ဘာသာရေးနဲ့နိုင်ငံရေး


အီတလီကိုရောက်လာမယ့် ဒလိုင်းလားမားကို ပုတ်ရဟန်းမင်းကြီးက မတွေ့၊ ဖြစ်နိုင်တဲ့အကြောင်းကတော့ တရုတ်ကို စိတ်ကသိကအောက် မဖြစ်စေ ချင်လို့ဖြစ်မယ်လို့ ခန့်မှန်းချက်ပေးထားပါတယ်။
ဒါဟာ ဘာသာရေးခေါင်းဆောင်နှစ်ယောက်ကြားက နိုင်ငံရေးလား။ နောက်ပြီး ဒီနှစ်တွေအတွင်း ဒလိုင်းလားမားနဲ့ဘာသာမဲ့တွေကြား အလွန်ကောင်းမွန်တဲ့ ဆက်ဆံရေးကလည်း စိတ်ဝင်စားစရာတော့ကောင်းပါတယ်။



အမျိုးသမီး ပြတ်လပ်မှု

ကလေးတစ်ယောက်စနစ်၊ သားယာက်ျားလေးမှလိုချင်တဲ့ အယူသည်းရှေးဟောင်း ယဉ်ကျေးမှုကြောင့် တရုတ်ပြည်ကျေးလက်ဒေသတွေမှာ အမျိုးသား အမျိုးသမီးဦးရေ မညီမမျှဖြစ်နေတယ်။ ဒီတော့ အိမ်နီးချင်းနိုင်ငံတွေဆီ ဇနီးလောင်းရှာပုံတော်ဖွင့်ကြတယ်။ အဲဒီကတဆင့် လူကုန်ကူးတဲ့အဆင့်ရောက် ကုန်တယ်။ ဗီယက်နမ်တင်မကဘူး၊ ဒီပြဿနာက မြန်မာပြည်အပေါ်လည်း အကြီး အကျယ် သက်ရောက်မှုရှိနေတယ်။

စဉ်းစားစရာက လက်ရှိမြန်မာ့ယဉ်ကျေးမှုကို ရာနှုန်းပြည့်ကျင့်သုံးနေကြပြီဖြစ် တဲ့ မြန်မာပြည်ဖွား တရုတ်လူမျိုးတွေ(တချို့က ရာနှုန်းပြည့်၊ တချို့က ၅၀ ၅၀၊ တချို့က ၇၅ ၂၅) ကို ရာနှုန်းပြည့်အသိအမှတ်မပြုခင် မြန်မာစကားတောင် မပြော တတ်တဲ့ ပြည်ကြီးတရုတ်တွေ မြန်မာနိုင်ငံသားဖြစ်နေတဲ့ကိစ္စပါ။ အခုမှဖြစ်နေတာမဟုတ်သလို ဒါကိုတားဆီးနိုင်တဲ့နည်းလမ်းလည်း မရှာနိုင်သေးဘူးထင်တယ်။

ဗိုလ်ချုပ်ကြီးဟောင်းတွေ၊ တရုတ်တွေရဲ့ဝင်ငွေတွေ ရောမွှေလို့ GDP တက်လာ တာက နိုင်ငံစီးပွားရေး တကယ်ဦးမော့လာတာ မဟုတ်ဘူး။ စာရင်းအရ နိုင်ငံက ချမ်းသာပြီး စားစရာမရှိတဲ့ လူဦးရေက ၈၀ ရာခိုင်နှုန်းကျော် ဖြစ်နေမယ်။

Post a Comment