"ဇနီး၊ ခင်ပွန်းနဲ့ကလေးတွေကလွဲရင် အားလုံးကို ပြောင်းလဲပစ်"


ဆမ်းဆောင်း ဥက္ကဋ္ဌ အမေရိကန်ကနေပြန်အရောက် ပြောတဲ့စကား။ လက်ရှိပေါ်လစီနဲ့ ခရီးဆက်လို့ မရနိုင်တော့ဘူးဆိုတာ သေချာလွန်းလို့ ပြော တဲ့စကား။

"ဂျာမန်တွေကိုကြောက်နေရင် ခင်ဗျားတို့ ရာထူးကဆင်းပေး၊ ကျွန်တော်တိုက်မယ်"
ပြင်သစ်ခေါင်းဆောင် ဒီဂေါပြောတဲ့စကား။
ပြင်သစ် စစ်တပ်အရာရှိကြီးတွေ ကြောက်ချေးပါနေလို့။

“ဒီပြသနာတွေက အုပ်ချုပ်ရေးပိုင်းက လုပ်ရမယ့်ဟာကို၊ ကျွန်မကို ဆက်လုပ်စေ ချင်ရင် အာဏာလွှဲလိုက်”
ဒေါ်အောင်ဆန်းစုကြည် ပြောတဲ့စကား။
အာဏာရှိ၊ တာဝန်မဲ့အုပ်စုကို ခံပြင်းလို့ဖြစ်မယ်။

မြန်မာပြည်ဟာ တရုတ်ပိုင်၊ ဂျပန်ပိုင်အငြင်းပွားနေတဲ့ ပင်လယ်ထဲက ကျွန်းပေါက်စ မဟုတ်ဘူး။

ဘယ်တုံးကမှ ကျောင်းသားတော်လှန်ရေး
လူထုတော်လှန်ရေး
ရွှေဝါရောင်တော်လှန်ရေး မရှိဘူးတဲ့၊
ဘယ်တုံးကမှအောင်ဆန်းလို
အောင်ဆန်းစုကြည်လို တော်လှန်ရေးမျိုးဆက် မမွေးဘူးတဲ့ မြောက်ကိုရီးယားမဟုတ်ဘူး။

နိုင်ငံသေးရင် သတ္တိဗျတ္တိရှိတဲ့ခေါင်းဆောင်နဲ့လိုက်မှ နိုင်ငံကြီးကို သူတင်ကိုယ်တင် စကားပြောနိုင်တယ်။
မယုံရင် အစ္စရေးကြည့်၊ စင်္ကာပူကြည့်။
ပြာပုံထဲက ပန်းတွေချည်းပဲ။
အရေးကြီးချိန် ရေငုံနှုတ်ပိတ်နေတာဟာ ခေါင်းဆောင်တဲ့လား။

ဒီမှာ ဂျော့ဘုရှ်ရဲ့ နှစ်မိနစ်ကြာမိန့်ခွန်း
"ခင်ဗျား အယ်ခိုက်ဒါဖက်ကလား၊ ကျွန်တော်တို့ဖက်ကလား၊ ဘာဖြစ်ဖြစ် အယ်ခိုက်ဒါကို ကျွန်တော်တို့ စစ်ကြေငြာတယ်"
ဒါပဲပေါ့။ ဖွဲ့နွဲ့နေစရာမလိုပါဘူး။ ။

Post a Comment