ဖေ့စ်ဘုတ် ပရိုဖိုင်


လက်ပန်ရွာသား
ဖိုးစိန်ဆင့်သား အငယ်ဆုံးကောင်
အက်ဂျူကေးရှင်း လေးတန်းအောင်။

မဟာဂန္ဓာရုံဆရာတော်ကြိုက်တယ်
တာရာမင်းဝေကြိုက်တယ်
သစ္စာနီကြိုက်တယ်
ဆမ်မြူယယ် ဟန်တင်တန် ကြိုက်တယ်
ဖူကူယားမား မကြိုက်ဘူး။

မန်ချက်စတာ ယူနိုက်တက် ကြိုက်တယ်
မန်စီးတီး မကြိုက်ဘူး။

နိုင်ငံရေး လစ်ဘရယ်
ဘာသာရေး လစ်ဘရယ်
ဖေ့စ်ဘုတ်မှာ အကြီးစား ကွန်ဆာဗေးတစ်။

ဟျေင့်ဒေ
ဖရင့်ဆိုတာကို အဘိဓာန်ကြည့်
အထက်အောက် ဆက်ဆံရေးမဟုတ်ဘူး
ထောင့်ဖြတ်ဆက်ဆံရေးမဟုတ်ဘူး
မြေပြင်ညီဆက်ဆံရေး။

Post a Comment