Home » All posts
သူတို့မသိတဲ့ ပြည်ထောင်စုနေ့
in
အမှတ်တရ
- on 2/12/2015
- No comments
ပြောရရင် ဘသားမိုးကြိုးပဲ။ စထရိတ်တိုင်းမ်က ဗိုလ်ချုပ်နှစ်တစ်ရာပွဲကို တခမ်း တနား ဓာတ်ပုံတွေနဲ့ ဖော်ပြထားတယ်။
ပြီးတော့ ဦးသိန်းစိန်ရဲ့ ဖွဲ့ခြေဥပြင်ဖို့ အိုကေ ဆိုတဲ့အကြောင်း (ဒါကတော့ နိုင် ငံရေးမို့ ပါလာတတ်ပါတယ်)။
ဒီမှာ ဝှိုက်ကတ်ကိစ္စကို နည်းနည်း တို့ထိထားတယ်။
စင်္ကာပူကိုယ်တိုင်ကလည်း မလေး၊ စင်္ကာပူ ရထားလမ်းတစ်လျှောက်က (တရားမဝင်နေထိုင်တယ်လို့ စင်္ကာပူက ယူဆ၊ မလေးတွေကလည်း စင်္ကာပူ ဆိုတာ မလေးရှားရဲ့ အစိတ်အပိုင်းပဲလို့ ယုံကြည်ခဲ့ကြစဉ်ကပါ) မလေးတွေကို ရက်ရက်စက်စက် မောင်းထုတ်ခဲ့တာပါ။
နံပြားလေးတစ်ချပ်
in
ပြန်လည်မျှဝေခြင်း
- on 2/11/2015
- No comments
ကမ်းလက် shared RFA Burmese's video.
မပြောသင့်တဲ့ စကားလေးကို မြိုချလိုက်ခြင်းကြောင့် သင့်အစာအိမ် ဆိုးဆိုးရွားရွား ဖြစ်သွား လိမ့်မည် မဟုတ်ပါ။သင် မကြိုက်စေဦးတော့ နံပြားလေးတစ်ချပ် မြိုချလိုက်ခြင်းကြောင့် သင့်အစာအိမ် ဆိုးဆိုးရွားရွား သွားလိမ့်မည် မဟုတ်ပါ။
မပြောသင့်တဲ့ စကားလေးကို မြိုချလိုက်ခြင်းကြောင့် သင့်အစာအိမ် ဆိုးဆိုးရွားရွား ဖြစ်သွား လိမ့်မည် မဟုတ်ပါ။ သင် မကြိုက်စေဦးတော့ နံပြားလေးတစ်ချပ် မြိုချလိုက်ခြင်းကြောင့် သင့်အစာအိမ် ဆိုးဆိုးရွားရွား သွားလိမ့်မည် မဟုတ်ပါ။
Post by RFA Burmese.
ဘာသာစကား၊ စနစ်နဲ့ ပညာရေး
in
ဇင်ဝေသော်
- on 2/11/2015
- No comments
တစ်။ မိမိရဲ့ ဘာသာစကားတစ်ခုကို စွန့်လွှတ်ဖို့ ဘယ်တိုင်းရင်းသားကမှ သဘော မတူတတ်။
နှစ်။ အစိုးရတိုင်းကလည်း ဘာသာစကားတစ်ခုထဲကိုပဲ အဓိက သင်ကြားမှု ဘာသာအဖြစ် လက်ခံလိုကြတယ်။
သဘောတူညီမှု အပြည့်အဝ ဘယ်တော့မှ မရတတ်။
တစ်။ ဝဲလ်ဖဲယား စတိတ် (အစိုးရက အပြည့်အဝ နည်းပါး) ထောက်ပံ့မှုပေးနဲ့
နှစ်။ မဲရစ်တိုကရေစီ (ကိုယ်စွမ်းရင် ကိုယ်ယူ) ကလည်း ပညာရေးမှာ အရေးပါတယ်။
ဘယ်လမ်း ရွေးမလဲ။
တစ်က တိုးအားလျော့စေတယ်။ အမေရိကန်တို့ စင်္ကာပူတို့ မကြိုက်၊ မလိုက်။ လူတော်တွေကို မစည်းရုံးနိုင်၊ လူတော်၊ လူချမ်းသာတွေ ထွက်သွားတတ်။
နှစ်က လူတန်းစား ကွာဟမှု ကြီးထွားစေတယ်။ စီးပွားရေး တိုးအားပိုကောင်း။ မီလျံနာတွေ ပိုထွက်။ သက်ဝင်လှုပ်ရှားမှု ပိုရှိ။ ယှဉ်ပြိုင်မှု ပိုပြင်းထန်။
ပညာရေးသုံး ဘာသာစကားနဲ့ပတ်သက်ရင် "ကံ" လည်းလိုတယ်။
ပြင်သစ်ကိုလိုနီတွေဟာ အင်္ဂလိပ်ကိုလိုနီလောက် ကံ မကောင်းကြ။
ဒါက စူပါ ပါဝါ အရွှေ့အပြောင်းကိစ္စ။
နောက်နေ့မှ အကျယ် ဆွေးနွေးပါမယ်။
ဇင်ဝေသော်