တစ်ရွာတစ်ကျောင်းစနစ် မဖြစ်နိုင်ကြောင်း ဒေါက်တာဦးကိုမောင်ဖြေကြား


တစ်လင်တစ်မယားစနစ် ရှိခဲ့ပြီးတဲ့နောက် တစ်ရွာတစ်သမား(သမားတော်)၊ တစ် ရွာတစ်ကျောင်းစနစ်များ ရှိလာနိုင်ပါသလားဆိုသည့် မေးခွန်းနှင့်ပတ်သက်လို့ တစ်ရွာတစ်သမား(သမားတော်)ကိစ္စကတော့ ဒေါက်တာရင်ရင်နွယ် ဖြေဆိုထားသည့်အတိုင်းဟု သူကဆိုခဲ့သည်။
တစ်ရွာတစ်ကျောင်းစနစ်နဲ့ပတ်သက်လို့တော့
"ဒီစနစ်က မဖြစ်နိုင်ပါဘူး၊ ဖြစ်လည်း မဖြစ်သင့်ပါဘူး။ ဒီလိုဆိုရင် တရားနာရတာ နဲ့ ရွာသားတွေ သေကုန်လိမ့်မယ်၊ ဘုန်းကြီးတွေက တရားဆို သိပ်ဟောချင်တာ" ဟု သမ္မတ၏ ပေါက်တတ်ကရဆိုင်ရာ အကြံပေး ဒေါက်တာဦးကိုမောင်က ဖြေ ကြားသွားခဲ့သည်ဟုသိရပါသည်။

Post a Comment