ဘုရားထံ အပူကပ်ခြင်း (စောစောစီးစီး)


"ချစ်သားတို့၊ နှစ်ပေါင်းတစ်ရာလျင် တစ်ကြိမ်သာရေမျက်နှာပြင်ပေါ် ပေါ်လာသော လိပ်ကန်းကြီးတစ်ကောင် ရှိလောရာ၏။
သမုဒ္ဒရာကြီးထဲမှာလည်း အပေါက်တစ်ပေါက်သာပါသော ထွန်တုံးကြီးသည် ဟိုဟိုဒီဒီ မြောနေရာ၏။
ထို လိပ်ကန်းကြီးလည်ပင်းသည် (အိုလံပစ် ရွှေတံဆိပ်အလား) ထို ထွန်တုံးကြီး အပေါက်၌ စွတ်မိကောင်း စွတ်မိလေရာ၏။
လူ့ဘဝရမှုသည် ဒီထက်ပင် ခက်ခဲသေးဘိ၏"
***********************************************************************
"အရှင်ဘုရား၊ တပည့်တော်တို့နိုင်ငံက လိပ်ကန်းကြီးတွေအတွက် ထွန်တုံး အပေါက်လေး နည်းနည်းဖြစ်ဖြစ် ထပ်ကျဉ်းပေးပါဦးဘုရား၊ အပေါက် အရွယ် အစားတူနေရင် မတရားလှပါဘုရား"

Post a Comment