ဇင်ဝေသော်အကောင့်


ကမ်းလက်ပေ့ဂ်ျကနေထွက်သွားရင် ဇင်ဝေသော်အကောင့်နဲ့ပါ။ အဲဒါ အကောင့် အတု မဟုတ်ကြောင်းပါ(ဖရင့်တစ်ယောက်ဝေါပေါ်မှာ ကွန်မင့်တစ်ခု တွေ့လိုက်ရ လို့) အရင်က ဖရင့် ငါးယောက်ပဲ ရှိခဲ့ပါတယ်။ ၂၀၁၄ နှစ်အကုန်မှာတော့ ပေါ်လ စီပြောင်းလိုက်ပါတယ်။ ပေ့ဂ်ျကို လိုက်ခ်ထားသူ၊ ပုံမှန်စာဖတ်သူတွေကို ကိုယ်က ဖိတ်တာရှိသလို လာအပ်တာကိုလည်းအများစုလက်ခံမိပါတယ်။ ပေ့ဂ်ျကိုလိုက်ပြီး တဲ့နောက် ကိုယ့်ပို့စ်ကြောင့် သူတို့ စိတ်ကသိကအောက်ဖြစ်စရာ ထူးမရှိတော့ဘူး လို့လည်း ထင်လို့ပါ။
"စိတ်ကသိကအောက်ဖြစ်စရာ"ဆိုတာ ရေးဟန်က တောင်ရောက်မြောက်ရောက်။ဘာသာရေးကနေ ဘောလုံးပွဲရောက်၊ ဘောလုံးပွဲကနေ နိုင်ငံရေးရောက်၊ နိုင်ငံရေးကနေ သရော်စာ၊ ကဗျာ၊ အစုံရောက်မို့ပါ။
ဇင်ဝေသော်ကအတုပေါ်လောက်အောင်(သို့)နှောက်ယှက်မှုခံရလောက်အောင်
ပေါ်ပြူလာဖြစ်တဲ့(သို့)အန္တရာယ်ပေးနိုင်ခြေရှိတဲ့ ပေ့ဂ်ျမဟုတ်ဘူး ထင်ပါတယ်။

မေတ္တာဖြင့်

Post a Comment