ဒီလိုသတင်းလေးတွေ လုပ်ပါအုံး ဦးရဲထွဋ် ရ (၃)


တရုတ်သမ္မတ ရှီကလေ ၂၀၀၂ခုကနေ ၂၀၁၂ ခုအထိ လာဘ်စားလာတဲ့ စွမ်း အင်ဝန်ကြီးဌာနအကြီးအကဲ မစ္စတာလျူကို ဆော်ထည့်လိုက်ပြန်ပြီတဲ့ဗျ၊ ထောင် ဒဏ် တစ်သက်တစ်ကျွန်းတဲ့ဗျာ။ ပိုင်ဆိုင်သမျှတွေလည်း အားလုံး ပြည်သူပိုင် သိမ်းချလိုက်တာ တဲ့။ အဲသလိုသတင်းလေးတွေပါလာရင် ဦးရဲထွဋ်တို့ဆရာ တပည့်ကို လူတွေချစ်လာမှာ၊ "ပုလင်းတူ ဖော့တုံး" လို့လည်းပြောကြမှာ မဟုတ်တော့ဘူး။
အဲဒီ သူခိုးကြီး လျူက သူ့သားနောင်ရေးအတွက် ခိုးခဲ့မိတာပါ၊ အခုနောင်တရပါ တယ်တဲ့။ မခက်ဘူးလားဗျာ။ လူတိုင်းလိုလို သားသမီးရှိနေတာကြီးကို။



စင်္ကာပူနဲ့တရုတ်ဆီက အတုခိုးရင်လည်း ကောင်းတာလေးတွေ ရွေးခိုးကြပါ ဗျာ။ တော်ကြာအိုင်းစတိုင်းပြောသလိုဖြစ်နေအုံးမယ်။ ခင်ဗျားလည်း ဝန်ကြီးတစ်ယောက်ပဲ၊ ကြားဖူးမှာပါ။
သူ့ဇနီးချောချောလေးက
"ရှင့်ကိုလက်ထပ်တာက ရှင်လို ဉာဏ်ကောင်းပြီး ကျမလို ရုပ်ချောတဲ့ကလေး ရချင်လို့" ဆိုတော့အိုင်းစတိုင်းက
"ကောင်းရောကွာ၊ ဒါပေမဲ့ ငါလိုရုပ်ဆိုးပြီး မင်းလိုအူတူတူလေး မွေးလာမှာလည်း စဉ်းစားထားအုံး" လို့ ပြောခဲ့တယ်ဆိုတာလေ။

ပြည်သူတွေ စိုးရိမ်တာက စင်္ကာပူဆီကရောတရုတ်ဆီကပါ မဟုတ်တာတွေ အတုခိုးမိကြမှာကိုတဲ့ဗျာ။ စိတ်မရှိနဲ့နော်။ ဦးရဲထွဋ်တို့ဆရာတပည့် အခုတလော နာမည်ကောင်း သိပ်မထွက်လို့ ကျုပ်က ကြားကနေ ပြောတာရတာပါဗျာ။

Post a Comment