နည်းနည်းသိလာတဲ့ ဖဘ သဘောတရား


၁။ ဖရင့် ၁၆ ယောက်ရှိတယ်၊ တချို့က ကမ်းလက်မှာပေါ်တယ်၊ တချို့ နာမည်တွေ က ပေ့ဂ်ျပေါ်မှာ မပေါ်ဘူး။ မပေါ်သူတွေအတွက် စိတ်မကောင်းလို့ တောင်းပန် စကားတောင်ပြောမိတယ်။ (ဖရင့်က ပေ့ဂ်ျကိုလိုက်ထားမှ ပေါ်တာလို့ အက်ဒမင် ရှင်းပြမှ အော်..ဂလိုကိုး ဖြစ်ရ) တချို့က ဖရင့်၊ ကမ်းလက်ကို လိုက်ခ်မထား။ တချို့က ကမ်းလက်ကို လိုက်ခ်ထား၊ ဖရင့်တော့ မဟုတ်။ ဒီလို။ ရှင်းပြီ(ထင်တာပဲ)

၂။ ပေ့ဂ်ျပုံစံသက်သက်ဆိုတော့ အပေါ်စီးပုံစံနည်းနည်းဆန်တယ်။ တစ်လမ်းသွား ကြီး။ ဒါ့ကြောင့် ဝမ်းစပ်ပွန်နေတိုင်းမ် (Once upon a time) ဖရင့်တွေ အကြောင်း(ဥပမာ ဒီဇာတိ၊ ဓမ္မဂင်္ဂါ၊ နေကောင်းကင်၊ ဒါတောင် ဘိတ်ခု ဉာဏိန်ဒ ကြီး ရှိနေလို့) သိချင်ရင် မနည်းပြန်လိုက်နေရတယ်။ ဒါတင်မကဘူး၊ ကိုယ်က မကြီးဘဲ ကျယ်နေသလို။ မကောင်း။ နောက်ပြီး လူချင်းမသိတောင် စိတ်ထဲ ရင်းနှီးနေသူတွေရှိတယ်(ဒါတော့ နာမည်မထည့်တော့ဘူး)။

၃။ ဒါနဲ့ ဖရင့် လိုက်အပ်တယ်။ တချို့က ဖရင့်လက်မခံဘူး၊ ဖော်လိုမှ တဲ့။ ကျန်း... မခက်ဘူးလား။ ဝဋ်လည်တာလေ။ တကယ်တော့ တင်ပေး၊ စာစီပေးသူတွေရှိလို့ ဇင်ဝေသော်က "ကိုယ့်အထာနဲ့ကိုယ်တော့ ကိုယ်လည်း ဘလော့ဂါပဲ" လုပ်နေရတာပါ။

Post a Comment