဲက ဘာသာရေး တန်ဖိုးလား


ပထမဆုံး မေးမိတဲ့ မေးခွန်းပါ။

ဒီမေးခွန်းကိုဖြေဖို့ ဗုဒ္ဓရှင်တော်ရဲ့ လူမှုရေးရာ(ဆိုရှယ် ဒိုင်မင်းရှင်းလို့ခေါ်တတ် ကြ) နာမည်ကျော် သုတ်တော်နှစ်သုတ်ကို ချဉ်းကပ်ကြည့်လိုက်ပါတယ်။ ဒီသုတ်တွေက သိဂါင်္လောဝါဒသုတ်နဲ့ မင်္ဂလသုတ်ပါ။
သိဂါင်္လောဝါဒသုတ်ကို ဦးစားပေးရင် ဘာသာရေးဘောင်ထဲက ဘဝဖြစ်မယ်။
မင်္ဂလသုတ်ကို ဦးစားပေးရင် ဘဝထဲက ဘာသာရေးတန်ဖိုးဖြစ်မယ်။
သိဂါင်္လောဝါဒသုတ်ကို အပိတ်ဒေသနာလို့ အမည်ပေးလိုက်ပြီး မင်္ဂလသုတ်ကို အဖွင့် ဒေသနာလို့ သတ်မှတ်လိုက်ပါတယ်။
အပိတ်ဆိုတာက တာဝန်နဲ့ဝတ္တရားတွေ တိတိကျကျသတ်မှတ်းထားလို့ပါ။

ဘာဖြစ်လို့ ဒီတာဝန်နဲ့ဝတ္တရားတွေကို လိုက်နာဖို့ ခက်သွားတာလဲ။
သိဂါင်္လောဝါဒသုတ်ဟာ ပရမတ္ထသဘောတရားမဟုတ်ဘဲ လူမှုရေး၊ ယဉ်ကျေးမှု အခြေခံသဘောဖြစ်နေလို့ပါ။
လူမှုရေး၊ ယဉ်ကျေးမှုအခြေခံသဘောဖြစ်နေရင် လူအဖွဲ့အစည်းရဲ့ပုံစပြောင်း သွားတာနဲ့ တာဝန်နဲ့ဝတ္တရားတွေလည်း ပြောင်းသွားပါတယ်။
လင်ရော မယားပါ အလုပ်ကိုယ်စီ၊ ဝင်င္ဗေကိုယ်စီခေတ်ကြီးထဲမှာ "အိပ်သော်ကားနောက်၊ ထသော်ကား ရှေ့" ကို ဇနီးတွေ လိုက်နာဖို့ ခက်သွား ပါပြီ။

ဒီထက်ရှင်းတာက မင်္ဂလသုတ်ကို ဥရောပ၊ အမေရိကဗုဒ္ဓဘာသာတွေ လိုက် နာနိုင်ပေမဲ့ သိဂါင်္လောဝါဒသုတ်လာ ဝတ္တရားတွေကို သူတို့ယဉ်ကျေးမှုနဲ့ လိုက် ဖို့အတော်ကြီး ခက်သွားပါပြီ။
ဒါဟာ ဒေသနာချင်းရန်တိုက်ပေးတာမဟုတ်ပါဘူး။ ဗုဒ္ဓရဲ့ဒေသနာရည်ရွယ်ချက်တော်ကို ခပ်ရဲရဲချဉ်းကပ်ကြည့်ခြင်းသာပါ။

နည်းနည်းသိလာတဲ့ ဖဘ သဘောတရား


၁။ ဖရင့် ၁၆ ယောက်ရှိတယ်၊ တချို့က ကမ်းလက်မှာပေါ်တယ်၊ တချို့ နာမည်တွေ က ပေ့ဂ်ျပေါ်မှာ မပေါ်ဘူး။ မပေါ်သူတွေအတွက် စိတ်မကောင်းလို့ တောင်းပန် စကားတောင်ပြောမိတယ်။ (ဖရင့်က ပေ့ဂ်ျကိုလိုက်ထားမှ ပေါ်တာလို့ အက်ဒမင် ရှင်းပြမှ အော်..ဂလိုကိုး ဖြစ်ရ) တချို့က ဖရင့်၊ ကမ်းလက်ကို လိုက်ခ်မထား။ တချို့က ကမ်းလက်ကို လိုက်ခ်ထား၊ ဖရင့်တော့ မဟုတ်။ ဒီလို။ ရှင်းပြီ(ထင်တာပဲ)

၂။ ပေ့ဂ်ျပုံစံသက်သက်ဆိုတော့ အပေါ်စီးပုံစံနည်းနည်းဆန်တယ်။ တစ်လမ်းသွား ကြီး။ ဒါ့ကြောင့် ဝမ်းစပ်ပွန်နေတိုင်းမ် (Once upon a time) ဖရင့်တွေ အကြောင်း(ဥပမာ ဒီဇာတိ၊ ဓမ္မဂင်္ဂါ၊ နေကောင်းကင်၊ ဒါတောင် ဘိတ်ခု ဉာဏိန်ဒ ကြီး ရှိနေလို့) သိချင်ရင် မနည်းပြန်လိုက်နေရတယ်။ ဒါတင်မကဘူး၊ ကိုယ်က မကြီးဘဲ ကျယ်နေသလို။ မကောင်း။ နောက်ပြီး လူချင်းမသိတောင် စိတ်ထဲ ရင်းနှီးနေသူတွေရှိတယ်(ဒါတော့ နာမည်မထည့်တော့ဘူး)။

၃။ ဒါနဲ့ ဖရင့် လိုက်အပ်တယ်။ တချို့က ဖရင့်လက်မခံဘူး၊ ဖော်လိုမှ တဲ့။ ကျန်း... မခက်ဘူးလား။ ဝဋ်လည်တာလေ။ တကယ်တော့ တင်ပေး၊ စာစီပေးသူတွေရှိလို့ ဇင်ဝေသော်က "ကိုယ့်အထာနဲ့ကိုယ်တော့ ကိုယ်လည်း ဘလော့ဂါပဲ" လုပ်နေရတာပါ။

ဘုန်းကြီးနဲ့တွေ့ပြီးရန်ဖြစ်၊ စကားများတာ မင်္ဂလသုတ်မလေ့လာရသေးလို့


"ဘုန်းကြီးနဲ့တွေ့ပြီးရန်ဖြစ်၊ စကားများတာ မင်္ဂလသုတ်မလေ့လာရသေးလို့" လို့ ဘုန်းကြီးက မိန့်တော့ ဒကာက
"ဘယ်မှာ အထောက်အထားရှိလို့လဲ ဘုရား"လို့ ပြန်လျှောက်တယ်။
"ခန္တီစ သောဝစ္စသတာ၊ သမဏာနဉ္စ ဒသနံ" လို့ ဖြေတယ်။
"အဓိပ္ပါယ်ရှင်းပါအုံးဘုရား" ဆိုတော့
"ရဟန်းနဲ့မတွေ့ခင် သည်းခံတတ်ဖို့ အရင်လုပ်ထားရမယ်၊ ခန္တီစက သမဏာနဉ္စ ဒသနံ ရှေ့ကလာတယ်" တဲ့။
ဘုရားကတော့ ကုသိုလ်ရဖို့မိန့်တာပါ။
"ဒါကိုထောက်တော့ ရဟန်းတွေက စိတ်တိုအောင် အတော်လုပ်တယ်ဆိုတဲ့ အဓိပ္ပါယ်များ ရောက်သွားလား မသိဘူး" ပြောမိတော့ တရုတ်တွေတော့ ရယ်ကြတာပဲ။

ချစ်ခြင်းတရားနဲ့ဆွဲငင်အား


ဆိုတဲ့ ရုပ်ရှင်ကားအကြောင်းပါ။ အညှီအဟောက်ကင်းတဲ့ မေတ္တာဘွဲ့၊ မေတ္တာဘွဲ့ ဆိုပေမဲ့ ဟောလီးဝုဒ်ဆန်ဆန် သိပ္ပံနဲ့တွဲစပ်ထားတဲ့ မိဘမေတ္တာဘွဲ့မျိုးပေါ့။ ကမ္ဘာမြေပေါ်မှာ ဆက်လက်ရှင်သန် ရပ်တည်ဖို့အခက်အခဲကြောင့် သူတို့ အဖေ က လူသားမျိုးဆက်ဆက်လက်ရှင်သန်ရေးအတွက် သင့်တော်မယ့် ဂြိုဟ်ကမ္ဘာ တစ်ခု အရှာထွက်ခြင်းပါ။ ဒီမှာလေးစားစရာ၊ စိတ်ဝင်စားစရာကောင်းတဲ့အချက်က

၁။ ရှေးရှေးမျိုးဆက်ကို လေးစားမှုနဲ့ မွေးပင်မမွေးဖွားသေးတဲ့ အနာဂတ်ဆက်ကို ချစ်မြတ်နိုးမှုလို့ မိဘမေတ္တာ၊ သားသမီးမေတ္တာကို ကျယ်ကျယ်ပြန့်ပြန့်ဖော်ညွှန်း ထားခြင်းပါ။ တော်တော်လှပါတယ်။

၂။ အခြားဂြိုဟ်ကမ္ဘာမှာ အချိန်ရဲ့ စီးဆင်းမှု နှေးကွေးခြင်းကြောင့် လူရဲ့ သက် တန်းက ပိုရှည်သွားတယ်။ သူတို့ သားအဖ ပြန်တွေ့ချိန်မှာ သမီးနဲ့အဖေ အရွယ် တူလိုဖြစ်နေပါသတဲ့။(ဒါက သိပ္ပံနည်းကျဖြစ်ပြီး စိတ်ဝင်စားစရာ ပိုကောင်းသွား တာက ဗုဒ္ဓဘာသာကဆိုတဲ့ နတ်တွေ၊ ဗြဟ္မာတွေရဲ့ ရှည်လျားတဲ့ သက်တန်းနဲ့ သွားပြီး တိုက်ဆိုင်နေခြင်းပါ)

၃။ တန်ပြန်အကျိုးသက်ရောက်မှု၊ ဆင်တူအကျိုးသက်ရောက်မှုလည်းရှိတယ်။ ဆိုလိုတာက အခြားဂြိုဟ်ကမ္ဘာကလူနဲ့လူပြည်ကလူနှစ်ယောက်ရဲ့ လှုပ်ရှားပြု မူပုံတွေ ထပ်တူကျနေနိုင်တယ်။(ဒါကလည်း နိမ္မိတရုပ်ပွားတွေကို အမှတ်ရစရာပါ)

၎။ ဘယ်လောက် ကမ္ဘာတွေခြားခြား၊ နောက်ဆုံးသေခြင်းတရားကတောင် ချစ်ခြင်းမေတ္တာကို မဟန့်တားနိုင်ဘူး။


ဒီလေးချက်ကို အသားပေးဖော်ညွှန်းတယ်လို့ ယူဆရကြောင်းရေးထားတဲ့ (နယူးယောက် တိုင်းမ်ပါ) ရုပ်ရှင်၊ သိပ္ပံဆောင်းပါးကို အကျဉ်းချုပ်ပေးလိုက် ပါတယ်။ အနည်းဆုံး နယူတန်ရဲ့ နိယာမဟာ ရည်းစားစကားပြောရာမှာတင်မက မိဘမေတ္တာကိုလည်းဖော်ညွှန်းနိုင်တယ်လို့ ပြသရာရောက်သွားပါတယ်။

မောင်သိန်းဇော်ကတော့ ...
"ဇနီးအချစ်ကိုရဖို့ တစ်ကြိမ်ပဲ ရည်းစားစကားပြောလိုက်ရတယ်၊ သားသမီးအချစ် ကိုရဖို့ ကြိမ်ဖန်များစွာ ပြောယူနေရတယ်" လို့ ဆိုသွားလေရဲ့။ ။