ဘာသာရေးဘောင်ထဲက ဘဝလား ၊ ဘဝထဲက ဘာသာရေး တန်ဖိုးလား


ပထမဆုံး မေးမိတဲ့ မေးခွန်းပါ။

ဒီမေးခွန်းကိုဖြေဖို့ ဗုဒ္ဓရှင်တော်ရဲ့ လူမှုရေးရာ(ဆိုရှယ် ဒိုင်မင်းရှင်းလို့ခေါ်တတ် ကြ) နာမည်ကျော် သုတ်တော်နှစ်သုတ်ကို ချဉ်းကပ်ကြည့်လိုက်ပါတယ်။ ဒီသုတ်တွေက သိဂါင်္လောဝါဒသုတ်နဲ့ မင်္ဂလသုတ်ပါ။
သိဂါင်္လောဝါဒသုတ်ကို ဦးစားပေးရင် ဘာသာရေးဘောင်ထဲက ဘဝဖြစ်မယ်။
မင်္ဂလသုတ်ကို ဦးစားပေးရင် ဘဝထဲက ဘာသာရေးတန်ဖိုးဖြစ်မယ်။
သိဂါင်္လောဝါဒသုတ်ကို အပိတ်ဒေသနာလို့ အမည်ပေးလိုက်ပြီး မင်္ဂလသုတ်ကို အဖွင့် ဒေသနာလို့ သတ်မှတ်လိုက်ပါတယ်။
အပိတ်ဆိုတာက တာဝန်နဲ့ဝတ္တရားတွေ တိတိကျကျသတ်မှတ်းထားလို့ပါ။

ဘာဖြစ်လို့ ဒီတာဝန်နဲ့ဝတ္တရားတွေကို လိုက်နာဖို့ ခက်သွားတာလဲ။
သိဂါင်္လောဝါဒသုတ်ဟာ ပရမတ္ထသဘောတရားမဟုတ်ဘဲ လူမှုရေး၊ ယဉ်ကျေးမှု အခြေခံသဘောဖြစ်နေလို့ပါ။
လူမှုရေး၊ ယဉ်ကျေးမှုအခြေခံသဘောဖြစ်နေရင် လူအဖွဲ့အစည်းရဲ့ပုံစပြောင်း သွားတာနဲ့ တာဝန်နဲ့ဝတ္တရားတွေလည်း ပြောင်းသွားပါတယ်။
လင်ရော မယားပါ အလုပ်ကိုယ်စီ၊ ဝင်င္ဗေကိုယ်စီခေတ်ကြီးထဲမှာ "အိပ်သော်ကားနောက်၊ ထသော်ကား ရှေ့" ကို ဇနီးတွေ လိုက်နာဖို့ ခက်သွား ပါပြီ။

ဒီထက်ရှင်းတာက မင်္ဂလသုတ်ကို ဥရောပ၊ အမေရိကဗုဒ္ဓဘာသာတွေ လိုက် နာနိုင်ပေမဲ့ သိဂါင်္လောဝါဒသုတ်လာ ဝတ္တရားတွေကို သူတို့ယဉ်ကျေးမှုနဲ့ လိုက် ဖို့အတော်ကြီး ခက်သွားပါပြီ။
ဒါဟာ ဒေသနာချင်းရန်တိုက်ပေးတာမဟုတ်ပါဘူး။ ဗုဒ္ဓရဲ့ဒေသနာရည်ရွယ်ချက်တော်ကို ခပ်ရဲရဲချဉ်းကပ်ကြည့်ခြင်းသာပါ။

Post a Comment