ပေါက်တတ်ကရ အင်တာဗျူး (၆)


မေး။ ။ ဖူးစာ ဆိုတာ ကောင်းကင်ဘုံပေါ်မှာကတည်းက ဖန်ဆင်းပေးထားပြီး သားလို့ ဆိုကြတယ်၊ ဒါကို ဘယ်လို သဘောရပါသလဲ။
ဖြေ။ ။ အများကြီး ဖြစ်နိုင်ပါတယ်၊ ဖူးစာမှ မဟုတ်ပါဘူး၊ လျှပ်စီးတွေ၊ မိုးခြိမ်း သံတွေ၊ မိုးကြိုးတွေလည်း ကောင်းကင်ပေါ်က ကျလာတာပဲလေ။

မေး။ ။ မြေးတွေ၊ အဘိုး၊အဖွားတွေရဲ့ ဆက်ဆံရေးက အမြဲ ကောင်းတတ်ကြ တယ်နော်၊ ဘာကြောင့်လို့ထင်ပါသလဲ။
ဖြေ။ ။ သူတို့မှာ ဘုံရန်သူ ရှိနေလို့ဖြစ်နိုင်ပါတယ်။

မေး။ ။ အမေရိကန် သမိုင်းကို တော်တော် နှံ့နှံ့စပ်စပ် သိသလား။
ဖြေ။ ။ သိတာပေါ့၊ မဲလ် ဂစ်ဘ်ဆင်(Mel Gibson )ရဲ့ လက်ထက်မှာ ပြည် တွင်း တော်လှန်ရေး စစ်ပွဲ နိုင်ခဲ့တယ်။
တွန် ဟင့် (Tom Hanks )ရဲ့ လက်ထက်မှာလည်း ဒုတိယကမ္ဘာစစ် နိုင်ခဲ့ပြန် တယ်။
ဟို အဖြစ်မရှိတဲ့ သောက်ရူး ချာလီ ရှီးန်း(Charlie Sheen) ရဲ့ လက်ထက်ရောက် မှ ဗီယက်နမ် စစ်ပွဲ ရှုံးခဲ့ရတာ လေ။
(ပေါက်တတ်ကရ အင်တာဗျူးအောက်မှာ နိုင်ငံခြား ဂျုတ်တချို့ ပေါင်းစပ်ထားတာပါ)

Post a Comment