Home » All posts
တောင်ပြော မြောက်ပြော
in
ဇင်ဝေသော်,
အမှတ်တရ
- on 1/14/2015
- No comments
တောင်ပြော မြောက်ပြော။ စားပွဲထိုး ရေနွေးဖြည့်ဖို့ စိတ်ကုန်သည်အထိ။
ZWT
(January 14 at 1:12pm)
ဇင်ဝေသော်၊ဓမ္မဂင်္ဂါ၊သစ္စ္စာနီ၊ကောင်းဆက်နိုင်၊မောင်ကျော်သာ-ပဲခူး၊ ဇန်ဇန်၊ကဲဆုသာ
ဓမ္မ ဂင်္ဂါ (January 14 at 11:01am)
"ဟလို ကိုရင်ဥာဏ"
in
ဇင်ဝေသော်,
လှည့်ကြည့်မိတဲ့ ထောင့်ချိုးများ
- on 1/13/2015
- No comments
"ကိုရင်ပဏ္ဍိ။ အခြေအနေ ဘယ်လိုရှိလဲဘုရား"
"၂၉/၈၃လမ်းတေထောင့်မှာ ၀က်သားလောင်းနေတယ်။ ခါတိုင်း ဟင်းကောင်းောင်းနေကျနေရာက ဒီနေ့ မရှိဘူ။ အဲဒီဖက်ကို မသွားနဲ့။ စိတ်ဝင်စားရင် သကျသီဟဖက်ကို ဆက်သွား။ ပဲပြုတ်နဲ့ငါးပိကြော်ရမယ်"
"အိုကေ။ ကျေးဇူးပဲ ကိုရင်ဥာဏ"
၂၁ ရာစု တယ်လီကွန်မြူနီကေးရှင်းကြောင့် ဘယ်လမ်းမှာ ဘာလောင်းနေတယ်ဆိုတာကို တစ်လမ်းဝင် တစ်လမ်းထွက် လျှောက်စရာမလိုဘဲ အလွယ်တကူ သိလာနိုင်ပြီ။ ဒီအတွက် ကျေးဇူးတင်ထိုက်သူအားလုံးကို ကိုရင်ဥာဏ ကျေးဇူးတင်နေမိတယ်။
နှင်းဆီပွင့်ဖတ်ပေါ်သွေးတဲ့ဓား (သို့) ခရီးကြမ်း နှစ် (သစ္စာနယ်အဝင် ခရီးကြမ်းများ)
in
ကဗျာရှည်,
ဇင်ဝေသော်
- on 1/12/2015
- No comments
ဒီလိုနဲ့
ည ဆိုတာ
တိတ်ဆိတ်စွာ ဓားသွေးဖို့
ပွင့်ပေးတဲ့ နှင်းဆီတစ်ပွင့် ဖြစ်လာခဲ့တော့တာပါဘဲ...အမေ။
ဝမ်းနဲ့လွယ်မှ သား တဲ့လား
နှလုံးသားနဲ့ လေးလေးပင်ပင်ကြီး လွယ်ခဲ့ရရင်ကော
အမေရင်း အမေဖျား
နှလုံးသားကျပ်မပြည့်တဲ့ သားအမိတွေအတွက်
အဘိဓာန်ကြည့်ဖို့ ချန်ထားစို့။
အမေ့ ဂုဏ်သိက္ခာမှာ
ရာထူးမလို
လှပ ပျိုမျစ်မှုမလို
အရင်းမလို
အဖျားမလို
ဘယ်လို ကွင်းစ ကွင်းပိတ်မှ မလို
အမေ ဆိုတဲ့ အမည်ဟာ နန်းမဆန်တာလည်းအမှန်
ဒီထက်ပြည့်ဝတာလည်း
သားရင်ထဲ မရှိဘူး အမေ။
" ကြည့်ကြစမ်း
ဒီလို လင်တစ်ယောက်ရဲ့ မယား
ဒီလို သားတစ်ယောက်ရဲ့ အမေ
ဘယ်သူ မဖြစ်ချင်ပဲ နေမလဲ
ကဲ...ပြောကြပါဦး"
သိဒ္ဓတ္တကို ကြည့်ရင်း
ပီတိအဆာသွတ် သီချင်းတစ်ပုဒ်
အမေ ဆိုခဲ့ဖူးတယ်လေ။
နှစ်ဆယ့်ကိုးနှစ် မွေးခဲ့တဲ့ သား
နှစ်ဆယ့်ကိုးနှစ် သွေးခဲ့တဲ့ ဓား လို့
ပိုးသားဆန်ဆန် အမေ့ ပါးစပ်နဲ့
ကဗျာများ စပ်နေဦးမလား...
ဟုတ်ပါတယ် အမေ
နှင်းဆီပွင့်ဖတ်တွေပေါ် အထပ်ထပ်သွေး
နီစွေးစွာ မျက်ရှလာတဲ့နောက်
ကျောက်မျက် စီခြယ်တဲ့ ဓားအိမ်ဟာ
ကိုယ့် အိမ်ယာ မဟုတ်တော့သလို
ပျင်းရိစွာ ပျော်နေရပါတယ် အမေ။
အဝိဇ္ဂာက သဘာပတိ ထိုင်ခုံပေါ်မှာ
တဏှာက လိုသလောက် ရိက္ခာရှာပေး
( မှောင်ခိုဈေးနဲ့ဖြစ်ဖြစ် )
ဒေါသ၊မာနက လက်နက် ကိုင်တပ်ရင်း
ရက်စက်စွာ သူတို့ နင်းချေပြီးတဲ့ နောက်
သစ္စာတရားတွေ မျိုးတုံးခဲ့
မဂ္ဂလမ်းစဉ်တွေ မျိုးတုံးခဲ့
နိရောဓ ငြိမ့်သက်တွေ မျိုးတုံးခဲ့
စရဏ ကိုယ်ကျင့်တွေ မျိုးတုံးခဲ့
ဖွံ့ဖြိုးမှုတွေ မျိုးတုံးခဲ့
တိရစ္ဆာန် အခွင့်အရေးတွေ မျိုးတုံးခဲ့
လူ့တန်ဖိုးတွေ မျိုးတုံးခဲ့
မျိုးတုံးခဲ့.....
မျိုးတုံးခဲ့။
ကုသလာကုသလဆိုတာ မကြားဖူးတဲ့ နာမည်ဆန်း
ပဉ္စ သီလ တို့ ပန်းနာရင်ကြပ်စွဲ
ဒီတော့ အမေရယ်...
သုဂတိ ဘဝတွေ အသေအပျောက်များ
ဒုဂ္ဂတိ ဘဝတွေ ကျန်းမာရင်း ချမ်းသာ
ကျောက်ဂူတွေသာ မိုးထောင်လာမယ်
ဂူထဲက လူတွေကတော့ လျိုးပြီးရင် လျိုး။
မြင့်ရာက နိမ့်ရာကို သိမ်းပိုက်
နိမ့်ရာက မြင့်ရာကို တော်လှန်
တိရစ္ဆာန်တွေ 'က' ရမဲ့ပြဇာတ်ကို
တကယ် ကနေကြတာက လူတွေ။
သား ရင်ဟာ
ဗလာတွေနဲ့ ပြည့်
လေချဉ်တွေနဲ့ ဖောင်းကား
တစ်ယောက် နဲ့ တစ်ယောက် အဆာပြေဖို့
တစ်ယောက့် ကို တစ်ယောက်က
ပန်းလိုချွေကြတယ်။
တောခွေးဖြစ်ဖြစ်
မြို့ခွေးဖြစ်ဖြစ်
ခွေးတစ်ကောင်ကိုထိမ်းချုပ်တဲ့ ခလုတ်က
အညှီသုပ်ထားတဲ့ အရိုးတစ်ချောင်းပဲ။
ယောကျား ဖြစ်ဖြစ် မိန်းမ ဖြစ်ဖြစ်
ဆင်းရဲသား ဖြစ်ဖြစ် ရှင်ဘုရင် ဖြစ်ဖြစ်
ဖိနှိပ်သူ ဖြစ်ဖြစ် ဖိနှိပ်ခံ ဖြစ်ဖြစ်
လူတစ်ယောက်အတွက် ရီမုတ် ကွန်ထရိုး က
အဝိဇ္ဇာ၊တဏှာ လုပ်တဲ့ ဒီဗိုက်စ်
ကဲ...
ဘာထူးသေးလဲ....အမေ။
ည ည ည ည ည
မာရ ရဲ့ အောက်လမ်း ကမ္မဝါတွေ
တစ်ချပ်ပြီးတစ်ချပ်
တစ်စုံတစ်ရာက တီးတိုးကပ်ဆိုနေရဲ့
အိပ်စက်ဖို့ အချိန်တန်ပြီ
မေ့လျော့ဖို့ အချိန်တန်ပြီ တဲ့။
အလင်းနှစ်တွေ ငတ်ပြတ်တာနဲ့
မေ့လျော့စွာ အိပ်မောကျဖို့
လုံလောက်တဲ့အကြောင်း ကော ဟုတ်ရဲ့လား
အိပ်စက်မှုနဲ့ ည
မဆိုစလောက်သာ သဟဇာတ ကျခဲ့
အဆိပ်သင့် ပန်းသီးတစ်လုံးကို
အဆိပ်သင့်မှာ ကြောက်လို့ စားနေရသူလိုပါဘဲ...။
ဒီလိုနဲ့
ည ဆိုတာ
တိတ်ဆိတ်စွာ ဓားသွေးဖို့
ပွင့်ပေးတဲ့ နှင်းဆီတစ်ပွင့် ဖြစ်လာခဲ့တေ့တာပါဘဲ...အမေ။
(ဆက်ရန်)
08/07/2013
ည ဆိုတာ
တိတ်ဆိတ်စွာ ဓားသွေးဖို့
ပွင့်ပေးတဲ့ နှင်းဆီတစ်ပွင့် ဖြစ်လာခဲ့တော့တာပါဘဲ...အမေ။
ဝမ်းနဲ့လွယ်မှ သား တဲ့လား
နှလုံးသားနဲ့ လေးလေးပင်ပင်ကြီး လွယ်ခဲ့ရရင်ကော
အမေရင်း အမေဖျား
နှလုံးသားကျပ်မပြည့်တဲ့ သားအမိတွေအတွက်
အဘိဓာန်ကြည့်ဖို့ ချန်ထားစို့။
အမေ့ ဂုဏ်သိက္ခာမှာ
ရာထူးမလို
လှပ ပျိုမျစ်မှုမလို
အရင်းမလို
အဖျားမလို
ဘယ်လို ကွင်းစ ကွင်းပိတ်မှ မလို
အမေ ဆိုတဲ့ အမည်ဟာ နန်းမဆန်တာလည်းအမှန်
ဒီထက်ပြည့်ဝတာလည်း
သားရင်ထဲ မရှိဘူး အမေ။
" ကြည့်ကြစမ်း
ဒီလို လင်တစ်ယောက်ရဲ့ မယား
ဒီလို သားတစ်ယောက်ရဲ့ အမေ
ဘယ်သူ မဖြစ်ချင်ပဲ နေမလဲ
ကဲ...ပြောကြပါဦး"
သိဒ္ဓတ္တကို ကြည့်ရင်း
ပီတိအဆာသွတ် သီချင်းတစ်ပုဒ်
အမေ ဆိုခဲ့ဖူးတယ်လေ။
နှစ်ဆယ့်ကိုးနှစ် မွေးခဲ့တဲ့ သား
နှစ်ဆယ့်ကိုးနှစ် သွေးခဲ့တဲ့ ဓား လို့
ပိုးသားဆန်ဆန် အမေ့ ပါးစပ်နဲ့
ကဗျာများ စပ်နေဦးမလား...
ဟုတ်ပါတယ် အမေ
နှင်းဆီပွင့်ဖတ်တွေပေါ် အထပ်ထပ်သွေး
နီစွေးစွာ မျက်ရှလာတဲ့နောက်
ကျောက်မျက် စီခြယ်တဲ့ ဓားအိမ်ဟာ
ကိုယ့် အိမ်ယာ မဟုတ်တော့သလို
ပျင်းရိစွာ ပျော်နေရပါတယ် အမေ။
အဝိဇ္ဂာက သဘာပတိ ထိုင်ခုံပေါ်မှာ
တဏှာက လိုသလောက် ရိက္ခာရှာပေး
( မှောင်ခိုဈေးနဲ့ဖြစ်ဖြစ် )
ဒေါသ၊မာနက လက်နက် ကိုင်တပ်ရင်း
ရက်စက်စွာ သူတို့ နင်းချေပြီးတဲ့ နောက်
သစ္စာတရားတွေ မျိုးတုံးခဲ့
မဂ္ဂလမ်းစဉ်တွေ မျိုးတုံးခဲ့
နိရောဓ ငြိမ့်သက်တွေ မျိုးတုံးခဲ့
စရဏ ကိုယ်ကျင့်တွေ မျိုးတုံးခဲ့
ဖွံ့ဖြိုးမှုတွေ မျိုးတုံးခဲ့
တိရစ္ဆာန် အခွင့်အရေးတွေ မျိုးတုံးခဲ့
လူ့တန်ဖိုးတွေ မျိုးတုံးခဲ့
မျိုးတုံးခဲ့.....
မျိုးတုံးခဲ့။
ကုသလာကုသလဆိုတာ မကြားဖူးတဲ့ နာမည်ဆန်း
ပဉ္စ သီလ တို့ ပန်းနာရင်ကြပ်စွဲ
ဒီတော့ အမေရယ်...
သုဂတိ ဘဝတွေ အသေအပျောက်များ
ဒုဂ္ဂတိ ဘဝတွေ ကျန်းမာရင်း ချမ်းသာ
ကျောက်ဂူတွေသာ မိုးထောင်လာမယ်
ဂူထဲက လူတွေကတော့ လျိုးပြီးရင် လျိုး။
မြင့်ရာက နိမ့်ရာကို သိမ်းပိုက်
နိမ့်ရာက မြင့်ရာကို တော်လှန်
တိရစ္ဆာန်တွေ 'က' ရမဲ့ပြဇာတ်ကို
တကယ် ကနေကြတာက လူတွေ။
သား ရင်ဟာ
ဗလာတွေနဲ့ ပြည့်
လေချဉ်တွေနဲ့ ဖောင်းကား
တစ်ယောက် နဲ့ တစ်ယောက် အဆာပြေဖို့
တစ်ယောက့် ကို တစ်ယောက်က
ပန်းလိုချွေကြတယ်။
တောခွေးဖြစ်ဖြစ်
မြို့ခွေးဖြစ်ဖြစ်
ခွေးတစ်ကောင်ကိုထိမ်းချုပ်တဲ့ ခလုတ်က
အညှီသုပ်ထားတဲ့ အရိုးတစ်ချောင်းပဲ။
ယောကျား ဖြစ်ဖြစ် မိန်းမ ဖြစ်ဖြစ်
ဆင်းရဲသား ဖြစ်ဖြစ် ရှင်ဘုရင် ဖြစ်ဖြစ်
ဖိနှိပ်သူ ဖြစ်ဖြစ် ဖိနှိပ်ခံ ဖြစ်ဖြစ်
လူတစ်ယောက်အတွက် ရီမုတ် ကွန်ထရိုး က
အဝိဇ္ဇာ၊တဏှာ လုပ်တဲ့ ဒီဗိုက်စ်
ကဲ...
ဘာထူးသေးလဲ....အမေ။
ည ည ည ည ည
မာရ ရဲ့ အောက်လမ်း ကမ္မဝါတွေ
တစ်ချပ်ပြီးတစ်ချပ်
တစ်စုံတစ်ရာက တီးတိုးကပ်ဆိုနေရဲ့
အိပ်စက်ဖို့ အချိန်တန်ပြီ
မေ့လျော့ဖို့ အချိန်တန်ပြီ တဲ့။
အလင်းနှစ်တွေ ငတ်ပြတ်တာနဲ့
မေ့လျော့စွာ အိပ်မောကျဖို့
လုံလောက်တဲ့အကြောင်း ကော ဟုတ်ရဲ့လား
အိပ်စက်မှုနဲ့ ည
မဆိုစလောက်သာ သဟဇာတ ကျခဲ့
အဆိပ်သင့် ပန်းသီးတစ်လုံးကို
အဆိပ်သင့်မှာ ကြောက်လို့ စားနေရသူလိုပါဘဲ...။
ဒီလိုနဲ့
ည ဆိုတာ
တိတ်ဆိတ်စွာ ဓားသွေးဖို့
ပွင့်ပေးတဲ့ နှင်းဆီတစ်ပွင့် ဖြစ်လာခဲ့တေ့တာပါဘဲ...အမေ။
(ဆက်ရန်)
08/07/2013
တစ်ကိုယ်ရေဘ၀ (ထွက်သွားဖို့ အသင့် ဖြစ်နေပြီ) - ၅
in
ဇင်ဝေသော်,
ဘာသာပြန်,
လီကွမ်းယု
- on 1/11/2015
- No comments
နောက်ဆုံးမှာတော့ ဘ၀အတွက် ကျေနပ်စရာအကောင်းဆုံးအရာတွေဟာ နှစ်ပေါင်းများစွာ လူတွေရဲ့ ထောက်ခံမှုရအောင် စည်းရုံးရတာ၊ ဒီနိုင်ငံကို အရည်အချင်းပဓာန န်ုင်ငံ၊ ကိုယ်ကျင့်တရား ပျက်မှု မရှိတဲ့နိုင်ငံ၊ လူမျိုးအားလုံးတန်းတူ ရည်တူရှိတဲ့နိုင်ငံ ဖြစ်လာအောင် ကြိုးပမ်းခဲ့ရမှုတွေပဲ ဖြစ်ပါတယ်။ ဒီအချက်တွေဟာ ကျွန်တော့် သက်တမ်းထက် ပိုရှည်ကြာရစ်ခဲ့ ပါလိမ့်မယ်။
(လီကွမ်းယု)
တစ်ရက်ပြီးတစ်ရက် ကျွန်တော့်ရဲ့ ရုပ်ပိုင်းခွန်အားတွေဟာ လျော့ပါးလာနေပါတယ်။ လူတွေ နဲ့တွေဆုံ လက်ဆွဲနှုတ်ဆက်၊ ကလေးတွေကိုပွေ့ဖက်ဖို့ နေ့လည်ခင်း နှစ်နာရီမှာ အပြင် ထွက်ပါဆိုရင် ကျွန်တော့်အနေနဲ့ လုပ်နိုင်မှာ မဟုတ်တော့ပါဘူး။ လွန်ခဲ့တဲ့ အနှစ် ၂၀ -၃၀ တုန်းကဆိုရင် ဒါမျိုးတွေ လုပ်နိုင်မှာဖြစ်ပေမဲ့ ဒီနေ့ မလုပ်နိုင်တော့ပါဘူး၊ ဒီနှစ်တွေအတွင် ရုပ်ပိုင်းစွမ်းအင်တွေ ကျဆင်း လာနေတော့ ဘ၀ကို အရှိတိုင်း လက်ခံထားလိုက်ယုံပါဘဲ။ တစ်ခါတစ်ခါ ကျွန်တော့်အတွင်းရေးမှူးက အခန်းထဲမှာ ကျွန်တော်အနားယူနေတာကို မြင်ပြီး စည်းဝေးပွဲကိုပယ်ဖျက်လိုက်ရမလားလို့ မေးတတ် ပါတယ်။ ဒါဆိုရင် ကျွန်တော်က "မဖျက်နဲ့၊ သွားရအောင်"လို့ ပြန်ပြောတတ်ပါတယ်။ ကိစ္စရပ် တစ်ခုခု အပေါ် အာရုံစိုက်နိုင်ဖို့ ၁၅ မိနစ်လောက် မျက်စိမှိုတ်ပြီး အနားယူဖို့လိုအပ်ပါတယ်။ ဒီလိုမှ မရဘူးဆိုရင်တော့ "အစည်းအဝေးကို ဖျက်လိုက်တော့၊ တစ်ရေးတစ်မော အနားယူမယ်" လို့ ပြောလိုက်ရပါတယ်။ ဒီရုပ်ခန္ဒာကြီး ဘယ်လိုရှိနေမလဲ ဆိုတာကို ကြိုတင်ခန့်မှန်းထားလို့ မရပါဘူး။ ဘယ်လောက်ပဲကြိုးစားပြီး စနစ်တကျ နေနေ အကျရွယ်ဟာ အကျရွယ်ပါပဲ။
နောက်ဆုံးမှာတော့ ဘ၀အတွက် ကျေနပ်စရာအကောင်းဆုံးအရာတွေဟာ နှစ်ပေါင်းများစွာ လူတွေရဲ့ ထောက်ခံမှုရအောင် စည်းရုံးရတာ၊ ဒီနိုင်ငံကို အရည်အချင်းပဓာန န်ုင်ငံ၊ ကိုယ်ကျင့်တရား ပျက်မှု မရှိတဲ့နိုင်ငံ၊ လူမျိုးအားလုံးတန်းတူ ရည်တူရှိတဲ့နိုင်ငံ ဖြစ်လာအောင် ကြိုးပမ်းခဲ့ရမှုတွေပဲ ဖြစ်ပါတယ်။ ဒီအချက်တွေဟာ ကျွန်တော့် သက်တမ်းထက် ပိုရှည်ကြာရစ်ခဲ့ ပါလိမ့်မယ်။ ကျွန်တော် အာဏာရယူစဉ်က ဒီလိုမျိုးမဟုတ်ခဲ့ပါဘူး။ လင်ယုဟောက်(Lim yew Hock)အစိုးရဟာ အကျင့်ပျက် ချစားနေပါတယ်။ သူ့အစိုးရရဲ့အဖွဲ့ဝင်တစ်ယောက်ဖြစ်တဲ့ မက်ပက်ရှီး(Mak Pak Shee)
ဆိုတဲ့ နာမည်ကို လူငယ်တွေရင်းနှီးကျွမ်းဝင်မှု ရှိကြမှာမဟုတ်ပါဘူး။သူကမုတ်ဆိတ်မွေးနဲ့ အိန္ဒီးယန်း ကင်တိုနီး အစပ်(ကပြား) ဖြစ်ပြီး အခကြေးငွေနဲ့ ပတ်သက်တဲ့ကိစ္စတွေမှာ ကြားပွဲစားလုပ်စားနေသူပါ။
လက်ရှိစင်္ကာပူဟာ အကျင့်ပျက်မှုတွေ ပျံ့နှံ့နေတဲ့ဒေသတွင်းမှာ အကျင့်ပျက်မှုမရှိတဲ့ နိုင်ငံတစ်နိုင်ငံပါ။ ဒီလမ်းစဉ်အတိုင်း သွားနိုင်ဖို့လည်း စည်းကမ်းဥပဒေတွေကို သတ်မှတ်ခဲ့ရတယ်။ အကျင့်ပျက်မှုတိုက်ဖျက်ရေး အဖွဲ့နဲ့ အတူ ထိထိရောက်ရောက် ကိုင်တွယ်ရပါတယ်။ ၀န်ထမ်းတွေဟာ လူမျိုး၊ ဘာသာစကား၊ ကိုးကွယ်မှုနဲ့မဆိုင်ဘဲ သူတို့ လုပ်ရည်ကိုင်ရည်နဲ့ရာထူးတွေ တက်လာကြ တယ်။ ဒီစည်းကမ်းဥပဒေတွေကို ဆက်လက်ကျင့်သုံးသွားကြမယ်ဆိုရင် ကျွန်တော်တို့လည်း တိုးတက်မြဲတိုးတက် နေမှာပါပဲ။ ဒါကသည်ပင်ကျွန်တော့်ရဲ့ အကြီးမားဆုံး မျှော်လင့်ချက် ဖြစ်ပါတယ် ။
ပြီး
၂၆၊၁၂၊၁၄
ဇင်ဝေသော်