ကစ်ဆင်းဂျားလည်း နောက်တာပဲ


၁၈ ရာစုနှောင်းပိုင်း၊ ဂျော့ဘုရင် ၃ လက်ထက်၊ တရုတ်ပြည်ကို George McCartney ဦးဆောင်တဲ့ သံတမန်အဖွဲ့ဗြိတိသျှက စေလွှတ်တယ်။ သူတို့အဖွဲ့ကို ဂွမ်းဒေါင်းမှာလာကြိုတဲ့ တရုတ်စက်လှေမှာ ရေးထားတာက "The English ambassador bringing tribute to the Emperor of China." တဲ့။ စာဖတ်ပြီး George McCartney စိတ်ညစ်သွားတယ်။ သူ့ကိုလည်း တရုတ်ဘုရင်က လက်မခံလိုက်ဘူး၊ ဒါနဲ ဂျော့ဘုရင် ၃ ဆီ စာတစ်စောင်ရေး၊ ပြန်လွှတ်ပေါ့။
စာက "သင်တို့ကိုခွင့်ပြုလိုက်ရင် အခြားဥရောပနိုင်ငံတွေကလည်း တောင်းဆိုလာလိမ့်မယ်။ သင်တို့အားလုံးကို တရားရုံးမှာနေရာပေးထားရရင် ကျွန်ုပ်တို့ဆုံးဖြတ်ချက်တောင် ချလို့ရတော့မှာမဟုတ်" တဲ့။
နောက် အဆုံးသတ်က "သင်တို့ဆက်သလာသော လက်ဆောင်ပဏ္ဍာများကိုမူ အဝေးကြီးကနေယူလာရတာဖြစ်သဖြင့် တရုတ်ဘုရင်မင်းမြတ်က ကရုဏာရှေ့ထား၍ လက်ခံလိုက်သည်။ လိုချင်သောကြောင့်မဟုတ်၊ သင်တို့ရှိသမျှအားလုံး ကျွန်ုပ်တို့မှာလည်း ရှိပါသည်" တဲ့။

Post a Comment